Tuesday, November 25, 2008

မြစ်ကြီးနား (၄)

မြစ်ကြီးနား (၄)
သရဲခြောက်တဲ့ညများ


မြစ်ကြီးနားသွား ခရီးစဉ်လေးမှာ ရထားစီးရတဲ့ ဒုကဿခနဲ့ ဟိုကိုရောက်တော့ သူငယ်ချင်းဟောင်းတွေနဲ့ ပြန်တွေ့ရတဲ့ အပျှောလေးတွေကို ရေးခဲ့ပြီးသွားတော့ အဲဒီမှာ ကျွန်တှောတို့ ရွာတွေမှာ ဆာဗေးဆင်းတဲ့ အကြောင်းလေးတွေကို လက်ဆင့်ကမ်းချင် ပါသေးတယ်။ 

ကျွန်တှောတို့ မြစ်ကြီးနားကို ရထားဆိုက်တော့ ည ၁ဝနာရီ ထိုးတော့မယ်။ ဒါတောင် စောဝင်တာလို့ ပြောတယ်။ အသင်းက လူတွေက ကားနဲ့ လာကြိုတယ်။ အထုတ်တွေ အပိုးတွေ ကားပှေါတင် လူတွေ တိုးဝှေ့တက်ပြီး ဝူးကနဲ ကားကိုထွက် ဟိုတယ်တွေ ကျှောကျှောလာလိုက်တာ နောက်ဆုံး ကျွန်တှော ကျောင်းတက်ခဲ့တဲ့ မြို့သစ်ထဲက တည်းခိုခန်း ခပ်နွမ်းနွမ်းလေး တစ်ခုမှာ ခရီးဆုံးပါတယ်။ အဲဒီက လူကြီးက ကျွန်တှော့ကို ပြောတယ်။ ဈေးအသက်သာဆုံးကို ရှာပေးထားတာပါတဲ့။ သက်သာအောင်လို့တဲ့။ ဖြစ်ရမယ်။ 

ဒီလိုနဲ့ အားလုံး ဘာမှ မလုပ်နိုင်သေးဘူး။ ပစဿစည်းတွေ ပစ်ချပြီး ထမင်းဆိုင်ကို ပြေးကြရတယ်။ အေးလည်း နဲနဲအေးနေပြီဆိုတော့ ကျွန်တှောတို့က ပူဆေးလေး တစ်ခွက်လောက် တင်လိုက်ကြသေးတယ်။ ပြီးတော့မှ ပြန်လာပြီး ညကြီးသန်းခေါင် ရေမိုးချိုးကြ၊ ဖီးလိမ်းကြနဲ့ အားလုံး ပျှောပျှောပါးပါးပေါ့။ မနက်စောစော ထွက်ကြမယ်ဆိုတော့ စကားမပြောကြတော့ဘဲ ကိုယ့်အခန်း ကိုယ်ဝင်ပြီး အနားယူ မယ်လို့ ပြင်လိုက်ချိန်မှာပဲ အဖွဲ့ထဲက ကောင်မလေးတစ်ယောက်စီက အှောသံ ကြားလိုက်တယ်။ ဒါနဲ့ ဘာဖြစ်တာလဲဆိုပြီး အားလုံး ထွက်လာကြတာပေါ့။ သူပြောတာကတော့ သရဲခြောက်တာတဲ့။ ဆံပင်ရှည်ရှည်နဲ့ သရဲမတဲ့။ တိုက်တိုက်ဆိုင်ဆိုင် တစ်ဖက်ခန်းက ကိုဆင်ကလည်း သူ့ဘေးနားကနေ တစ်ယောက် ဖြတ်သွားသလိုမျိုး ခံစားလိုက်ရတယ်တဲ့။ အားလုံးလည်း ကြက်သီး တဖြန်းဖြန်း ထကုန်ကြတာပေါ့။ အဲဒီအထဲ ယောသားကြီးက ထပ်ခြောက်သေးတယ်။ ဒီတည်းခိုခန်းက မြစ်ကြီးနားမှာ အဟောင်းဆုံးပေါ့၊ အရင်က ဘာရှိတယ်ဆိုတာ ဘယ်သူမှ မသိဘူးပေါ့။ သတိထားနေကြပေါ့။ တကယ်တမ်း ပြောရရင် ဒီကောင်လောက် သရဲကြောက်တတ်တာ ဒီကောင်ပဲ ရှိတယ်။ နောက်ပိုင်း သူကြောက်ပုံကြောက်နည်းကို တွေ့ရပါမယ်။ ဒါနဲ့ ကောင်မလေးတွေ ကြောက်လန့်ပြီး ဘယ်လိုမှ မအိပ်ရဲ ကြတော့ဘူး။ အခန်းတစ်ခန်း အလွတ်ထားပြီး အားလုံး စုပြုံ အိပ်ကြတော့တယ်။ 

ကျွန်တှောထင်တာကတော့ မြန်မာလို ဘီလူးစီးတာ ဖြစ်မယ်ထင်တယ်။ ရထားပှေါမှာလည်း ကျွန်တှောတို့ ဒီအကြောင်းတွေ တလျောက်လုံး ပြောလာကြတာလေ။ စကားမစပ် ရထားပှေါမှာ ကြုံရတာလေးတစ်ခု ရှိသေးတယ်။ ကျွန်တှောတို့ ထိုင်နေတဲ့ ခုံတွေရဲ့ ကြားထဲမှာ မိန်းမကြီးတွေ လာထိုင်နေတာ ရှိတယ်။ ယောသားကြီးနဲ့ တစ်လမ်းလုံး စကားတွေ ဖောင်ဖွဲ့လာကြတာ။ သူဆင်းမယ့် ဘူတာက ၃ဘူတာလောက် လိုသေးတယ်။ ရထားပှေါမှာ သူငယ်ချင်းတွေက ကျွန်တှော့ကို ဗေဒင်တွက်ခိုင်းနေတုန်း ရုတ်တရက်သူက စုန်းတွေ တစေဿဆတွေ ဥစဿစာစောင့်တွေအကြောင်း စကားစလာတယ်။ သူတို့ ရွာမှာ ဥစဿစာစောင့်မ ရှိတယ်တဲ့။ ပှေါလာတာ မကြာသေးဘူး ဘာညာပေါ့။ ကျွန်တှောကလည်း ဒါမျိုးဆို သိပ်အသည်းယားတာမို့ လျှောက်နောက်နေမိတယ်။ ဘုရားစူး ဒီမိန်းမကြီးက မလွယ်ဘူးဗျား။ မင်းက မယုံတာလား စမ်းချင်တာလား မင်းတို့ မြို့ကလူတွေက ဒါတွေကို မယုံတာ ဘာညာ လုပ်လာရော။ ပြီးတော့ ပေါက်တတ်ကရတွေ ပြောနေသေးတယ်။ ယောသားတောင် သူနဲ့တွေ့တော့ စကားမဆက်နိုင်ဘူး။ ဒင်းကို ကျောက်သွေးဆိုတာ အရက်နဲ့သောက်ရင် အားအရမ်းရှိတာ။ မိန်းမတွေများ သောက်လိုက်ရင် ဘာဖြစ်တာ ညာဖြစ်တာနဲ့ ပြောနေတာ ဟိုကောင် ခေါင်းတောင် မထောင်နိုင်ဘူး။ 

ဒါနဲ့ ကျွန်တှောလည်း စချင်လာတယ်။ အမကို ကျွန်တှော တစ်ခုလုပ်ပြမယ် စမ်းကြည့်မလားဆိုတော့ သူက သူ့ကို လုပ်လို့ မရပါဘူးတဲ့။ အဲဒါနဲ့ ကျွန်တှောက သူ့လက်ကိုယူပြီး မျက်စိမှိတ်ခိုင်း အသက်အောင့်ခိုင်းလိုက်တယ်။ ပြီးတော့ သူ့ကို ကျွန်တှော အခါပေါင်းများစွာ စမ်းဖူးတဲ့ စမ ရိုက်ပေးလိုက်တယ်။ ပြီးတော့ သူ့လက်နှစ်ဖက်ကို တိုင်းကြည့်ခိုင်းလိုက်တော့ မညီတော့ဘူး။ ဟဲဟဲ။ သူက ငါ့ကို နင်တို့ လုပ်လို့ မရဘူး လုပ်လို့ မရဘူးဆိုပြီး မျက်လုံးကြီး ပြူးပြီး ကြည့်နေတယ်။ ပြီးတော့ ကြောက်နေတယ်။ ပြီးတော့ ယောသားကြီးဆီမှာ ရှိနေတဲ့ အရက်ပုလင်းကို တောင်းပြီး တစ်ဖုံးစာလောက် သောက်မယ်လို့ ပြောတယ်။ ယောသာကြီးက ပေးလိုက်တော့ နဲနဲမော့ပြီး ကျန်တာကို ပုလင်းထဲ ပြန်ထည့်လိုက်တယ်။ သူ့ကို မပြုစားနိုင်အောင် လုပ်တဲ့ သဘောပေါ့။ ပြီးတော့ သူက ကျွန်တှော့ကို နင်က ဘယ်နယ်ကလဲတဲ့။ ကျွန်တှောက ရှမ်းပြည်ကလို့ ပြောလိုက်တော့ ချက်ချင်းပဲ အထုတ်တွေယူပြီး ရှေ့က ဘူတာမှာ ဆင်းသွားလိုက်တာ တန်းနေတာပဲ။ ကျွန်တှောတို့မှာ ရယ်ရအခက် ငိုရအခက်။ ဒါပေမယ့် ကျွန်တှော သူစိတ်စွဲသွားမှာစိုးလို့ သူမဆင်းခင် အလကား စတာနှော ဘာမှမဟုတ်ဘူးလို့ ပြောလိုက်ပါသေးတယ်။ အဲဒီလောက် ကြောက်လိမ့်မယ်လို့ မထင်လို့ရယ်၊ သူကိုယ်တိုင်က ကြီးကြီးကျယ်ကျယ်တွေ ပြောနေတာရယ်ကြောင့် စရင်း စမ်းပြလိုက်တာ။ ဒါပေမယ့် သူကြောက်သွားတာမြင်တော့ ကျွန်တှော စိတ်မကောင်းဘူး။ ဥပဒါန်ကြောင့် ဥပါဒ်ဖြစ်နေဦးမယ်ဆိုပြီး စိတ်ထဲမယ် တှောတှော မကောင်းဖြစ်သွားတယ်။ နားငြီးတော့ အတှောသက်သာသွားတာ။ ထားတော့။

စကားဆက်ရရင် ခုနက ကျွန်တှောတို့ အဖွဲ့ထဲက ကောင်မလေး သူရဲမြင်တယ်ဆိုတာ အဲဒါတွေ စိတ်ဆွဲလို့ ဖြစ်နိုင်ပါတယ်။ ပြီးတော့ လူတွေက အရမ်းပင်ပန်းလာကြတာလေ။ ကျွန်တှောတို့လည်း တတ်နိုင်သမျှ သူမကြောက်အောင် ဖြေသိမ့်ရင်း အိပ်လိုက်ကြတော့တယ်။ မနက်မိုးလင်းတော့ သူငယ်ချင်းတွေနဲ့ တွေ့ဆုံဖို့ရှိနေတာကြောင့် ရွာဆင်းတာကို လိုက်မသွားခဲ့ပါဘူး။ ကျွန်တှောရယ် ယောသားရယ် ကျွန်တှော့ သူငယ်ချင်းတွေနဲ့ တွေ့ပြီး စားကြသောက်ကြပေါ့။ ညရောက်တော့ ချိန်းထားတာတွေလွဲပြီး နှစ်ယောက်သား ညဈေးတန်းမှာ ကြက်ဥကဇှောရယ် အမဲလုံးစွပ်ပြုတ်ရယ် သောက်ကြတယ်။ အခန်းပြန်တော့ ၁ဝနာရီတောင် ထိုးတော့မယ်။ မောင်ယောက ရဲဆေးတင်ဖို့ဆိုပြီး ပုလင်းပြားလေး ဆွဲလာတယ်။ ပြီးတော့ သူတစ်ယောက်တည်း သောက်နေတယ်။ ဒီကောင် ကြောက်တတ်တာ ကျွန်တှောသိတယ်။ 

၁၁နာရီလည်းကျရော တည်းခိုခန်းက မီးတွေကို ဖြတ်ပစ်လိုက်ပါရော။ ဒီအဆောင်က တစ်မျိုးတော့ တစ်မျိုးကြီးနှောလို့ ကျွန်တှော့ကို လာပြောနေတယ်။ ခဏကြာတော့ ကျွန်တှော အိပ်ပျှောသွားတယ်။ နှစ်နှစ်ချိုက်ချိုက် အိပ်ပျှောနေတုန်းမှာပဲ ဒုန်းဆိုတဲ့ အသံကြားရပြီး ကျွန်တှော လန့်နိုးလာတယ်။ မောင်ယောက ကျွန်တှော့ကို ဟေ့ကောင် ဟေ့ကောင် သရဲခြောက်ပြီ ထထဆိုပြီး လာအှောပါလေရော။ ဒါနဲ့ ဓာတ်မီးနဲ့ ထိုးကြည့်တော့ ကျွန်တှောတို့ ကုတင်နှစ်လုံးကြားက ဒီကောင့် အရက်ပုလင်းက ထောင်ထားရာက လဲနေတယ်။ ဟာဟာ ဆိုပြီး ဒီကောင် တှောတှော လန့်သွားတာ။ ပုလင်းလဲစရာ ဘာအကြောင်းမှ မရှိဘူးပေါ့။ တကယ်တမ်းက ကျွန်တှော့ခေါင်းရင်းမှာ ထားထားတဲ့ ဆိုင်ကယ်စီး ဦးထုပ်က ပြုတ်ကျပြီး ပုလင်းကို သွားထိလို့ လဲသွားတာပါ။ ဒါကို ပြောတာလည်း မရဘူး။ ဟိုအဖွဲ့မရှိလို့ ငါတို့ဆီလာတာ ဖြစ်မယ်ဆိုပြီး လျှောက်ပြောနေတယ်။ ပြီးတော့ အပေါ့သွားမလို့တဲ့ ကျွန်တှော့ကို အတင်းခှေါပါလေရော။ ဒါနဲ့ပဲ ကျွန်တှောလည်း အိပ်ပျက်ခံပြီး လိုက်စောင့်ပေးရသေးတယ်။ ကျွန်တှောသိတယ် ကမဿဘာပှေါမှာ ဒီကောင် အကြောက်ဆုံး အကောင်နှစ်ကောင်က သရဲနဲ့ ခွေးဆိုတာ။

နောက်တစ်နေ့ကျတော့ သူတို့ ညနက်နက်ကျမှ ပြန်ရောက်လာကြတယ်။ ရွာကနေ ပြန်စရာ ဘာကားမှ မရှိတာမို့ သစ်ချောင်းကြီးတွေကို တင်လာတဲ့ ထှောလာဂျီ တစ်စီးကို တောင်းပန်ပြီး လိုက်ခဲ့ရတယ်လို့ သိရတယ်။ မိုင် ၂ဝလောက် ခရီးကို တှောတှော ဒုကဿခခံပြီး စီးလာကြရပေမယ့် သူတို့ စိတ်မပျက်ကြပါဘူး။ တှောတှောတော့ ပင်ပန်းကြပုံရတယ်။ အစီအစဉ်က မနက်ဖြန် ရွာထပ်ဆင်းမယ်။ ပြီးရင် ရွာမှာ အိပ်မယ်တဲ့။ တုတ်တုတ်တစ်စင်း ငှားထားတယ်။ နို့မဟုတ်ရင် အဲဒီနေရာကို သွားစရာ ကားမရှိဘူးလေ။ ကျွန်တှောတို့လည်း မနက်ဖြန် လိုက်ခဲ့ပြီး ရွာမှာအိပ်ပေါ့။ မောင်ယောကလည်း ညက ကျွန်တှောတို့ သရဲအခြောက်ခံရပါတယ်ဆိုပြီး မြိန်ရေလျှက်ရေ ပြောနေပြန်တယ်။ ကောင်မလေးတွေကလည်း တှောတှော ကြောက်နေကြတယ်။ ဒီတည်းခိုခန်းကို ပြန်ရောက်ရင်ပဲ ကြက်သီးတွေ ထထလာတယ်လို့ ဆိုကြတယ်။ ဒီအထဲက ကောင်လေးတစ်ယောက်ကတော့ သရဲပြေးအောင်တဲ့ ဘုရားစာ ရွတ်လိုက်တာ အကျယ်ကြီးပဲ။ အမှတ်တရ အဆောင်ညများပေါ့။ 



No response to “မြစ်ကြီးနား (၄)”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz