Tuesday, November 25, 2008

မြစ်ကြီးနား (၅)

မြစ်ကြီးနား (၅)



မနက် မိုးလင်းတော့ အိမ်သာနဲ့ ရေချိုးခန်းမှာ လူတွေ ပြည့်နေတာမို့ တန်းစီစောင့်ရသေးတယ်။ အိမ်သာက နှစ်ခု၊ ရေချိုးခန်းက သုံးခန်းပဲ ရှိတယ်။ အားလုံး ပြင်ဆင်ပြီးတော့ စာရွက်စာတမ်းတွေစစ်၊ ယူရမှာတွေ စစ်ပြီး မနက်စာ သွားစားကြတယ်။ တည်းခိုခန်းနဲ့ သိပ်မဝေးတဲ့ ဆိုင်လေးမှာပဲ။ ပြီးမှ ငှားထားတဲ့ တုတ်တုတ်လေးနဲ့ ရွာကို လစ်ကြတယ်။ ဒီတုတ်တုတ်ကို စစီးကတည်းက စိတ်ထဲမယ် တစ်မျိုးပဲ။ သူ့စက်သံက အရမ်းညံတယ်။ မနိုင်ဝန် ထမ်းနေရသလိုမျိုးကို အှောနေတာ။ ညက်ညောမှုကတော့ အထူးဆိုဖွယ်ရာမရှိ။ ကျွန်တှောတို့နဲ့အတူ အကူအညီပေးမယ့် ဒေသခံ အမျိုးသမီး ဆရာမတစ်ယောက်လည်း ပါလာတော့ လူက ကျပ်သိပ်နေတာပါပဲ။ 

ကျွန်တှောတို့ ပထမဆုံး သွားမယ့်ရွာက ကျာရာပတီးရွာတဲ့။ သူက မြို့နဲ့ သိပ်မဝေးဘူး ပြောလို့ရတယ်။ ရွာရောက်မှ စာရွက်ထုပ် တစ်ထုပ် ကျန်နေခဲ့တာ သိရတာမို့ ဆိုင်ကယ်စီးတတ်တဲ့ ကျွန်တှောရယ်၊ နောက်တစ်ယောက်ရယ် ရွာလူကြီးဆိုင်ကယ်နဲ့ မြို့ထဲကို တစ်ခေါက် ပြန်ပြေးကြရပြန်တယ်။ မိုးကလည်း ဖွဲဖွဲရွာလို့။ တှောတှောချမ်းတယ်။ အသွားအပြန်က တစ်နာရီလောက်ပဲ ကြာပါတယ်။ ကျွန်တှောတို့ သွားနေတဲ့ အချိန်မှာပဲ သူတို့က ကြိုပြီး စစ်တမ်း ကောက်နေကြပြီ။ ရွာကလူတွေကလည်း သေချာ ကြိုတင်ပြီး ချိန်းထားတာတောင် မလာတဲ့သူနဲ့၊ လယ်ထဲသွားတဲ့လူနဲ့ တှောတှောလေး လိုက်စုရတယ်။ တချို့ကို အိမ်အထိ သွားမေးကြရတယ်။ မေးခွန်းတွေက တှောတှောများပါတယ်။ လူတစ်ယောက်ကို မေးရင် အနည်းဆုံး မိနစ် ၂ဝကနေ နာရီဝက်လောက်အထိ ကြာတယ်။ အခက်အခဲက ဘာသာစကားပါ။ တချို့တွေက ဗမာလို မပြောတတ်ဘူး။ သူတို့ နားလည်အောင် ကြားက ပါလာတဲ့ ဆရာမက ဘာသာပြန်ပေးရသေးတယ်။ ကိုယ်က ဗမာလိုမေး၊ ကချင်ဆရာမက ဘာသာပြန်ပြ၊ ပြီးရင် သူကကချင်လိုဖြေ၊ ဆရာမက ဗမာလို ကျွန်တှောတို့ကို ပြန်ပြနဲ့ ဒီလိုလူတွေနဲ့ဆို ၁နာရီလောက်ကို ကြာပါတယ်။ နေ့လည်စာကို အဲဒီမှာပဲ စားကြတယ်။ စားလို့ မကောင်းဘူး။ အဲဒီမှာ သတ်မှတ်ထားတဲ့ အရေအတွက် ပြီးတော့ ညနေ စောင်းနေပြီ။ နောက်တစ်ရွာကို ကျွန်တှောတို့ ကူးကြရတယ်။ 

နောက်တစ်ရွာက မြစ်ကမ်းဘေးက ရွာလေး။ အဲဒီကိုရောက်အောင် တှောတှောလေး သွားရတယ်။ ဒါပေမယ့် သူက ကားလမ်းမကြီးဘေးမှာဆိုတော့ သိပ်မခေါင်သေးဘူး။ ကျွန်တှောတို့ ရောက်တော့ ရွာလူကြီး အိမ်က ပျူပျူငှာငှာ ဧည့်ဝတ်ပြုပါတယ်။ ဒါပေမယ့် အင်တာဗျူးခံမယ့် ရွာကလူတွေ တစ်ယောက်မှ မရှိတော့ဘူး။ သူတို့ အကြာကြီး လာစောင့်နေတာ ကျွန်တှောတို့ ရောက်မလာလို့တဲ့။ ကျွန်တှောတို့ကလည်း အခက်အခဲကို ပြောပြရတယ်။ ဒါနဲ့ ပြန်သွားတဲ့ သူတွေကို စက်ဘီးနဲ့ လိုက်ခှေါကြရပြန်ပါတယ်။ ဒါနဲ့ ကျွန်တှောတို့ ၁၁ယောက်စလုံး အင်တိုက်အားတိုက် မေးကြမြန်းကြတာ ညမှောင်တဲ့အထိ မပြီးသေးဘူး။ ဖယောင်းတိုင်တွေထွန်းပြီး အင်တာဗျူးလုပ်ကြရတယ်။ ရိုမန့်တစ် ဆန်တယ်နှော။ ဒီလိုနဲ့ ညဂနာရီကျှောမှ ပြီးသွားတော့တယ်။ ဒါတောင် ဒီည မလာနိုင်လို့ မနက်ကျမှ လာမယ့်သူတွေက ရှိသေးတယ်။ 

ဒါပြီးတော့ ကျွန်တှောတို့တွေ ရေချိုးကြတယ်။ တုံကင်လေးနဲ့။ တစ်ယောက်ကနှိပ် တစ်ယောက်ကချိုး။ လလေးကလည်း တခြမ်းပဲ့။ အားလုံးပြီးပြီဆိုတော့ ကျွန်တှောတို့ကို အလွန် စားကောင်းသော ထမင်းဝိုင်းနဲ့ တည့်ခင်း ဧည့်ခံပါတယ်။ ပင်ပင်ပန်းပန်းနဲ့ စားလိုက်ကြတာ ထမင်းလည်းပြောင် ဟင်းလည်းပြောင်။ ဗိုက်ဝမှ အအေးဓာတ်က ပိုလာသလို ခံစားရတယ်။ အအေးဒဏ်ကို အန်တုဖို့တဲ့ သူငယ်ချင်း နှစ်ယောက်က စကားခှေါတယ်။ တစ်ယောက်က ဆေးဖှောချင်လို့ ကချင်အရက် စစ်စစ် လိုချင်ပါသတဲ့။ ကျွန်တှောတို့တွေက ရွာလူကြီးသမီး ခပ်မိုက်မိုက်လေးနဲ့ စကားကောင်းနေကြတယ်။ သူကြီးမြေး ကလေးတွေကတော့ ဧည့်သည်တွေ အများကြီးလာတော့ ပျှောပြီး ကျွန်တှောတို့နားကကို မခွာတော့ဘူး။ ကချင်လိုတွေပြောပြီး ကျွန်တှောတို့ကို လှည့်ပတ်စနေကြတယ်။ ခဏကြာတော့ ခင်မင်စရာကောင်းသူလေးကပဲ ရွာထဲက အရက်ဆိုင်ကို လိုက်ပို့ပါတယ်။ ကချင် မီးတောက်အရက်ဟာ နာမည်နဲ့လိုက်အောင် မီးတောက်ပြီး ပြင်းထန်လွန်းလှပါတယ်။ တစ်ခွက်လောက် သောက်လိုက်ရုံနဲ့ တစ်ကိုယ်လုံး တငွေ့ငွေ့ပူတက်လာတယ်။ ကျွန်တှောက နှစ်ခွက်လောက်ကို တမြေ့မြေ့ ဇိမ်ခံပြီး သောက်တယ်။ မောင်ယောကတော့ ဒီလောက်ကတော့ကွာဆိုပြီး သောက်ထည့်လိုက်တာ ပလန်လက်သွားတော့တယ်။ ကျွန်တှောတို့ အိပ်တော့ ခြေတံမြင့် အိမ်ကြီးရဲ့ အပှေါထပ်မှာ။ ရာသီဥတုက ချမ်းချမ်းစိမ့်စိမ့်နဲ့မို့ အင်မတန် အိပ်လို့ကောင်းတဲ့ အနေအထားပါ။ ရေခဲလက်ချောင်းလို အေးစက်တဲ့ လေတွေကလည်း ကြမ်းကြားထဲကနေ ကျွန်တှောတို့ အသားကို ဓားနဲ့ ခွဲသလို တိုးတိုးဝင်လာတယ်။ လူက ပင်ပန်းလို့ အရမ်းအိပ်ချင်နေခဲ့ပေမယ့် ကျွန်တှောဟာ အဲဒီညက ကံဆိုးစွာ တစ်ညလုံး အိပ်ရေးပျက်ခဲ့ရတယ်။ 

မနက်ကျတော့ မိုးတောင် ကောင်းကောင်း မလင်းသေးဘူး။ ကျွန်တှောရယ် ကိုဆင်ရယ် မြစ်ဘက်ကို လမ်းလျှောက် ထွက်ကြတယ်။ ဧရာဝတီဟာ တောင်တွေကြားကနေ ငြိမ့်ငြိမ့်လေး စီးနေတယ်။ မြစ်ကမ်းတလျောက် စောစောစီးစီး ကျောက်ခဲတွေ လိုက်လှန်နေတဲ့ ကလေးတွေကို တွေ့ရလို့ မေးကြည့်တော့ ချက်စားဖို့ ဟင်းစာ ရှာနေတာလို့ ပြောတယ်။ သူတို့ လိုက်ရှာနေတဲ့  အကောင်ကို ကြည့်တော့ အားပါးပါး ကြက်သီးတောင် ထသွားတယ်။ ကျွန်တှောတို့ အောက်ပြည်ဘက်က ကင်းခြေများလို အကောင် အကြီးစားကြီး။ ဒီအကောင်တွေက ကျောက်တုံးကြားတွေထဲမှာ နေသတဲ့။ ဒါကို ကျောက်တုံးတွေ လှန်ပြီး လိုက်ရှာကြရတာ။ ကျောက်တုံးတိုင်းရဲ့ အောက်မှာလည်း ရှိတာ မဟုတ်ပါဘူး။ သူတို့ လက်ထဲကို ကြည့်လိုက်တော့ တစ်ယောက်ကို လေးငါးဆယ်ကောင်လောက် မိနေပြီ။ ဒါကို ဘယ်လို စားရသလဲဆိုတော့ ကြှောစားတယ်တဲ့။ အဆီများတယ်လို့ ပြောတယ်။ 

ကျွန်တှောတို့ အဲဒီရွာကနေ ထွက်လာတော့ ၁ဝနာရီလောက် ဖြစ်နေပြီ။ နောက်သွားရမယ့်ရွာက တှောတှောဝေးတယ်။ မြစ်ဆုံသွားတဲ့လမ်းဘက်က ကျိန်ခရမ် ရွာလေး။ မြစ်ကြီးနားကနေဆို မိုင်သုံးဆယ်လောက် ဝေးမယ်ထင်တယ်။ မောင်ယောသားဟာ ကချင်အရက်ကို မထီမဲ့မြင် ပြုလိုက်မိတဲ့ ဒဏ်ကို ကောင်းကောင်းကြီး ခံစားနေရတယ်။ လမ်းကလည်း တှောတှောဆိုးတယ်။ ဆိုးတာမှ ကျောက်တုံးတွေကို ခင်းထားတာမျိုးပါ။ ကိုယ်တွေ ငှားမိတဲ့ တုတ်တုတ်ကလဲ စုတ်လိုက်တာ ချာလို့။ ဒီအစုတ်ကိုတောင် တှောတှော ဈေးပေးပြီး ငှားခဲ့ရတာ။ ပါလာတဲ့ ငွေ မလောက်လို့ အိတ်စိုက်ကြရသေးတယ်။ ကျွန်တှောတို့ ရွာရောက်တော့ ထုံးစံအတိုင်း လူတွေက မရှိပြန်ဘူး။ ဒါကြောင့် လူခွဲပြီး အိမ်တွေအထိ လိုက်မေးကြရတယ်။ မေးခွန်းတွေကို သူတို့ ဖြေကြားတာတွေဟာ စိတ်ဝင်စားဖို့ ကောင်းသလို သနားဖို့လည်း ကောင်းပါတယ်။ စိတ်မကောင်းလည်း ဖြစ်ရတယ်။ ဒီအကြောင်းတွေကိုတော့ နောက်ပိုင်း သက်သက် ရေးဦးမယ်။ တစ်လလုံးလုံး အသားမစားရတဲ့သူ၊ အကြွေးတွေနဲ့ နစ်နေတဲ့သူ၊ နောက်တစ်ပတ်စာ စားစရာ ဆန်မရှိတော့တဲ့သူ စသည်ဖြင့် မျိုးစုံပါပဲ။ 

ကျွန်တှောတို့လာတော့ ကျန်းမာရေး မကောင်းလို့ ရောဂါလာကုခိုင်းတဲ့လူတွေလည်း တွေ့ခဲ့ရသေးတယ်။ တစ်ယောက်က အချိန်မလပ် ဆီးအဆက်မပြတ် သွားနေတယ်။ ကျွန်တှောတို့ မေးနေရင်းနဲ့တောင် သွားနေရှာတယ်။ သိပ်သနားဖို့ကောင်းတယ်။ သူက သူ့ဆေးစာအုပ်လေး ယူလာပြတယ်။ ဖတ်ကြည့်လိုက်တော့ မြစ်ကြီးနား ဆေးရုံမှာ တက်ကုသမှု ခံယူဖူးတာ သိရတယ်။ ဆီးအိမ်ကွဲတာ ဆိုလား ကျောက်ကပ်ကွဲတာဆိုလား။ သမီးလေး မွေးပြီးတော့ ဖြစ်တာတဲ့။ ဆရာဝန်က ကာလတစ်ခုအထိ လိင်ဆက်ဆံမှု မပြုပါနဲ့လို့ မှတ်ချက်ပေးထားတယ်။ အဲဒီအမကြီးက ကလေးအဖေနဲ့ကွာလိုက်ပြီး နောက်ယောက်ျားအသစ် ယူလိုက်သတဲ့။ ကျွန်တှောက အမ အခုထက်ထိ ယောက်ျားနဲ့ အိပ်တုန်းပဲလားဆိုတော့ အင်းတဲ့။ ကျွန်တှောကတော့ ဆေးသွားပြီး မကုနိုင်သေးရင် မကုဖြစ်သေးရင် အတူမအိပ်ပါနဲ့ဦးလို့ မှာခဲ့တယ်။ သူ့အသက်က ၂ဂနှစ်ဆိုလားပဲ ရှိသေးတယ်။ ဒါပေမယ့် သူ့ရုပ်က အသက်ခြောက်ဆယ်အရွယ်လို့ ထင်ရတယ်။ နောက်တစ်ယောက်က ကောင်လေး။ လက်လုပ်လက်စားပေါ့။ လယ်လည်း လုပ်ပုံရတယ်။ သူက လွန်ခဲ့တဲ့ ၂နှစ်လောက်က အလေးအပင်မရင်း ခါးနာသွားတာ။ အခုထိ ပြန်မကောင်းတော့ဘူးတဲ့။ ဓာတ်မှန်ရိုက်ထားတာ ယူလာပြတယ်။ ကျောရိုးဆစ်တစ်ခုက ဟနေတယ်။ ဘာဆေးတွေ သောက်လဲဆိုတော့ ဒီဟာတစ်ကဒ် ကုန်သွားပြီဆိုပြီး ယူလာပြတာက နျူရိုဘီယမ်အပြာ။ ကျွန်တှောက ဒီရောဂါမျိုးက အကြာကြီး ကုရတာမျိုး၊ အိပ်တာ၊ ထထာ၊ လှုပ်ရှားတာကအစ ဂရုစိုက်ရတာမျိုး၊ အလေးအပင် မမသင့်ဘူးလို့ ပြောလိုက်တော့ သူအဝေးတစ်နေရာကို ငေးနေတယ်။ မပျောက်နိုင်ဘူးလားလို့ မေးတော့ ကျွန်တှောက အိပ်တဲ့အချိန် ကြမ်းပှေါမှာ အိပ်ဖို့နဲ့၊ ခြေထောက်ကို ခဲဆွဲဖို့ အကြံပေးခဲ့တယ်။ ကျွန်တှော တတ်နိုင်တာ ဒါပါပဲလေ။ ဒီထက်ပိုပြီးလည်း ကျွန်တှော ဘာသိနိုင်မှာလဲ။ 

နေ့လည်စာ စားမယ်ဆိုတော့ အဲဒီရွာလေး သွားတဲ့လမ်းက ဆိုင်တစ်ဆိုင်မှာ စားကြတယ်။ ဘုရားစူး နှစ်သောင်းခွဲလား မသိဘူး ကျတယ်။ ဟင်းက ဘာမှလည်း မဟုတ်ဘူး။ သက်သက် ရိတ်လိုက်တာ။ ဘာတတ်နိုင်မှာလဲ။ ဝက်ဖြစ်မှတော့ အပှေါခံရတော့မှာပေါ့။ 

အဲဒီကနေ ကျွန်တှောတို့ မြစ်ဆုံကို သွားကြပါတယ်။ ရောက်ခါနီးမှာပဲ ကျွန်တှောတို့ရဲ့ စပါယ်ရှယ် တုတ်တုတ်ဟာ စိုးရိမ်ထားတဲ့အတိုင်းပဲ ဖုတ်ခနဲ ရပ်သွားပါတော့တယ်။ ကလပ်ကြွေသွားတယ်ဆိုလား သရဒ်ပြုန်းသွားတယ်ဆိုလား။ သူပြင်ထားမယ် သွားလည်ထားနှင့်ကြပါလို့ ကားသမားက အာမခံတယ်။ ရောက်တဲ့ အချိန်ကိုက ငါးနာရီ ခွဲနေပြီမို့ ကျွန်တှောတို့ အဲဒီမှာ ခဏလေးပဲ နေနိုင်လိုက်တယ်။ ပြန်မယ်လုပ်တော့ တုတ်တုတ်က မကောင်းသေးဘူး။ သောက်သုံးမကျတဲ့ ကားမောင်းသမားဟာ ပိုက်ဆံတော့ မတန်တဆယူတယ်။ ပြင်တဲ့ ခွတောင် ယူမလာဘူး။ ဟိုလူ့ဆီက လိုက်ငှားရ ဒီလူ့ဆီက လိုက်ငှားရနဲ့။ ဖြုတ်လိုက် တပ်လိုက် ထုလိုက် နှက်လိုက်နဲ့ ညက နက်သထက် နက်လာတယ်။ ကောင်မလေးတွေလည်း တှောတှော ကြောက်နေကြတယ်။ မရရင်လည်း စောစောပြောတာ မဟုတ်ဘူး ဂနာရီလောက်ကျမှ မရတော့ဘူးဆိုပြီး လုပ်လာတယ်။ ပိုက်ဆံလည်း ပြန်မပေးနိုင်ဘူးပေါ့။ ရိုက်ချင်စိတ်တောင် ပေါက်သွားတယ်။ အဲဒီနားက ဆိုင်လေး တစ်ခုမှာ တုတ်တုတ်တစ်စီး ရှိသေးတာမို့ ငှားကြည့်တော့ ဒုကဿခရောက်နေတဲ့ လူတွေမှန်း သိတာမို့ ၄၅၀၀၀ မရရင် မလိုက်နိုင်ပါဘူးဆိုပြီး ကူညီပါတယ်။ ဒါနဲ့ မျိုးစုံ ပြောဆို တောင်းပန်တော့မှ ၃၀၀၀၀ နဲ့တည့်ပြီး ပြန်လာရတော့တယ်။ ဒါတောင် လမ်းမှာ အဲဒီတုတ်တုတ်က ဘီးပေါက်သေးတယ်။ 

ကျွန်တှောတို့ အားလုံးလည်း ဘုရားစာ ရွတ်နေရတာပေါ့။ ဒီတစ်စီးသာ လမ်းမှာ တစ်ခုခု ထပ်ဖြစ်ရင် မှောင်ကြီးမည်းကြီး ကျွန်တှောတို့ အားလုံး ဒုကဿခ ရောက်ပြီလေ။ ဒါထက် မနက်ကျရင် မြစ်ကြီးနားကနေ နောက်ထပ် တစ်နေရာကို သွားဖို့ လုပ်ကြရဦးမှာဆိုတော့ အဲဒါပျက်လို့ လုံးဝမဖြစ်ဘူးကိုး။ ဒီလိုနဲ့ ရင်တမမ စီးလာလိုက်တာ ကတဿတရာလမ်းမကြီးပှေါ ကားတက်သွားတယ် ဆိုရင်ပဲ ရင်ထဲက အလုံးကြီး ကျသွားပါတော့တယ်။ လေတွေကလည်း တိုက်လိုက်တာမှ အေးစက်နေတာပဲ။ မပြီးသေးဘူး။ ပထမပျက်သွားတဲ့ တုတ်တုတ်မောင်းသမားရဲ့ မိန်းမက ယောက်ျားကို စိတ်ပူပြီး နောက်တုတ်တုတ် တစ်စီးခှေါပြီး လိုက်လာတာမို့ မှောင်နဲ့ မည်းမည်း လမ်းခရီးမှာ သွားတွေ့ပါတယ်။ ဒါနဲ့ပဲ အဲဒီ နောက်တစ်စီး အပှေါကို ပြောင်းရပြန်တယ်။ တှောသေးတယ် ကောင်းကောင်းမွန်မွန် ပြန်ရောက်တာ။ ၁၂နာရီတောင် ခွဲနေပြီ။

တည်းခိုခန်းရောက်တော့ သေသေချာချာ ပြောထားပါလျက်နဲ့ အခန်းတွေကို သူများကို ငှားထားလိုက်တယ်။ ကျွန်တှောတို့မှာ နောက်ထပ်နေရာ ရှာရပြန်ပါတယ်။ နောက်ဆုံး ကျောင်းသွားတဲ့ လမ်းပှေါက တည်းခိုခန်းတစ်ခု ရောက်သွားတယ်။ ဒီနေရာက ကားဂိတ်။ ကားသမားတွေနဲ့ ဘာတွေညာတွေနဲ့ သိပ်ရှုပ်တာ ကျွန်တှောသိတယ်။ ဒါပေမယ့် ပြောမနေတော့ပါဘူး။ ကောင်မလေးတွေကိုတော့ အပြင်ကို တစ်ယောက်တည်း မထွက်ဖို့ သတိပေးထားလိုက်တယ်။ ကျွန်တှောလည်း ပင်ပန်းလွန်းလို့ ခဏနေတာနဲ့ အိပ်လိုက်တော့တယ်။ ကိုက်လိုက်တဲ့ခြင်တွေဆိုတာ မနက်မိုးလင်းတွေ သွေးကိုဖောင်းလို့။ အဲဒီအခန်းက တစ်ယောက်ကို သုံးထောင် ပေးရတယ်။ 



No response to “မြစ်ကြီးနား (၅)”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz