Monday, September 1, 2008

တွန့်နေ ခေါက်နေ ကြေနေတဲ့ စာရွက်တွေကို ဘယ်လို ထိန်းသိမ်းရမလဲ

အရမ်းတွန့်နေ ခေါက်နေ ကြေနေတဲ့ စာရွက်တွေကို ဘယ်လို ထိန်းသိမ်းရမလဲလို့ မိတ်ဆွေ တစ်ယောက်က မေးလာလို့ ကျွန်တှောသိသလောက် ပြောပြပါမယ်။ များသောအားဖြင့် စာအုပ်အဟောင်းတွေဟာ စကဿကူသား မကောင်းကြဘူး။ ဒါကြောင့် တှောတှောလေး ကြာလာရင် စာရွက်တွေ ဆွေးလာတယ်။ တချို့စာရွက်တွေက အဟောင်းဆိုင်တွေမှာ ဒီအတိုင်း ပစ်ထားတာမို့ အစွန်းတွေ ခေါက်နေ တွန့်နေတယ်။ အဲဒီလို ခေါက်တာ တွန့်တာ ကြာလာတော့ အဲဒီ အတွန့်အခေါက်တွေကို ရိုးရိုး သွားပြီး ဖြန့်မယ်ဆိုရင် စာရွက်တွေ ပြတ်ထွက်ကုန်တတ်ပါတယ်။ ပြီးတော့ သာမန် ဖြန့်လိုက်မယ်ဆိုရင် သူ့ရဲ့ ခေါက်ရိုးကျိုး အရာကြီးက အနာဖြစ်သွားတာမို့ နောင်ကြာရှည်ရင် မကောင်းဘူး။ ဒီတော့ ဒီလိုလေး လုပ်ကြမယ်။ လိုအပ်တဲ့ ပစဿစည်းတွေက ဓားထက်ထက်၊ မီးပူ၊ အဝတ်တွေ မီးပူထိုးတဲ့ ကှောရည် (စီးတီးမတ်မှာရတယ်)၊ တိပ် စတာတွေ ဖြစ်ပါတယ်။ စာရွက်သားကလည်း ဟောင်းမြင်းနေပြီ။ ခေါက်ရိုးကျိုးရာကလည်း အရမ်းကို ကြာနေပြီဆိုရင် ဒီနည်းလမ်းက အကောင်းဆုံးပါ။

ပထမဆုံး ကှောရည်နဲနဲလောက်ကို ကှောပြားဖြစ်ဖြစ် တစ်ခုခုပှေါမှာ ဖြန်းလိုက်ပါ။ ပြီးရင် ကိုယ်ထိန်းသိမ်းမယ့် စာအုပ်ကို ယူပါ။ ခေါက်ရိုးကျိုးနေတဲ့ နေရာတွေ စာမျက်နှာတွေကို မှတ်သားပါ။ မဖြန့်သေး ပါနှင့်။ သင့်လက်ညှိုးဖြင့် ကှောပြားပှေါမှာ ကှောရည်နဲနဲကို တို့ယူလိုက်ပါ။ ထို့နောက် ထိုခေါက်နေသော နေရာများကို တို့ရုံသာ တို့လိုက်ပါ။ ယခင်က ပြားကပ်နေအောင် ကျိုးနေသော စာရွက်အစွန်းလေးများ ပြန်ပြီး ကွာထွက်လာတာ တွေ့ရပါလိမ့်မယ်။ ပြီးရင် အဲဒီ ကွာလာတဲ့ အစွန်းလေးတွေကို ဓားဦးချွန်လေးနဲ့ ဖြေးဖြေး ဖြန့်ယူပါ။ မီးပူကို အပူချိန် ၄-၅ လောက်မှာ ထားပါ။ ပူလာလျှင် ခုနက ဖြန့်ထားသော စကဿကူအစွန်းများပှေါသို့ ဖိလိုက်ခွာလိုက် သုံးကြိမ်ခန့် လုပ်ပေးပါ။ မီးပူကို မတိုက်ပါနှင့်။ စကဿကူကျွမ်းသွားအောင်လည်း အချိန်မကြာစေပါနှင့်။ ပြီးလျှင် ယခင်က ပျော့ဖတ်တွန့်ကြေနေသော အနားစွန်းများ တောင့်တောင့်လေးနှင့် ပြန်ပြီး အိုကေသွားတာကို တွေ့ရပါလိမ့်မယ်။ အချို့သော ခေါက်ကျိုးတာ မကြာသေးတဲ့ စာရွက်တွေဆိုရင် ခေါက်ကျိုးရာ ပျောက်သွားတာ မြင်ရပါလိမ့်မယ်။

တချို့စာအုပ်တွေက အရမ်းဆွေးနေလို့ ပိုးစားခံရလို့ အနားစွန်းတွေ ပြတ်ထွက်ခါနီး ဖြစ်နေတယ် ဆိုရင်တော့ အဲဒီလို လုပ်ပြီးရင် 3M တိပ်လေးနဲ့ ကပ်ပေးဖို့ လိုပါလိမ့်မယ်။ သာမန် အဝတ်မီးပူတိုက်တာကနေ ရလာတဲ့ အကျိုးရှိတဲ့ နည်းလမ်းလေးပါ။ မခက်ပါဘူး။ အချိန်လေး နဲနဲပေးလိုက်တာနဲ့ ကိုယ့်စာအုပ်လေးတွေ သပ်သပ်ရပ်ရပ် ဖြစ်သွားစေနိုင်ပါတယ်။

No response to “တွန့်နေ ခေါက်နေ ကြေနေတဲ့ စာရွက်တွေကို ဘယ်လို ထိန်းသိမ်းရမလဲ”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz