Thursday, November 27, 2008

တောင်ကုန်းလေး တစ်ခုပှေါက ဘယ်တော့မှ ပြန်မတွေ့တော့တဲ့ နေကြာပန်းများအကြောင်း

တောင်ကုန်းလေး တစ်ခုပှေါက ဘယ်တော့မှ ပြန်မတွေ့တော့တဲ့ နေကြာပန်းများအကြောင်း



(၁)

ရွာသွန်းတဲ့မိုးရေစက်တိုင်းဟာ
ညီမလေးဖြစ်သွားတဲ့အခါ
ကျွန်တှောဟာ ထီးမပါဘဲ လမ်းထွက်လျှောက်ခဲ့မိတယ်
မိုးရွာထဲမှာပေါ့
ကောင်းကင်ကြီးတစ်ခုလုံး 
ညီမလေးရဲ့နှုတ်ခမ်းတွန့် အပြုံးလေးတွေနဲ့ ပြည့်သွားလိုက်တာ
ကျွန်တှော့မှာ နားခိုရာ ရှာဖို့တောင်
သတိရမရတော့ပါဘူး။


တဖွဲဖွဲနဲ့ ခပ်သည်းသည်း ကျလာတဲ့ မိုးရေစက်တွေကြောင့် ကျွန်တှော့ ခြေလှမ်းတွေကို အရှိန်မြှင့်လိုက်တယ်။ ဒီနေ့မှပဲ မိုးက မပြတ်တမ်း ခပ်စိပ်စိပ် ရွာနေလိုက်တာ။ တကယ်ဆို ကျွန်တှော ထီးလေးတစ်လက်လောက် ဆောင်ထားဖို့ ကောင်းတာပေါ့။ ဒီလိုဖြစ်တတ်တာ သိနေလျက်နဲ့ ကျွန်တှော့မှာ ထီးတစ်လက် မရှိခဲ့တာ၊ မဆောင်ထား ဖြစ်ခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။ လူတစ်ယောက်အတွက် ထီးတစ်လက်ဟာ မရှိမဖြစ် လိုအပ်တဲ့ အရာတစ်ခုလို့ ကျွန်တှော ဘယ်တုန်းကမှ မစဉ်းစားခဲ့မိဖူးဘူး။ ဒါကြောင့်လည်း ထီးတစ်လက်နဲ့ ကျွန်တှောဟာ ဘယ်တုန်းကမှ တရင်းတနှီး မရှိခဲ့ဘူး။ ပိုင်ဆိုင်ဖူးတဲ့ ထီးတစ်လက်ဆိုတဲ့ ခေါင်းစဉ်နဲ့သာ စာစီစာကုံးတစ်ပုဒ် ဒါမှမဟုတ် ဝတဿထုတစ်ပုဒ်၊ ဒါမှမဟုတ် အက်ဆေးတစ်ပုဒ် ရေးရမယ်ဆိုရင် ကျွန်တှောတော့ ဒုကဿခရောက်မှာ အမှန်ပဲ။ ကိုယ်မပိုင်ဆိုင်ခဲ့ဖူးတဲ့ အရာတစ်ခု၊ ကိုယ်နဲ့ တရင်းတနှီး မကျွမ်းဝင်ဖူးတဲ့ အရာတစ်ခု အကြောင်းကို ဘယ်လောက်များ တိကျသေချာအောင် ကျွန်တှောတို့ ရေးနိုင်မှာ မို့လို့လဲ။ ကျွန်တှော့အတွက် ထီးတစ်ချောင်းကို ပိုင်ဆိုင်ခွင့်ဆိုတာ မကြုံခဲ့ရတာလား၊ ဒါမှမဟုတ် ကျွန်တှောကိုယ်တိုင်က ထီးတစ်ချောင်းကို မပိုင်ဆိုင်ချင်ခဲ့တာလား၊ ဒါမှမဟုတ် ကျွန်တှောဟာ ထီးတစ်ချောင်းရဲ့ အသုံးဝင်ပုံကို မသိခဲ့လို့လား။ 

ကျွန်တှော့လက်ထဲမှာ မဂဿဂဇင်းတိုက်ကို ပို့ဖို့ ဝတဿထုတို စာရွက်လေးတွေ ရှိနေတယ်။ ဒီစာရွက်လေးတွေ ဘယ်လိုအကြောင်းကြောင့်မှ မိုးရေအထိခံလို့ မဖြစ်ဘူး။ ကျွန်တှောရေးထားတာက ဖောင်တိန်နဲ့ ဖြစ်နေတော့ မိုးရေစိုရင် ရေးထားသမျှအားလုံး ကုန်မှာပဲ။ ကျွန်တှောက ဖောင်တိန်ကို သိပ်ကြိုက်တယ်။ ကျွန်တှော ငယ်ငယ်ကတည်းက ဘောလ်ပင်ထက် ဖောင်တိန်ကို ပိုနှစ်သက်ခဲ့တာ။ စာရေးရင် ဖောင်တိန်နဲ့ ရေးရတာ ပိုပြီး သေသပ် စူးနစ်သလို ခံစားရတယ်။ ဒါကြောင့် ပိုက်ဆံလေးတွေ စုမိတဲ့ အခါတိုင်း ဖောင်တိန်လေးတွေ ဝယ်ဖြစ်တယ်။ စာရွက်ပှေါမှာ ဖောင်တိန်ကို တင်လိုက်မိပြီ ဆိုတာနဲ့ ကျွန်တှော့မှာ စာရေးဖို့ စိတ်ကူးစိတ်သန်းတွေ ကွန့်မြူးလာသလို ဖောင်တိန်နစ် သွားရာအတိုင်း လက်က အလိုက်သင့် အလျားသင့် လိုက်ပါသွားတတ်တယ်။ ကျွန်တှော စာရေးတဲ့အခါ ဇာတ်လမ်းကို ဘယ်တုန်းကမှ ကြိုမစဉ်းစားဖြစ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တှော စဉ်းစားတိုင်းလည်း ကျွန်တှော့လက်က လိုက်မလာတတ်ဘူး။ ရေးရင်း ရေးရင်းနဲ့ ဖောင်တိန်သွားရဲ့နောက်ကိုပဲ လိုက်သွားတတ်တယ်။ ဒါပေမယ့် ဒီလိုလိုက်သွားတိုင်း အမြဲတမ်း စာတွေအများကြီး ရေးဖြစ်တာတော့လဲ မဟုတ်ပြန်ဘူး။ ကျွန်တှော့ ဖောင်တိန်လေးက သိပ်ဇီဇာကြောင်တယ်။ တစ်ခါတစ်ခါ အရှိန်လေးနဲ့ ရေးနေရင်း ရုတ်တရက် ရပ်သွားလိုက်တာ ဘယ်လိုမှ ဆက်လို့ မရတော့ဘူး။ ကျွန်တှောက ကြိုးစားပြီး ပြီးအောင်ရေးပေမယ့် ပြန်ဖတ်ကြည့်လိုက်ရင် ဆားမပါတဲ့ဟင်းလို တစ်ခုခုလိုနေသလို ခံစားရတာမို့ ဆုတ်ဖြဲပစ်လိုက်ရတဲ့ အကြိမ်ပေါင်းက မနဲဘူး။ တစ်ခါတစ်လေတော့လည်း သူရပ်သွားလိုက်တာ တစ်နာရီ နှစ်နာရီ။ ကှောဖီလေးသောက် ဟိုသွားဒီလာနဲ့ စာအုပ်လေး တစ်အုပ်လောက် ဖတ်ပြီးသွားရင် သူ့အလိုလို ပြန်ကောင်းသွားပြီး တစ်ရက်ထဲနဲ့ စာတွေ အများကြီး ရေးဖြစ်တယ်။ တစ်ခါတစ်လေတော့လည်း တစ်လ နှစ်လ လေးငါးခြောက်လ။ ဓားဆိုတာ သွေးနေမှ ထက်တယ်ဆိုလို့ ကျွန်တှောဟာ အမြဲတမ်း တစ်ခုခု ရေးဖြစ်အောင်တော့ ကြိုးစားပါတယ်။ ပြီးတော့ တစ်ခုခုက ကျွန်တှော့အပှေါမှာ ဒီလို လွှမ်းမိုးလာတာကိုလည်း ကျွန်တှော မကြိုက်တာကတော့ အမှန်ပဲ။ ဒါပေမယ့် အဲဒီအချိန် ရေးထားတဲ့ စာတွေနဲ့ ကျွန်တှော့ ဖောင်တိန်လေး သွားရာနောက်ကို ရေးထားတဲ့ စာတွေကို နောင်တချိန်ချိန် ပြန်နှိုင်းယှဉ် ဖတ်ကြည့်တဲ့အခါ ဘယ်လိုမှ မတူတာ ကိုယ်တိုင် သိလာခဲ့တယ်။ နောက်ဆုံးတော့ ပြီးပြည့်စုံတဲ့ လူတစ်ယောက်ဆိုတာ ဘယ်လိုမှ မရှိနိုင်ဘူးဆိုပြီး ကိုယ့်ကိုကိုယ် ဆင်ခြေတွေပေးရင်း ဒီဖောင်တိန်လေးရဲ့ လွှမ်းမိုးမှုကို ကျွန်တှော ကျေကျေနပ်နပ်ကြီး လက်ခံလိုက်တယ်။ ခက်နေတာ တစ်ခုက သူ့ကို ကျွန်တှော ခိုင်းလို့ မရတာပါပဲ။ သူသွားရာနောက်ကိုသာ ကျွန်တှောလိုက်ပါရင်း ရေးဖြစ်နေတော့ တစ်ပုဒ်တစ်ပုဒ် ပြီးဖို့ရာ အချိန်ကာလ သတ်မှတ်လို့ မရဘူးပေါ့။

အခု ကျွန်တှော့လက်ထဲက ဝတဿထုလေးကို ရေးခဲ့တာ ခြောက်လကျှော ကြာခဲ့ပြီ။ ဒီဝတဿထုလေးကို မရေးဖြစ်ခင်မှာ ကတည်းက သူ့အတွက် ခေါင်းစဉ်က အရင်ရောက်လာခဲ့တာ။ မှတ်မိသေးတယ် အဲဒီနေ့က...  စိတ်ညစ်ညစ် ရှိတာနဲ့ ကျွန်တှော တစ်ယောက်တည်း ထင်းရူးတောတွေဘက် လမ်းလျှောက်ထွက်ခဲ့မိတယ်။ ကျွန်တှော အခန်းထဲက မထွက်ဖြစ်ခဲ့တာလည်း တှောတှော ကြာနေချိန်ပေါ့။ ကျွန်တှော့ဆီကို လာလည်တဲ့ မိတ်ဆွေ သူငယ်ချင်းဆိုတာ သိပ်နည်းပါးပါတယ်။ ကျွန်တှော ကိုယ်တိုင်ကလည်း တစ်ယောက်တည်း အေးအေးဆေးဆေး ငြိမ်ငြိမ်သက်သက်လေး နေရတာကို သဘောကျတယ်။ အပြင်သွားလို့ အချိန်ကုန်တာကို ကျွန်တှော အမုန်းဆုံးပဲ။ ကျွန်တှော့ဆီမှာ တတိတတိနဲ့ စုထားတဲ့ စာအုပ်တွေ အများကြီး ရှိတယ်။ ဖတ်လို့တောင် မကုန်နိုင်ဘူး။ ကျွန်တှောက စာဖတ်ရင် ဘယ်တော့မှ စာအုပ်တစ်အုပ်ကို စေ့စေ့စပ်စပ် ပြီးပြတ်အောင် ဖတ်တယ်လို့ မရှိပါဘူး။ စာအုပ်တစ်အုပ်ကို ပထမဆုံး အစကနေအဆုံး အပှေါယံ ဖတ်လိုက်တယ်။ ပြီးရင် ကျွန်တှော့ရဲ့ အကျင့်အတိုင်း အဲဒီအထဲမှာပါတဲ့ ခေါင်းစဉ်တွေ အရေးကြီးတာတဲ့ အကြောင်းအရာတွေကို မှတ်စုစာအုပ်ထဲမှာ အတိုချုပ် ချရေးထားလိုက်တယ်။ ပြီးမှ ကိုယ်စိတ်အဝင်စားဆုံး အကြောင်းအရာကို ဖတ်ဖြစ်တယ်။ အဲဒါပြီးသွားရင် နောက်တစ်အုပ် ကောက်ကိုင်တော့တာပဲ။ ဒီလိုနဲ့ ကာလအတန်ကြာမှ ပထမဖတ်ဖြစ်တဲ့ စာအုပ်တစ်အုပ်ကို နောက်တစ်ခါ ပြန်ကိုင်ဖြစ်တယ်။ ဒါကြောင့်လည်း ကျွန်တှော့မှာ ဘယ်တော့မှ ဒီစာအုပ်တွေကို ဖတ်လို့ မကုန်နိုင်ဘူး ပြောတာပေါ့။ ရှားရှားပါးပါး မိတ်ဆွေသူငယ်ချင်းတွေ အိမ်လာတဲ့အခါ ကျွန်တှော့မှာ ဧည့်ခံစရာကလည်း ဒါတွေပဲရှိတယ်။ 

ကျွန်တှော့အိမ်လေးမှာ လူတွေတှောတှောများများ ပိုင်ဆိုင် နှစ်သက်ကြတဲ့ ဖျှောဖြေရေးပစဿစည်းတွေ မရှိပါဘူး။ ကျွန်တှောကိုယ်တိုင်က ဒါတွေကို မနှစ်သက်တာလည်း ပါတယ်။ နောက်ပြီး ဒီပစဿစည်းတွေ ကိုယ်တိုင်က ဈေးကြီးတာကြောင့်လည်း ပါတယ်။ ဒါကြောင့် ကျွန်တှော့ဆီကို သူငယ်ချင်းတချို့ လာကြတဲ့အခါ မင်းအိမ်က သိပ်ပျင်းဖို့ ကောင်းတယ်လို့ ပြောကြတယ်။ ပြီးရင် သူတို့ ကြာကြာမနေနိုင်ကြဘူး။ စကားတွေ လျှောက်ပြောနေမယ်။ ဟိုကြည့်ဒီကြည့် ကြည့်မယ်။ ပြီးရင် ပြန်သွားမယ်။ ဒီလိုပဲ။  လူတှောတှောများများဟာ တိတ်ဆိတ် ငြိမ်သက်ခြင်းထဲမှာ အကြာကြီး မနေချင်ကြဘူးဆိုတာ ကျွန်တှော နားလည်ပါတယ်။ ဒါပေမယ့် ဘာကြောင့်များ ကျွန်တှော့အိမ်ဟာ သူတို့ပြောသလို သိပ်ပျင်းဖို့ကောင်းနေတယ်ဆိုတာ ကျွန်တှောကိုယ်တိုင် မသိခဲ့ရတာလဲ။ ဒါမှမဟုတ် ကျွန်တှောကိုယ်တိုင်က ဒီလို ပျင်းရိဖွယ် အထီးကျန်မှုတွေမှာ ပျှောမွေ့နေမိတာလား။ ဒါကိုလည်း ကျွန်တှော သေချာမသိဘူး။  အဲဒီနေ့ကတော့ စာတွေ မဖတ်ချင်တော့ လောက်အောင်ကို ကျွန်တှော့မှာ မွန်းကြပ်မှုတွေ များလာတာမို့ ကျွန်တှော အိမ်အပြင်ကို ထွက်ခဲ့တာ။ 


(၂)
မြို့ကလေးမှာ အဲဒီနေ့ကတော့ ရာသီဥတု သာသာယာယာ ရှိနေခဲ့ပါတယ်။ ပုံမှန်အားဖြင့်ဆိုရင် မြို့ကလေးမှာ နွေရာသီကလွဲပြီး ကျန်တဲ့အချိန် တှောတှောများများမှာ မိုးရွာတတ်တယ်။ ဒီမှာက မိုးရွာပြီဆိုရင်လည်း မစဲတော့ဘဲ တရိပ်ရိပ်နဲ့ ရွာနေတတ်တာမျိုး။ မြို့တှောကြီးက သူငယ်ချင်း တစ်ယောက်ကတော့ မင်းတို့မြို့လေးဟာ လွမ်းလွမ်းဆွေးဆွေးနဲ့ အုံ့မှိုင်းနေတာလို့ ကဗျာဆန်ဆန် ပြောဖူးတယ်။ ဒါကြောင့်ပဲလားတော့ မသိဘူး၊ တချို့ ကဗျာဆရာတွေ စာရေးဆရာတွေ တခါတရံ ဒီမြို့လေးမှာ ရက်ပေါင်းများစွာ လာနေတတ်ကြတယ်။ ကျွန်တှော့အတွက်ကတော့ ဒီမြို့လေးဟာ စိတ်ရဲ့ ငြိမ်သက်မှု တစ်စုံတစ်ခုကို ပေးနိုင်တယ်လို့ ထင်မိတယ်။ လတ်ဆတ်တဲ့လေထု၊ စိမ်းလန်းတဲ့သစ်တောအုပ်၊ အနီရောင်ရင့်ရင့်ထနေတဲ့မြေပြင်၊ ဟန်ဆောင်မှု ကင်းမဲ့တဲ့ တိုင်းရင်းသားတွေ၊ နံနက်ခင်းဆို မီးခိုးငွေ့တွေ ထနေတတ်တဲ့ အိမ်ခေါင်မိုးတွေ၊ ညနေခင်းဆို နနွင်းတက် အနံ့လေးတွေ လွှမ်းခြုံနေတဲ့ မီးလင်းဖိုတွေနဲ့ ငြိမ်သက်ဆိတ်ညိမ်လို့ ဆူသံညံသံ ဘာတစ်ခုမှ မရှိဘူး။ မူးယစ်ပြီး ဆဲဆိုနေတတ်သူတွေ မရှိဘူး။ မပြုံးချင်ဘဲ အတင်းပြုံးပြနေတတ်တဲ့ ကောင်မလေးတွေ မရှိဘူး။ လှောစပီကာနဲ့ တရားရွတ်ဖတ်သံတွေ မရှိဘူး။ 

ကျွန်တှောထွက်လာတဲ့ နံနက်ခင်းကလည်း ဟိုးအရင် နံနက်ခင်းတွေလိုပါပဲ။ ထုံးစံအတိုင်း ကျွန်တှောဟာ ဈေးထောင့်မှာရှိတဲ့ လက်ဘက်ရည်ဆိုင်လေးမှာ ကှောဖီဝင်သောက်ဖြစ်တယ်။ ထုံးစံအတိုင်း စီးကရက် တစ်ပွဲမှာတယ်။ ထုံးစံအတိုင်း စီးကရက်မီးခိုးငွေ့တွေကို အရှည်ကြီး မှုတ်ထုတ်နေခဲ့တယ်။ ထုံးစံအတိုင်း မှုတ်ထုတ်လိုက်တဲ့ မီးခိုးငွေ့တန်းကြီးကို လိုက်ကြည့်နေခဲ့တယ်။ အဲဒီနေ့က ဈေးနေ့မို့ တိုင်းရင်းသားတွေ အများကြီးပဲ တွေ့နေရတယ်။ ဒီလိုနေ့မျိုးဆို ဒီမြို့လေးဟာ ရှက်တတ်တဲ့ အပျိုလေးတစ်ယောက်လို သိုသိုသိပ်သိပ်နဲ့ ဖျတ်လတ်နေတတ်တယ်။ 

ကျွန်တှော ၁၅နှစ်သားလောက်မှာ အမေက ဖိနပ်ဝယ်ပေးမယ်ဆိုပြီး ဈေးထဲက ဖိနပ်ဆိုင် တစ်ဆိုင်ကို ခှေါသွားတယ်။ အဲဒီဆိုင်မှာ ညီအမ သုံးယောက်ရှိတယ်။ ကျွန်တှောနဲ့ တွေ့ခဲ့တာက သူတို့အထဲက အငယ်ဆုံး ညီမလေး။ အရင်က ဒီဈေးထဲမှာ ကျွန်တှော အခါခါ ဖြတ်သန်းသွားနေကျ။ တစ်ခါမှ သူ့ကို မတွေ့ဖူးပါဘူး။ အဲဒီတစ်ခေါက် တွေ့တွေ့ချင်းမှာပဲ ကျွန်တှော့စိတ်ထဲမယ် ဘယ်လိုဖြစ်သွားခဲ့တယ် မသိဘူး။ တုန်တုန်ရီရီတောင် ဖြစ်လို့။ အဲဒီနေ့ကစလို့ ဈေးထဲသွားလိုက်တိုင်း သူတို့ဆိုင်ရှေ့ရောက်ရင် ကျွန်တှော့မှာ ရင်တွေကို ခုန်လို့။ သူရှိမရှိ ဆိုတာကိုလည်း မသိမသာ ကြည့်ရသေးတယ်။ ရှိနေရင်လည်း အဲဒီဘက်ကို လုံးဝလှည့်မကြည့်တဲ့ပုံ ဖမ်းရသေးတယ်။ ဆိုင်ကြိုဆိုင်ကြားကနေ ချောင်းကြည့်ရတာကတော့ အမောပေါ့။ ဒါပေမယ့် သူ့ဆိုင်ရှေ့ကို  ရဲရဲမဖြတ်ဝံ့တော့တာ ကတော့ ခုထက်ထိပဲ။ တစ်ရက်ကျတော့ သူ့အိမ်ကို သိချင်လို့ သူတို့ ဆိုင်သိမ်းတဲ့အချိန် စောင့်ပြီး မြင်းလှည်းလေး တစ်စင်းနဲ့ နောက်ယောင်ခံ လိုက်ခဲ့ဖူးသေးတယ်။ သူတို့ အိမ်လေးက ဈေးနေ့ကျရင် စည်ကားတတ်တဲ့ ဘူတာဘက် သွားတဲ့လမ်းမှာ။ အမည်းရောင် နှစ်ထပ် သစ်သားအိမ်လေး။ မြင်းလှည်းသမားက ညီလေး ဘယ်သွားမှာလဲဆိုတော့ ဒီနားလေးမှာပဲ လှည့်ပတ်မောင်းပေးပါ အကိုရာ ဆိုပြီး မျက်နှာပြောင်တိုက် ပြောခဲ့တာ သတိရမိသေးတယ်။ တှောတှောကြာတော့ သူက ပြူတင်းပေါက်လေးမှာ လာရပ်တယ်။ သူ့အိမ် မျက်စောင်းထိုးလောက်မှာ မြင်းလှည်းကြီးတစ်စီးနဲ့ ကျွန်တှော့ကို မြင်သွားတယ် ထင်ပါရဲ့။ တအံ့တဩကြည့်ပြီး ပြုံးသွားတယ်။ ကျွန်တှောကတော့ ကျွန်တှော့ကို ပြုံးပြတာလို့ ထင်လိုက်တယ်။ အူတွေကိုမြူးလို့။ အဲဒီတော့မှ မြင်းလှည်းသမားလည်း ဪသူ့ကို လာကြည့်တာလားဆိုပြီး သဘောပေါက် သွားတော့တယ်။ ဒါတောင် သူ့ပြောပြလို့ အဲဒီကောင်မလေး နာမည်ကို သိခဲ့ရတာပါ။ ကျေးဇူးတွေတင်လို့ မြင်းလှည်းခကိုတောင် ပိုပိုသာသာတောင် ပေးလိုက်သေးတယ်။ ဒါပေမယ့် ကံဆိုးချင်တော့ အဲဒီနေ့က သူနဲ့ကျွန်တှောတွေ့တာ နောက်ဆုံးပါပဲ။ ကျွန်တှော့မိဘတွေက ဗြုန်းစားကြီး ရန်ကုန်ကို ပြောင်းဖို့ အကြောင်း ဖန်လာတယ်။ သူ့ကို နှုတ်ဆက်ချင်လို့ သူတို့ဆိုင်ကို သွားပေမယ့် သူမနဿတလေးကို ကျောင်းတက်ဖို့ ထွက်သွားပြီလို့ သိခဲ့ရတယ်။ 

နောက်ပိုင်းကျတော့လည်း ကျွန်တှောသူ့ကို မတွေ့ရတော့ပါဘူး။ မြို့လေးကို အကြောင်းတိုက်ဆိုင်လို့ ရောက်ဖြစ်တဲ့ အခါတိုင်း သူတို့ဆိုင်လေးနဲ့ အိမ်လေးကို တခုတ်တရ သွားသွားကြည့်ဖြစ်တယ်။ သူ့ကိုတော့ နောက်ထပ် မတွေ့ခဲ့ရပါဘူး။ သူအိမ်ထောင်ကျသွားပြီလား သူဒီမှာ မနေတော့တာလား ဆိုတာတွေလည်း ကျွန်တှော မစုံစမ်း ဖြစ်ခဲ့ဘူး။ ဒီအကြောင်းကို မြို့လေးက လူတစ်ယောက်မှကိုလည်း ပြောမပြဖြစ်ခဲ့ဘူး။ ကျွန်တှောက အမှန်တရားကို လက်မခံရဲတာလည်း ဖြစ်ချင် ဖြစ်မယ်။ ဒါမှမဟုတ် ကိုယ့်ကိုကိုယ် လိမ်ညာနေတာလည်း ဖြစ်ချင်ဖြစ်မယ်။ ဒါပေမယ့် သူ့ကို ကျွန်တှော ချစ်တယ် မချစ်ဘူးဆိုတာ ကျွန်တှောကိုယ်တိုင်လည်း သေချာ မသိခဲ့ပါဘူး။ သူ့ကို မြင်ရတဲ့အခါ ကျွန်တှော ပျှောမိတယ်။ သူ့ကို မမြင်ရတဲ့အခါ တစ်ခုခု လိုအပ်သလို ခံစားရမိတယ်။ ဒီလိုခံစားချက်တွေက အချစ်လို့ဆိုရင်တော့ ကျွန်တှော သူ့ကို ချစ်ခဲ့ဖူးတာပေါ့။ ဒါပေမယ့် သူ့ကိုသာ ကျွန်တှော ချစ်ခဲ့တာဆိုရင် သူမရှိလည်း ကျွန်တှော နေနေနိုင်တာပဲ။ သူ့ကို မတွေ့ရလည်း ကျွန်တှော့စိတ်ထဲမှာ သူရှိနေတယ်လို့ သိနေတာပဲ။ ဒါပေမယ့် သူဟာ အများပြောကြတဲ့ ချစ်သူဆိုတဲ့ အနေအထားမျိုး မဟုတ်ဘူးဆိုတာကိုတော့ ကျွန်တှော သေသေချာချာ ပြောချင်ပါသေးတယ်။ တကယ်လို့များ သူ့ကို ကျွန်တှောက မချစ်ခဲ့ဘဲ ဒီအချိန်မှာ ပြန်တွေ့ရမယ် ဆိုရင်တော့ ကျွန်တှော ဒီလိုလာလာကြည့်နေမိတဲ့ မျှောလင့်ချက် အရသာလေးဟာ ပျောက်သွားမှာ အမှန်ပဲ။ ပြီးတော့ သူက အိမ်ထောင်တွေဘာတွေ ကျနေခဲ့ရင်လည်း ကျွန်တှော့အတွက် ဒီမြို့လေးက သိပ်ပျင်းဖို့ ကောင်းသွားမှာပဲ။ ဒီတော့ ကျွန်တှောဟာ ကိုယ့်ဘာသာ စိတ်ကူးနဲ့ ယူတိုးပီးယားလေး တည်ဆောက်ပြီး ခံစားမှုလေးတစ်ခု ထားထားတာပဲ ကောင်းတယ်လို့ ကျွန်တှော ထင်မိတယ်။ ဘယ်လိုတွေပဲဖြစ်ဖြစ်ပါ တကယ်တမ်းကျတော့ ဒါတွေက လုံးစေ့ပတ်စေ့ ပြောပြလို့ ရတဲ့ ခံစားချက်မျိုးတော့ မဟုတ်ပါဘူး။ ကျွန်တှော ဒီမြို့လေးကို ပြန်လာခဲ့တဲ့ အချိန်ကစပြီး အပြင်ထွက်ဖြစ်တိုင်း ဈေးထဲက ဖိနပ်ဆိုင်လေးကို တစ်ခါတစ်ခါ သွားသွားကြည့်မိနေဆဲပါပဲ။ သူ့ကို တွေ့ရမလားဆိုတဲ့ ငယ်ငယ်က မျှောလင့်ချက်မျိုးတော့ တိတိကျကျ မဟုတ်တော့ပါဘူး။ ဒီနေရာမှာ တစ်ချိန်က ကောင်မလေးတစ်ယောက် ရှိခဲ့ဖူးတယ်လို့ ကျွန်တှော တစ်ခါတစ်လေ တွေးနေမိတာကိုတော့ ဝန်ခံပါတယ်။ ဘဝဆိုတာ ဘာများထူးခြားလို့လဲဗျာ။ ဒါပေမယ့် အဲဒီနေ့ကတော့ ကျွန်တှော သွားမကြည့်ဖြစ်ခဲ့ပါဘူး။


(၃)
ကျွန်တှော ကှောဖီဆိုင်က ထွက်လာတော့ နေရောင်ခြည် တှောတှောလေး ပွင့်နေပါပြီ။ ဒါနဲ့ မြို့ကလေး အရှေ့ဘက်မှာရှိတဲ့ တောင်ပှေါကို တက်လာခဲ့တယ်။ ဟိုးအရင်က ဒီတောင်ရဲ့ အလယ်မှာ ရသေ့ကြီးတစ်ပါး ရှိတယ်။ ရသေ့ကြီးရဲ့ နှဖူးမှာ ထူးထူးခြားခြား အသားပြား အပိုတစ်ချပ် ကပ်နေသလို ရှိတာ ကျွန်တှော မှတ်မိနေတယ်။ လူတှောတှောများများကတော့ ရသေ့ကြီးဟာ ဗေဒင်တွက်တာ မှန်တယ်ဆိုပြီး ခဏခဏ သွားမေးကြတယ်လို့ ကြားဖူးတယ်။ ကျွန်တှောကတော့ တစ်ခါမှ မမေးဖြစ်ပါဘူး။ ဘာရယ်ကြောင့်မှတော့ မဟုတ်ဘူး။ သူများတွေ ကျွန်တှော့ကို တွက်တာချက်တာ မကြိုက်လို့။ အဲဒီတစ်ခေါက် ကျွန်တှော တောင်ပှေါတက်သွားတဲ့ အချိန်ကတော့ ရသေ့ကြီးကို မတွေ့ဘူး။ တေးဆိုနေတဲ့ ငှက်ကလေးတွေ၊ ပြေးလွှားနေတဲ့ကလေးတွေ၊ အောက်ကို နိမ့်နိမ့်ဆင်းပြီး ရွေ့လျားနေတဲ့ ရေငွေ့အပြည့်ပါတဲ့တိမ်တွေကိုပဲ တွေ့တယ်။ 

ကျွန်တှောဟာ ထင်းရူးပင်တွေ ကြားထဲက မြေကွက်လပ် နေရာလေးတစ်ခုမှာ ကျောချပြီး အိပ်လိုက်တယ်။ ဒီနေရာလေးဟာ ကျွန်တှောနဲ့ မစိမ်းတဲ့ နေရာလေးတစ်ခုပါ။ ကျွန်တှောသိတယ်။ ကျွန်တှောတစ်ခုခုကို စဉ်းစားလို့ မဖြစ်ဘူး။ တစ်ခုခုကို စဉ်းစားလိုက်ရင် ကျွန်တှော့ရဲ့ ဒီနေ့ဟာ အသွင်တစ်မျိုး ပြောင်းသွားနိုင်တယ်။ ဒါကြောင့် အသိဉာဏ်တွေကို ခဏအနားပေး ထားလိုက်တယ်။ အာရုံခြောက်ပါးထဲမှာ မျက်စိအမြင်နဲ့ နားအကြား နှစ်မျိုးထဲကိုပဲ ကျွန်တှော ဖွင့်ထားလိုက်တယ်။ 

နေရောင်က ထင်းရူးပင်တွေကြားထဲကနေ ဖြတ်ခနဲ ဖြတ်ခနဲ ဝင်ဝင်လာတယ်။ အဲဒါလေးကို ကျွန်တှော သိပ်ကြိုက်တယ်။ ထင်းရူးရွက်ဆိုတာက တခြားသစ်ပင်တွေက သစ်ရွက်လို မဟုတ်ဘူး၊ အချောင်းအချောင်းလေးတွေ။ ဒါကြောင့် ထင်းရူးပင်ကို နေရောင်က တှောရုံတန်ရုံ မဖောက်နိုင်ဘူး။ ဖောက်နိုင်ရင်လည်း ခုနပြောသလိုပေါ့ ကောင်းကင်ကနေ စိန်ပွင့်လေးတွေ လက်နေသလို ဖြတ်ခနဲ ဖြတ်ခနဲ။ အလင်းရောင်လေး တစ်ချက် လက်သွားတိုင်း ကျွန်တှော့စိတ်ဟာ ငယ်ငယ်က ကလေးဘဝ ပျှောမြူးခဲ့တာလေးတွေကို ပြန်သတိရမိတယ်။ သစ်ပင်ပှေါက ငှက်ကလေး အှောသံကို ကြားလိုက်ရတော့ ဝုဒီဝုပက်ကာ သစ်တောက်ငှက်ကလေးရဲ့ ဟာ..ဟာ..ဟာ..ဟ..ဟာ ဆိုတဲ့ အသံလေးကို ပြန်ကြားယောင်ပြီး ရယ်လိုက်မိတယ်။ ကျွန်တှော့မျက်နှာက ပြုံးသွားပြီး ပါးစပ်ကနေတောင် အသံထွက်သွားတဲ့ အထိပါပဲ။ ကျွန်တှော ဒီလို နှစ်နှစ်ခြိုက်ခြိုက် မရယ်ရတာ ကြာပြီပဲ။ တကယ်လို့သာ ဒီနေရာမှာ အခြားလူ တစ်ယောက်ယောက်သာ ရှိနေခဲ့ရင် ကျွန်တှော့ကို အရူးတစ်ယောက်လို့ ထင်မလား မသိဘူး။ 

စိတ်ညစ်တယ်။ စကားလုံးတွေ များများ မရှိပါဘူး။ စိတ်ညစ်တယ်။ ဘဝအဆက်ဆက်မှာ ဘာမှ မခံစားတတ်တဲ့သူ ဖြစ်ချင်တယ်။ ညက အိပ်မက်ထဲမှာ မိုးဖြူရောက်လာတယ်။ သူမိုးဖြူပဲဆိုတာ အိပ်မက်ထဲမှာ သိပေမယ့် တကယ့်အပြင်မှာ မိုးဖြူဆိုတာ မရှိဘူးဆိုတာလည်း ကျွန်တှော သိနေတယ်။ ဒီလို စိတ်ညစ်တဲ့ ညတွေတိုင်းမှာ မိုးဖြူဟာ ရောက်ရောက် လာတတ်တယ်။ သူဟာ ကျွန်တှော့ ဘေးမှာထိုင်ပြီး စကားနဲနဲ ပြောတတ်တယ်။ ဒါလောက်ပဲ။ အချိန်တန်လို့ သူပြန်ရတော့ မယ်ဆိုရင် သူပြန်သွားတယ်။ ကျွန်တှောလည်း မတားဘူး။ သူက ကျွန်တှော့ကို စိတ်ညစ်နေလားလို့ တစ်ခါမှ မမေးဘူး။ ကျွန်တှောကလည်း စိတ်ညစ်စရာ အကြောင်းတွေ တစ်ခါမှ မပြောဘူး။ ဒီလိုပဲ ကျွန်တှောတို့ နှစ်ယောက်သား ထိုင်နေကြတယ်။ တစ်ခါတစ်ခါတော့လည်း အိပ်မက်ထဲက လေလေးတွေ တိုက်နေတဲ့ နေရာမှာ ကျွန်တှောတို့ ရောက်နေတယ်။ သိပ်ငြိမ်းချမ်းတယ်။ သူ့ဆံပင် ပါးပါး ပျော့ပျော့လေးတွေက လေမှာ လွင့်နေတယ်။ သူတစ်ခါ ကျွန်တှော့ကို ပြောဖူးတယ်။ သူ့မှာ စိတ်ညစ်စရာတွေ အများကြီးပဲတဲ့။ ကျွန်တှောနဲ့ တွေ့ရင် စိတ်ညစ်တာတွေ ပေါ့ပါးသွားလို့ ကျွန်တှော့ဆီ လာချင်တယ်တဲ့။ ဒီလိုပဲ သူပြောပြီး အကြိမ်ပေါင်းများစွာ ကျွန်တှော့ဆီ သူရောက်လာတယ်။ သူစိတ်ညစ်နေတာ ကျွန်တှော သိတယ်။ ကျွန်တှော စိတ်ညစ်နေတာလည်း သူသိမှာပါ။ ဒါပေမယ့် ကျွန်တှောတို့ နှစ်ယောက်စလုံး ဘယ်သူကမှ ဘယ်သူ့ကို ဘာအကြောင်းမှ မမေးဖြစ်ပါဘူး။ ဒီလိုပဲ ကျွန်တှောတို့ တွေ့ကြတယ်။ ထိုင်နေကြတယ်။ သူ့ကို ချစ်လားလို့ မေးတယ်။ ချစ်တယ်လို့ ကျွန်တှော ဖြေလိုက်တယ်။ အင်း ကောင်းတယ်လို့ ပြန်ပြောတယ်။ ကျွန်တှော မေးရင်လည်း သူဒီလိုပဲ ပြောမယ်ဆိုတာ ကျွန်တှော သိပါတယ်။ ဒီလိုနဲ့ ဒီလိုပဲ ကျွန်တှောတို့ ထိုင်နေကြတယ်။ ကျွန်တှော့ကိုလည်း သူချစ်တယ်လို့ ပြောတယ်။ အင်း ကောင်းတယ်လို့ ကျွန်တှော ပြန်ပြောလိုက်တယ်။

ဘာမှ မတွေးချင်လို့ အသိစိတ် အာရုံတွေကို အနားပေးထားကာမှ ဒီအတွေးတွေက အလိုလို ရောက်လာသေးတယ်။ ဒါတွေကို ကျွန်တှော စိတ်ညစ်တယ်။ လောကကြီးဟာ တကယ်တော့ သိပ်စိတ်ညစ်စရာ ကောင်းတယ်။ အသက်တွေ တစ်ရက်တစ်ရက် ကြီးလာတာနဲ့အမျှ ကိုယ့်အတွက် မရှိမဖြစ် လိုအပ်တဲ့ ပုံစံတွေနဲ့ မလိုအပ်တဲ့ အပိုဆာဒါးတွေ ရောက်ရာက်လာတတ်တယ်။ ကိုယ်ကဒါကို လိုအပ်တယ်ဆိုပြီး ရယူလိုက်တာနဲ့ မလိုအပ်တာတွေ တစ်ခုပြီးတစ်ခု ပိုလျှံလာတော့တယ်။ မရတာကို လိုချင်တဲ့စိတ်ထက် ရှိနေတာကို စွန့်ပစ်ရတဲ့စိတ်က ပိုပင်ပန်းတယ်၊ ပိုရှုပ်ထွေးတယ်။ ဟုတ်တယ်။ ကိုယ်ပိုင်ဆိုင်ထားတဲ့ အရာဆိုတော့လည်း သံယောဇဉ်တွေ ဘာတွေ တွယ်ညိနေတာကိုး။ တကယ်တော့ ကိုယ်မပိုင်ဆိုင်တဲ့ အရာတွေမှာလည်း ကြည်နူးဖို့ ကောင်းတာတွေ ရှိနေတတ်ပါတယ်။

ကျွန်တှော အိပ်နေတဲ့ တောင်စောင်းလေးရဲ့ တစ်ဖက်မှာ နေကြာခင်းလေး ရှိနေတယ်။ မည်သူ စိုက်ထားမှန်း မသိတဲ့ နေကြာခင်းပေါ့။ အဝါရောင်ရဲရဲတွေဟာ စိုစွတ်တဲ့ လေထုနဲ့ သိပ်လိုက်ဖက်တယ်။ နေကြာအဝါဟာ တခြားအဝါတွေနဲ့ မတူဘူး ရမဿမက်တစ်ခုခုနဲ့ တည်ငြိမ်မှုကို ယှဉ်တွဲပြနေသလိုပဲဆိုပြီး ဗန်ဂိုးရဲ့ နေကြာပန်းများ ပန်းချီကား ကိုကြည့်ပြီး ကောင်မလေးတစ်ယောက်က ကျွန်တှော့ကို ပြောဖူးတယ်။ ဗန့်ဂိုးရေးဆွဲခဲ့တဲ့ နေကြာပန်းဟာ သူ့အခန်းထဲမှာ ထိုးစိုက်ထားတဲ့ နေကြာပန်းလား သူများအခန်းထဲက နေကြာပန်းလားဆိုတာတော့ ကျွန်တှော မသိခဲ့ပါဘူး။ သုတဿတံကျမ်းထဲက ကိုယ်ဆိုင်သော ရေအိုးကိုသုံး၍ ကိုယ့်ရေတွင်းထဲက ထွက်သော စမ်းရေကိုသောက်လော့ ဆိုတဲ့ စကားလေးက အမှတ်မထင် ဝင်လာပြန်တယ်။ ဒီနေကြာခင်းလေးက ကျွန်တှောနဲ့ ဘယ်လိုမှ မသက်ဆိုင်ပါဘူး။ ဒါပေမယ့် ကျွန်တှော ခံစားနေခဲ့မိတယ်။ ကျွန်တှောဟာ ဒီနေရာကို ရောက်ပေမယ့် တစ်ခါမှ ဒီနေကြာခင်းထဲ မဝင်ခဲ့ဖူးပါဘူး။ ဒီနေကြာပန်းတွေကို တစ်ခါမှ မချိုးယူခဲ့ဖူးပါဘူး။ ရယူလိုမှုနဲ့ ကျွန်တှောချစ်တဲ့ နေကြာပန်းလေးတွေ ကျွန်တှော့လက်ထဲ နွမ်းကြေသွားတာကို ကျွန်တှော မကြည့်ရက်ဘူး။ ဒါပေမယ့် ကျွန်တှောဟာ ဒီနေရာလေးရောက်ရင် ကိုယ်မပိုင်ဆိုင်တဲ့ နေကြာခင်းလေးကိုကြည့်ပြီး ကြည်နူးနေမိတာဟာ ဘုရားသခင်စကားကို တှောလှန်ပယ်ရှားတာတော့ မဟုတ်ဘူးလို့ ယုံကြည်နေမိပြန်တယ်။


ဒီလိုပဲ ကျွန်တှောတို့ ထိုင်နေကြတယ်။ လေတွေ တိုက်နေတယ်။ သူဝတ်ထားတဲ့ အကဿငျီအဖြူနဲ့ ထမီအနက်လေးက သူနဲ့ သိပ်လိုက်တယ်။ လေတိုက်ရင် ဆံပင် အနားသတ်လေးတွေ လှုပ်နေတတ်တယ်။ သူ့ကို နားလည်ပါလို့ ကျွန်တှော့ကို မကြည့်ဘဲ သူပြောတယ်။ နားလည်တာပေါ့လို့ သူ့လက်သည်း ဖြူဖြူကြည်ကြည်လေးတွေကို ကြည့်ပြီး ကျွန်တှော ပြန်ပြောလိုက်တယ်။ ဘာကို နားလည်တာလည်းလို့ သူက မမေးသလို ကျွန်တှော့မှာလည်း အဖြေမရှိဘူး။ ကျွန်တှော နားလည်တယ်။ အဲဒီ နားလည်မှုကို ကျွန်တှောတို့ နှစ်ယောက် သိတယ်။ ဒါဆိုရင် အရာရာဟာ ပြည့်စုံနေပြီ မဟုတ်ဘူးလား။ သူ ကျွန်တှော့ အိပ်ယာမှာ အိပ်ကြည့်ချင်တယ်လို့ ပြောတယ်။ ဒါနဲ့ ပိတ်ထားတဲ့ အခန်းလေးထဲက အိပ်ယာကို သူ့ကို ကျွန်တှော ပြလိုက်တယ်။ ကျွန်တှော့ ခေါင်းအုံး အိအိလေးမှာ သူမျက်လုံးမှိတ်ပြီး ခဏအိပ်တယ်။ ခေါင်းအုံး ပျော့ပျော့လေးတွေကို ချစ်တယ်လို့ သူပြောတယ်။ သူမျက်လုံးဖွင့်ကြည့်တယ်။ အခန်း မျက်နှာကျက်မှာ ကပ်ထားတဲ့ ကြယ်လေးတွေကို သူလိုက်ရေနေတယ်။ ကျွန်တှော့ လက်သူကြွယ်မှာ ဝတ်ထားတဲ့ လက်စွပ်လေးကို အမှတ်တရ သူ့ကို လက်ဆောင် ပေးလိုက်တယ်။ ကျွန်တှော့ နှုတ်ခမ်းတွေ ဆေးလိပ်သောက်လို့ သိပ်မရဲတော့ဘူးလို့ ကိုင်ကြည့်ရင်း သူပြောတယ်။ အင်း နောက်ဆို မသောက်တော့ဘူးလို့ ကျွန်တှောပြော လိုက်တယ်။ သူရှိတဲ့အခါ ဘယ်လို ခံစားရသလဲလို့ ကျွန်တှော့ကို မေးတယ်။ ဘာမှမရှိသလိုပေါ့လို့ ကျွန်တှော ဖြေလိုက်တယ်။ အင်း ကောင်းတယ်လို့ သူပြုံးပြီး ပြောတယ်။ သူ့အိပ်ထဲက လက်ကိုင်ပုဝါ အဖြူလေးကို ထုတ်ပြီး ကျွန်တော့ကို ပေးတယ်။ ကျွန်တှော ပြုံးပြီး ခေါင်းငြိမ့်လိုက်တယ်။ သူပြန်တော့မယ်လို့ ကျွန်တှော့ကို ပြောတယ်။ အင်း ကောင်းတာပေါ့လို့ ကျွန်တှော ပြောလိုက်တယ်။ ဒီလိုနဲ့ သူထွက်သွားတယ်။ ကျွန်တှောဟာ အိပ်ယာလေး ဘေးမှာ ထိုင်နေရင်း ပြူတင်းပေါက်ကို ငေးကြည့်နေမိတယ်။ သူထွက်သွားတဲ့ အရပ်ကို မဟုတ်ပါဘူး။ ခဏလေးပဲ သူပြန်ရောက်လာတယ်။ ကျွန်တှော့နှုတ်ခမ်းကို ခပ်ဖွဖွ တစ်ချက်နမ်းပြီး ရထားတစ်စင်းရဲ့ အသံဟာ လိုက်ပါသွားသူနဲ့ ကျန်နေရစ်သူ နှစ်ယောက်ထဲမှာ ဘယ်သူ့ကို ပိုဝမ်းနည်း စေသလဲလို့ မေးတယ်။ ကျွန်တှော့ကိုလို့ ကျွန်တှော ပြောလိုက်တော့ သူပြုံးပြီး ပြန်ထွက် သွားတော့တယ်။ အခုထက်ထိ ကျွန်တှော သူနမ်းသွားတဲ့ ခေါင်းအုံးပှေါက နှုတ်ခမ်းရာလေးကို သိမ်းထားတုန်းပဲ။ အိပ်မက် ထဲမှာလား အပြင်မှာလား ဆိုတာကိုတော့ ကျွန်တှော တစ်ခါမှ မစဉ်းစားဖူးဘူး။ ဒါပေမယ့် သူ့ကို အိပ်မက်ထဲမှာ မဟုတ်ဘဲ အပြင်မှာ မတွေ့ပါရ စေနဲ့လို့ ကျွန်တှော ဆုတောင်း နေမိခဲ့တယ်။

ထင်းရူးပင်ရဲ့ လက်တံတွေကနေ ကျွန်တှော့မျက်နှာတည့်တည့်ကိုမှ ရေစက်လေးတစ်စက်က ကျလာတယ်။ ဟီရိုရှီးမားမြို့ပှေါ ကြဲချလိုက်တဲ့ အနုမြူဗုံးဟာ ဂျပန်ကို စစ်ရပ်တန့်ဖို့ အမိန့်ပေးလိုက်သလိုမျိုး ဒီရေစက်လေးက ကျွန်တှော့ သတိတရားကို ပြန်လည် စုစည်းပေးလိုက်တယ်။ သစ်ရွက်တွေကြားက ခဏတာ လှုပ်ခတ်သွားတဲ့ နေရောင်ခြည်ဟာ မနက်ခင်းမှာ မြည်လာတဲ့နှိုးစက်လို ကျွန်တှော့ရဲ့ အာရုံတစ်ခုကို လက်ခနဲ လှုပ်နှိုးလိုက်တယ်။ ခလုတ်ဓားတစ်ချောင်းကို ချပ်ခနဲ ဖွင့်လိုက်သလိုမျိုး ကျွန်တှော့အတွေးထဲကနေ စာသား တစ်ခုက ဖျတ်ခနဲ ထွက်လာတယ်။ အဲဒီအမည်လေးနဲ့ ဝတဿထုတစ်ပုဒ် ငါရေးမယ်လို့ ချက်ချင်းပဲ တွေးလိုက်မိခဲ့တယ်။ ကောင်းကင်မှာ နေသာခဲ့တဲ့ နေ့ကပေါ့။ ကျွန်တှော နေကြာခင်းလေးကို အဝေးက ကြည့်ခဲ့တဲ့ နေ့ကပေါ့။ ကျွန်တှော တစ်ယောက်တည်း ထင်းရူးပင်တွေ အုပ်မိုးနေတဲ့အောက်မှာ လှဲလျောင်းအိပ်စက်ခဲ့တဲ့နေ့ကပေါ့။ ကျွန်တှော အိမ်ထဲမှာ မနေချင်လောက်အောင် မွန်းကြပ်ခဲ့တဲ့ နေ့ကပေါ့။ ကျွန်တှော့လက်ထဲက ဝတဿထုလေးကို စရေးဖို့ နာမည်လေးတစ်ခု ရခဲ့တယ်။ အဲဒီကအပြန်မှာပဲ ကျွန်တှောဟာ ကဗျာလေး တစ်ပုဒ်ကိုလည်း ခပ်တိုးတိုး ရွတ်ဆိုဖြစ်ခဲ့ပါတယ်။ 









လရောင်နဲ့မှောင်နေတဲ့ကောင် 



ကောင်မလေးတစ်ယောက် 
နေကြာပန်းတွေလက်ဆောင်ပေးတဲ့ညက 
အဖြူနဲ့အနက်သာပါတဲ့ 
ပန်းချီကားတစ်ချပ်ဆွဲဖြစ်တယ် 
မာယာများတဲ့ စကားတွေရဲ့အကြောင်း 
ဘယ်လောက်တောင် နားလည်နေခဲ့ပြီလဲလို့ 
လရောင်ကမေးတယ် 
မိုးသံတွေကြားမှာ တယောအိုလေး အသက်ဝင်လာသလို 
သူ့စကားသံတွေကိုတော့ လွမ်းကြည့်ချင်တယ် 
မနေ့ကပြကဿခဒိန်အိုတွေကိုသာ ဆုတ်ဖြဲခွင့်ရမယ်ဆိုရင်လေ.......... 
ဘယ်တော့မှမလာတော့တဲ့ တယ်လီဖုန်းလေးအနားမှာထိုင်လို့ 
ကိုယ်ဖတ်ပြချင်တဲ့ကဗျာစာရွက်လေးတွေကိုကိုင်လို့ 
ငါ့အိပ်ခန်းပြူတင်းတံခါးများကို ဖြတ်သန်းသွားနိုင်ဖို့ 
အနံ့မဲ့နေတဲ့ကမဿဘာတစ်ခုတော့လိုအပ်တယ်။ 



(၁)(၄)
ထိုနေ့က ကျွန်တှော တတ်နိုင်သမျှ ကာကွယ်ခဲ့သှောလည်း စာရွက်လေးအချို့မှာ မိုးရေစိုပြီး မင်များပြန့်သွားခဲ့ရသည်။ ထို့ကြောင့် မဂဿဂဇင်းတိုက်ကို မပို့ဖြစ်ဘဲ ပြန်ယူလာခဲ့ကာ ပျက်သွားသော နောက်ဆုံး ဇာတ်သိမ်းပိုင်း အခန်းလေးကို ကျွန်တှော ပြန်ရေးဖို့ ကြိုးစားခဲ့သည်။ တကယ်တမ်းဆိုလျှင် ကိုယ်ရေးပြီးသား အကြောင်းအရာ တစ်ခုကို ပြန်ရေးဖို့ရာ သိပ်ခက်ခဲလှသည် မဟုတ်ပါ။ သို့သှောလည်း အထက်က ဆိုခဲ့သည့်အတိုင်း ကျွန်တှော့ဖောင်တိန်လေးသည် ကျွန်တှော့ကို ပထမရေးထားပြီး ပျက်သွားသော ပထမစာမူနှင့် မည်သို့မျှ မတူသော ဇာတ်သိမ်းပိုင်း တစ်ခုကို ဆွဲခှေါယူသွားခဲ့ပြန်သည်။ စာဖတ်သူ တစုံတယောက်ကမှ ထိုအဖြစ်အပျက်ကို သိမည် မထင်သှောလည်း ကျွန်တှောကိုယ်တိုင် သိနေသော အဖြစ်က စဉ်းစားမိတိုင်း ကျွန်တှော့ကို နာကျင်စေပါသည်။ ထို့ကြောင့် ကျွန်တှော ထီးတစ်လက်ကို ဝယ်ခဲ့ရသည်။ ကျွန်တှော့အတွက် မဖြစ်မနေ မလိုအပ်သှောလည်း ကျွန်တှော့ စာရွက်လေးများအတွက် ထီးတစ်လက် လိုအပ်နေခဲ့ကြောင်း ကာလအတန်ကြာ မေ့လျော့နေခဲ့ခြင်းများကား ထိုနေ့မှာ အဆုံးသတ်သွားခဲ့သည်။ ထိုဝတဿထုလေးနှင့် ပတ်သတ်ပြီး နောက်ထပ် မှတ်မှတ်ယယ အကြောင်းအရာ တစ်ခုမှာကား တောင်ကုန်းလေးပှေါတွင် နေကြာပန်းခင်းလေးကို ကြည့်နေတုန်း ရေစက်လေးတစ်ပေါက်က ကျွန်တှော့ကို လှုပ်နှိုးလိုက်သည့် အချိန်မှစ၍ နောက်ပိုင်းတွင် နေကြာပန်းခင်းလေးထံသို့ ကျွန်တှော တစ်ခါမှ ပြန်သွားမကြည့်ဖြစ်တော့ခြင်းပင် ဖြစ်သည်။ သို့သှော ကျွန်တှော့မျက်လုံးများ မှိတ်လိုက်တိုင်း ထိုနေကြာခင်းလေးကို ပြန်ကြည့်စရာ မလိုတော့လောက်အောင်ကို အသေးစိတ် မှတ်မိနေသည်အထိ အမှတ်တရ ရှိခဲ့ခြင်း အကြောင်းများကိုတော့ ကျွန်တှော ဘယ်သူ့ကိုမှ ပြောပြဖြစ်မှာ မဟုတ်တော့ပါ။




မှတ်ချက်။ ဒီလထုတ် အိုင်ဒီယာ မဂဿဂဇင်းမှာ ပါတဲ့ ကျွန်တှော့ ဝတဿထုလေးပါ။ ဒီဝတဿထုလေးကို တကယ်ကို အကြာကြီး ရေးခဲ့ရတယ်။ ဒီအထဲမှာပါတဲ့ စကာလုံးတိုင်းကို အကြောင်းမဲ့ သုံးထားတာ မဟုတ်ပါဘူး။ ပြီးတော့ ဒီဝတဿထုကို ဒီအတိုင်း ဖတ်တဲ့အခါ ဘာမှ ထူးခြားမှာ မဟုတ်ပါဘူး။ စာလုံး တစ်လုံးချင်းစီရဲ့ အားနဲ့ တစ်ခုနဲ့ တစ်ခု ဆက်နွယ်မှုကို အားပြုပြီး ရေးခဲ့ရတာပါ။ နေကြာပန်းလေးတွေလည်း တောင်ပှေါမှာ ဖူးပွင့်နေဆဲပါ။ ကျွန်တှော ဆက်မပြောချင်တဲ့ အကြောင်းအရာတွေကိုတော့ ဒီဝတဿထုလေးရဲ့ အဆုံးသတ်မှာ ဖတ်ရပါလိမ့်မယ်။  

One response to “တောင်ကုန်းလေး တစ်ခုပှေါက ဘယ်တော့မှ ပြန်မတွေ့တော့တဲ့ နေကြာပန်းများအကြောင်း”

tg deric said...

လရောင်နဲ့မှောင်နေတဲ့ကောင်



ကောင်မလေးတစ်ယောက်
နေကြာပန်းတွေလက်ဆောင်ပေးတဲ့ညက
အဖြူနဲ့အနက်သာပါတဲ့
ပန်းချီကားတစ်ချပ်ဆွဲဖြစ်တယ်
မာယာများတဲ့ စကားတွေရဲ့အကြောင်း
ဘယ်လောက်တောင် နားလည်နေခဲ့ပြီလဲလို့
လရောင်ကမေးတယ်
မိုးသံတွေကြားမှာ တယောအိုလေး အသက်ဝင်လာသလို
သူ့စကားသံတွေကိုတော့ လွမ်းကြည့်ချင်တယ်
မနေ့ကပြကဿခဒိန်အိုတွေကိုသာ ဆုတ်ဖြဲခွင့်ရမယ်ဆိုရင်လေ..........
ဘယ်တော့မှမလာတော့တဲ့ တယ်လီဖုန်းလေးအနားမှာထိုင်လို့
ကိုယ်ဖတ်ပြချင်တဲ့ကဗျာစာရွက်လေးတွေကိုကိုင်လို့
ငါ့အိပ်ခန်းပြူတင်းတံခါးများကို ဖြတ်သန်းသွားနိုင်ဖို့
အနံ့မဲ့နေတဲ့ကမဿဘာတစ်ခုတော့လိုအပ်တယ်။


တော်တော်ကောင်းတဲ့ ကဗျာပဲဗျာ...

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz