Sunday, September 28, 2008

သူမင်းကို ဘယ်တော့မှ

Free Image Hosting at www.ImageShack.us

သူမင်းကို ဘယ်တော့မှ…
ဂျူး
ဂျူးစာပေ
စာမူခွင့်ပြု - ၅၀၁၀၀၉၀၇၀၈
ပထမအကြိမ်
စက်တင်ဘာ၊ ၂၀၀၈
အုပ်ရေ ၁၀၀၀
တန်ဖိုး ၂၀၀၀



တနေ့က ဆရာမဂျူးရဲ့ စာအုပ်အသစ် ထွက်တာမို့ ဝယ်လာဖတ်ဖြစ်တယ်။ ဂျူးဟာ ကျွန်တှောနှစ်သက်မိတဲ့ စာရေးဆရာ တစ်ယောက်ပါ။ ဂျူးရဲ့ စာအုပ်တွေကို ဖတ်တဲ့အခါ ကြည်အေးကိုလည်း သတိရမိတယ်။ ဒဗူးဗွားကိုလည်း သတိရမိတယ်။ ဂျူးကို feminist တစ်ယောက်လို့လည်း ထင်မိတယ်။ ဒါကလည်း သူကတှောတာကိုး။ တှောတဲ့ မိန်းမတစ်ယောက်မှာ ဒီလိုစိတ်မျိုး ရှိကောင်း ရှိမှာပဲ။ သူ့စာအုပ်တွေထဲမှာ ကျွန်တှောအကြိုက်ဆုံးက ပင်လယ်နှင့်တူသော မိန်းမများ၊ အကြိုက်ဆုံး ဝတဿထုတိုက ချစ်ခြင်း၏အနုပညာနဲ့ စာပို့သမား ဆိုတဲ့ ဝတဿထုနှစ်ပုဒ်။ အခုနောက်ပိုင်း ဂျူးရဲ့ ဝတဿထုတွေမှာ ပညာပေးတွေ အများကြီး တွေ့လာရတယ်။ ဂျူးကိုယ်တိုင်က သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းတွေ၊ အခြား NGO ပရောဂျတ်တွေ လုပ်နေသူမို့ ဒါတွေရဲ့ လွှမ်းမိုးမှုလို့ ကျွန်တှော ယူဆမိတယ်။ ဒီစာအုပ်အရင် ထုတ်ခဲ့တဲ့ လရောင်ရဲ့အောက်ဘက် မိုင်အဝေးမှာ ဆိုတဲ့ စာအုပ်ကိုတော့ ကျွန်တှော မကြိုက်ဘူး။ ချစ်သူရေးတဲ့ ကျွန်မရဲ့ညတွေလည်း မကြိုက်ဘူး။ အရင်စာအုပ်တွေလိုပဲ ဒီစာအုပ်ကိုလည်း ဂရုတစိုက် ဖတ်ဖြစ်ခဲ့တယ်။

သူမင်းကို ဘယ်တော့မှ… ဆိုတဲ့ ဝတဿထုကို အေးငြိမ်းမေ ဆိုတဲ့ မိန်းမတစ်ယောက်ရဲ့ အတဿထုပဿပတဿတိလို့ ပြောလို့ရတယ်။ အဓိက ဇာတ်ကောင် သုံးယောက် ပါဝင်ပါတယ်။ အေးငြိမ်းမေရယ်၊ သုတဆိုတဲ့ ကောင်လေးတစ်ယောက်ရယ်၊ ထင်လင်းဆိုတဲ့ အကိုကြီး တစ်ယောက်ရယ်။ ထင်ထင်ရှားရှား ဇာတ်ပို့ အနေနဲ့ဆို မမမြတ်ဆိုတဲ့ တရားသူကြီး တစ်ယောက်ပါတယ်။

အေးငြိမ်းမေဟာ သိပ်ဆင်းရဲတယ်။ အမေက ငယ်ငယ်က ဆုံးသွားတာမို့ မိထွေးနဲ့ နေရတယ်။ သူက စာဖတ်တာ သိပ်ဝါသနာပါတယ်။ သူ ခြောက်တန်းမှာ သူ့မိထွေးက သူ့ကို ကျောင်းကထုတ်ပြီး မြို့ပှေါမှာ အိမ်ဖှော လုပ်ဖို့ ခိုင်းလာတယ်။ အဲဒီအချိန်မှာ ကလေးများအတွက်ရံပုံငွေအဖွဲ့ သူတို့ရွာကို ရောက်လာတယ်။ အဲဒီအထဲက ထင်လင်းဆိုတဲ့ အကိုကြီးက သူစာတှောတာ သူကြိုးစားတာ သိသွားလို့ သူ့အတွက် ပညာသင်ဖို့ စရိတ်အားလုံးကို အဖွဲ့နဲ့ မဆိုင်ဘဲ သူ့လုပ်အားခထဲကနေ ကူညီပေးခဲ့တယ်။ ထင်လင်းရဲ့ ကူညီမှုကြောင့် အေးငြိမ်းဟာ ၁ဝတန်းကို မြန်မာ အဂဿငလိပ် နှစ်ဘာသာနဲ့ အောင်ခဲ့တယ်။ သူနဲ့ သူငယ်ချင်းက သုတဆိုတဲ့ ကောင်လေး။ ထင်လင်းဟာ အေးငြိမ်းမေကို ဘဝမြင့်မားတိုးတက်ဖို့ စာအုပ်တွေပေးဖတ်တယ်။ နည်းလမ်းတွေပေးတယ်။ ဒါပေမယ့် သူက အေးငြိမ်းနဲ့ ခပ်ကင်းကင်းပဲနေတယ်။ သူ့လိပ်စာကိုတောင် ပြောမပြဘူး။ အေးငြိမ်းကတော့ ထင်လင်းကို သူ့ကျေးဇူးရှင် တစ်ယောက်အနေနဲ့ လေးစားသလို၊ အားလည်းကျတယ်၊ သူပြောတဲ့အတိုင်း လုပ်မယ်လို့ စိတ်ကူးထားတယ်။ နောက်ပိုင်းမှာ သုတနဲ့ အေးငြိမ်းမေ ချစ်သွားတယ်။ သူတို့မြို့လေးမှာ မမမြတ်ဆိုတဲ့ တရားသူကြီး တစ်ယောက်ရှိတယ်။ အလွန်တိကျ၊ လာဘ်မစားဘဲ အမှန်တရားကို မြတ်နိုးသူပေါ့။ ထင်လင်းဟာ အဲဒီကို လာရင်းလာရင်းက မမမြတ်ကို သဘောကျနှစ်သက်ခဲ့တယ်။ မမမြတ်ကလည်း ထင်လင်းကို သဘောကျတယ်။ ဒါပေမယ့် ချစ်သူတွေတော့ မဖြစ်သေးဘူးပေါ့။ ဒါပေမယ့် သုတကတော့ ထင်လင်းကို လုံးဝမကျေနပ်ဘူး။ ထင်လင်းဟာ အေးငြိမ်းမေကို ချုပ်ကိုင်တဲ့သူ၊ အကြံအစည်နဲ့ ဒါတွေကို ကူညီခဲ့တဲ့လူလို့ ထင်နေတယ်။ ဒါနဲ့ တစ်ရက်မှာ ထင်လင်း ခြံကြီးတစ်ခုထဲမှာ ဓာတ်ပုံရိုက်နေတုန်း သုတက ထင်လင်းကို အကြောင်းမဲ့ တိုက်ခိုက်ခဲ့တယ်။ နောက်ဆုံး သုတကိုရိုက်မှုနဲ့ ထင်လင်း တရားစွဲ ခံရတယ်။ တကယ်တမ်း ကိုင်ရမယ့် တရားသူကြီးက မမမြတ်ပေမယ့် သူက ထင်လင်းကို ရင်းနှီးနေတာမို့ အခြားတစ်ယောက်ကို လွှဲပေးလိုက်တယ်။ ထင်လင်းက ကျမ်းကျိန်ပြီး သူမရိုက်ဘူးပြောတယ်။ သူမရိုက်ရင် ဘယ်သူရိုက်တယ် ဆိုတာကိုလည်း သူက မသိဘူးလို့ ပြောတယ်။ သုတကလည်း သူမသိဘူးပဲပြောတယ်။ နောက်ဆုံး သက်သေမရှိတာမို့ ထင်လင်း ထောင်ခြောက်လ ကျသွားတယ်။ မမမြတ်ကတော့ သူ့ကို ထင်လင်းက ယုံကြည်ချက်ကို ဖျက်ဆီးသွားတဲ့သူဆိုပြီး အဆက်ဖြတ်လိုက်တယ်။ တကယ်တမ်း သုတကို ရိုက်တဲ့သူက အေးငြိမ်းမေ ဖြစ်နေခဲ့တယ်။ နောက်ဆုံးမှာတော့ အရာအားလုံး ရှင်းလင်းပြီး ထင်လင်းနဲ့ မမမြတ် လက်ထပ်သွားခဲ့ပါတယ်။ ဒါပေမယ့် မရှင်းလင်းခဲ့တာက…

ဂျူးဟာ ဒီဝတဿထုကို အင်တာဗျူး ပုံစံလေးနဲ့ Story Retold ကိုရောပြီး ရေးသွားတာ တွေ့ရပါတယ်။ အေးငြိမ်းမေဟာ နိုင်ငံခြား အဖွဲ့အစည်းတစ်ခုမှာ အလုပ်လျှောက်တော့ ဟိုဘက်က သာမန်နဲ့ မတူတဲ့ အင်တာဗျူး မေးခွန်းလေးတွေ မေးရာကနေ ဒီဝတဿထုတစ်ပုဒ်လုံး ဖြစ်သွားခဲ့တယ်။ ဒီအထဲမှာ ဆရာမဂျူးက မေးခွန်း ၁ဝခု မေးထားပါတယ်။

1. မင်းဘဝမှာ အရေးအပါဆုံးလို့ မင်းထင်တဲ့ အချိုးအကွေ့ တစ်ခု
2. ဘဝမှာ မင်းကိုယ်တိုင် ဖြေရှင်းရပြီး အောင်မြင်ခဲ့တဲ့ အခက်အခဲ ပြသဿသနာ တစ်ခုအကြောင်း
3. မင်းအပှေါမှာ ဩဇာအလွှမ်းမိုးဆုံး စာအုပ်တစ်အုပ်အကြောင်း
4. ဆင်းရဲခြင်းကြောင့် ဖြစ်ရတဲ့ ဆိုးကျိုး တစ်ခုခုအကြောင်း
5. မိန်းမတွေ ပညာတတ်စေချင်တဲ့အကြောင်း၊ မိန်းမတွေ ဆင်ခြင်ဉာဏ် ရှိစေချင်တဲ့အကြောင်း
6. မင်းရဲ့ ဘဝဒသဿသနက ဘာလဲ
7. မြန်မာလူမျိုးတွေရဲ့ နေ့စဉ်အပြုအမူ၊ အပြောအဆိုတွေကို လွှမ်းမိုးထားတဲ့ စကားလုံးက ဘာလဲ
8. ရေရှည် ဖွံ့ဖြိုး တိုးတက်မှုဆိုတာဘာလဲ။ ဖွံ့ဖြိုး တိုးတက်မှုနဲ့ ပတ်သက်ပြီး မင်းကိုယ်တိုင် လုပ်ကိုင် ဆောင်ရွက်ခဲ့ဖူးတဲ့ လုပ်ငန်းတစ်ခုအကြောင်း
9. မင်းကို အဖွဲ့အစည်း တစ်ခုခုက၊ တစ်ယောက်ယောက်က ဒှေါလာနှစ်သိန်း ပေးလိုက်မယ် ဆိုပါစို့။ မင်းနိုင်ငံအတွက် မင်းဒီငွေကို အသုံးချပြီး ဖွံ့ဖြိုး တိုးတက်မှုမှာသုံးတော့ ဆိုရင် မင်းဘယ်နေရာမှာ အသုံးချမလဲ။ ဘယ်လို အသုံးချမလဲ။
10. ယုံကြည်မှု တည်ဆောက်ခြင်းဆိုတာ ဘာလဲ။ ယုံကြည်မှုကို ဘယ်လို တည်ဆောက်ရသလဲ။

ဒီအင်တာဗျူး မေးခွန်းတွေအတွက် အေးငြိမ်းမေရဲ့ အဖြေတွေဟာ ဒီဝတဿထုတစ်ပုဒ် ဖြစ်လာတာပါပဲ။ ဒီအဖြေတွေကို အေးငြိမ်းမေက သူ့ဘဝ ဖြတ်သန်းလာတဲ့အထဲက အဖြစ်အပျက်တွေနဲ့ ချိန်ထိုးပြီး ဖြေသွားခဲ့တယ်။ အေးငြိမ်းမေရဲ့ အဖြေတွေဟာ ဆရာမဂျူး ပေးချင်တဲ့ မက်ဆေ့တွေ ဆိုရင်တော့ အဓိကက ဆင်းရဲမှု တိုက်ဖျက်ရေးလို့ ထင်မိတယ်။ အေးငြိမ်းမေကလည်း ဒါတွေအားလုံးဟာ ဆင်းရဲလို့ အသိဉာဏ် မရှိလို့ ဖြစ်ရတာတွေလို့ တှောတှောများများ မီးမောင်းထိုးထားတယ်။

နံပတ်နှစ် မေးခွန်းမှာ အေးငြိမ်းမေရဲ့ ကိုယ်တွေ့ အဖြစ်အပျက်တစ်ခုကို ရေးထားတယ်။ ကလေးလေးတစ်ယောက် လမ်းမှာ ငိုနေတာတွေ့လို့ သူက ရွာပြန်ပို့ပေးတယ်။ ကလေးရဲ့ နားကပ်လေးက အလုယက်ခံထားရတယ်။ ကလေးမိဘတွေနဲ့ ရွာကလူတွေက အေးငြိမ်းမေကို စွပ်စွဲကြတယ်။ ပြသဿသနာ ဖြစ်လာခဲ့တော့ လူတွေက မရှိခိုးနိုး မယုံသကဿငာ မျက်ဝန်းတွေနဲ့ သူ့ကို ကြည့်တာမို့ တကယ့်တရားခံအစစ်ကို သူရှာဖွေခဲ့တယ်။ အဲဒီတရားခံဟာ အမေအိုကြီး နေမကောင်းဖြစ်နေလို့ ဆေးဖိုးဝါးခ မရှိတာမို့ လုပ်လိုက်ရတဲ့ မိန်းမတစ်ယောက် ဖြစ်နေခဲ့တယ်။ အဲဒီ မိန်းမထောင်ကျသွားပြီး အဲဒီအမေအိုကြီး ဆုံးပါးသွားတယ်။

နံပတ်လေး ဆင်းရဲခြင်းကြောင့် ဖြစ်ရတဲ့ ဆိုးကျိုးတစ်ခုခုအကြောင်းမှာ မှောင်ကြီးမိုးချုပ် အလုပ်ကနေ အိမ်အပြန် ယောက်ျားသုံးယောက်ပါတဲ့ ကားနဲ့ ကားကြုံလိုက်ခဲ့မိလို့ ရေတိမ်နစ်ခဲ့တဲ့ ကောင်မလေးတစ်ယောက်အကြောင်း ရေးပြထားတယ်။ ဒီလိုဖြစ်တာကို အေးငြိမ်းမေက မိန်းကလေးဟာ ပညာသင်နိုင်လောက်တဲ့အထိ စီးပွားရေး တိုးတက်ခဲ့မယ် ဆိုရင် ဒီကိစဿစမဖြစ်အောင် သူရှောင်တတ် တိမ်းတတ်မှာပေါ့လို့ ယူဆပါတယ်။ တကယ်ဆို ဆရာမဂျူးက အဲဒါနဲ့ တဆက်တည်း ကိုယ့်ကိုကိုယ် ယုံကြည်မှုတွေအရမ်း တင်မထားဖို့ကိုလည်း ညွှန်ပြသင့်ပါတယ်။ နောက်ပြီး အမျိုးသမီးတွေ သိုင်းသင်ဖို့ကိုလည်း ညွှန်ပြသင့်တယ်။ :)

နံပတ်ငါး မေးခွန်းကို အေးငြိမ်းမေ ဖြေတဲ့အခါ သူ့သူငယ်ချင်း ကောင်မလေး တစ်ယောက်ရဲ့ အဖြစ်အပျက်ကို ပြောပြသွားခဲ့တယ်။ အဲဒီကောင်မလေးက တခြားရွာကလူတစ်ယောက်နဲ့ လွန်လွန်ကျူးကျူး ဖြစ်တယ်။ ဟိုလူက သူ့ကို ယူပါမယ်လို့ပြောလို့ ဒီကောင်မလေးက ကာမကို ပေးလိုက်တယ်။ ဟိုကောင်က တခြားတစ်ယောက်နဲ့ လက်ထပ်သွားတယ်။ သူကသွားပြီး ကိုယ်ဝန်ကိစဿစပြောတော့ ဟိုကောင်က တာဝန်မယူဘူး။ ဒါနဲ့ တရားတဘောင်တွေ ဖြစ်ကြတယ်။ နောက်ဆုံး အမှုကတော့ နိုင်ပါရဲ့ ကောင်မလေးဟာ အဖေမရှိဘဲ ကလေးမွေးလိုက်ရတယ်။ ဒါဟာ မိန်းမတွေ ဆင်ခြင်ဉာဏ် အသိဉာဏ် မရှိလို့ ယုံလွယ်လို့ ဖြစ်ရတာလို့ အေးငြိမ်းမေက ခံယူတယ်။ အဲဒီအတွက် ဆင်ခြင်ဉာဏ်ရှိအောင် မိန်းမတွေ ပညာတတ်ရမယ်လို့ ဆရာမဂျူးက မီးမောင်းထိုးပြတယ်။ လက်တွေ့ဘဝမှာ ပညာတွေ သိပ်တတ်တိုင်းလည်း ဆင်ခြင်ဉာဏ်ရှိတာ မဟုတ်ပါဘူး။ ပညာတွေ အရမ်းတတ်ပြီး အရမ်းကို ဖောက်ပြန်တဲ့ မိန်းမတွေလည်း ရှိတယ်။ ပြီးတော့ အကြမ်းဖက်မှု မပါတဲ့ ဒီလိုဖြစ်ရပ်တွေမှာ နှစ်ဦးစလုံးနဲ့ ဆိုင်တဲ့ တပ်မက်မှုတွေ လှုံ့ဆှောမှုတွေ ရှိတတ်တဲ့ အကြောင်းကိုတော့ ဆရာမဂျူး ထည့်ရေးသွားတာ မတွေ့ရပါဘူး။

နံပတ်ခြောက် ဘဝရဲ့ ဒသဿသနမှာတော့ အေးငြိမ်းမေ ရေနစ်တဲ့အကြောင်း ပြောတယ်။ အေးငြိမ်းမေ ရေနစ်သွားတဲ့အခါ သူ့ကို အသက်စွန့် ကယ်တင်ခဲ့တဲ့သူဟာ သူနားကပ်ကိစဿစမှာ ဖမ်းဆီးပေးခဲ့တဲ့ မိန်းမကြီး ဖြစ်နေတာ တွေ့လိုက်ရတယ်။ လူဆိုးနဲ့ လူကောင်းကြား ခြားနားထားတဲ့ အရာက ထာဝရ တည်မြဲတဲ့ တံတိုင်းတစ်ခု မဟုတ်ဘဲ အလွှာပါးပါးလေး တစ်ခုလို့ ဆရာမက ဖွင့်ဆိုတယ်။

ဒီလိုနဲ့ မေးခွန်း တစ်ခုချင်းစီကို အေးငြိမ်းမေ ဖြေသွားခဲ့တယ်။ ဒီဝတဿထုဟာ စိတ်ဝင်စားဖို့ ကောင်းသလို တွေးစရာတွေ၊ မှတ်သားစရာတွေ များပေမယ့် ဇာတ်ကောင်တစ်ယောက်တည်းရဲ့ အကြောင်းကိုပဲ တဆက်တည်း ဖတ်နေရတာမို့ ဝတဿထုရဲ့ လေးပုံသုံးပုံလောက်မှာတော့ အနည်းငယ်ပျင်းဖို့ ကောင်းလာပါတယ်။ ထင်လင်း၊ သုတ၊ မမမြတ်တို့ရဲ့ အကြောင်းတွေက တချက်တလေမှ ဆက်စပ် ပှေါလာတတ်တယ်။ ပြီးတော့ အေးငြိမ်းမေဟာ ဆင်းရဲတဲ့သူမို့လို့ ဒီလို အတွေးအခှေါတွေ ပှေါပေါက်လာတာလားလို့ မေးမြန်းစရာ ရှိလာပါတယ်။ ဥပမာ ကွန်မြူနစ်စနစ်၊ ဆိုရှယ်လစ်စနစ် တည်ထောင်ခဲ့သူတွေဟာ သိပ်ဆင်းရဲတဲ့ အခြေခံ လူတန်းစားက ပေါက်ဖွားလာသူတွေပါ။ သူတို့ ဖန်တီးလိုက်တဲ့ လူတန်းစားညှိရေး၊ အားလုံး သာတူညီမျှ ခံစားရေးစတဲ့ အယူအဆတွေဟာ နောက်ပိုင်းမှာ အလုပ်ကျိုးစားသူနဲ့ အချောင်ခိုတဲ့သူ နှစ်ယောက်ရှိရင် နောက်ပိုင်းမှာ နှစ်ယောက်စလုံး အကျိုးအမြတ် အတူတူ ရမှာမို့ အချောင်ခိုတဲ့လူတွေကို အလကား အားပေးအားမြှောက် ပြုတဲ့အချက် ဖြစ်လာတယ်လို့ မှတ်သားခဲ့ဖူးတယ်။ ဆိုလိုချင်တာက အေးငြိမ်းမေရဲ့ အတွေ့အကြုံ အယူအဆတွေဟာ တကယ့်ဖြစ်ရပ်မှန်တွေတော့ ဟုတ်တယ်၊ ဒါပေမယ့် လူတန်းစား အားလုံးကို ကိုယ်စားပြုတဲ့ အမြင်လို့တော့ ပြောလို့ မရဘူးလို့ ထင်မိပါတယ်။ ဒါပေမယ့် ဆရာမဂျူး ထောက်ပြသွားတဲ့ ဆင်းရဲမှုကို တိုက်ဖျက်ရမယ်၊ ပညာသင်ကြားရမယ်၊ လေလွင့်လူငယ်လေးတွေကို ကူညီကယ်တင်ရမယ်စတဲ့ အချက်တွေဟာ အပြင်မှာ ကျွန်တှောတို့လည်း ကြုံတွေ့ သိရှိနေတာမို့ တကယ်ကို အရေးကြီးတွေ တဲ့ အချက်တွေလို့ ပြောလို့ရပါတယ်။

ဒီဝတဿထုကို ပညာပေးရုံသက်သက် မဟုတ်ဘဲ အချစ်ဇာတ်လမ်းလေးနဲ့ ရောထားနိုင်တာကတော့ ဆရာမဂျူးရဲ့ ပညာစွမ်းပါပဲ။ ဒီနေရာမှာလည်း ဆရာမဟာ ယုံကြည်မှု တည်ဆောက်ခြင်းဆိုတဲ့ (Trust Building) ဆိုတာလေးကို ထည့်သွားပါသေးတယ်။ မမမြတ်က သူ့ရဲ့ ယုံကြည်မှုတွေကို ထင်လင်းက ဖျက်ဆီး ပစ်လိုက်တယ်လို့ ထင်ခဲ့တယ်။ တကယ်တော့ ထင်လင်းက ဖျက်ဆီးခဲ့တာ မဟုတ်ပါဘူး။ ဒါပေမယ့် ..

ကိုကြီး တရားခွင်မှာ ကျွန်တှော့နာမည်ကို မထွက်ဆိုခဲ့တာ တစ်လုံးမှ မဖှောပြခဲ့တာ ကျွန်တှော့ကို ငဲ့ညှာလို့လို့ မမမြတ် ထင်နေလား။ ကျွန်တှော ကိုကြီးကို သိပါတယ်။ကျွန်တှော့ကို ငဲ့တာ မဟုတ်ပါဘူး။ သူ့ကိုယ်သူ ငဲ့တာပါ။ သူ့နာမည်နဲ့ ကျွန်တှော့နာမည်နဲ့ တွဲပြီး မှတ်ထားကြမှာကို မခံနိုင်လို့၊ မဟုတ်ဘဲနဲ့ အထင်လွဲ မခံနိုင်လို့ ကျွန်တှော့ နာမည်ကို မပြောတာပါ။ သူ့အတွက် ထောင်ခြောက်လဆိုတာ မိန်းကလေးတစ်ယောက်နဲ့ နာမည်ပျက်ရသလောက် မဆိုးရွားဘူး။ ကျမ်းကျိန်စာသင့်တယ် ဆိုဦးတော့၊ ကျွန်တှောနဲ့ တွဲမြင်ခံရမှာလောက် သူကြောက်မှာ မဟုတ်ပါဘူး။ သုတ ကျွန်တှော့ နာမည်ကို မပြောတာကမှ ကျွန်တှော့ကို ငဲ့ညှာလို့။ ကျွန်တှော သူ့ကို ရိုက်ထည့်လိုက်တာ သူမသိဘဲ ဘယ်နေပါ့မလဲ မမမြတ်ရယ်။ သူ့အောက်မှာ ကိုကြီးရောက်နေတဲ့အချိန် သူ့ကို ထုလိုက်တာ ဘယ်သူလဲ သူသိမှာပေါ့၊ မသိဘူးလို့ ပြောတာက ကျွန်တှော့ကို ငဲ့ညှာတာ
လို့ရေးထားတဲ့ အေးငြိမ်းမေရဲ့ စာဟာ သေသေချာချာ အထပ်ထပ် ပြန်ဖတ်ကြည့်တဲ့အခါ ကျွန်တှော့ကို အတွေးနှစ်မျိုး ပေးခဲ့ပါတယ်။ အေးငြိမ်းမေဟာ မမမြတ်ကို ထင်လင်းအပှေါမှာ အထင်မလွဲစေချင်လို့ ရေးခဲ့တာလား၊ ဒါမှမဟုတ် မခံချင်စိတ်နဲ့ ရေးခဲ့တာလား ဆိုတာကိုပါပဲ။ ဒီလို ထင်ရတယ် ဆိုတာကလည်း ဝတဿထုလေးကို သေချာ ဖတ်ကြည့်ရင် သိပါလိမ့်မယ်။ ဝတဿထုရဲ့ နောက်ဆုံး စာပိုဒ်လေးကတော့ ကျွန်တှောတို့ စာဖတ်သူတွေကို အလွန်ပဲ ဖမ်းစားနိုင်ခဲ့တာမို့ ဆရာမဂျူးရဲ့ စာရေးခြင်းအတတ်ကို ကျွန်တှော အထူးပဲ ချီးကျူးမိပါတယ်။

ကိုကြီး၏ လက်ဝဲဘက်မှာ အတူယှဉ်လျက် မမမြတ်ဆီသို့ လမ်းလျှောက်လာသည့်အခါ ကျွန်မ၏ ကိုယ်ခနဿဓာ၏ လက်ဝဲဘက်ခြမ်းက လုံခြုံမှုဖြင့် နွေးထွေးနေပြီး လက်ယာဘက်တစ်ခြမ်းက အေးစက်နေခဲ့၏။ သို့သှော နှလုံးသား တည်နေရာဟုဆိုကြသော ဘယ်ဘက် ရင်ညွန့်ကတော့ စူးနစ်စွာ နာကျင်လျက် ရှိပါသည်။

အချုပ်ဆိုရရင်တော့ ဒီစာအုပ်လေးဟာ ဂျူးစာဖတ်ပရိသတ်အတွက် ကျေနပ်မှုပေးနိုင်ရုံသာမကဘဲ စဉ်းစားစရာ၊ အသိဉာဏ်တချို့ကိုလည်း လမ်ညွှးန်ပြပေးနိုင်လိမ့်မယ်လို့ ထင်မိပါတယ်။ ဒါပေမယ့် တောမြို့လေးက အလွန် ဆင်းရဲတဲ့ ကောင်မလေးတစ်ယောက်ကနေ ဒီလောက် ထက်မြက်တဲ့ အတွေးအခှေါတွေ၊ ရိုးရိုးသားသား ကြိုးစားမှုတွေကို ဝတဿထုထဲမှာ မြင်တွေ့ရတာကတော့ ကျွန်တှောတို့ လက်ရှိ အမြင်နဲ့ဆိုရင် ရှာမှရှားတဲ့ ဖြစ်ရပ်တစ်ခုပဲလို့တော့ ဆိုရပါမယ်။ ဒါပေမယ့် ဒါတွေဟာ မရှိဘူးလို့ ပြောလို့တော့ မရပါဘူး။ ဆရာမဂျူးရဲ့ စာအုပ်ကိုဖတ်ပြီး အားကျကြိုးစားလာမယ့်သူတွေ ရှိလာလိမ့်မယ်လို့ ကျွန်တှော့အနေနဲ့ ထင်မြင်မိပါတယ်။ ဂျူးပရိသတ်တွေ ဝယ်သိမ်းထားသင့်တဲ့ စာအုပ်တစ်အုပ် ဖြစ်သလို ကိုယ်သာ အေးငြိမ်းမေနေရာမှာဆို မေးခွန်းလေးတွေကို ဘယ်လိုဖြေမလဲဆိုတာကလဲ စိတ်ဝင်စားစရာ ကောင်းမှာ အမှန်ပါပဲ။



Recommand: တောကျောင်းဆရာရဲ့ Review လေးကိုလည်း ဖတ်ရှုစေချင်ပါသေးတယ်။


No response to “သူမင်းကို ဘယ်တော့မှ”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz