Tuesday, November 4, 2008

DV 2010


DV ဆိုတာ အများသိကြတဲ့ (Electronic Diversity Visa Lottery) အမေရိကန်မှာ သွားရောက်နေထိုင်ခွင့်ရတဲ့ ကံစမ်းမဲတစ်ခု ဖြစ်ပါတယ်။ အရင်ကတော့ ဒါကို စာတိုက်ကနေ ပို့ရတယ်။ အခုနောက်ပိုင်း အွန်လိုင်းကနေ တင်တာကိုသာ လက်ခံပါတော့တယ်။ ၂၀၁၀ မှာ အမေရိကား သွားချင်တဲ့ သူတွေအတွက် ဘယ်ကွန်ပျူတာဆိုင်မှ သွားစရာ မလိုဘဲ ကိုယ်တိုင် ကံစမ်းနိုင်ပါတယ်။ သူပြထားတဲ့ Instructions တွေကို သေသေချာချာဖတ်ပြီး အချက်အလက်တွေ၊ ဓာတ်ပုံတွေ ရေးသွင်းသွားရုံပါပဲ။ DV Lottery အတွက် ကြားထဲက ဖြတ်ခုတ်တဲ့ Fake Sites တွေအများကြီး ရှိတတ်ပါတယ်။ ဒါကြောင့် သူ့ရဲ့ တရားဝင် နေရာကနေသာ ပို့ဖို့ သတိထားရပါမယ်။ နောက်တစ်ခုက သူလက်ခံတဲ့ နောက်ဆုံးရက် Dead Line ကဒီဇင်ဘာ ၁ရက်နေ့ ဖြစ်တာမို့ အဲဒီထက် နောက်မကျစေဘဲ ပို့ရမှာ ဖြစ်ပါတယ်။ကံကောင်းပါစေလို့ ဆုတောင်းလိုက်ပါတယ်။ [DV 2010]  



No response to “DV 2010”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz