Monday, November 17, 2008

Diary 17.11.2008











အလုပ်လုပ်နေရင်းနဲ့ ခေါင်းတွေမူးလာလို့ ဟိုလုပ်ဒီလုပ် လုပ်ရင်း နာဂစ် ကယ်ဆယ်ရေး သွားတုန်းက ကျွန်တှောတို့ သူငယ်ချင်းတွေရဲ့ အမှတ်တရ ရယ်စရာ ဓာတ်ပုံလေးတွေကို ပြန်ကြည့်ဖြစ်တယ်။ အဲဒီတုန်းကတော့ စိတ်ထဲမှာ ဘာမှ သိပ်မရှိဘူး။ အရမ်းပင်ပန်းတယ်၊ အရမ်းခေါင်းရှုပ်တယ် ဒါတွေပဲ သိတယ်။ ဒါပေမယ့် အခု ပြန်ကြည့်မိတော့ စိတ်ထဲမှာ ပျှောရွှင်မှုကို ခံစားလိုက်ရတယ်။ ဓာတ်ပုံတစ်ပုံဟာ စကားလုံး ထောင်ပေါင်းများစွာနဲ့ ညီမျှတယ်ဆိုတဲ့ စကားဟာ သိပ်မှန်တာပဲ။ ဒီပုံလေးတွေ ကြည့်ရင်း ကျွန်တှောဟာ အဲဒီတုန်းက အခက်အခဲကြားက ငြင်းခုံရတာတွေ၊ ပျှောစရာ၊ ရယ်စရာ အဖြစ်အပျက်လေးတွေကို သတိရလာမိတယ်။ ကျွန်တှော့ရဲ့ နောက်ကျိနေတဲ့ ခေါင်းဟာ ရွှင်လန်းလာတယ်။ အလိုမကျတဲ့ စိတ်တွေဟာ စိတ်ကြည်နူးမှုမှာ ငြိမ်သက်သွားတယ်။ အခုလို အချိန်မှာ ပြန်စဉ်းစား ကြည့်တော့ ကျွန်တှော ဒီအဖြစ်အပျက်ကြီးမှာ တစိတ်တဒေသ ပါဝင်ကူညီနိုင်ခဲ့တာကို အရမ်းကျေနပ်မိတယ်။ အဲဒီကိုသွားဖို့ အလုပ်ထွက်ခဲ့ပေမယ့် ဒီဆုံးဖြတ်ချက်ကို ကျွန်တှော ဘယ်တော့မှ နောင်တရမိမှာ မဟုတ်ပါဘူး။ ကျွန်တှော့ဘဝမှာ အမှတ်တရ အဖြစ်ဆုံး စိတ်ချမ်းသာစရာ ကိစဿစတစ်ခုကို ပြောပြပါဆိုရင် ဒီနာဂစ် ကိစဿစကို ပြောဖြစ်တော့မှာပဲ။ ကျွန်တှောသာ နိုင်ငံခြားမှာ ရှိနေခဲ့ရင် ဒီလို လုပ်နိုင်ဖို့ဆိုတာ မလွယ်ပါဘူး။ နောက်ပြီး သူငယ်ချင်းတွေ။ သူတို့အားလုံးနဲ့ စိတ်တူကိုယ်တူ သွားခွင့်ရ၊ လုပ်ခွင့်ရ၊ သူတို့အားလုံးလည်း ဒီမှာ ရှိနေခဲ့တာတွေဟာ တိုက်ဆိုင်မှုတစ်ခု၊ ကြိုတင်စီစဉ်ထားမှု တစ်ခုမှ မဟုတ်ခဲ့ပါဘူး။ ပြီးတော့ ကျွန်တှောတို့ကို အပြင်မှာ မသိပေမဲ့ ယုံကြည်စွာ ကူညီလှူဒါန်းခဲ့ကြတဲ့ မိတ်ဆွေတွေ အားလုံးကိုလည်း ကျေးဇူးတင်မိတယ်။ သူတို့ မရှိခဲ့ရင် ကျွန်တှောတို့လည်း လုပ်နိုင်ခဲ့မှာ မဟုတ်ဘူး။ အခက်အခဲတွေ အများကြီးကို ကျွန်တှောတို့ ကျှောလွှား ဖြေရှင်း နိုင်ခဲ့တယ်။ ကျှောလွှား ဖြေရှင်းခဲ့ရတယ်။ အနေဆင်းရဲ အစားဆင်းရဲ ဒုကဿခပေါင်းများစွာကို ကျွန်တှောတို့ ကျှောဖြတ်နိုင်ခဲ့တယ်။ ဒါတွေဟာ ဘဝမှာ ဘယ်တော့မှ မေ့ပျောက်နိုင်တော့မယ့် အရာတွေ မဟုတ်ပါဘူး။ ဒီအကြောင်းကို စဉ်းစားမိတိုင်း ကျွန်တှောတို့ သူငယ်ချင်းတွေအားလုံး စိတ်ကြည်နူး ကျေနပ်နေမိကြမှာပါ။ ကျွန်တှောတို့ လုပ်ဆောင်ခဲ့တာတွေမှာ လိုအပ်တာ၊ ညံ့ဖျင်းတာ၊ အားနည်းချက်တွေ ရှိခဲ့ရင်လည်း ခွင့်လွှတ်ကြဖို့ တောင်းပန်လိုက်ပါတယ်။ ကျွန်တှောကတော့ ဒီပုံလေးတွေ ပြန်ကြည့်ရင်း စိတ်ချမ်းသာမှု သနဿတိသုခကို လောလောဆယ် ခံစားနေရတာမို့ ဒီခံစားချက်လေးကို အားလုံးကို ဝေမျှလိုက်ပါတယ်။ ပျှောရွှင်ပါစေ။


PS: Handy Myanmar Youths ဆိုတဲ့ နာမည်လေး ပေးဖြစ်ခဲ့ပုံကို ပြန်သတိရမိနေတယ်။ နာမည်တစ်ခုခု ပေးရတော့မယ်ဆိုတော့ ကျွန်တှောရယ် ကိုမျက်လုံးရယ် ကျွန်တှော့ အခန်းလေးမှာ အပြင်းအထန် အလျင်အမြန် နာမည်တွေ ရွေးကြတယ်။ တှောတှောကြာတယ် ငါးမိနစ်လောက် :) ။ ကိုမျက်လုံးက ဘီတဲလ်ရဲ့ Handy Man ဆိုတဲ့ သီချင်းလေးအတိုင်း ပေးမလားလို့ ရုတ်တရက် အကြံပေးတယ်။ Handy ကို တောက်တိုမယ်ရလို့ အနက်ဖွင့်လိုက်ပြီး သဘောကျတာနဲ့ နောက်က Myanmar Youths ဆိုတာလေး ပေါင်းထည့်ပြီး Handy Myanmar Youths ဆိုတဲ့ နာမည်လေးကို အတည်ပြုလိုက်ကြပါတယ်။ အကဿငျီလေးတွေရိုက်ဖို့ လိုဂိုကိုလည်း တထိုင်တည်းနဲ့ ဆွဲခဲ့ကြတယ်။ ကိုယ်ရည်ရွယ် ခဲ့တာကတော့ ရင်ဘတ်ထဲက ထွက်လာတဲ့ ကူညီတဲ့ လက်တစ်ဖက်ပေါ့။ ဒါပေမယ့်လည်း ရွာသားတွေက ရှည်ရှည်ဝေးဝေး သိပ်တွေးမနေဘဲ ခရုမျက်မည်း အဖွဲ့လို့ အလွယ်တကူ မှတ်သားလိုက်ကြ ပါတယ်တဲ့။ သူတို့ပြောမှ သေသေချာချာ ပြန်ကြည့်မိတော့ ကိုယ်တွေ လိုဂိုကလည်း ခရုလိုလို ဘာလိုလိုကိုး။ မျက်မည်းဆိုတာကတော့ ယောသားကြီးကို ပြောတာပဲ ဖြစ်လိမ့်မယ်လို့ စိုးကြီးနဲ့ ရဲကျှောက မှတ်ချက်ချပါတယ်။


No response to “Diary 17.11.2008”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz