Saturday, November 15, 2008

Friend's Wedding






ဒီနေ့ မနက် ကျွန်တှော့သူငယ်ချင်း ချမ်းငြိမ့်ကိုနဲ့ အေးစုတို့ရဲ့ ဘုရားကျောင်းက မဂဿငလာ အခမ်းအနားကို သွားပါတယ်။ ရေကြောင်းသိပဿပံမှာ ချမ်းငြိမ့်ကိုရယ်၊ ကျွန်တှောရယ်၊ မင်းမင်းဦးရယ်၊ ရန်လင်းရယ်၊ မင်းခန့်ကိုရယ်က တှောတှော တွဲဖြစ်ကြတယ်။ နောက်ပိုင်းကျတော့ ကိုယ့်အလုပ်တွေနဲ့ ကိုယ်ရှုပ်နေလိုက်ကြတာ တှောတှော မတွေ့ဖြစ်ကြတော့ဘူး။ ချမ်းငြိမ့်ကိုနဲ့ ရန်လင်းက သဘေဿငာဆက်လိုက်တယ်။ မင်းမင်းဦးက စကဿငာပူမှာ ကျောင်းတက်နေတယ်။ မင်းခန့်ကိုက မိသားစု စီးပွားရေး ဆက်လုပ်တယ်။ ကျွန်တှောက တောင်ရောက်မြောက်ရောက်။ ဒီတစ်ခေါက် ပြန်တွေ့တော့ သူတို့ မဂဿငလာဆောင် ဖိတ်စာရတယ်။ မနက်ကျတော့ မင်းခန့်ကိုက မနဿတလေးကနေ ရောက်ချလာတယ်။ ဒါနဲ့ ကျွန်တှောတို့ နှစ်ယောက် အဲဒီကို သွားကြပါတယ်။ မဂဿငလာအခမ်းအနားကို ခရစ်ယာန် ထုံးစံအတိုင်း စိန့်မေရီ ဘုရားကျောင်းမှာ ကျင်းပပါတယ်။ ဒီဘုရားကျောင်းကို မရောက်ဖြစ်တာတောင် အတှောလေး ကြာခဲ့ပြီ။ အခုမှ ပြန်ရောက်တော့တယ်။ သူတို့ နှစ်ယောက်စလုံး ရွှင်လန်းပြီး လှပနေကြတယ်။ ဓမဿမတေးသံတွေက Church ထဲမှာ ပြန့်လွင့်နေတယ်။ ချစ်ခင်တဲ့ သူငယ်ချင်းနှစ်ယောက် ထာဝရ ပျှောရွှင်စွာ လက်တွဲနိုင်ပါစေလို့ ကျွန်တှော ဆုတောင်းပေးခဲ့တယ်။ ညနေ ဆီဒိုးနားက အခမ်းအနားကိုတော့ ကျွန်တှော တက်နိုင်တော့မယ် မထင်ဘူး။ သူငယ်ချင်းတွေ ကိုတော့ တွေ့ချင်သား။ 


Mark 10: 6-9 

Jesus said: At the beginning of creation God made them male and female; For this reason a man shall leave his father and mother and the two shall become as one. They are no longer two but one flesh. Therefore let no man separate what God has joined. 

No response to “Friend's Wedding”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz