Sunday, November 2, 2008

Ancient Future: Learning From Ladakh




Ancient Future: Learning From Ladakh
Helena Norberg-Hodge


ကျွန်တှော ခရီးသွားတုန်းက စာအုပ်လေးတစ်အုပ် ဖတ်ရတယ်။ နာမည်က Learning From Ladakh မြန်မာပြန်သူက ကလောချစ်ထွန်း။ ဒီစာအုပ်ဟာ အပြင်မှာထုတ်တဲ့စာအုပ် မဟုတ်ပါဘူး။ အဓိကကတော့ NGO လုပ်ငန်းတွေမှာ ကျင်လည်နေသူတွေကြားထဲသာ သိတဲ့ စာအုပ်တစ်အုပ်ပါ။ ကျွန်တှော ရင်ထဲစွဲနေတဲ့ အမြင်တချို့ကို ပြောင်းလဲပြီး မြင်နိုင်စေခဲ့လောက်အောင် ကောင်းလွန်းတာမို့ လက်တို့ချင်ပါသေးတယ်။

ဒီစာအုပ်ကို ရေးသားခဲ့သူ Helena Norberg-Hodge ဆိုတာ Ladakh မှာ နှစ်ပေါင်းများစွာ သွားရောက်နေထိုင်ပြီး ဒေသဖွံ့ဖြိုးရေးတွေကို လုပ်ကိုင်ပေးခဲ့သူ တစ်ယောက် ဖြစ်ပါတယ်။ Ladakh ဆိုတာက အိနဿဒိယနိုင်ငံ မြောက်ဖျားပိုင်း ကရှ်မီးယား နယ်ဘက်မှာ ရှိတဲ့ အလွန်လှပတဲ့ တောင်တန်း ဒေသလေး တစ်ခုပေါ့။ လှပတယ် ဆိုပေမယ့် သစ်တောတွေ စိမ်းစိမ်းစိုပြီး လှပနေတာမျိုး မဟုတ်ပါဘူး။ သူက ဟိမဝနဿတာ တောင်တန်းတွေကြားထဲမှာ ဖြစ်နေတော့ မိုးခေါင်ပြီး အပူအအေး သိပ်ပြင်းထန်ပါတယ်။ တိဘက် အမျိုးအနွယ်တွေ ဖြစ်ပါတယ်။ 

လဒတ်လူမျိုးတွေကို လဒါခီလို့ ခှေါတယ်။ သူတို့ရဲ့ ဘာသာစကားဟာ တိဘက် ဘာသာစကားအုပ်စုမှာ ပါဝင်တယ်။ ကျွန်တှောဟာ လဒါခီ သီလရှင်လေး တစ်ပါးနဲ့ ဓမဿမသာလာမှာ ခင်ခဲ့ဖူးတယ်။ ဆရာလေးက သီတဂူ ဆရာတှောဆီမှာ ၂နှစ်လောက် စာသင်ခဲ့ဖူးသတဲ့။ မြန်မာစကားကို ကောင်းကောင်းကြီး ပြောနိုင်သလို သူများပြောသမျှကိုလည်း ၈၅% နားလည်ပါတယ်။ သူက ကျွန်တှော့ထက်တောင် ငယ်သေးတယ်။ ဒါပေမယ့် သီလရှင် ဝတ်နေတာ အသက် ရနှစ်ကတည်းကတဲ့။ ဒါပေမယ့် သူ့အယ်ဘမ်တွေထဲမှာ ဂျင်းဘောင်းဘီနဲ့ ပန်းတွေနဲ့ ဖက်ရှင်ကျကျ ရိုက်ထားတဲ့ ဓာတ်ပုံတွေကိုတွေ့တာမို့ မေးကြည့်တော့ သူတို့ဆီက ခဏဝင်လိုက် ထွက်လိုက် လုပ်လို့ရတယ်လို့ ပြောတယ်။ ဓမဿမသာလာမှာ ဆရာလေးရယ်၊ ကျွန်တှောရယ်၊ ဘုန်းဘုန်းဦးကုမာရရယ် စကားတွေ တှောတှော ပြောဖြစ်ကြတယ်။ ဆရာလေး နားမလည်တဲ့ တချို့စကားတွေကို အဂဿငလိပ်လို ပြောကြတယ်။ ဆရာလေးက သူ့အခန်းခှေါပြီး ကျွန်တှောတို့ကို လဒတ်နဲ့ ပတ်သတ်တဲ့ ရုပ်ရှင်တွေ၊ သီချင်းတွေ ပြတတ်တယ်။ ဒါကြောင့် ကျွန်တှောဟာ လဒတ်ကို မရောက်ဖူးခင်ကတည်းက ရင်းနှီးနေခဲ့တော့တယ်။ 

လဒတ်ဟာ ယဉ်ကျေးမှု ရှေးကျတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။ လဒါခီတွေဟာ ဖှောရွေပြီး ခင်မင်ရင်းနှီးတတ်သူတွေ ဖြစ်ပါတယ်။ အပြုအမူ အနေအထိုင်လည်း သိမ်မွေ့ကြတယ်။ လောဘရမဿမက် နည်းပါးကြပြီး စိုက်ပျိုးရေး လုပ်ငန်းကို အဓိက လုပ်ကိုင်သူတွေ ဖြစ်ကြပါတယ်။ အနောက်တိုင်း အမြင်မှာ ဒီလိုအခြေအနေဟာ ဖွံ့ဖြိုး တိုးတက်မှု မရှိဘူးလို့ ယူဆကြတာမို့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေ လုပ်ဆောင်ကြရာကစလို့ လဒတ်ဟာ အများကြီး ပြောင်းလဲလာခဲ့ရတယ်။ လဒတ်စီမံကိန်းစတော့ ဒီဒေသကြီး ဖွံ့ဖြိုးတိုးတက်စေဖို့ဆိုရင် ပထမဆုံး လဒါခီတွေကို လောဘကြီးအောင် လုပ်ဖို့ နည်းလမ်းရှာရမယ်လို့ စီမံကိန်း ကှောမရှင်နာက ပြောခဲ့ဖူးတဲ့ အချက်ဟာ အတှောကို မှတ်သား ဆင်ခြင်စရာကောင်းတဲ့ အချက်တစ်ခု ဖြစ်ပါတယ်။ ဒီစီမံကိန်းဟာ အနောက်တိုင်း အမြင်မှာ အောင်မြင်တယ်လို့ ဆိုပေမယ့် ဆင်းရဲချမ်းသာ ကွာဟမှုကို ကြီးထွားစေခဲ့တယ်။ ငြိမ်းချမ်းတဲ့ ဒေသလေးမှာ ရာဇဝတ်မှုတွေ ထူထပ်လာခဲ့တယ်။ စိတ်ပိုင်းဆိုင်ရာ ပြသဿသနာတွေ၊ မာန်မာနတွေ၊ လူတန်းစား ခွဲခြားမှုတွေကို ကြုံလာရတယ်။ အရင်က ဘုန်းကြီးများနဲ့ မိန်းမများရဲ့ အရေးပါတဲ့ ဩဇာအရှိန်အဝါဟာ ကျဆင်းလာခဲ့တယ်။ ကိုယ့်ရဲ့ မိရိုးဖလာ ယဉ်ကျေးမှုတွေကို ပစ်ပယ်ပြီး အနောက်တိုင်း ယဉ်ကျေးမှုကိုမှ အထင်ကြီးလာကြတယ်။ ရိုးရာစီးပွားရေး အလုပ်အကိုင်တွေ နေရာမှာ ခေတ်မီ စက်ကိရိယာတွေကို အစားထိုး သုံးစွဲရင်း သဘာဝပတ်ဝန်းကျင် ယိုယွင်းမှုတွေလည်း ဖြစ်လာတယ်။ 


ဒီနေရာမှာ စာရေးသူ ရေးသားထားတာလေး တစ်ခုကို ကိုးကားပြချင်ပါတယ်။
As these connections became clearer to me, I grew suspicious of what is known as “development.” This process of planned change, which was supposed to raise the standard of living through technological advance and economic growth, seemed to be doing more harm than good. I realized that the creation of greed was part and parcel of much broader changes. The development of Ladakh, as everywhere else in the world, required a massive and systematic restructuring of society that presupposed enormous and continual investments in “infrastructure”: paved roads, a Western-style hospital, schools, a radio station, an airport, and, most importantly, power installations. All this involved not only the expenditure of exorbitant sums of money but also massive inputs of labor and administration. At no stage was it even questioned whether or not the result of these tremendous efforts constituted an improvement on what had existed before. It was like starting from zero, as if there had been no infrastructure in Ladakh before development. It was as if there had been no medical care, no education, no communication, no transport or trade. The intricate web of roads, paths, and trade routes, the vast and sophisticated network of irrigation canals maintained over centuries: all these signs of a living, functioning culture and economic system were treated as though they simply did not exist. Ladakh was being rebuilt according to Western guidelines—in tarmac, concrete, and steel.

ကျွန်တှော ဒီစာအုပ်ကို ဖတ်ပြီးတဲ့ အချိန်မှာ အမြင်တွေ အများကြီး ပြောင်းလဲသွားပါတယ်။ ယဉ်ကျေးမှု ပြိုကွဲတာတွေ၊ ထိခိုက်မိတာတွေ၊ ဖရိုဖရဲ ဖြစ်တာတွေကို မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရပါတယ်။ ဖွံ့ဖြိုးတိုးတက်မှုကို အမှီလိုက်ရင်း နိမ့်ကျသွားတဲ့ စိတ်ဓာတ်တွေ၊ ယဉ်ကျေးမှု အဆောက်အဦတွေကို နှိုင်းယှဉ် သိလိုက်ရတယ်။ စာရေးဆရာမ ဆိုလိုတာက ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်တာဟာ မကောင်းဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး။ သူပြသွားတဲ့ အချက်တွေမှာ ဖွံ့ဖြိုးတိုးတက်ခြင်း ဆိုတာရဲ့နောက်ဆက်တွဲ ရလဒ်တွေအကြောင်း ကသာ အဓိက ဖြစ်ပါတယ်။ ဘယ်နေရာမှာ အားနည်းချက်၊ အားသာချက်တွေ ဖြစ်လာနိုင်တယ် ဆိုတာ သိလာစေပါတယ်။ ဘယ်လို ကြိုတင်ကာကွယ်သင့်တယ်၊ ဘယ်လို နည်းလမ်းတွေ ရှိတယ်ဆိုတာကို ဆင်ခြင်နိုင်ပါတယ်။ လူနေမှု နိမ့်ကျနေတာ တစ်ခုတည်းကို ကြည့်မနေဘဲ အခြားယဉ်ကျေးမှု သရုပ်တွေကိုလည်း ထိန်းသိမ်းသင့်တယ်ဆိုတာ ဖှောညွှန်းထားပါတယ်။ အလွန်ကောင်းတဲ့ စာအုပ်တစ်အုပ်ပါ။ တိုးတက် ပြောင်းလဲမှုကို လိုချင်တဲ့ ကျွန်တှောနဲ့ ဝါသနာတူ စိတ်ဝင်စားသူတိုင်း မဖြစ်မနေ ဖတ်ကြည့်သင့်တဲ့ စာအုပ်ပဲ ဖြစ်ပါတယ်။ မူရင်း အဂဿငလိပ်လို အီးဘွခ် ဗားရှင်းကို ဒီနေရာမှာ ရယူနိုင်ပါတယ်။ [Ancient Futures: Download]



No response to “Ancient Future: Learning From Ladakh”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz