Saturday, November 29, 2008

မိုးရေစက်များအကြောင်း

မိုးရေစက်များအကြောင်း




အရမ်းချစ်တယ်။ တိုးတိတ်စွာလည်း ညည်းတွားခဲ့ဖူးတယ်။ အပွင့်လင်းဆုံးလည်း ဟစ်အှောခဲ့ဖူးတယ်။ သူမဟာ အလင်းနတ်သမီး တစ်ဦးလည်းဖြစ်ပါတယ်။ ကြယ်တွေ ညွှတ်ပြောင်းတဲ့ညက စကြဝဠာမှာ ငါ့ကိုယ်ငါ ယာဇ်ပူဇှောရင်း သူမကို လွမ်းဆွတ်ခဲ့ဖူးတယ်။ ငါဟာ အတဿတများစွာပိုင်ဆိုင်တဲ့ ပြတိုက်တစ်ခုပါ။ ငါဖြစ်နေရတာက ကှောဇောတစ်ချပ်။ ညနက်နက်ထဲက ဇရပ်ပျက်တစ်ဆောင်။ မီးတို့ လင်းလက်ခဲ့ဖူးလေသည်။ အိပ်မရတဲ့ညတွေမှာ ငါဟာ ပန်းတစ်ပွင့်ကို ဆေးရည် စိမ်ထားခဲ့တယ်။ ဖြစ်ချင်ခဲ့တာကတော့ မီးလျှံတစ်ခုပါ။ လမ်းတွေမှာ တံလျှပ်တွေ ထင်လာကြ။ လကွယ်ညက ငါ့ကို ပြုစားသွားခဲ့ပြန်တယ်။ ဒီလိုနဲ့ နေ့ရက်တွေကြာလာတော့ ရွှေရောင်အမှုန်အမှိုင်းတွေကို ဆွဲချွတ်ရင်း ချစ်သူပေးခဲ့တဲ့ လက်စွပ်လေးတစ်ကွင်း ပျောက်ခဲ့ရတယ်။ ချစ်သူ သတိတရ ဖြစ်နေတတ်တဲ့ နေ့စွဲတစ်ရက်ဟာ ငါသူ့ရှေ့မှာ ခြေစုံချ တမ်းတရင်း ချစ်ခွင့်ရချင်ခဲ့တဲ့ နေ့တစ်နေ့သာဖြစ်ခဲ့မယ်ဆိုရင် ခင်ဗျားတို့ရော ကျွန်တှော့ကိုယ်စား ဘယ်လို ကြည်နူးပေးကြမလဲ။ ကောင်းကင်ကို လေပြေတိုးလို့ မိုးတွေရွာချတိုင်း တိမ်ညိုတွေ ရိုင်းစိုင်းနေလိုက်ကြတာ ငါမနာလိုခဲ့ပါဘူးလေ။ ငါဟာအရူးတစ်ယောက်ပါ။ ငါဟာရေသေမှာ ကူးခတ်မိနေခဲ့သူ တစ်ယောက်ပါ။ ငါ့ကိုယ်ငါ ပြန်တွေ့လိုက်တဲ့ နေ့ကတော့ ကောင်းကင်မှာ ပန်းပျိုးရမယ်လို့ ထင်ခဲ့မိတာကိုး။ အမှားမှား အယွင်းယွင်းနဲ့ အသောက်ခံခဲ့ရတဲ့ စီးကရက်တစ်လိပ်လိုဘဝမျိုး ငါ့မှာ ဘယ်တုန်းကမှ မရှိခဲ့ပါဘူး။ 
 
အဲဒီ မျှောစင်ထိပ်ကို တက်လိုက်ပါ။ အဲဒီမှာ ပန်းတစ်ခင်းပွင့်နေတာ မင်းတွေ့မှာပါ။ ချွေယူ နမ်းရှိုက် မင်းကြိုက်သလို (ဖျက်ဆီးချင်ဖျက်ဆီး) ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်။ ဒါပေမယ့် အဲဒီလိုစိတ်ကူးမျိုး အစထဲက ရှိနေခဲ့မယ် ဆိုရင်တော့ ကောင်းကင်ကို ရေပုံးကြိုးဆွဲပြီး တက်မလာခဲ့ပါနဲ့။ ဒီပန်းတွေက မင်းရေဖြန်းမှု သက်သက်နဲ့သာ ပွင့်လာမှာ မဟုတ်ဘူးဆိုတာ ငါပြောပါရစေ။ ဒါဟာ ပွဲတှောတစ်ခု မဟုတ်ခဲ့ဘူး။ ဒါဟာ မျက်လှည့်ပြကွက်တစ်ခု မဟုတ်ခဲ့ဘူး။ မျဉ်းပြိုင်နှစ်ကြောင်းရဲ့ အနာဂတ်ကို ငါမျှောမှန်းဖူးပါတယ်။ သူတို့မှာလည်း မရေရာတဲ့ မနက်ဖြန်တွေ ရှိနေတယ်။ 

ငါ… 
ဆေးလိပ်တိုတစ်ချောင်းလည်း ဖြစ်ခဲ့ဖူးတယ်
လိုအင္ဆနဿဒ
ရောဂါ
ဘောလ်ပင်တစ်ချောင်း
နားလည်တတ်မှုနဲ့
ရနံ့မျာ့း 

ငါမျက်ရည်တွေနဲ့လည်းကြေကွဲရဲခဲ့ပြီ။ နင့်ကိုချစ်တဲ့ ငါလိုကောင်ရဲ့ သွေးကိုဖောက် ကနဿတာရမှာ ခမ်းခြောက်သွားအောင်ကို ဖျန်းပက်လိုက်စမ်းပါ။ ငါဆိုတဲ့ကောင်ကတော့ ရင်ခုန်သံငွေ့ငွေ့နဲ့ ကိုယ့်ကိုကိုယ် ထူမတ်ပြီး ပြန်လည်ပတ် ပစ်လိုက်မယ်။ မိုးရွာထဲမှာ ခင်ဗျား ဘယ်လောက်လမ်းလျှောက်ဖူးသလဲ။ သူမကငြင်းတယ်။ ခေါင်းတော့မခါ။ ပန်းကလေး လှနေတာကို (အခုမှ)သတိတရ ကြည့်လိုက်မိခါမှ ရနံ့မရလိုက်တဲ့ သူတစ်ယောက်ကို မသနားကြပါနဲ့။ လူဆိုတာ ကိုယ်နဲ့ထိုက်တန်တဲ့ လမ်းကို သွားရမြဲပါပဲ။ 

သံသယတွေ မင်းရင်ခွင်မှာ အသွင်ပြောင်းသွားတဲ့နေ့ ကျရင်သာ နင်ငါ့ကို သတိရပါတော့။ နှလုံးသားထဲ နစ်နေတဲ့အထိ ငါမင်းကို ချစ်ခဲ့တယ်။ တိုးတိတ်စွာ ငါတစ်ယောက်ထဲ ကြေကွဲခဲ့ရတဲ့နေ့တွေကို နင်စာနာပါတော့။ လွမ်းတယ့်။ ဝင်သက်ထွက်သက်တွေနဲ့သာ ဆိတ်ငြိမ်အေးစက်ခဲ့ရသော ငါ့ရဲ့ဘဝတွေ။ အရိပ်တွေနဲ့ လှုပ်ရှားသက်ဝင်ခဲ့ရတာတွေ။ ခံစားချက်… အဖြူရောင် ကျောက်တုံးတစ်တုံးပှေါမှာ ရေးထားတဲ့ ဘာနဲ့မှမဖှောပြနိုင်တဲ့ ကောင်းကင်တွေ နင်ပေးခဲ့ဖူးတယ်။ 

ကျွန်တှော့
မိုးရွာထဲမှာ လမ်းလျှောက်ခဲ့ဖူးတယ်
မိုးရွာထဲမှာ လင်းလက်လာမယ့် မီးအိမ်လေးကိုလည်း ငေးမောခဲ့ဖူးတယ်
တိမ်တွေနဲ့လည်း ယဉ်ပါးခဲ့ဖူးတယ်
မိုးရွာထဲမှာ တစ်ယောက်ထဲလွမ်းခဲ့ဖူးတယ်
မိုးရွာထဲမှာ သူမကိုသတိရနေမိတယ်။ 



လင်းဆက်
၁၉၉၇



ဒါက ကျွန်တှော ၁ဝတန်းအောင်တဲ့ အချိန်လောက်က မင်းခိုက်စိုးစန် ဝတဿထုတွေဖတ်ပြီး သူ့လွှမ်းမိုးမှုတွေနဲ့ ရေးထားဖြစ်ခဲ့တဲ့ စာလေး တစ်ပုဒ်ပါ။ ဒီစာလေးကို ကျွန်တှောတို့ သူငယ်ချင်းတွေ စုထုတ်တဲ့ ပထမဆုံး ကဗျာစာအုပ်လေးမှာ ထည့်ခဲ့တယ်။ အဲဒီအချိန်တုန်းကတော့ ဒါလေးကို တှောတှော ဟုတ်နေပြီလို့ ထင်ခဲ့တယ်။ အခု ပြန်ဖတ်ကြည့်တော့ ရီချင်နေတယ်။ ဘာတွေမှန်းလဲ မသိဘူး။ ဒါပေမယ့်လည်း အမှတ်တရပေါ့။ 

No response to “မိုးရေစက်များအကြောင်း”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz