Wednesday, October 29, 2008

အဘကိုရထားစီးကြည့်စေချင်တယ်

အဘရေ


ဒီလထဲမှာ ကျွန်တှော ခရီးသွားဖြစ်လိုက်တာ မိုင်ပေါင်း ၅ဝဝဝကျှောလောက် ရှိတယ်။ ဟိုးငယ်ငယ်ကဆိုရင် ဒီလို ခရီးတွေ ထွက်ဖြစ်တဲ့အခါ ကျွန်တှော သိပ်ပျှောတယ်။ ဒါပေမယ့် အခုနောက်ပိုင်း ခရီးတစ်ခါထွက်တိုင်း ရင်မောမောနေတယ်။ ကျွန်တှော အခု နောက်ဆုံးပြန်လာတာ မြစ်ကြီးနားကပေါ့။ ရန္ကုန္ကေန မနဿတေလး၊ မနဿတေလးကေန မြစ်ကြီးနား သွားလိုက်ရတဲ့ခရီး၊ ကြာလိုက်တဲ့အချိန်။ ကြမ်းပိုးတွေကိုက်၊ လူတွေကြပ်ညပ်၊ ညစ်ပတ်စုတ်ပဲ့လွန်းတဲ့ ရထားပှေါမှာ တချိန်လုံး ကျွန်တှော အဘကို သတိရနေတယ်ဆိုရင် အဘယုံမလား။

စတာကတော့ မနဿတလေး ဘူတာမှာကတည်းကစတာ။ ကျွန်တှောတို့ အဖွဲ့က ၁၁ယောက်ရှိတယ်။ ထုံးစံအတိုင်း မြစ်ကြီးနားလက်မှတ် ဝယ်တော့ လက်မှတ်မရှိတော့ဘူးတဲ့။ တကယ်တော့ဒီအဖွဲ့က UNDP ပရောဂျတ်တစ်ခုအတွက် ဆာဗေးဆင်းတာ။ သက်ဆိုင်ရာ စာရွက်စာတမ်း၊ အထောက်အထား အကုန်လုံးပါတယ်။ ရက်က အကန့်အသတ် ရှိတာမို့ ကျွန်တှောတို့က မနဿတလေး ရောက်ကတည်းက ရထားလက်မှတ် ရဖို့ ကြိုးစားခဲ့တာ။ ရုံပိုင်နဲ့ ဝင်တွေ့တယ်။ အဖြေကတစ်မျိုးထဲပဲ။ လက်မှတ်ကုန်ပြီတဲ့။ ဒါနဲ့ စိတ်ပျက်လက်ပျက်ဖြစ်ပြီး ထုံးစံအတိုင်း မှောင်ခိုလက်မှတ် ရှာရတော့တယ်။ 

ပြောရရင်အဘရယ် ကျွန်တှောဆိုတဲ့ကောင်က အဲဒီလို မှောင်ခိုတွေ လာဘ်ပေးလာဘ်ယူတွေ လုံးဝမကြိုက်ဘူး။ ဒါဟာ သက်သက် လူတွေအပှေါမှာ ခေါင်းပုံဖြတ်နေတာလို့ ခံစားရတယ်။ ကိုယ်လည်း မလိုချင်သလို တစ်ပြားမှလည်း မပေးချင်ဘူး။ ဒါပေမယ့် ကျွန်တှောတို့ဆီမှာ အဲဒါတွေက သိပ်ခေတ်စားတယ်။ တစ်ခုခုလုပ်ချင်ရင် လက်သိပ်ထိုးငွေလေး မပေးသရွေ့ ဘာတစ်ခုမှ အဆင်မပြေဘူး။ ဘဏ်မှာ ငွေသွားသွင်းဦးမလား။ ကိုယ့်ပိုက်ဆံ ကိုယ်ပေးတာကို လက်ခံဖို့အရေး ပိုက်ဆံပေးရသေးတယ်ဆိုတာ ကြားလို့မှ မကောင်းဘူး။ ဆယ်သိန်းအထက်ဆိုရင် နှစ်ထောင်လောက် ပေးရတယ်။ သိန်းရာကျှောရင် ၅၀၀၀ လောက်ပေးရတယ်။ ဝန်ထမ်းတွေ တယ်လိမဿမာတယ်အဘ။ ဘယ်တော့မှ ဟေ့ ဒီလောက်ပေးရမယ်လို့ မတောင်းကြဘူး။ သူတို့ဘက်က စည်းစောင့်တယ်ပေါ့။ လာဘ်မတောင်းဘူးပေါ့။ ဒါပေမယ့် အကွက်တွေက ဒီလိုရှိတယ်။ ငွေလာသွင်းတဲ့သူတွေက အများကြီး။ သူတို့ ပိုက်ဆံရေနေတာကလည်း အကြာကြီး။ တစ်ခါတစ်လေ တစ်မနက်လုံး၊ တစ်ညနေလုံး စောင့်နေရတယ်။ အခုနပြောတဲ့ ကူးတို့ခလေး ထည့်မပေးဘူးဆိုရင် အဘငွေကို တှောတှောနဲ့ မရေတော့ဘူး။ စောင့်ပေတော့ပဲ။ အကွက်လေးက လှတယ်နှော။ ဒီတော့ မြန်ချင်ရင် ပိုက်ဆံပေးပဲ။ သူတို့ဘက်က မတောင်းပေမယ့် အဲဒီလိုကျတော့ ယူတယ်ဗျား။ ဒါပေမယ့် အခန့်မသင့်ရင် ကိုယ်က လာဘ်ပေးပါတယ်ဆိုပြီး တရားစွဲခံရနိုင်သေးတယ်။ ပြောရင်းနဲ့ ဘဏ်ကိစဿစရောက်သွားတယ်။ အဲဒီအကြောင်း နောက်မှ အဘကို ပြောပြဦးမယ်။ အခုတော့ ရထားအကြောင်း ဆက်ပြောပြမယ်။ 

ရုံပိုင်က မရှိတော့ဘူးဆိုတဲ့လက်မှတ်၊ လက်မှတ်အရောင်းက မရှိတော့ဘူးဆိုတဲ့လက်မှတ် မှောင်ခိုမှာ ရတယ်ဗျား။ အံ့ဩစရာ မကောင်းဘူးလား။ ဒါပေမယ့် တန်ဖိုးက နှစ်ဆပေးရတယ်။ စိတ်ထဲမယ် ကလိကလိနဲ့ မီးကိုပုံရှို့ပစ်လိုက်ချင်တော့တယ် (လက်မှတ်ကိုပြောတာ)။ ကံဆိုးချင်တော့ အဘမြေးတွေ ရိုးရိုးတန်းပဲ ရတယ်။ ဒီခရီးကို ကျွန်တှောသွားဖူးတော့ ရိုးရိုးတန်းက သိပ်ဆိုးတယ်ဆိုတာ ကျွန်တှော သိတာပေါ့ အဘရယ်။ ဒါပေမယ့်လည်း ဘယ်တတ်နိုင်ပါ့မလဲ။ အထက်တန်း လက်မှတ် တစ်စောင် နှစ်စောင်တော့ ဗွီအိုင်ပီတွေ Cancel ဖြစ်ရင် ရမယ်တဲ့။ ကျွန်တှောက ဗွီအိုင်ပီ ဆိုတာကို သိပ်နားမလည်ဘူး။ ကျွန်တှော သွားခဲ့တဲ့ နိုင်ငံတှောတှောများများမှာလည်း အဲဒါမျိုး သိပ်မတွေ့ရဘူးကိုး။ ထားပါတော့။ အဖွဲ့က လူတွေက ပြောပါတယ်။ ကျွန်တှော့အတွက် အထက်တန်းလက်မှတ် ဝယ်ပေးပါမယ်တဲ့။ ဒါမျိုးတော့လည်း ကျွန်တှောက မဖြစ်ချင်ဘူး။ အဖွဲ့လိုက် သွားနေတာ ကိုယ်တစ်ယောက်တည်း သုခ မခံစားချင်ပါဘူး။ ခံတော့လည်း အတူတူပေါ့။ ဒါနဲ့ မနဿတလေး-မြစ်ကြီးနား ဒုတိယအမြန် ရထားကြီးနဲ့ ညနေ ၅နာရီမှာ ကျွန်တှောတို့ မြိန့်မြိန့်ကြီး ထွက်လာခဲ့ကြတယ်။

စပါပြီ ဇာတ်လမ်းက။ ကျွန်တှောတို့ တွဲပှေါမှာ ခြေချစရာ နေရာတောင် မရှိဘူး လူတွေ တင်ထားလိုက်တာ။ လူတွေတင်ပဲလား ဆိုတော့လည်း မဟုတ်ပြန်ဘူး။ ဘယ်က အထုတ်တွေမှန်းလည်း မသိဘူး။ ကိုယ့်ထိုင်ခုံအောက် ရောက်နေသေးတယ်။ လူတချို့က မတ်တပ်ရပ်လိုက်ကြတယ်။ တချို့က ကျွန်တှောတို့ ခြေရင်းကြမ်းခင်းမှာ အိပ်လိုအိပ်၊ ထိုင်လိုထိုင်၊ တချို့က ကိုယ့်ခေါင်းပှေါမှာ။ လက်မှတ်စစ်တွေ လာတယ်ဗျား။ တစ်ယောက်မှ အဖမ်းမခံရဘူး။ ကဲ အံဩစရာ မကောင်းဘူးလား။ တွဲထိန်းတွေ လက်မှတ်စစ်တွေက ဪငါတို့ လူမျိုးတွေ ခရီးသွားလာဖို့ ဒုကဿခရောက်နေတယ်။ လက်မှတ်မရလို့ ဒီလိုလိုက်လာရတာပဲ သနားစရာ ကောင်းလိုက်တာဆိုပြီး မဟာ ကရုဏာ တရားနဲ့ ခွင့်လွှတ်ပေးလိုက်တာလည်း ဖြစ်နိုင်တာပဲ။ ကျွန်တှောကတော့ အဲဒီလိုပဲ တွေးလိုက်ပါတယ်။ လူတွေကြပ်ညပ်နေတဲ့ ကျွန်တှောမမြင်ရတဲ့ ဟိုဘက်အခြမ်းမှာ ဟေ့ဒီလောက် အများကြီးကို ဒီလောက်နဲ့ ရမလား ဆိုတဲ့ အသံလည်း ကြားလိုက်ရသေးတယ်။ ပြီးတော့ ကျွန်တှောက လက်မှတ်စစ် မဟုတ်ဘူး၊ တွဲထိန်း အဲဒီတော့ ပေးဦး ဆိုတာ ကြားရပြန်တယ်။ ဖြစ်နိုင်တာကတော့ မှတ်ပုံတင်တောင်းကြည့်တာပဲ ဖြစ်လိမ့်မယ်။ ကျွန်တှောတို့ ယူထားတာက ၁၂ခုံ။ တစ်ခုံမှာ ၂ယောက် ထိုင်ရတယ်။ ရထားခုံက နဲနဲကျယ်တာမို့ ကြပ်ညပ် မတ်တပ်ရပ်နေတဲ့ တချို့လူတွေကို ကျွန်တှောတို့ ခုံတွေမှာ ခှေါထိုင်ပါတယ်။ ဒီလိုနဲ့ ကျွန်တှောတို့တောင် ထိုင်စရာခုံ ပျောက်မလို ဖြစ်လာတယ်။ 

ရထားတစ်ဘူတာ ရပ်လိုက်တိုင်း လူတွေက လျော့သွားတယ် မရှိဘူး။ တိုးလို့သာလာတယ်။ ခေါင်းဝင်ကိုယ်ဆံ့ဆိုတဲ့ စကားဟာ တှောတှောလေး မှန်ပါလားလို့ သိလိုက်တယ်။ လူပေါင်းစုံက ထွက်လာတဲ့ အနံ့မျိုးစုံ၊ ပစဿစည်းတွေက ထွက်လာတဲ့ အနံ့မျိုးစုံနဲ့ ကျွန်တှော ခေါင်းတောင် မူးလာတယ်။ ကျွန်တှော့မှာ အဲဒီလို လူနံ့ ဆိုက်ကိုရှိတာ ရင်းနှီးတဲ့ သူငယ်ချင်းတွေ သိကြတယ်။ ဒါပေမယ့် ဘယ်တတ်နိုင်ပါ့မလဲ။ ဝက်ဖြစ်မှတော့ မစင်ကြောက်နေလို့ မရတော့ဘူးလေ။ ဒီလိုနဲ့ အောင့်အည်း နေလာလိုက်တာ ကိုယ်ခနဿဓာထဲ ယားကျိယားကျိ ဖြစ်လာတော့မှ ဘာဖြစ်တာလဲဆိုပြီး ဟိုဟိုဒီဒီ လိုက်ကြည့်မိတယ်။ လားလား ရာပေါင်းများစွာ၊ ထောင်ပေါင်းများစွာသော ကြမ်းပိုးတွေ ကျွန်တှော ထိုင်နေတဲ့ ခုံအောက်နဲ့ နောက်မှီထဲက ခုံကြားတွေထဲမှာ။ အဲဒီ မြင်ကွင်းဟာ ကျွန်တှော့အတွက် ရှော့(ခ်)ပါပဲ။ ကြက်သီးတွေ တဖြန်းဖြန်းထလာတယ်။ ကြမ်းပိုးတွေက သူတို့ကို မီးနဲ့ ထိုးထားတဲ့ ကျွန်တှော့ကိုတောင် မကျေမနပ် ပြန်ကြည့်နေသလိုပဲ။ ကြမ်းပိုးဟာ ကျွန်တှော အကြောက်ဆုံး အကောင်တွေထဲက တစ်ကောင်ပဲ။ အကောင်ကိုလည်း ကြောက်တယ် သူ့အနံ့ကိုလည်း မကြိုက်ဘူး။ ဒီအကောင်တွေ ကျွန်တှော ထိုင်နေတဲ့ ခုံမှာ ရှိတယ်ဆိုတာ သိလိုက်ကတည်းက ကျွန်တှော့မှာ ဘယ်လိုမှ ဆက်ထိုင်လို့ မရတော့ဘူး။ အရေးထဲ ကျွန်တှော ဘောင်းဘီထဲက ကြမ်းပိုးတစ်ကောင် ဖမ်းမိလိုက်တာ ပိုးဆိုးသွားတယ်။ နောက်ဆုံးတော့ အဲဒီခုံလေးမှာ ဂျာနယ်တွေခင်းပြီး မတ်တပ်ရပ်လိုက်ရတော့တယ်။ တခြားသူတွေကတော့ ဖြစ်ချင်ရာဖြစ် သဘောထားလိုက်ပုံရတယ်။ ပေပြီး ဆက်အိပ်နေကြတယ်။ အဲဒီညက ရထားပှေါမှာ တစ်ညလုံး ကျွန်တှော မအိပ်ခဲ့ရဘူး အဘရယ်။ ဒါတောင် ကျွန်တှော့ကို ကြမ်းပိုးတွေ ကိုက်လိုက်တာ ဒဏ်ရာမနည်းဘူး။ ကံကောင်းတာလေး တစ်ခုက ကြမ်းပိုးကနေ HIV မကူးစက်နိုင်တာပဲ။ ကူးသာကူးနိုင်တယ် ဆိုလို့ကတော့ လူတွေ ရထားတစ်ခါ စီးပြီးတိုင်း ဆေးစစ်နေရတော့မယ်။ ဖြစ်ဖို့က ၉၀ ရာခိုင်နှုန်း ရှိမယ်။ 

အဘကတော့ ခရီးသွားမယ်ဆို လေယာဉ်ပျံကြီးတွေ၊ ကိုယ်ပိုင် အဆင့်မြင့် ဇိမ်ခံကားကြီးတွေနဲ့မှ သွားတတ်တော့ ဒါတွေကို ဘယ်သိပါ့မလဲ။ အဲဒါကြောင့်လည်း အဘကို သွားသတိရလိုက်တာ။ ဒါတွေကို မကြုံဖူးတော့ ဒီလိုအဖြစ်အပျက်တွေ ကျွန်တှောတို့ ကြုံနေရတယ်ဆိုတာ အဘဘယ်လိုမှ မသိနိုင်ဘူး။ အဘက ဘဝပေး ကုသိုလ်ကံ ကောင်းတာကိုး။ ချမ်းသာတော့လည်း ဒါတွေကို ဘယ်ကြုံရတော့မလဲ။ တကယ်လို့ ကြုံရမယ် ဆိုရင်တောင်မှ တခြားသူတွေက အဘအဲဒီလို မကြုံရအောင် လုပ်ပေးကြတော့မယ်လေ။ ကျွန်တှောထင်တယ် အဘသာ ကျွန်တှော့  နေရာမှာဆို ဆဲဆိုနေတော့မှာပဲ။ ကြမ်းပိုးတွေကို ဘာကောင်တွေလဲ ဘာကောင်တွေလဲလို့ အှောနေတော့မှာပဲ။ ကိုယ့်ခုံပှေါ သူများတွေ တက်လာထိုင်နေရင် ဖယ်ဖယ် ငါ့နေရာကွ ဆိုပြီး တွန်းထိုးနေတော့မှာပဲ။ ဒါပေမယ့် အဘရယ် အဘက ဒါတွေကိုမသိဘဲ လူတွေအားလုံး ဘာဒုကဿခမှ ရှိမနေဘူး၊ ငါ့လို အေးအေးဆေးဆေး ဖြစ်မှာပဲလို့ ထင်နေရင်တော့လည်း ကျွန်တှော ဘာတတ်နိုင်မှာလဲ။ 

မင်းဒုကဿခက ဒါတင်ပဲလား ဆိုရင်တော့ ခေါင်းကို ခပ်သွက်သွက်ခါရင်း ငြင်းရမှာပဲ။ မနဿတလေး-မြစ်ကြီးနား ရထားက နာရီ ၃ဝကြာတယ် အဘရယ်။ ဘုရားစူးအဟုတ် တစ်ရက်ကျှောကြာတာ။ ညနေ ငါးနာရီကထွက်တဲ့ရထား မြစ်ကြီးနားကို နောက်တစ်နေ့ ည ၁ဝနာရီကျှောမှ ရောက်တယ်။ ကျွန်တှောက ခရီးသွားရင် အစားအစာ မသောင်းကျန်းဘူး။ အိမ်သာသွားရမှာ ကြောက်လို့။ အဲဒီမှာ ကျွန်တှော့ သူငယ်ချင်းတွေ ဒုကဿခရောက်တော့တာပဲ။ သူတို့တွေ စားသောက်ပြီး အိမ်သာသွားမယ်လုပ်တော့ အိမ်သာက သွားမရတော့ဘူး။ ဘာဖြစ်လို့လဲ အဘသိလား။ အိမ်သာထဲမှာ လူလေးယောက် ရှိနေတယ်ဗျား။ ပစဿစည်းတွေကလည်း အပြည့်။ အဲဒီလူတွေကလည်း ဘယ်လိုပြောပြော တုတ်တုတ်တောင် မလှုပ်ဘူး။ မိန်းမတစ်ယောက်ဆို အိမ်သာသွားချင်လို့ ဗိုက်ကိုတောင် နှိပ်နေပြီ သွားလို့ မရဘူး။ အရင်တစ်ခေါက်တုန်းကဆို အပျိုကောင်မလေးတစ်ယောက် ဒါမျိုးကြုံလို့ မထိန်းနိုင် မသိမ်းနိုင်ဖြစ်ပြီး နေရာမှာ ပါချလိုက်တယ်လို့ ဘေးနားမှာ လာထိုင်တဲ့ အဒှေါကြီး တစ်ယောက်က ပြောပြတယ်။ အဲဒီ အိမ်သာကို သွားရတဲ့ ပုံစံကိုလည်း ပြောပြဦးမယ်။ လူတွေက ခြေချစရာမရှိအောင် ပြည့်ကြပ်နေတော့ တစ်ယောက်ယောက်က သွားချင်ပြီဆို ခေါင်းတွေပှေါ ဖိနပ်ကြီး တကားကားနဲ့ ကျှောလွှားသွားရတယ်။ ဘယ်လောက် ညစ်ပတ်လိုက်သလဲလို့။ အိမ်သာထဲကိုလည်း ကြည့်လိုက်ဦး။ လူတွေက မဖြစ်လို့သာ အဲဒီအထဲ လိုက်နေကြတာ၊ ညစ်ပတ်လိုက်တဲ့ ဖြစ်ချင်း။ ရေကမရှိ၊ မီးကမလာ။ ရထားဘယ်ညာယိမ်းတိုင်း ပန်းချင်တိုင်းပန်း၊ ပါချင်တိုင်းပါ ထားလိုက်ကြတာ။ အရေးထဲ တံခါးချက်က မကောင်းတော့ အထဲကနေ လက်နဲ့ဆွဲထားရသတဲ့။ ဒါနဲ့ လက်မှတ်စစ်နဲ့ တွဲထိန်းလာတော့ ကျွန်တှောတို့ အဖွဲ့က အဲဒီအခက်အခဲကို ပြောပြကြတယ်။ ပထမတစ်ခေါက် တုတ်တုတ်တောင် မလှုပ်ဘူးဗျား။ နောက်ထပ်တစ်ခေါက် လာတော့မှ အိမ်သာထဲမှာ လူဝင်နေလို့ မရဘူးဆိုပြီး အဲဒီလူတွေကို ထွက်ခိုင်းတယ်။ မထွက်ရင် သေးနဲ့ပန်းပစ်လိုက်လို့ ပြောသွားသေးတယ်။ မိုက်တယ်နှော။ ဒါနဲ့ နောက်ဆုံး ဘာလုပ်ရလဲဆိုတော့ တစ်နေရာရာမှာ ရထား ငါးမိနစ် ဆယ်မိနစ် ရပ်တယ်ဆိုတော့မှ ရထားပှေါက ခက်ခက်ခဲခဲဆင်းပြီး ပြသဿသနာ ဖြေရှင်းကြရတယ်။

ရထားဆိုတာ Mass Transportation မှာအရမ်းကို အခရာကျတဲ့ ယာဉ်တစ်မျိုးပါ။ ကျွန်တှောတွေ့ရသလောက် ဒီတွဲပှေါမှာ ပါလာတဲ့သူတိုင်းလိုလို တရားသာမဝင်ရင် မဝင်မယ် ပိုက်ဆံပေးပြီး လက်မှတ်မဲ့ စီးလာကြသူတွေပါပဲ။ သာမန်ပြည်သူတွေ အနေနဲ့က ဒီလောက်ဝေးတဲ့ ခရီးကို ဒီရထားပဲ အားကိုးပြီး သွားနေကြရတာ။ ပြောချင်တာက ကျွန်တှောတို့ဆီမှာ ပိုက်ဆံပေးတိုင်း ဆားဗစ် ပြန်မရတာကိုပါ။ ကိုယ်က အလကားစီးတာလည်း မဟုတ်၊ ပိုက်ဆံလည်း ပေးရသေးတယ်။ လက်မှတ်စစ် တွဲထိန်းတွေရဲ့ အဆူအငေါက်ကိုလည်း ခံရသေးတယ်။ အဲ ပြောရဦးမယ်။ ရွှေဘိုကျှောကျှောက ဘူတာတစ်ခုရောက်ခါနီးတော့ ကျွန်တှော့သူငယ်ချင်း ထိုင်နေတဲ့ ခုံဘေးက ပြူတင်းပေါက်ကို လူတစ်ယောက် အတင်းတိုးဝင်တက်လာမို့ ဒီကောင်က မတက်နဲ့ မတက်နဲ့ဆိုပြီး လက်နဲ့ ဆီးတွန်းထားတယ်။ အဲဒီလူက သူငယ်ချင်းကို အတင်းတွန်းဖယ်ပြီး အထဲကို ဝင်လာတယ်။ ပြီးတော့ ဘယ်ကောင်လဲကွ ငါ့ကိုတွန်းတာ၊ တက်လာတဲ့သူကို ဒါမျိုးတွန်းချတာ တရားစွဲလို့ရတယ်၊ မင်းကဘာကောင်လဲ ဘာညာနဲ့ အသားလွတ်တွေ ဟောက်ပါတော့တယ်။ ကြည့်လိုက်တော့ ရထားဝန်ထမ်း။ ကျွန်တှော မနေသာတော့ဘူး။ နေပါဦး ခင်ဗျားက တရားဥပဒေတွေဘာတွေ ပြောရအောင် တက်လာတာကိုက သူများပြူတင်းပေါက်ကနေ ခိုးကြောင်ခိုးဝှက်၊ ခင်ဗျားအောက်မှာ အိပ်နေတဲ့သူရှိတယ်၊ အရေးကြီးတဲ့ စာရွက်စာတမ်းပါတဲ့ အိတ်တွေကို ခြေထောက်နဲ့ နင်းထားသေးတယ်။ ခင်ဗျားကလူပါးဝလို့၊ ဘယ်ကလဲ ဘယ်သူလဲ။ ကျုပ်တို့ကိုလာဟောက်မနေနဲ့ ကိုယ့်လက်မှတ်ခ ကိုယ်ပေးပြီး စီးလာတာလို့ ပြောလိုက်တော့မှ ရှူးရှူးရှားရှားနဲ့ တောက်တက်ခေါက်ပြီး ဝင်လာရာအပေါက်ကနေ ပြန်ဆင်းသွားတယ်ဗျား။ ကျန်တဲ့ခရီးသည်တွေကတော့ ကြောင်ကြည့်လို့။

ခင်ဦးနားရောက်တော့ ခရီးသည်တွေက ပြောကြတယ်။ တံခါးတွေကို ပိတ်မထားရင် လယ်သူမတွေ ပေါင်ပှေါတက်ထိုင်လိမ့်မယ်တဲ့။ ကျွန်တှောတို့ တစ်ဖွဲ့လုံး မယုံကြဘူး။ မဖြစ်နိုင်ဘူးပေါ့။ ဒါနဲ့ အဲဒီကိုလည်း ရောက်ရော အုံပြီး လိုက်လာတဲ့ လူစုကြီးကို တွေ့တော့မှ တံခါးတွေ ပိတ်ကြရတယ်။ အောက်ကနေ တံခါးဖွင့်ပေး တံခါးဖွင့်ပေးဆိုပြီး ငရဲသားတွေလို ဆဲဆို အှောဟစ်နေသံတွေ ကြားရသေးတယ်။ ဒါပေမယ့် ကျွန်တှောတို့ကသာ ပိတ်တာ ဖွင့်ချင်တဲ့သူက ဖွင့်ပေးလိုက်တော့ တိုးဝှေ့တက်လာလိုက်တာများ ကမဿဘာပျက်မတတ်ပဲ။ သူတို့အခက်အခဲကို ကျွန်တှောတို့ နားလည်ပါတယ်။ သူတို့မှာ ခရီးအဝေးကြီးကနေ လာပြီး အလုပ်လုပ်နေကြရတာ။ ပြန်စရာက ဒီရထား တစ်စင်းပဲ ရှိတယ်လေ။ သနားဖို့လည်းကောင်းတယ်။ ဒါပေမယ့် ကျွန်တှောတို့ဟာ သနားစရာနဲ့ အလုပ်သဘောကို ခွဲခြားတတ်ဖို့တော့ လိုအပ်မယ် ထင်မိတယ် အဘရဲ့။ 

မိုးညှင်းအလွန်က ဘူတာတစ်ခုရောက်တော့ ပြသဿသနာတစ်ခုက ဖြစ်ပြန်ရော။ ရထားရပ်ချိန်က ၃မိနစ်လောက်ပဲဖို့ တင်လာတဲ့ အထုတ်တွေကို အလုပ်သမားတွေ လာဆွဲချတော့တယ်။ ကျွန်တှောတို့ကလည်း ကိုယ့်အထုတ်တွေ ရောပါမသွားအောင် ဂရုစိုက် ကြည့်နေရတာပေါ့။ အဲဒီအချိန်မှာ အားကနဲ အှောသံကြားလို့ ကြည့်မိတော့ ကျွန်တှောတို့ အဖွဲ့က အမကြီး တစ်ယောက်ရဲ့ ခြေထောက်ပှေါကို ဂှေါရခါးသီးအိတ်ပြုတ်ကျတာ။ ဒီအိတ်က လူနှစ်ယောက်တောင် မနည်းမရလောက်အောင် အချိန်စီးတာ။ အဲဒါကို အလုပ်သမားတစ်ယောက်က အတင်းမပြီး ပြူတင်းပေါက်ကချဖို့ ကြိုးစားရင်း အဲဒီအမကြီး အပှေါကို ပြုတ်ကျတာ။ အလုပ်သမားက ဘာဖြစ်သွားသေးလဲ ဆောရီးပြောပြီး လစ်သွားတော့တယ်။ ဟိုအမကြီးခမျာ နာလွန်းလို့ ငိုလိုက်တာ ဘယ်သူမှ လာပြီး အရေးယူ ဆောင်ရွက်ပေးတာ မရှိဘူး။ 

စိတ်ရှိတိုင်းသာ ရေးရမယ် ဆိုရင်တော့ အဘရယ် စာအုပ်တစ်အုပ်လောက် ဖြစ်သွားလိမ့်မယ်။ ဒါကြောင့် ဒီအဖြစ်အပျက်လေးတွေနဲ့တင် တှောပါပြီ။ အဘက ခဏခဏ ပြောတယ်လေ။ လူတွေအကြောင်းသိချင် လူတွေအထဲဝင်ကြည့် ဘာညာနဲ့။ တကယ်တမ်း အဘဝင်နေတာက အထက်တန်းစား လူတွေကြားထဲကိုလေ။ အဲဒီတော့ အဘဒါမျိုးတွေ နဲနဲလေးတောင် သိမှာ မဟုတ်ဘူး။ ဒါကြောင့် အဘလဲ စာအုပ်ထဲက စာတွေနဲ့ပဲ တရားမှတ်မနေပါနဲ့ဦး။ အပြင်ဘဝ အောက်ခြေလူတန်းစားတွေမှာ ဘာတွေ ဖြစ်နေလဲဆိုတာ ကိုယ်တိုင်ကိုယ်ကျ ကြည့်ကြည့်ပါဦးလို့ ကျွန်တှောက အကြံပေးချင်မိတယ်။ အဲ ဟေ့..လူတွေ ဘာဖြစ်နေလဲကွလို့ အဘတပည့်တွေကိုတော့ ဒီအတိုင်း သွားမမေးလိုက်နဲ့နှော။ သူတို့ကတော့ အလုပ်ရှုပ်ခံပြီး အဲဒါတွေ အဘကို သိအောင် ပြောကြမှာ မဟုတ်ဘူး။ အားလုံး ကောင်းပါတယ်ဆရာ၊ အားလုံး အဆင်ပြေပါတယ်ဆရာ ဆိုပြီးပဲ ပြောကြမှာ။ ဒါမှလည်း အဘစိတ်ချမ်းသာမှာကိုး။ တကယ်တော့ ကျွန်တှောလည်း အဘကို ဒါမျိုး စိတ်ဆင်းရဲစရာတွေ ဘယ်ပြောချင်ပါ့မလဲ။ ပျှောရွှင် စိတ်ချမ်းသာစရာကောင်းတဲ့ ခရီးစဉ်လေး တစ်ခုအကြောင်းပဲ ပြောချင်တာပေါ့။ ဒါပေမယ့် အဘက မင်းခရီး အတွေ့အကြုံလေးတွေ ပြောပြဦးဟလို့ ဆိုလာတာမို့ မချွင်းမချန် အမှန်အတိုင်းပဲ အဘသိအောင် စာရေးလိုက်တာပါ။ စိတ်ချမ်းသာချင်ရင်တော့ ကလပ်လေးတက်၊ အနှိပ်ခန်းလေးသွား အဘရေ၊ လူတွေဘယ်လိုဖြစ်နေတယ်ဆိုတာ သိချင်ရင်တော့ အဘ ရထားကို ရိုးရိုးတန်းက စီးကြည့်ပါဦးလို့။


ရိုသေစွာဖြင့်


ပီအက်စ်။ ဒီစာကို ရေးနေတုန်းမှာပဲ ကျွန်တှော့ခရီးဆောင် အိတ်ထဲက အကဿငျီတွေကြားကနေ ကြမ်းပိုးငါးကောင်နဲ့ သားပေါက်လေးတွေ အများကြီး ထွက်လာတယ်လို့ သူငယ်ချင်းက သတိပေးတာမို့ နေပူထုတ်လှမ်း လိုက်ရသေးတယ်။


2 Responses to “အဘကိုရထားစီးကြည့်စေချင်တယ်”

myat said...

ဖတ်ရင်းနဲ့မျက်လုံးထဲမှာတကယ်မြင်လာပြီးသက်
ပြင်းအခါခါချမိပါတယ်။နောက်ပြီးစိတ်မကောင်း
ဖြစ်၊နောက်စိတ်ပူ။

Lun Lunn said...

ကိုညီလင်းဆက် …

လွန်ခဲ့တဲ့ ၁၅ နှစ်ကျော်လောက်က မန္တလေးကနေ မြစ်ကြီးနားကို သွားတုန်းက ကျွန်တော့် အဖြစ်ကို ပြန်သတိရမိတယ်။ အတွင်းမှာ စီးရတဲ့သူထက် အဆပေါင်းများစွာ ဆိုးဝါးတဲ့ အပြင်မှာ တွယ်စီးရတဲ့ သူတွေရဲ့ အဖြစ်ပါ။

ထုံးစံအတိုင်း ထိုင်ခုံမရလို့ ထိုင်ခုံမဲ့နဲ့လိုက်ခဲ့ရတာ။ ထိုင်ခုံမဲ့ရုံတင်မကဘူး၊ တွယ်ကိုစီးခဲ့ရတာ။ အဲ့ဒီတုန်းက ကျွန်တော်ကလူကောင်လည်းသေး၊ ငယ်လည်းငယ်တော့ သူများတိုးတာ ခံရင်း အပြင်ဘက်ဆုံးကို ရောက်သွားတယ်။

မြင်အောင် ပြောပြရရင် ရထားပေါ်တက်တဲ့ အတွဲပေါက်ဝက သံလက်ကိုင် တစ်ဖက်တစ်ချပ်ကို လက်တစ်ဖက်စီနဲ့ ဆုပ်ကိုင်ထားပြီး ကိုယ့်ရှေ့က တွယ်စီးလာတဲ့သူတွေကို အပြင်ထွက်မကျအောင် ကိုယ်က ကာ/ထိန်းပေးထားရသလိုမျိုး။

အထဲကမှာလည်း လူတွေက ပြည့်လျှံနေတော့ အတွင်းဖက်က တိုးတိုင်း ကျွန်တော့်မှာ ပြုတ်မကျအောင် တောင့်ခံရလွန်းလို့ လက်မောင်းတွေ အောင့်လာတယ်။ တစ်ချိန်တည်းမှာပဲ လမ်းဘေးက ခုတ်ထွင်ရှင်းလင်းထားခြင်း မရှိတဲ့ အလေ့ကျပေါက်နေတဲ့ ခြုံတွေ၊ အပင်တွေက အခက်အလက်တွေက ကျွန်တော့် ခြေသလုံးကို တစ်ဖျတ်ဖျတ် ရိုက်တာ ကြာတော့ ပုဆိုးက ပြဲလာပြီး သွေးတောင် ထွက်လာတယ်။

လက်မောင်းကလည်း ကြာလာတာနဲ့အမျှ မတရားအောင့်လာ၊ ခြေသလုံးကလည်း သွေးထွက်၊ ကိုယ့်ကိုကိုယ် ဘယ်လောက်ထိ တောင့်ခံနိုင်ပြီး ဘယ်အချိန်မှာ ပြုတ်ကျမယ်ဆိုတာ မသိနိုင်တော့လောက်အောင် အရှင်လတ်လတ် ငရဲရောက်နေတာ။ အသက်ဘေးကို ငဲ့ပြီး ဆင်းနေခဲ့ချင်လို့လည်း ဆင်းလို့ မရတော့ဘူး။ နောက်တစ်ဘူတာရောက်ဖို့က တော်တော် လိုသေးတယ်။

ကံကောင်း ထောက်မစွာ အတူတူ တွယ်စီးလာတဲ့လူကြီးတွေက သိသွားပြီး အထဲက လူတွေကို နားလည်အောင် ပြောဆို အကူအညီတောင်းပေးလို့ သေကံမရောက် အသက်မပျောက်ခဲ့ရတာ။

ကိုညီလင်းဆက် အတွေ့အကြုံကို ဖတ်ရတော့ အခုချိန်ထိ မပြောင်းလဲဘဲ ဆိုးဝါးနေတုန်းပဲဆိုတာ သိရတဲ့အတွက် စိတ်မကောင်းခြင်းများစွာ ဖြစ်မိတယ်။

ဒီလို ညံ့ဖျင်းဆိုးရွားမှုမှာ စံတင်တဲ့ သယ်ယူပို့ဆောင်ရေးစနစ်နဲ့ အမြဲသွားလာနေရတဲ့ ကျွန်တော်တို့နိုင်ငံရဲ့ အခြေခံ လူတန်းစားတွေရဲ့ဘ၀ကို မီးမောင်းထိုး၊ ကယ်တင်စောင့်ရှောက်ကြဖို့ ကြိုးစားမှုတွေမှာ တတ်နိုင်သမျှ ပါဝင်ချင်ပါတယ်။

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz