Thursday, November 20, 2008

သရုပ်ပျက် ဝတ်စားဆင်ယင်မှု












အထက်က ပုံတွေက ပုဂံ ရွှေစည်းခုံဘုရား စောင်းတန်း တစ်ခုထဲက ရုပ်ကြွတွေပါ။ လက်ရာအလွန် ကောင်းပါတယ်။ ရုပ်ထုတွေဟာ အသက်ဝင်နေတယ်။ ရယ်ရွှင်ဖွယ် ပုံရိပ်လေးတွေလည်း ပါတယ်။ ရုတ်တရက် ကြည့်ရင်တော့ မျက်စိရှက်စရာလိုလို ဘာလိုလို။ ဒါပေမယ့် ဇာတ်တှောလာ အကြောင်းအရာလေးတွေကို တကယ့် သရုပ်ပါပါ ထုထားတာပါ။ ဥပမာ- တေမိမင်းသားကို စကားမပြောပြောအောင် နန်းတွင်းသူလေးတွေနဲ့ ဖြားယောင်းတဲ့ အခန်း။ အဝတ်အစား ဝတ်ပေးလိုက်ရင် ဘယ်လိုလုပ် လေးနက်တော့မလဲဗျာ။ ငှက်ချီလာပြီး သစ်ပင်ပှေါ တင်နေတဲ့ မိဖုရားကြီးရှိရာကို လှမ်းတက်နေတဲ့ ရသေ့ကြီး။ သရုပ်ပှေါလိုက်တာမှ လွန်ရော။ ပီပြင်ချက်က အံ့မခန်း။

ရိုးရာ ယဉ်ကျေးမှုတို့ သရုပ်ပျက် ဝတ်စားဆင်ယင်မှုတို့ ကြားတိုင်းကြားတိုင်း ကျွန်တှော သတိရမိတဲ့ ပုံလေးတွေပါ။ ရှေးတုန်းက လူတွေ တယ်ခေတ်ဆန်သကိုး။ ပျူ၊ ပုဂံ၊ ပင်းယ၊ အင်းဝ၊ ကုန်းဘောင် အမျိုးသမီးတွေ အကဿငျီရင်ဘတ် ဟင်းလင်းနဲ့ ထမိန်ကလည်း ခွဲထားတာမဟုတ်ဘူး အှောရဂျင်နယ် အကွဲဗျား။ နန်းတွင်း ဆံထုံး ပုရပိုဒ်မှာလည်း အဝတ်မဝတ်ဘဲ နေတဲ့သူတွေက ရှိသေးတယ်။ မဟုတ်ဘဲနဲ့တော့ ဆွဲရဲ ထုရဲမယ် မထင်ဘူး။ ထားပါတော့။ ဒီခေတ်မှာ ဒီလိုလာဝတ်လို့ကတော့ ဟင်း... ဆင်ဆာနဲ့ တန်းတိုးသွားမယ်။ သရုပ်အလွန်ပျက်ပဲ။ ကျွန်တှောကတော့ ရှက်တတ်သူဆိုတော့ ဒီပုံတွေ ရဲရဲ မကြည့်ရဲပါဘူး။ ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းတဲ့ အနေနဲ့ ဒါမျိုးတွေ မဝတ်စားကြပါနဲ့လို့ ပြောချင်ရုံလေးပါ။ :)

ကျွန်တှော့မှာ ဘုရားတွေပှေါက ရုပ်ကြွတွေကို ဓာတ်ပုံလိုက်ရိုက်ယူထားတာတွေ အများကြီးပဲ ရှိတယ်။ အဲဒါလေးတွေကို သိပ်သဘောကျတယ်။ နောက်ကြုံရင် ထပ်တင်ပေးပါဦးမယ်။ ဒီနေ့တော့ ဒါလေးတွေကြည့်ပြီး ပြုံးဖြစ်လိုက်ရင် တစ်ရက် အသက်ရှည်တာပေါ့။


No response to “သရုပ်ပျက် ဝတ်စားဆင်ယင်မှု”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz