Thursday, September 4, 2008

Myanmar Blogger Society

MBS ထဲမှာ လိုက်ဖတ်ရင်း မခင်မင်းဇှော ဆိုတဲ့ အမျိုးသမီးတစ်ယောက် ရေးထားတာလေးကို ပြန်တင်ထားတာ သွားတွေ့တယ်။ မြန်မာဘလော့ဂါ ဆိုဆိုက်တီး www.myanmarbloggersociety.ning.com အကြောင်းဆိုပါတော့။ လူတစ်ယောက်ချင်းစီရဲ့ ကိုယ်ပိုင်အမြင်ကို ဘာမှတော့ မပြောလိုပါဘူး။ ဒါပေမယ့် ရေးထားတာက မဟုတ်သေးတာမို့ ရင်ထဲမယ် အောက်ဂလိအာ ဖြစ်လာတယ်။

ဒီနတ်ဝေါ့ကို လုပ်မယ်ဆိုပြီး ကျွန်တှောတို့ ကြိုးစားခဲ့ကြတာ ကြာပါပြီ။ အကြိမ်ပေါင်းများစွာ ကျွန်တှောတို့ တွေ့ဆုံဆွေးနွေးပြီး လုပ်ဖို့ တိုင်ပင်ခဲ့ကြတယ်။ နောက်ပိုင်း အခြေအနေ အရပ်ရပ်ကြောင့် မလုပ်နိုင်ခဲ့ဘူး။ ဒါနဲ့ ဟိုတလောကမှ Ning မှာ ပထမဆုံး ဆုံရပ်တစ်ခု အနေနဲ့ ကျွန်တှော စလုပ်ခဲ့တယ်။ ကျွန်တှောမှ မဟုတ်ပါဘူး တခြားလူ စလုပ်လည်း ရတာပဲ။ သူများ မလုပ်လို့ ကျွန်တှော လုပ်ခဲ့တာပဲ မထူးဆန်းလှပါဘူး။ ဒါပေမယ့် ဒီနတ်ဝေါ့ လုပ်ဆောင်ခြင်းရဲ့ ရည်ရွယ်ချက်လေးတွေ ရှိတယ်။

အဓိကအကျဆုံး ဦးတည်ချက်က ဘလော့ဂါတွေ ကြားထဲမှာ အချင်းချင်း တစ်နေရာထဲကနေ ဆက်သွယ်နိုင်မယ့် Social Network နေရာလေးတစ်ခု ဖြစ်လာစေဖို့ပဲ ဖြစ်ပါတယ်။ ဒီလိုသာ ဖြစ်လာရင် ကျွန်တှောတို့ အချင်းချင်း ဆက်သွယ်ရေး ပိုကောင်းလာမယ်။ Cooperation ပိုကောင်းလာမယ်။ ရင်းနှီးမှု ပိုလာမယ်ပေါ့။ နောက်တစ်ခုက ဘလောဂ်ပေါင်း ထောင်ချီနေတာကို ကျွန်တှောတို့ လိုက်မဖတ်နိုင်ကြဘူး။ ဒီတော့ အဲဒီဘလောဂ်ပေါင်း များစွာကို တစ်နေရာထဲကနေ ဖတ်နိုင်အောင်၊ ဘယ်သူဟာ ဘယ်လိုစာမျိုး ရေးတယ်ဆိုတာ ခန့်မှန်းနိုင်အောင် ဖြစ်ပါတယ်။ နောက်တစ်ခုက အားလုံး အခမဲ့ ဘလောဂ်ရေးနေကြတာကနေ အင်တာနက် လောကကြီး ဖွံ့ဖြိုးလာတဲ့တစ်နေ့၊ အဲဒီအပှေါမှာ စီးပွားရေး လုပ်ငန်းတွေ ဖြစ်ထွန်းလာတဲ့တစ်နေ့ ဒီအခမဲ့ ဘလောဂ်တွေကနေ ပိုက်ဆံဝင်လာအောင်၊ ကိုယ်ပိုင်ဝင်ငွေ ရှာနိုင်လာအောင် လုပ်ကြဖို့ပဲ ဖြစ်ပါတယ်။ ဒီလို Social Network ဆိုတာ မြန်မာလူထုကြားမှာ ခေတ်စားလာတာ သိပ်တောင် ကြာလှသေးတာ မဟုတ်ပါဘူး။ အဲဒီအတွက် လူအားလုံးက Participate လုပ်ပါမှ ဒီ ယဉ်ကျေးမှုက ပြန့်ပွားလာမှာပါ။

နားလည်သင့်တာက ဒါမျိုးလုပ်တာမှာ လူအမျိုးမျိုး စိတ်အထွေထွေ ပါလာကြတာပဲ။ ချက်အောက်ပိုင်းအကြောင်း ရေးတဲ့သူတွေ ပါလာတယ်။ နိုင်ငံရေး ရေးတဲ့သူတွေ ပါလာတယ်။ ဆဲစာဆိုစာ ရေးသူတွေ ပါလာတယ်။ အမျိုးမျိုးပဲ။ ဒါပေမယ့် ဒီနတ်ဝေါ့ဟာ ဒါမျိုးတွေအတွက် မဟုတ်ပါဘူး။ ကိုယ်ပိုင် ဘလောဂ်မှာ ကိုယ့်ဘာသာ ကြိုက်တာရေး ပြသဿသနာ မရှိပေမယ့် လူပေါင်းများစွာနဲ့ လုပ်နေတဲ့ အလုပ်မှာတော့ ပြသဿသနာ ရှိပါတယ်။ လူတစ်ယောက် Porn အကြောင်း ရေးတာနဲ့ ဘလော့ဂါတွေ ဒါတွေ ရေးနေတာပဲလို့ အပြောမျိုးတော့ မဖြစ်စေချင်ဘူး။ ဒီတော့ စည်းမျဉ်းတွေ သတ်မှတ်ရတယ်။ ဒီလိုသတ်မှတ်တော့လည်း ဒီမိုကရေစီကို ရေလဲသုံးပြီး ဘာလုပ်လုပ် ယူဇာနဲ့ တိုင်ပင်ရမယ် ဘာညာ လုပ်လာကြတယ်။ အရာအားလုံးမှာ သူ့အကန့်နဲ့ သူရှိတယ်။ သူ့စည်းမျဉ်းနဲ့ သူရှိတယ်။ ဒီနတ်ဝေါ့ကိုလည်း ပါတီစီပိတ် လုပ်သေးတယ်။ ဒီစည်းမျဉ်းကိုလည်း လက်မခံနိုင်ဘူးဆိုတာဟာ Group Project, Group Work မလုပ်တတ်လို့ပဲ ဖြစ်ပါလိမ့်မယ်။ ဒါကို လုပ်ခဲ့ကြတဲ့ လူအားလုံး အစည်းအဝေးတွေတက်၊ ညှိနှိုင်းတိုင်ပင်ပြီးမှ လုပ်ကြတာပါ။ တစ်ခါမှ အစည်းအဝေးလည်းမလာ၊ ဘာ Cooperation မှလည်းမလုပ် တစ်ခါမှ Blog Activities တွေမှာ မပါဝင်ခဲ့ဖူးသူတွေက ဒါမျိုးတွေ ပြောကြတာကတော့ ေတာှေတာှ့ကို ရယ္စရာ ကိစဿစပဲ ဖြစ်ပါတယ်။

အဲဒီမှာ မှောဒီရေတာ လုပ်နေကြသူတွေဟာ အင်တာနက်လောကမှာ တှောတှောကျင်လည်ခဲ့ကြပြီးသူတွေ ဖြစ်ပါတယ်။ ဖိုရမ်တွေရေး၊ ဘလော့တွေရေး၊ မိုက်ခရိုဘလော့ဂင်းတွေလုပ်ရင်း အတွေ့အကြုံ ရှိဖူးသူပါ။ မှောဒရေတာတိုင်းမှာ အခက်အခဲတွေ ရှိတယ်။ ဒါကို မှောဒရေတာ လုပ်ဖူးသူတွေပဲ သိတယ်။ လူပေါင်းများစွာနဲ့ အလုပ်လုပ်ရာမှာ တိကျတဲ့ စည်းမျဉ်း ရှိဖို့ လိုပါတယ်။ အဲဒီစည်းမျဉ်းတွေကို လိုက်နာနိုင်မှလည်း ဒီနတ်ဝေါ့က အရှည်သဖြင့် တည်တံ့မယ်။ အဲဒီအတွက် မည်သူ့ကိုမဆို စည်းမျဉ်းစည်းကမ်း ဖောက်ဖျက်လာရင် ပထမဆုံး သတိပေးတယ်၊ အဲဒီလို သတိပေးလို့မှ မရရင် ဘန်းပစ်ရပါတယ်။ ဒါဟာ ဝဘ်လောကမှာ ကောင်းကောင်းကြီး ကျင်လည်ဖူးသူတိုင်း သိကြတဲ့ ကိစဿစတွေပါ။ ဒီနေရာမှာ နိုင်ငံခြားနဲ့ မြန်မာကို နှိုင်းယှဉ်လို့တော့ မဖြစ်နိုင်ဘူး။ ကျွန်တှောတို့ မြန်မာပြည်မှာ အကန့်အသတ်တွေ ရှိတယ်။

ဒီနတ်ဝေါ့ကို စလုပ်ကတည်းက အနှောက်အယှက် အမျိုးမျိုး တွေ့ရပါတယ်။ ကျွန်တှောတို့က Fake User တွေကို မလိုချင်ပါဘူး။ ဒါကြောင့် ဘလော့ဂါဆိုရင် ကိုယ်ပိုင် ဘလောဂ်တစ်ခု နာမည် ထည့်ရမယ်။ ဘလောဂ်ဖတ်သူဆိုရင် Blog Reader ဆိုတာလေး ရွေးရမယ်ဆိုပြီး စည်းကမ်း သတ်မှတ်ထားပါတယ်။ ဒါမှ အားလုံးက ဘလော့ဂါလား၊ စာဖတ်သူ သက်သက်လားဆိုတာ သိမှာပါ။ ဒါပေမယ့် အဲဒါကို မလိုက်နာဘဲ ပုံစံအမျိုးမျိုး အတုအမျိုးမျိုး လုပ်ပြီး ဝင်လာကြသူတွေ အများကြီးပါ။ ဦးတည်ချက် ရှိရှိနဲ့ ဝင်နှောက်ယှက်သူတွေလည်း အများကြီးပါပဲ။ ဝင်လာတယ် ပြီးတော့ ရေးချင်ရာရေးပြီး ခဏလေးနဲ့ ပြန်ထွက်သွားတယ်။ နောက်ပြန်ဝင်လာတယ်။ ဒီနတ်ဝေါ့မှာ ပြသဿသနာ ဖြစ်စေနိုင်တဲ့ အကြောင်းအရာတွေ ဓာတ်ပုံတွေ လာတင်တယ်။ ပြန်ထွက်သွားပြန်တယ်။ ဒါမျိုး အများကြီး ကြုံခဲ့ရတယ်။ အဲဒီအတွက် ဝင်ချင်သလိုဝင် ထွက်ချင်သလိုထွက် လုပ်ခွင့်မပေးတော့ဘူး။ သလာယံဇရပ် မဟုတ်ပါဘူး။ အဲဒီအတွက် ဝင်မယ် ထွက်မယ်ဆိုရင် အသိပေးတဲ့စနစ် ထားလိုက်ရတော့တယ်။ ထွက်မယ်ဆိုတဲ့သူကို မတားထားပါဘူး။ ဒါပေမယ့် မှောဒရေတာကို အသိတော့ ပေးရပါမယ်။ Just send a message ပါ။ ဒါဆိုရင် မှောဒိရေတာက လုပ်ပေးပါလိမ့်မယ်။ ကိုယ်လုပ်ချင်တာ လုပ်လို့ရတယ်လို့ ဘယ်အဖွဲ့အစည်းမှာများ ကြားဖူးပါသလဲဆိုတာ မေးချင်မိပါသေးတယ်။ ဘယ်နေရာမဆို Rules and Regulations ရှိပါတယ်။ Myanmar Blogger Society ပါဆိုမှ ဘလော့ဂါ မဟုတ်တဲ့ ဆိုက်ကားသမား လာအဖွဲ့ဝင်တာမျိုး ကျွန်တှောကတော့ သဘောမကျဘူး ရှင်းရှင်းလေးပဲ။ ဘလောဂ်ဖတ်သူ ခွဲတယ်ဆိုတာက အဆင့်ခွဲတာ မဟုတ်ပါဘူး။ စာရေးဆရာရှိသလို ပရိသတ်ရှိတယ်။ ပရိသတ်ဟာ စာရေးဆရာ မဟုတ်သေးဘူး။ နောင်တချိန် ပရိသတ်က စာရေးဆရာ ဖြစ်လာတဲ့အခါ စာရေးဆရာ အသင်းဝင်လိုက်ပေါ့။ ဒါဟာ ဘာများထူးခြားလို့လဲ။ ဘာလူ့အခွင့်အရေး ချိုးဖောက်နေလို့လဲ။ ဘယ်သူကမှ ဘယ်သူ့ကို မထိန်းချုပ်ထားဘူး။ ဒီနတ်ဝေါ့လေး အရှည်သဖြင့် တည်တံ့အောင် ကြိုးစား လုပ်နေကြတာပဲ ရှိတယ်။

အဆိုးဝါးဆုံးဖြစ်တဲ့ ဒီလိုလူတွေက ဒါမျိုးကို ဦးဆောင်နေရသလားဆိုတဲ့ အပြောမျိုး ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလူတွေအကြောင်း ဘယ်လောက် အသေးစိတ်သိလို့ ဒါမျိုး ပြောနေရတာလဲဆိုတာတော့ ဆန်းစစ်ဖို့ လိုပါလိမ့်မယ်။ အိုကေ ဒီလူတွေ မကောင်းဘူး ဒါဆိုရင် မခင်မင်းဇှောက ကမကထလုပ်ပြီး တာဝန်ယူ လုပ်မလား။ ဒီလူတွေကို ဒါမျိုးပြောတော့ မခင်မင်းဇှောကရော ဘာများလဲလို့ သိချင်လာမိတယ်။ ဒီလောကမှာ ဘယ်သူတွေ ဘယ်စိတ်ဓာတ်ရှိတယ်၊ ဘာတွေ လုပ်နေတယ် ဆိုတာ တှောတှောများများ အချင်းချင်းဆို သိကြပါတယ်။ တတ်နိုင်သမျှ အသင်းအဖွဲ့ လုပ်နေရတဲ့ ကိစဿစတွေမှာ အခြေအနေ အရပ်ရပ်ကို နားလည်စေချင်တယ်။ စိုးမင်းဟာ ဒီနတ်ဝေါ့ကြီး တစ်ခုလုံးရဲ့ System ပိုင်းကို အားတက်သရော လုပ်ပေးခဲ့တဲ့၊ လုပ်ပေးနေတဲ့ သူတစ်ယောက်ပါ။ သူ့ကြောင့် ဒီ Ning Network မှာ လုပ်လို့ မရတဲ့ ဖန်ရှင်အချို့ကို ကျွန်တှောတို့ လုပ်နိုင်ခဲ့တယ်။ သူနဲ့ သိခဲ့ကြတာ အခုမှလည်း မဟုတ်ပါဘူး။ ကြာခဲ့ပြီ။ နောက်တစ်ခုက သူလုပ်တဲ့ ကိစဿစတွေဟာလည်း ကျွန်တှောတို့အားလုံး သိပြီးမှ လုပ်ကြတာပါပဲ။ အဝင်အထွက်တွေ Intentionally အကြိမ်ပေါင်းများစွာ လုပ်နေတာ တွေ့ရလို့ အဲဒီဖန်ရှင်ကို ကျွန်တှောတို့ ခဏ ပိတ်ထားမယ်ဆိုပြီး ပိတ်ထားလိုက်တာပါ။ ခင်မင်းဇှောက ကျွန်တှောတို့ မြန်မာဘလောဂ်လောက ဖွံ့ဖြိုးတိုးတက်တာကို မြင်ချင်တယ်ဆိုရင် စတာတောင် ၁လမရှိသေးဘူး ဒါမျိုး မရေးသင့်ပါဘူး။ အခက်အခဲရှိရင် ပွင့်ပွင့်လင်းလင်းပြောပါ။ ညှိနှိုင်းတိုင်ပင်လုပ်ယူလို့ ရပါတယ်။ အခုန အခြေအနေတွေကို နားလည်သင့်ပါတယ်။

အပြုသဘောဆောင်တဲ့ အကြံပေးချက် ဆွေးနွေးချက်တွေကို ကျွန်တှောတို့ လက်ခံရပါတယ်။ ဒါပေမယ့် အခွင့်အရေး ဆိုတာ လူတိုင်းလူတိုင်းကို အကုန်ပေးလို့ မရနိုင်ပါဘူး။ ဒီ Culture မှာ ပျှောဝင်မယ်ဆိုရင် ဒီ Cultureရဲ့ သဘောသဘာဝ၊ ကိုယ့်ပတ်ဝန်းကျင်ရဲ့ သဘောသဘာဝ၊ ကိုယ့်လူတွေရဲ့ သဘောသဘာဝ တွေကိုတော့ သိဖို့ လိုပါလိမ့်မယ်။ ကျွန်တှော တှောတှော စဉ်းစားမိတယ်။ ဘာလို့ မြန်မာတွေဟာ Difficult to deal ဖြစ်ရသလဲလို့။ အဓိကကတော့ အလုပ်သဘောကို နားမလည်လို့ပဲ။ Community နဲ့ မဆက်ဆံ တတ်လို့ပဲလို့ မြင်တယ်။ အိုကေ အမ်ဘီအက်စ်ရဲ့ အခု မှောဒိရေတာ အဖွဲ့ထဲမှာ ကျွန်တှော မပါပါဘူး။ ဒါပေမယ့် ဒီကိစဿစဟာ ကျွန်တှောအဲဒီမှာ ရှိနေစဉ်က ဖြစ်ခဲ့တာ တစ်ခုမို့၊ ပြီးတော့ ကျွန်တှောပါဝင် စခဲ့မိတဲ့ ဇာတ်လမ်းတစ်ပုဒ်မို့ သူများတွေ အဲဒီစာဖတ်ပြီး သို့လောသို့လော ဖြစ်မှာစိုးတာကြောင့် ကျွန်တှော ပြန်ရေးလိုက်တယ်။ ကျွန်တှော သူမကို ပါဆင်နယ် မသိပါ။ ကျွန်တှော ဒါရေးတာဟာလည်း လက်ရှိ အမ်ဘီအက်စ် နတ်ဝေါ့နဲ့ ဘာပတ်သတ်မှုမှ မရှိပါ။


No response to “Myanmar Blogger Society”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz