Monday, November 3, 2008

သုခမိန်လှိုင်ရဲ့ အငြိမ့်




အငြိမ့်
သုခမိန်လှိုင်
စာအုပ်ဈေး
၄၂၀၀၅၆၁၀၀၈
ပကြိမ်
အောက်တိုဘာ၊ ၂၀၀၈
၂ဝဝဝကျပ်


သုခမိန်လှိုင် အသက်ခြောက်ဆယ်ပြည့် မွေးနေ့အတွက် ရည်ရွယ်ပြီး ရေးထားတဲ့ ကဗျာတွေပါတဲ့။ အချိန် ဂနာရီလောက် အတွင်းမှာ ရေးထားတဲ့ ကဗျာ ၂၆ပုဒ် ဖြစ်ပါတယ်။ စိုင်းဝင်းမြင့် ကဗျာတွေဖတ်ပြီး နှလုံးခုန် မြန်နေတဲ့ ကျွန်တှောဟာ ဒီကဗျာတွေကိုလည်း ဖတ်လိုက်ရရော မီးလောင်ပြင်ကို ရေနဲ့ဖြန်းလိုက်သလို ငြိမ်ကျသွားတယ်။ ပထမတော့ ကျွန်တှောဟာ ဒီသဘောကို နားမလည်ဘူး။ ဟင် ကဗျာတွေကလည်း ဘယ်လိုကြီးတွေလဲပေါ့။ တကယ်တမ်းက ကျွန်တှော့စိတ် ငြိမ်သွားတာ။ လွန်ခဲ့တဲ့ ၂ဝနှစ်လောက်ကို ခုန်ကူးသွားခဲ့တာ စစချင်း မသိခဲ့ဘူး။ နောက်တစ်နေ့ မနက် မိုးလင်းလို့ ဒီစာအုပ်ကို နောက်တစ်ကြိမ် ပြန်ဖတ်တော့မှ ဒါတွေကို ကောင်းကောင်းခံစားလို့ ရခဲ့တယ်။ ကဗျာတွေတိုင်းကို နေမျိုးဆေးရဲ့ နာမည်ကျှော ကချေသည်သည် စီးရီးတွေနဲ့ ဒီဇိုင်းဖွဲ့ထားတယ်။ ဒါကြောင့်လည်း ဖတ်လိုက်ရတဲ့ စိတ်ထဲမှာသာမက မျက်လုံးထဲကိုပါ ကဗျာက တန်းတန်းဝင်သွားတယ်။ ကဗျာတွေကို မောင်သာနိုးက အဂဿငလိပ်လို ပြန်ဖွဲ့ပေးထား ပါသေးတယ်။ ကျွန်တှော့စိတ်ထဲ စွဲသွားတဲ့ ကဗျာတွေက ပြန်လာပြီတွေ၊ အားလုံးအသင့်ပြင်၊ ခေတ်အငြိမ့်၊ ပြန်မလာအငြိမ့် စတဲ့ ကဗျာတွေ ဖြစ်ပါတယ်။ ပထမဆုံး ကဗျာဖြစ်တဲ့ ပြန်လာပြီတွေနဲ့ နောက်ဆုံးနားက ပြန်မလာအငြိမ့်မှာ ဆက်စပ်မှု တစ်စုံတစ်ရာကို တွေ့ရပါလိမ့်မယ်။ စစချင်းမှာ အငြိမ့်တွေ ပြန်လာပြီလို့ သူပြောပြီးကာမှ နောက်ပိုင်း ဒါတွေဟာ သူထင်နေတဲ့ အရာတွေပါလားလို့ ပြောလိုက်သလိုပါပဲ။ ဒီစာအုပ်လေးလည်း ဖတ်ကြည့်ကြပါဦး။




ပြန်လာပြီတွေ

အငြိမ့်ရှိတယ်၊ အငြိမ့်ရှိတယ်
မြို့တှောပေါစံ ပြန်လာပြီ
ဓာတ်ဆီဓာတ်ဆံ ပြန်လာပြီ
လေဘာတီ မမြရင် ပြန်လာပြီ
ရွာစားကြီး စိန်ဗေဒါ ပြန်လာပြီ
နန်းရှေ့ဆရာတင် ပြန်လာပြီ
ကျွန်တှော ပျှောပါရစေ
ကျွန်တှော မှောပါရစေ
ကျွန်တှော ရယ်ပါရစေ။



ခေတ်အငြိမ့်

အငြိမ့်ရှိတယ်
မင်းသမီးက အင်ဂျလီနာဂျိုလီ
လူပြက်ကြီးနှစ်ယောက်က
ဂျော့ဘုရှ်နဲ့ ဘင်လာဒင်
မရယ်ရလို့
ကျွန်တှော အစောကြီး အိပ်ပျှောတယ်။


ပြန်မလာအငြိမ့်

အငြိမ့်ရှိတယ်
လူပြက်ကြီးကပြောတယ်
ငါ့ဘကြီး သေတော့ကွာ
ပြန်မလာတော့ဘူး
ငါက ပြန်လာဦးမယ် မှတ်နေတာ
ဪ တစ်နေ့ တစ်နေ့
အဖေ၊ အမေတွေ
ချစ်တဲ့သူတွေ
ငါက ပြန်လာဦးမယ် မှတ်နေတာ။



One response to “သုခမိန်လှိုင်ရဲ့ အငြိမ့်”

thawnayzin said...

ကောင်းတယ်ဗျာ

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz