Thursday, September 25, 2008

ဒီရက်တွေမှာ

မနေ့က စာအုပ်ဆိုင် ရောက်ဖြစ်တာနဲ့ စာအုပ်လေးတစ်ချို့ ဝယ်လာဖြစ်တယ်။ ဂျာနယ်သုံးစောင်လည်း ဝယ်လာတယ်။ အိမ်အပြန် နောက်ကျတာမို့ ညက စာမဖတ်ဖြစ်လိုက်ဘူး။ ဒါနဲ့ မနက်ရောက်တော့ နိုးနိုးချင်းပဲ နွားနို့နဲ့ ကွန်းဖလိပ်လေးသောက်၊ ဆေးလိပ်လေးတစ်လိပ်ကို အရသာရှိရှိ ဖွာရှိုက်ရင်း မနေ့က ဝယ်လာခဲ့တာတွေ ဖတ်ဖို့ ပြင်နေတုန်းမှာပဲ သတင်းစာသမားက သတင်းစာ လာပို့တယ်။ ကျွန်တှော့ ထုံးစံအတိုင်း မြန်မြန်ပြီးတဲ့ဟာ မြန်မြန်စဖတ်ဖြစ်တယ်။ ကျွန်တှောလည်း တရုတ်စာဖတ်နည်းကို မသင်ဘဲ တတ်နေပါလားလို့တောင် တွေးလိုက်မိသေးတယ်။ သတင်းစာကို နောက်ကနေ စစဖတ်နေမိတတ်လို့။ ကိုယ်နဲ့သိတဲ့လူ နာရေးသတင်း မပါသေးဘူး။ အမွေပြတ်စွန့်လွှတ်ခြင်းထဲ ကိုယ့်နာမည် မပါသေးဘူး။ အိုကေ ဒီလောက်ဆို ရပြီ။ ဂျာနယ်တွေ ဖတ်ပြန်တယ်။ သတင်းတစ်ခုကို အားလုံးက ပြုံရေးရင် ဘယ်လိုမှ စိတ်ဝင်စားစရာ မကောင်းဘူး။ သူများမသိသေးတာ ရေးမှ ဂျာနယ်ပေါင်းစုံ ဝယ်ဖတ်ရင် အရသာမျိုးစုံ ရမှာပေါ့။ ဒါကြောင့် သျှားညိုတို့ရဲ့ Action Times အခုနောက်ပိုင်း တက်လာတာလို့ မြင်မိတယ်။ ဒီလိုနဲ့ ဂျာနယ်လည်း ဖတ်ပြီးသွားရော စာအုပ်လေးတွေ ကောက်ကိုင်ဖြစ်တယ်။ သခင်တင်မြ အင်တာဗျူး၊ ဒဂုန်ဦးစန်းငွေ ဒို့စကား ဒို့စာ ဒို့သဒဿဒါ။ စာအုပ်တွေက အမြည်းသဘောပဲ ဖတ်ဖြစ်တာပါ။ နောက်ဆုံး ဖတ်ဖြစ်တာက ကိုနေမျိုးရဲ့ လူဖြစ်ရတာ ကောင်းတယ်ဆိုတဲ့ ကဗျာစာအုပ်လေး။ ဟောဒီကဗျာလေး ပါတယ်။


ဒီရက်တွေမှာ

ဒီရက်တွေမှာ မသိချင်တာတွေ သိနေရတယ်။
အနားလေးဖက်ပါတဲ့ တြိဂံအသစ်တစ်ခု ပြုလုပ်နေကြတယ်တဲ့။
ဒသဿသနိကဗေဒသမားရယ်၊ ကဗျာဆရာတစ်ယောက်ရယ် ပါတယ်ဆိုပဲ။
သခဿငျာပါမောကဿခဟောင်း အဘိုးကြီးက ဦးဆောင်သတဲ့။
ဘဲသားမုန့်ထဲမှာ ဘဲသားမပါဘူးတဲ့။ သိပ်ရောင်းကောင်းတယ်ဆိုပဲ။
အနဿတာတိကတိုက်က ရေခဲတွေ အရေပျှောနေသတဲ့။
ပေါင်မုန့်ဟာ မိမွေးတိုင်း ဖမွေးတိုင်းနဲ့ လမ်းထိပ်မှာ ငုပ်တုပ်ထိုင်နေသတဲ့။
မီးရထားနှစ်စင်း ခေါင်းချင်းဆိုင် တိုက်မိကြသတဲ့။
ဖာလူဒါတစ်ခွက် ၄၀၀ ဖြစ်သွားပြီတဲ့။
ဟိုကောင်ငါ့ကို မေးနေသတဲ့။
ကြက်ဥထဲက ဘဲကလေးတစ်ကောင် ပေါက်လာလို့ အားလုံးအံ့ဩနေကြသတဲ့။
ကြိုးတွေ ရောင်းကောင်းနေသတဲ့။
ဘကြီးခွေးကိုက်ခံရပြီး ကြီးဒှေါချှောလဲသတဲ့။
မသိချင်တာတွေကို သိနေရတယ်။
သိချင်တာ မသိရဘူး
သူနေကောင်းရဲ့လား။


အနုပညာကို ခံစားခြင်း ဆိုတာမှာ ပတ်ဝန်းကျင်နဲ့ အများကြီး သက်ဆိုင်ပါတယ်။ လူတစ်ယောက်ဟာ ရွေ့လျားနေတဲ့ စက်ဝန်း တစ်ခု ဆိုပါတော့။ အနုပညာရှင်က မျက်စိကိုပိတ်ပြီး မြားတစ်စင်းကို လွှတ်လိုက်တဲ့အခါ ကိုယ့်စီမှာ စွဲစေချင်ရင် ကိုယ်တိုင်က လိုက်ရွှေ့ပေးသင့်ရင် ရွှေ့ပေးရမယ်။ အနုပညာရှင်က တစ်ယောက်တည်းအတွက် တစ်နေရာတည်းအတွက် ရည်ရွယ်ချင်မှ ရည်ရွယ်မှာလေ။ တစ်ခါတစ်လေတော့ အထက်ကလို ပါရာဒိုင်းလေးတွေယှဉ်လာတဲ့အခါ အဲဒီ အနုပညာဟာ ပိုအသက်ဝင်လာသလို ခံစားရပါလိမ့်မယ်။ တိုက်တိုက်ဆိုင်ဆိုင် ဒီကဗျာကို အစီအစဉ်တကျ ဖတ်မိမယ် ဆိုရင်ပေါ့။ သူနေကောင်းရဲ့လားဆိုတာ အချစ်ကဗျာလို့ သူငယ်ချင်းတစ်ယောက်ကတော့ ပြောတာပဲ။ ခင်ဗျားတို့ရော ဘယ်လိုထင်လဲ။ 


No response to “ဒီရက်တွေမှာ”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz