Monday, November 3, 2008

အိုစီပေးလ်တွေ သိပ်မပေးနဲ့


အိုစီပေးလ်တွေ သိပ်မပေးနဲ့



ခင်ဗျားတားချင်နေတာကတော့ တစ်ခုပဲ
ဒါပေမယ့် အိုစီပေးလ်တွေ သိပ်မပေးနဲ့
တစ်နေ့တစ်ခြား ကြီးထွားလာတဲ့ ကိုယ်ခနဿဓာက
ခင်ဗျားတားနေတဲ့ဟာ မဟုတ်တော့ ခင်ဗျားတားမရဘူးပေါ့
အကောင်းရှိရင် အဆိုးရှိမယ်
အကြောင်းရှိရင် အကျိုးရှိမယ်
အခိုင်ခန့်ဆုံး တာတမံတွေက ဗြောင်းကနဲ ကျိုးတတ်တယ်
ဆို့ထားတဲ့ ပုလင်းကလည်း ဖောင်းကနဲ ပွင့်တတ်တယ်
စီးတဲ့ရေ ဆယ်တဲ့ကန်သင်း
ကတွတ်ပေါက်မှာ ဗျိုင်းတစ်ကောင် စောင့်နေလည်း
ခင်ဗျားကမမြင်ဘူး
မလိုလားအပ်တာတွေဖြစ်လာလည်း
ခင်ဗျားကမမြင်ဘူး
မဖြစ်ဖူးတာတွေ ခင်ဗျားရှေ့ဖြစ်လည်း
ခင်ဗျားကမမြင်ဘူး

မောင်ချောနွယ်ရဲ့ဖြူးလို
ကိုယ်ခနဿဓာကြီးဝဖီးလာလိုက်တာ

အို
စီ
ပေးလ်
တွေ 
သိပ်
ပေး
နဲ့
။    ။


ကဗျာတွေဖတ်ပြီး ချက်ချင်းဆိုသလိုပဲ ခေါင်းထဲကို စကားလုံးတွေ လျှောခနဲ ရောက်လာတယ်။ ရေးလိုက်တော့လည်း တထိုင်တည်းနဲ့ ပြီးသွားတယ်။ အခုနောက်ပိုင်း ကဗျာတစ်ပုဒ် တစ်ပုဒ် ရေးဖို့ကို တှောတှော ကြာတယ်။ ရေးဖြစ်ရင်လည်း အရင်ကလို ခံစားချက် ဘာညာသာရကာတွေ သိပ်မရေးဖြစ်တော့ဘူး။ ဒီကဗျာ ဆင်ဆာတင်ရင် လွတ်နိုင်မလား။ ကိုယ်ဝန်တားနည်းတွေ ပါတယ်ဆိုပြီး ပယ်ရင်တော့ ဟီးဟီးဟားဟားပဲ နေတော့မယ်။ 


PS: အိုစီပေးလ်= OC Pills

No response to “အိုစီပေးလ်တွေ သိပ်မပေးနဲ့”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz