Saturday, November 15, 2008

ကဝါဘာတ



ကဝါဘာတ (Yasunari Kawabata) ကို ဂျွန်လ ၁၄ရက်၊ ၁၈၉၉ မှာ မွေးဖွားခဲ့တယ်။ ၁၉၆ဂမှာ စာပေနိုဗယ်(လ်)ဆု ဆွတ်ခူးနိုင်ခဲ့တဲ့ ဂျပန်နိုင်ငံသား နာမည်ကျှော စာရေးဆရာတစ်ယောက် ဖြစ်ပါတယ်။ သူ့ကို ကျွန်တှောစသိတာက ၂၀၀၄ ခုနှစ်ကျမှ ဖြစ်ပါတယ်။ မှတ်မှတ်ယယ ပုဂံဖိုရမ်မှာ သူရေးတဲ့ လက်တစ်ဖက် (One Arm) ဆိုတဲ့ ဝတဿထုလေးကို အကိုကြီး ကိုရက်ကွန်ဒိုက်က တဝက်တပျက် မိတ်ဆက်ပေးခဲ့ရာက စပါတယ်။ သူတင်ပေးတဲ့ ဝတဿထုဟာ အစလည်းမရှိ အဆုံးလည်း မရှိဘူးဆိုတာ မှတ်မိနေတယ်။ ဒါပေမယ့် ကျွန်တှော သိပ်စိတ်ဝင်စားခဲ့တယ်။ အဲဒီ ဝတဿထုလေး ဖတ်မိတဲ့အချိန်မှာ ကျွန်တှောဟာ ကြက်သီးတောင် ထမိတယ်။ အဲဒီကာလက ကျွန်တှောဟာ စကဿငာပူမှာ Art နဲ့ ပတ်သတ်ပြီး စာပေသီအိုရီတွေ၊ ပန်းချီသဘောတရားတွေကို သေအောင်လေ့လာနေရတဲ့ အချိန်လည်း ဖြစ်တော့ သူရေးထားတာကို ဖတ်လိုက်တာနဲ့ သူ့စာကို အတှောအတန် အကဲခတ်နိုင်ခဲ့တယ်။ 

ဒီဝတဿထုကို ရေးသားတဲ့အချိန် ကြည့်လိုက်ပြန်တော့ ကျွန်တှောတို့ အာရှမှာ Surrealism သိပ်ခေတ်မစားသေးတဲ့အချိန် ဖြစ်တယ်။ အဲဒီအချိန်က မြန်မာပြည်မှာ ဆရာကြီး ဦးခင်မောင်ရင်ရဲ့ နှမလက်လျော့ နေလေတော့ ဆိုတဲ့ ရုပ်ရှင်ကား ထွက်နေပြီနဲ့ တူပါတယ်။ ကံဆိုးချင်တော့ ဆရာကြီးရဲ့ ဂနဿထဝင်မြောက် ရုပ်ရှင်ကားဟာ အောင်မြင်မှု မရခဲ့ဘူး။ သူ့တန်ဖိုးကို သိတဲ့သူ သိပ်နည်းခဲ့ပြီး ဘာတွေရိုက်ပြမှန်း မသိဘူးဆိုတဲ့ မှတ်ချက်တွေနဲ့ အဆုံးသတ်သွားခဲ့ရတယ်။ (စကားမစပ် အဲဒီ ဇာတ်ကား ဖလင်ထုပ် ရှိသေးလားလို့ ဆရာကြီးကို မေးခဲ့ဖူးတုန်းက လူတစ်ယောက်ဆီမှာ ရှိသေးတယ်လို့ သိရတယ်။ သိန်းသုံးဆယ်နဲ့ ဝယ်ထားတာဆိုလားပဲလို့ ဆရာကြီး ပြောတယ်။ ပိုက်ဆံတတ်နိုင်ခဲ့ရင် ဒီဇာတ်ကားကို ပြန်ဆေးကြောပြီး မြန်မာ့အနုပညာ သမိုင်းရဲ့ အထင်ကရ ဇာတ်ကား တစ်ခုအနေနဲ့ သိမ်းထားသင့်ပါတယ်) 

ကျွန်တှောဟာ ဒီဝတဿထုလေးကို စိတ်ဝင်စားတာနဲ့အမျှ စာရေးသူကိုပါ စိတ်ဝင်စားခဲ့တယ်။ သူ့အကြောင်းကို အင်တာနက်မှာ လိုက်လံ ရှာဖွေခဲ့တယ်။ ဖြစ်ချင်တော့ ၂၀၀၄ ခုနှစ်လောက်တုန်းက အခု ဒီနေ့လို Social Networking က အရမ်း ခေတ်စားသေးတာ မဟုတ်ပါဘူး။ ကဝါဘာတ အကြောင်းကို ဝီကီပိဒိယားမှာတောင် မတွေ့ခဲ့ဘူးထင်တယ်။ သတိရမိတာက သူနဲ့ ပတ်သတ်ပြီး အင်တာနက်ပှေါမှာ အချက်အလက် နည်းပါးနေသေးတယ် ဆိုတာပါပဲ။ သူရေးတဲ့ စာတွေ ဖတ်ချင်လို့ လိုက်ရှာလိုက်တာ ဂျပန် ဖိုရမ်တွေထဲလည်း ရောက်သွားခဲ့သေးတယ်။ ဂျပန်လို ရေးထားတာတွေ မဖတ်တတ်လို့ Babelfish နဲ့ ပြောင်းပြီး ဖတ်ကြည့်ရတယ်။ အဂဿငလိပ် ဘာသာပြန် အီးဘွခ်တွေ လိုက်ရှာတယ်၊ မတွေ့ဘူး။ စကဿငာပူ ကင်နိုကုနိယမှာ မွှေတယ်။ မတွေ့ဘူး။ ဒါနဲ့ အဲဒါလေးက ခိုးလိုးခုလု ရပ်တန့်နေခဲ့ရတယ်။ ဒါပေမယ့် ကျွန်တှော့ စိတ်ထဲမှာ ပှေါလာတိုင်း သူနဲ့ ပတ်သတ်တဲ့ စာအုပ်တွေကို လိုက်ရှာကြည့်တယ်။ စာအုပ်ဟောင်း သမားတွေဆီမှာ လိုက်မေးတယ်။ 

ဒီလိုနဲ့ ပထမဆုံး ကျွန်တှော လက်ဝယ်ဖတ်ရတဲ့ စာအုပ်လေးက Snow Country လို့ခှေါတဲ့ စာအုပ်လေး။ ဒီစာအုပ်ဟာ သူနိုဗယ်(လ်)ဆု ရစေခဲ့တဲ့ စာအုပ်သုံးအုပ်ထဲက တစ်အုပ်ပဲ ဖြစ်ပါတယ်။ ဒီစာအုပ်လေးကို ကျွန်တှော့ ညီမလေးရဲ့ သူငယ်ချင်း ဂျပန်နိုင်ငံမှာ စာသင်နေတဲ့ မိုမိုက လက်ဆောင်ပေးတယ်။ ပြောရရင်တော့ ဒီစာအုပ်ဟာ ဝတဿထုလတ် အမျိုးအစားလို့ ပြောလို့ရပါတယ်။ သိပ်အရှည်ကြီးလည်း မဟုတ်ဘူး။ ဘာသာပြန်သူကလည်း ကောင်းတာမို့ ကျွန်တှော တစ်ရက်ထဲနဲ့ အပြတ် ဖတ်ပစ်လိုက်တယ်။ နားမလည်တာတွေ ကျှောသွားတယ်။ ကျွန်တှောဟာ သူ့ Art Sense ကို ရနေတာမို့ တချို့ဟာတွေမှာ ဘာသာစကား နားမလည်တာတောင် သူဆိုလိုချင်တာကို ကျွန်တှော ရနေခဲ့တယ်။ မရှေးမနှောင်းမှာပဲ ကျွန်တှော ကဝါဘာတ လိုက်ရှာနေတာသိတဲ့ စာအုပ်အဟောင်းသမား တစ်ဦးက အဲဒီ Snow Country ကို မြန်မာပြန်ထားတဲ့ ဆရာ နနဿဒသူရဲ့ နှင်းပွင့်တိုင်းပြည် ဆိုတဲ့ စာအုပ်လေး လာပေးတယ်။ ကျွန်တှော့မှာ ဝမ်းသာလိုက်တာ။ ဒါပေမယ့် အဲဒီအချိန်အထိ "လက်တစ်ဖက်" ကို ကျွန်တှော မဖတ်ရသေးတာမို့ ဘဝင်က မကျနိုင်သေးဘူး။ ဟိုလူနဲ့ ရှာခိုင်းလိုက် ဒီလူနဲ့ ရှာခိုင်းလိုက်နဲ့ လည်နေခဲ့တယ်။ ဒီလိုနဲ့ ဒီနေ့တော့ ကျွန်တှော့ ဆနဿဒတွေ ပြည့်ဝလာခဲ့တယ်။ 

ဒီနေ့မနက် အဲဒီစာအုပ်လေး ရလာတော့ ပျှောလိုက်တာဆိုတာ။ ပါဆယ်ထုတ်လေးကို ဖောက်လိုက်တာနဲ့ ကျွန်တှော အနှစ်သက်ဆုံး ပန်းချီဆရာ Gustav Klimt ရဲ့ Wasserschlange ဆိုတဲ့ ပုံလေးကို မြင်လိုက်ရရင်ပဲ စာအုပ်ဒီဇိုင်းဆရာဟာ တှောလိုက်တာလို့ စိတ်ထဲက ချီးမွမ်းလိုက်မိတယ်။ ဟုတ်တယ်။ ကဝါဘာတရဲ့ စာတွေနဲ့ Klimt ပုံတွေနဲ့က သိပ်လိုက်ဖက်တယ်။ ဒီစာအုပ်ထဲမှာ ဝတဿထု သုံးပုဒ်ပါတယ်။ 

  • House of the Sleeping Beauties 
  • One Arm
  • Of Birds and Beasts

စာအုပ် အချီးရေးသူကတော့ House of the Sleeping Beauties ကိုအရမ်း အမွှန်းတင်ထားတယ်။ ဒါပေမယ့် ကျွန်တှောက ကျွန်တှော့ အချစ်ဦး One Arm ကို စဖတ်တယ်။ တစ်ထိုင်တည်း ဖတ်ပစ်လိုက်တယ်။ ကျွန်တှော့ မျက်လုံးထဲမှာ မြင်ယောင်လာတဲ့အထိ။ ဇာတ်လမ်းက ဆာရီရယ်လ်ပါ။ ကောင်မလေးတစ်ယောက် သူမရဲ့ ညာဘက်လက်ကို လက်မောင်းရင်းကနေ ဖြုတ်ပြီး အိမ်ကို လက်ဆောင်ပေးလိုက်တဲ့ အကြောင်းလေးပါပဲ။ ဒါကို အစအဆုံး သေသေချာချာ ဖတ်ပြီးတဲ့ အချိန်မှာတော့ ကျွန်တှော့ မသိစိတ်မှာ ဒီဝတဿထု အပိုင်းအစလေး ဘယ်လောက်တောင် စူးနစ်ဝင်နေခဲ့တယ်ဆိုတာ သိလိုက်ရတယ်။ ကျွန်တှော အိုင်ဒီယာ မဂဿဂဇင်းမှာ ရေးခဲ့ဖူးတဲ့ (အိပ်မက်ထဲမှာ ကြည့်ခဲ့မိသော ရုပ်ရှင်) ဆိုတဲ့ ဝတဿထုလေးဟာ တကယ်တော့ ဒီစွဲလမ်းမှုရဲ့ အကျိုးဆက်ပဲဆိုတာ ကိုယ့်ကိုကိုယ် သိလိုက်ပါတော့တယ်။ ဒါဟာ ကိုယ့်ကိုကိုယ် ရှာဖွေတွေ့ရှိမှု တစ်ခုပဲ ဖြစ်ပါတယ်။ ကျွန်တှော အရမ်းပဲ စိတ်ကျေနပ် သွားခဲ့ရတယ်။ နောင်တချိန် ကျွန်တှော အတဿထုပဿပတဿတိ ရေးတဲ့အခါ ဒီဝတဿထုလေးကို ကဝါဘာတရဲ့ လက်တစ်ဖက် လွှမ်းမိုးမှုနဲ့ ရေးခဲ့တာလို့ ရေးဖို့ အချက်တစ်ချက် ခိုင်ခိုင်မာမာ ရသွားခဲ့ပြီ။ ကျွန်တှော နောက်နှစ်ပုဒ်ကို ဆက်မဖတ်သေးပါဘူး။ ဒီဖီလင်လေးကို အမှတ်တရ ထိန်းထားလိုက်ဦးမယ်။ လောလောဆယ် ကျွန်တှော ဝတဿထုတစ်ပုဒ်လောက် သိပ်ရေးချင်နေမိတယ်။ ခေါင်းထဲမှာ စကားလုံးတွေ ခုန်ပေါက်နေတယ်။ ဒါပေမယ့် ကျွန်တှော မရေးနိုင်သေးပါဘူး။ အလုပ်တွေ လုပ်ရဦးမယ်လေ။ 

ဒီစာအုပ်လေး တကူးတကရှာပြီး လက်ဆောင်ပေးခဲ့တဲ့ အမ မဖြူအိသိမ်းကို အရမ်းအရမ်းပဲ ကျေးဇူးတင်ပါတယ် ခင်ဗျား။ ကဝါဘာတကို စပြီး မိတ်ဆက်ပေးခဲ့တဲ့ ကိုဒိုက်ကိုလည်း ကျေးဇူးတင်ပါတယ်။ (ကိုဒိုက်ကို အွန်လိုင်းမှာ မတွေ့ရတာ အတှောကြာခဲ့ပြီ)။ ကဝါဘာတရဲ့ စာအုပ်တွေကို Amazon[Link]မှာ ကြည့်လို့ရပါတယ်။  နောက်ပိုင်း အချိန်ရရင်လည်း ဒီဝတဿထုလေးတွေ အကြောင်းကို ကျွန်တှော ခံစားမိသမျှ ရေးသားပါဦးမယ်။ လောလောဆယ်တော့ ညာလက်မောင်းလေး တစ်ဖက်နဲ့ ကျွန်တှော အိပ်စက်တော့မယ်။ 



No response to “ကဝါဘာတ”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz