Monday, December 1, 2008

01.12.2008: 3 Planets will form as a Triangle


ဒီနေ့ဟာ ထူးခြားတဲ့ နေ့တစ်နေ့ ဖြစ်ပါတယ်။ လရယ်၊ သောကြာဂြိုဟ် ဗီးနပ်(စ်)ရယ်၊ ကြာသပတေးဂြိုဟ် ဂျူပီတာရယ် ကမဿဘာကနေကြည့်ရင် ပူးတဲ့နေ့လို့ ဆိုပါတယ်။ ဒီဂြိုဟ်သုံးလုံးရဲ့ အနီးကပ်ဆုံး အချိန်ကိုတော့ မြန်မာပြည်ကနေ တွေ့နိုင်မယ် မထင်ပါဘူး။ ဒါပေမယ့် နေဝင်ချိန် ညနေ ၆နာရီကနေ ရနာရီ အချိန်လေးမှာတော့ ဒီသုံးလုံးကို တြိဂံပုံစံ မြင်တွေ့နိုင်ပါလိမ့်မယ်။ ဒီလို အဖြစ်အပျက်မျိုးကို နောင် ၄၄နှစ်ကျှော အကြာမှသာ နောက်တစ်ကြိမ် ထပ်ကြုံနိုင်မှာ ဖြစ်ပါတယ်။ ဒီဇင်ဘာ ၁၂ရက်နေ့ လပြည့်ညမှာတော့ လဟာ ကမဿဘာနဲ့ အနီးကပ်ဆုံး အကွာအဝေး ၂၂၁၅၅၄ မိုင် အထိ ရောက်ရှိလာပါမယ်။  ဒီလို အနီးဆုံး ရောက်ရှိတာမျိုး မြင်နိုင်ဖို့ဆိုတာ နောင် ၂၀၁၆ခုနှစ်အထိ ကြုံရဦးမှာ မဟုတ်ပါဘူးတဲ့။ ဒီထက် ပိုနီးတဲ့ အဖြစ်ကိုတော့ နောင်နှစ်ပေါင်း နှစ်ရာ့ငါးဆယ်ကျှောမှသာ ကြုံနိုင်တော့မှာမို့ ဒီနေ့လို့ နေ့မျိုးဟာ ရှားပါးတဲ့ အခွင့်အရေး တစ်ခုလို့ ဆိုနိုင်ပါတယ်။ 



No response to “01.12.2008: 3 Planets will form as a Triangle”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz