Tuesday, September 23, 2008

Technorati's State of Blogosphere 2008

Technorati's State of Blogosphere 2008




အင်တာနက် သုံးဖြစ်တာနဲ့ သတင်းတွေ လိုက်ဖတ်ကြည့်တော့ Technorati ရဲ့ ၂ဝဝဂဘလောဂ်စစ်တမ်း ထွက်လာတာ တွေ့လိုက်ရတယ်။ မြန်မာပြည်မှာတော့ ဘလောဂ်ဆိုတဲ့ စကားလုံးဟာ Sensitive Word တစ်ခုလို ဖြစ်နေတယ်။ သတင်းဂျာနယ် တချို့မှာ ဘလောဂ်အကြောင်း ရေးလို့မရဘူးလို့ သိရတယ်။ ဘာဖြစ်လို့လဲတော့ မသိပါဘူး။ Technorati က ဖှောပြထားတဲ့ Blogger နဲ့ Blogging ဆိုတာလေးက ထိမိလွန်းပါတယ်။

Blogging is…

* A truly global phenomenon: Technorati tracked blogs in 81 languages in June 2008, and bloggers responded to our survey from 66 countries across six continents.
* Here to stay: Bloggers have been at it an average of three years and are collectively creating close to one million posts every day. Blogs have representation in top-10 web site lists across all key categories, and have become integral to the media ecosystem.

Bloggers are…

* Not a homogenous group: Personal, professional, and corporate bloggers all have differing goals and cover an average of five topics within each blog.
* Savvy and sophisticated: On average, bloggers use five different techniques to drive traffic to their blog. They’re using an average of seven publishing tools on their blog and four distinct metrics for measuring success.
* Intensifying their efforts based on positive feedback: Blogging is having an incredibly positive impact on their lives, with bloggers receiving speaking or publishing opportunities, career advancement, and personal satisfaction.

Techorati ဆိုတာ ဘလော့ဂါတိုင်းနဲ့ မကင်းတဲ့ Social Bookmarking နေရာတစ်ခုပါ။ Technorati ဟာ ၂၀၀၂ခုထဲက ဘလောဂ်တွေကို Indexing လုပ်လာခဲ့တာ အခုအချိန်အထိ Blog Record ပေါင်း ၁၃၃သန်း ရှိခဲ့ပြီလို့ သိရတယ်။ လွန်ခဲ့တဲ့ လေးလအတွင်းမှာတင် ဘလောဂ်စာမူပေါင်း ခုနစ်သန်းခွဲလောက် ရှိခဲ့ပါတယ်တဲ့။

ComScore ရဲ့ ထုတ်ပြန်ချက်အရဆိုရင် အမေရိကန် တစ်နိုင်ငံထဲမှာတင် ဘလောဂ်တွေရဲ့ Unique Visitor ဟာ ၇၇.ရသန်းခန့် ရှိပါတယ်။ Emarketer ရဲ့ အဆိုအရ ဆိုရင်တော့ ၂၀၀၇ ခုနှစ်မှာ ဘလောဂ်ဖတ်သူ အရေအတွက်ဟာ ယူအက်(စ်) တစ်ခုတည်းမှာ ၉၄သန်းကျှောနဲ့ ဘလော့ဂါ ၂၂.၆သန်းကျှော ရှိတယ်လို့ သိရပါတယ်။ ရဲ့ အဆိုအရ ဆိုရင်တော့ တစ်ကမဿဘာလုံးမှာ ဘလော့ဂါ ၁၈၄သန်းနဲ့ ဘလောဂ်ဖတ်သူ ၃၄၆သန်းလောက် ရှိတယ်လို့ ဆိုပါတယ်။ အင်တာနက် ပုံမှန် အသုံးပြုသူတွေရဲ့ ၇၇% က ဘလောဂ်တွေကို ပုံမှန် ဖတ်ကြသူတွေပါတဲ့။

Technorati အဓိက ထောက်ပြတဲ့ အချက်တစ်ခုက ဘလောဂ်တွေကနေ ဝင်ငွေ ရနိုင်ခြင်းပါ။ ပုံမှန်လည်ပတ်နေတဲ့ ဘလောဂ်တစ်ခုဟာ တစ်နှစ်မှာ ကြှောငြာတွေကြောင့် ဒှေါလာ ၆၀၀၀ ကျှော ဝင်နိုင်ပါတယ်တဲ့။ တစ်နှစ်လုံးအတွက် Unique Visitor တစ်သိန်းကျှောတဲ့ ဘလော့တွေ ဆိုရင်တော့ ဒှေါလာ ခုနစ်သောင်းငါးထောင် ကျှောနိုင်ပါတယ်တဲ့။

ဘလောဂ်ဆိုတာ ရေစီးကြောင်း တစ်ခုပါ။ ထူးထူးခြားခြားတော့ မဟုတ်ပါဘူး။ ထူးခြားတာက သူ့ရဲ့ သက်ရောက်မှုပါပဲ။ မြန်မာပြည်မှာရော ဘလောဂ်တွေ ဘယ်နှစ်ခု ရှိပြီလဲ။ ဘလော့ဂါတွေ ဘယ်နှစ်ရောက် ရှိပြီလဲ။ ကျွန်တှောတို့ဆီမှာလည်း သူတို့လို သုတေသန ပြုနေတဲ့ အဖွဲ့လေးတွေ ရှိရင် သိပ်ကောင်းမှာပဲ။ မြန်မာပြည်မှာ Human Resources ကောင်းကောင်းရှိနေတယ်။ နောင်တချိန် အင်တာနက်ကို ကျယ်ကျယ်ပြန့်ပြန့် သုံးနိုင်တဲ့ တနေ့ကျရင် ကျွန်တှောတို့ဟာ အိမ်နီးချင်း ထိုင်းနိုင်ငံကိုတော့ ကောင်းကောင်း ကျှောတက်နိုင်မှာပဲလို့ ယုံကြည်နေမိတယ်။



References

http://www.technorati.com/blogging/state-of-the-blogosphere/
http://venturebeat.com/2008/09/22/technorati-releases-data-on-state-of-the-blogosphere/
http://news.cnet.com/8301-17939_109-10048448-2.html

No response to “Technorati's State of Blogosphere 2008”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz