Sunday, November 2, 2008

များများမြန်မြန်




ဘဝကို ခပ်မြန်မြန်သုံးစွဲ ရန်သူ့အတွက် ချန်မထားနဲ့



လက်ဖျံနဲ့ ဆက်ဆံရမယ့် မနက်ဖြန်
အရသာမတူလည်း ရတာယူလို့
ဝေးရင်ဝင် ပြောရင်ပြီးမယ်
ဘာကိုဘယ်လို
လမ်းကြုံတုန်း ဝင်ရောက်ထိုးကြိတ်သွားရအောင်
တစ်လက်စတည်း တစ်အိမ်လိုနေလို့
အပွင့်လိုနေရင် အပွင့်ဖြည့်ပေးမယ်
အသက်လိုနေရင် အသက်ဖြည့်ပေးမယ်
ချစ်တယ်နှော အလိုမလိုက်ဘူး
သစ်တွက်နည်း ရွှေတွက်နည်း
ကမဿဘာ့စီးပွားဖက်တွေ
တွဲဖက်မစားသင့်တဲ့ အစာတွေ
ကျွန်တှောတို့ တစ်ယောက်မှ ထလို့ မရဘူး
ပြန်ပြန်ပြုတ်ကျတယ်
ဟိတ်ဆိုဟိတ်
ဓာတ်တိုင်နဲ့ မခိုင်တွေ့နေပြီ
ကမဿဘာနဲ့ ကဗျာကြား မီးစလေးတစ်စ ချထားခဲ့တယ်
အဟလေးအတိုင်း လိုက်သွားရုံ
ကမဿဘာခြားပြီ
ဘောလုံးဟာ ကမဿဘာသုံး ဘာသာစကား
အားလုံးပြုံးပျှောနိုင်ကြပါပြီ
လေတိုက်လို့ ထွားလာတာပါဆိုလည်း
အလကားတော့မဟုတ်
ငါတို့ပိုက်ဆံနဲ့ သူတို့လေညင်းခံ ထွက်သွားတာပါလို့ ဆိုသူကဆို
နောက်တစ်နာရီ ကျွန်တှော ဘယ်သွားနေရမလဲဗျာ
အိမ်ပြန်ချင်တာမောင်ဘ
အမှန်တရားဟာ အမှန်တရားအတိုင်း ဖြစ်စေရမှာပေါ့။


စိုင်းဝင်းမြင့်
စာ-၂၃


မနေ့က စိုင်းဝင်းမြင့်ရဲ့ ကဗျာစာအုပ်အသစ် များများမြန်မြန် ဆိုတဲ့ စာအုပ်လေး ထွက်လာတယ်။ မြန်မာကဗျာ လောကမှာ ကိုယ်ပိုင်ဟန် ထူထောင်နိုင်တဲ့သူ တှောတှောနည်းပါတယ်။ လူတိုင်း ကိုယ်ပိုင်ဟန် ရှိတယ်ဆိုတာ မဟုတ်ပါဘူး။ ထင်ရှားတဲ့ ကဗျာဆရာ အများအပြား ရှိတယ်ဆိုပေမယ့် တကယ်တမ်း သေချာဖတ်ပါ များရင် ဟန်တွေ အသုံးတွေ ဆင်နေကြတာ များတယ်။ လွှမ်းမိုးမှုတွေ အများကြီး ရှိတယ်။ စိုင်းဝင်းမြင့်ကတော့ အဲဒီကဗျာဆရာ များစွာထဲကနေ ခွဲထွက်ခဲ့သူ တစ်ယောက်ပါပဲ။ သူ့ရဲ့ အရင်စာအုပ်တွေ ကတည်းက သူ့ကဗျာဟန်ဟာ သူများနဲ့ကို မတူဘူး။ စကားလုံးတွေဟာ သွက်နေတယ်။ သူ့ကဗျာမှာ လူငယ်တွေကြား အသုံးများတဲ့ ခေတ်ပှေါ စကားလုံးတွေ လှိုင်လှိုင် သုံးတတ်တယ်။ သုံးလိုက်တဲ့ စကားတိုင်းကလည်း အဆက်အစပ် ရှိနေတတ်တယ်။ သူ့ကဗျာတွေဟာ ဖတ်ရတာ ပျင်းဖို့ မကောင်းဘူး။ မလေးလံဘူး ပေါ့ပါးတယ်။ တုတ်ထိုးအိုးပေါက် ပြောတတ်တဲ့ လူတစ်ယောက် ပြောလိုက်တဲ့ စကားလို သူ့ကဗျာကို ဖတ်လိုက်တာနဲ့ ထိထိမိမိ သိရတယ်။ အခု ဒီစာအုပ်မှာတော့ သူ့ရဲ့ ဟန်ဟာ ပိုပီပြင်လာတယ်။ ဒါ့အပြင် ကဗျာစာအုပ် နာမည်ကိုက များများမြန်မြန် ဆိုတဲ့အတိုင်း ကဗျာတွေမှာ သုံးထားတဲ့ စာလုံးတွေဟာ သိပ်မြန်တယ်။ ကဗျာခေါင်းစဉ်တွေကလည်း ဆန်းတယ်။ လာမယ်ကြာမယ်၊ ပြောပြောပြီးပြီး၊ စသည်ဖြင့်ပေါ့ဗျာ..ကောင်းကွာ၊ ပြောပြောပြေးပြေး စတဲ့ ခပ်သွက်သွက် ခေါင်းစဉ်တွေကို တွေ့ရပါလိမ့်မယ်။ ကဗျာစာအုပ် ခေါင်းစဉ်လေးကို တစိမ့်စိမ့် ခံစားရင်း သူ့ကဗျာတွေကို ဖတ်မယ်ဆိုရင် ပိုခံစား မိပါလိမ့်မယ်။ ဖတ်ကြည့်ကြပါဦး။



များများမြန်မြန်
စိုင်းဝင်းမြင့်
ကျှောမွှေးစာပေ
စာမူခွင့်ပြု - ၄၂၀၀၅၅၁၀၀၈
ပကြိမ်
အောက်တိုဘာ၊ ၂၀၀၈
တန်ဖိုး - ၁ဝဝဝကျပ်


PS: တောကျောင်းဆရာနဲ့ ကျွန်တှော တိုက်ဆိုင်တာ နှစ်ခါရှိပါပြီ။ ပထမတစ်ခါက ဂျူးအကြောင်း၊ အခုတစ်ခါက စိုင်းဝင်းမြင့် ကဗျာအကြောင်း။ ဒီကဗျာစာအုပ်အကြောင်းကို တောကျောင်းဆရာ ညွှန်းဆို ပြသွားတာတွေက ကျွန်တှော့ထက်ပိုပြီး အသေးစိတ်ပါတယ်။ ပြီးတော့ ကဗျာ ၆ပုဒ်တောင် တင်ထားပေးပါသေးတယ်။ ဒါကြောင့် ဒီပို့စ်လေးကို ဖတ်မိလို့ စိတ်ဝင်စားရင် တောကျောင်းဆရာရဲ့ ပိုစ့်လေးကိုလည်း မဖြစ်မနေ ဖတ်ကြည့်သင့်တယ်လို့ အကြံပြုချင်ပါတယ်။ ကျေးဇူးပါ တောကျောင်းဆရာခင်ဗျား။ [Go>]

No response to “များများမြန်မြန်”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz