Saturday, November 1, 2008

အင်တာနက်

ကျွန်တှော မနေ့ညက ဘလောဂ်တွေ တှောတှောများများ လိုက်ဖတ်ကြည့်မိတယ်။ တချို့ ရင်ထဲကို ငြိတွယ်သွားတဲ့အထိ ကောင်းတဲ့ စာတွေလည်း ဖတ်လိုက်ရတယ်။ ကျွန်တှောကွန်မန့်လေးတွေ ပေးချင်ခဲ့ပေမယ့် မပေးနိုင်ဘူး။ Blogger ကိုဘန်းထားတော့ အဲဒါနဲ့ တွဲထားတဲ့ Comment ဆိုပေးလို့ မရဘူး ဖြစ်နေတယ်။ ကိုယ့်ကွန်နက်ရှင် ကလည်း Proxy သုံးလို့ ရလောက်အောင် မမြန်တာမို့ တှောတှောလေး စိတ်ပျက်လက်ပျက် ဖြစ်မိတယ်။ ကျွန်တှောဟာ အခါပေါင်းများစွာ ဘလောဂ်အကြောင်း ပို့ချတဲ့ သင်တန်းတွေမှာ၊ ဟောပြောပွဲတွေမှာ အဲဒီလို ပိတ်ထားတာဟာ မကောင်းဘူးလို့ ပြောခဲ့ဖူးတယ်။ You can know what happen there unless you go there လေ။ ဒါပေမယ့် အင်တာနက်မှာ False Information တွေအများကြီးပဲ။ အင်တာနက်ဖွံ့ဖြိုးတာ ကြာပြီဖြစ်တဲ့ ကိုရီးယားလို နိုင်ငံမှာတောင် အင်တာနက်က အတင်းအဖျင်း သတင်းတွေကြောင့် ကိုယ့်ဘာသာကိုယ် သတ်သေတဲ့ Celeb တွေတောင် ရှိတယ်ဆိုတော့ ကျွန်တှောတို့လို ဖွံ့ဖြိုးစ နိုင်ငံမှာလည်း ဒီလို သတင်းတွေဟာ ပလူပျံအောင် ရှိမှာပဲ။ ရှိပဒိပေါ့ဗျာ။ ကျွန်တှောကိုယ်တိုင်လည်း ဒါမျိုးတွေမှာ အစက စိတ်ညစ်ခဲ့ရဘူးတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ဒါတွေဟာ ကျွန်တှော့အတွက် အားတစ်ခု ဖြစ်လာခဲ့တယ်။ မကောင်းတာနဲ့ ကောင်းတာမှာ မကောင်းတာကို စွန့်ပစ်လိုက်၊ ကောင်းတာတွေကို များများယူသုံးပေါ့ဗျာ မဟုတ်ဘူးလား။ လူတကာ ဟုတ်ဟုတ် မဟုတ်ဟုတ် ပြောနေတဲ့ အကြောင်းတိုင်းကိုသာ ကျွန်တှောတို့ လိုက်ဂရုပြုနေရင်၊ စိုးထိတ်နေမယ်ဆိုရင် ဒီလောက ဘယ်လို ကျယ်ပြန့်လာတော့မှာလဲ။ မြန်မာနိုင်ငံဟာ အင်တာနက်သာ ဖွံ့ဖြိုးမယ်ဆိုရင် တိုးတက်မှု အရမ်းမြန်လာမယ်။ 

အခု ကမဿဘာလုံးဆိုင်ရာ စီးပွားရေး ကျပ်တည်းမှု ဖြစ်လာတယ်။ ဘာကြောင့်ဖြစ်သလဲ။ Stock ကြောင့်ဖြစ်တယ်။ အဲဒီ စတောခ့်ဆိုတာဘာလဲဆိုတာ သိတဲ့သူ သန်းခြောက်ဆယ်မှာ တစ်သန်းတောင် ရှိပါ့မလား။ ဂျာနယ်တွေထဲမှာလည်း အဲဒီအကြောင်း ရေးနေကြတာ ပလူပျံနေတာပဲ။ ဒါပေမယ့် လက်တွေ့ မကစားဖူးဘဲ စာသက်သက်နဲ့ ဒါမျိုးက မြင်ရတာ မဟုတ်ဘူး။ အဲဒီတော့ ဒီ စတော့(ခ်) ကစားတာလေးလောက်နဲ့ ဘာကြောင့် ဒီလောက် စီးပွားပျက်သွားရတယ်ဆိုတာ လူတွေက ဖတ်သာဖတ်နေရတယ် မသိဘူး။ အပှေါယံလောက်ပဲ မြင်တော့တယ်။ 

ကျွန်တှောတို့ တီဗွီတွေထဲမှာ ခဏခဏ မြင်ရမယ်။ စတော့ခ်အကြောင်း ပြောလိုက်တာနဲ့ လူတွေ ကွန်ပျူတာရှေ့ထိုင်ပြီး ဟိုကြည့်ဒီကြည့် ကြည့်နေကြတာ။ ဖုန်းတွေ တဂွမ်ဂွမ် ဆက်နေကြတာ။ အဲဒါဘာတွေလဲဆိုတာ သိကြပါ့မလား။ စတော့(ခ်) ကစားတာဟာ သိပ်ရင်ခုန်စရာကောင်းတယ်။ ကိုယ်ကအမြဲ ကိုယ့်စတော့(ခ်) ရှယ်ယာတွေကို သတိထား စောင့်ကြည့်နေရတယ်။ ဈေးကျနေလား၊ တက်နေလား၊ ဘယ်သူက ဈေးကွက်ကို ချုပ်ကိုင်ဖို့ ကြိုးစားနေလဲ။ ကိုယ်ဝယ်ထားတဲ့ နေရာက အခြား အရှုံးပှေါနိုင်တဲ့ အလုပ်တွေ လုပ်နေလား။ အမြတ်တွေ တအားတက်နေလား စတဲ့ အရာပေါင်းစုံကို အဆက်မပြတ် လေ့လာနေရတာ။ စတော့(ခ်)ကြောင့် နေ့ချင်းညချင်း မီလျံနာ ဖြစ်သွားကြသူတွေ ရှိသလို နေ့ချင်းညချင်း ခွေးဖြစ်သွားတဲ့သူတွေလည်း ရှိတယ်။ စတော့(ခ်)ဟာ ခေတ်သစ် စီးပွားရေးမှာ အဓိကကျတဲ့ နေရာမှာ ရှိပါတယ်။ ဒါကို အင်တာနက် မဖွံ့ဖြိုးရင် ဘယ်လိုလုပ် လုပ်နိုင်ပါ့မလဲ။ မြန်မာပြည်က လူတစ်ယောက်ရဲ့ အနာဂတ်ဟာ တှောတှောကြီးကို ကြိုတင်တွက်ဆလို့ရတယ်။ ဒီလူ ဒီအလုပ်မှာ ဒီလောက်ရတယ်။ နောင် ဆယ်နှစ်မှာ ကားပိုင်မလား၊ အိမ်ပိုင်မလား တွက်လို့ရတယ်။ ကျွန်တှောတို့ဆီက Fixed Salary တွေ ဖြစ်နေတာကိုး။ ဝန်ထမ်းတစ်ယောက် အနေနဲ့လည်း အချိန်ပြည့် တာဝန်ထမ်းနေရတော့ အခြားစီးပွားရေး လုပ်ဖို့ အခက်အခဲ ရှိတယ်။ တကယ်လို့သာ အခုအချိန်မှာ အင်တာနက်ကြီး အရမ်းကောင်းမယ်ဆိုရင် ဒီလူတွေ ခေတ်သစ် စီးပွားရေး နည်းပညာတွေကို အလွယ်တကူ လေ့လာနိုင်မှာပဲ။ ဒါဆို နောက်ပိုင်း မြန်မာပြည်မှာ စတော့(ခ်)မားကတ်တွေ ခေတ်စားလာတာနဲ့ ချက်ချင်းဆိုသလို လူတွေ Adapt ဖြစ်ပြီး မြန်မြန် တိုးတက်လာကြမှာပဲ။ 

ဪ ရေးရင်းရေးရင်းနဲ့ ဘယ်တွေ ရောက်သွားမှန်းကို မသိတော့ဘူး။ သိမ်းတင်သားရဲ့ ကဘောက်တိကဘောက်ချာ ဂဇက်လို ဖြစ်နေတော့တယ်။ မြန်မာပြည်ရဲ့ အင်တာနက် သုံးသပ်မှု စာတမ်းလေးတစ်ခု ကျွန်တှော ပီးပဲလ် မဂဿဂဇင်းမှာ ရေးခဲ့ဖူးတယ်။ ဖတ်ချင်ရင် ဒီနေရာမှာ ဖတ်ကြည့်လို့ ရပါတယ်။ [link] လောလောဆယ်တော့ ဒါရေးနေတာနဲ့ ကျွန်တှော့ရဲ့ ဒိုင်ရယ်အပ် အကောင့်လေး ကုန်တော့မှာမို့ လစ်တော့မယ်ကွယ်။ 



No response to “အင်တာနက်”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz