Wednesday, November 5, 2008

05.11.2008

ဒီရက်ပိုင်းမှာပဲ ပိုက်ဆံကလည်း တစ်ပြားမှမရှိ၊ ကျွန်တှော့အတွက်လည်း အဂဿငလိပ်စာ လေ့ကျင့်ခန်း လုပ်ဖြစ်ရာရောက်တာမို့ အဘိဓာန် ပရောဂျတ် လေလးတစ်ခု လက်ခံလိုက်တယ်။ ပိုက်ဆံ အတွက်ကြောင့် အကြံကုန် ဂဠုန်ဆားချက် လိုက်ရတဲ့ ဘဝပါပဲ။ ၃လလောက် အနည်းဆုံး အားမှာ မဟုတ်ပါဘူး။ အားမှာ မဟုတ်ဘူးဆိုတာ အခြားအလုပ်တွေ လုပ်နိုင်ဦးမှာ မဟုတ်ဘူးလို့ ပြောတာပါ။ အခုတော့ အဂဿငလိပ်-မြန်မာ အဘိဓာန်တွေနဲ့ ခေါင်းအပ်နေရတယ်။ တကယ်ဆို ကျွန်တှော့မှာ လုပ်စရာတွေ အများကြီး ကျန်နေသေးတယ်။ ဒါပေမယ့် ကိုယ်လုပ်နေတာတွေကို ဟိုလူက ခေါင်းပုံဖြတ်လိုက်၊ ဒီလူက အရင်းအနှီး များများနဲ့ ဦးသွားလိုက် ဆိုတော့ ကိုယ်လည်း ဒီအတိုင်းပဲ ထိုင်ကြည့်နေနိုင်တော့တယ်။ နေရာတကာမှာ ပိုက်ဆံ မလိုပါဘူး။ ဒါပေမယ့် ဒီအိုက်ဒီယာလေးက သူကစခဲ့တာ၊ ဒီရဆို့စ်ကို သူ့ဆီက ယူခဲ့တာပါဆိုပြီး ခရက်ဒစ်လေးတောင် မပေးချင်တဲ့လူတွေ။ စိတ်ပျက်တယ် စိတ်ကုန်တယ်။ လောလောဆယ်တော့ ကျန်တာတွေ ခဏထားပြီး ဒီအလုပ် ပြီးအောင် လုပ်မယ်။ တကယ်တော့ ဒေရှင်နရီ လုပ်တယ်ဆိုတာ မလွယ်ပါဘူး။ စာအုပ်တွေ လှန်နေရတာနဲ့တင် ပျင်းဖို့ သိပ်ကောင်းတာ။ ဒါပေမယ့်လည်းကွယ် :(


No response to “05.11.2008”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz