Saturday, August 30, 2008

Diary 30.08.2008

မိသားစု ပြသဿသနာကြောင့် အိပ်ရေးပျက်တာတွေများ၊ စိတ်တွေရှုပ်နေတာမို့ နှုတ်ခမ်းမှာ ရေယုန်ပေါက်လာတယ်။ ဒီပိုးကို ဘယ်လိုမှ သတ်လို့ မရဘူး။ ငယ်ငယ်ထဲက စိတ်ညစ်စရာတွေ များလာရင် သိပ်ပင်ပန်းလာရင် ခဏခဏ ဖြစ်တယ်။ နေရထိုင်ရခက်တယ်။ စီဗစ်တွေ အများကြီး သောက်ပစ်လိုက်တယ်။ အန်နာဗွန်စီ ဝယ်ထားတယ်။ ညကျရင် သောက်ရမယ်။

အပြင်ထွက်တော့ တက်စီသမားနဲ့ စကားပြောဖြစ်တယ်။ သူ့ကားက ဓာတ်ဆီကား။ အခုဆို ဓာတ်ဆီကို လိုသလောက် ဝယ်လို့ ရပေမယ့် အက်(ဖ်)အီးစီနဲ့ ဝယ်ရတယ်လို့ ပြောတယ်။ ၃.ရကျပ် ဆိုလား ပေးရသတဲ့။ လက်ရှိပေါက်ဈေးအတိုင်း ဆိုရင် လေးထောင်ကျှောပေါ့။ ခက်တာက အက်(ဖ်)အီးစီကို တရားဝင် ဘယ်နေရာကမှ ဝယ်မရလို့ မှောင်ခိုကနေ ဝယ်ရသတဲ့။ အဲဒါဟာ မှောင်ခိုကို အားပေးတာ တစ်မျိုးပဲ မဟုတ်လားလို့ ကျွန်တှော့ကို မေးတယ်။ ကျွန်တှော့မှာ သူပြောတာ ကြားရတော့ ဟိုနေ့က အဖြစ်အပျက်လေး သွားသတိရတယ်။ အိမ်မှာ သူငယ်ချင်းတစ်ကောင် နိုင်ငံခြား မထွက်ခင် ဖုန်းဆက်သွားတာ ၂၁ဒှေါလာ ကျနေတယ်။ ကိုယ်က မသိတော့ ဖုန်း အပိတ်ခံရပါလေရော။ ဒါနဲ့ အက်(ဖ်)အီးစီ သွားဝယ်ရတယ်။ တစ်ဒှေါလာ မြန်မာငွေ ၁၂၅၀ ပေးရတယ်။ ငွေစကဿကူပှေါမှာ မည်သည့် ပျက်စီးဆုံးရှုံးမှုကိုမဆို မြန်မာနိုင်ငံတှော ဗဟိုဘဏ်က လက်ခံစဉ်းစားမည် မဟုတ်ပါလို့ ရေးထားသေးတယ်။ ထားပါတော့။ ဒါနဲ့ ၂၁ဒှေါလာ ဝယ်ပြီး ဖုန်းခွန် သွားဆောင်ပါတယ်။

ကျွန်တှော အဲဒီကို ရောက်သွားတော့ ၁၁နာရီခွဲ။ တန်းစီနေတဲ့ လူအုပ်ကြီးက ကြောက်ဖို့တောင် ကောင်းတယ်။ ပထမဆုံး ဘီလ်မိတဿတူ ထုတ်ရတယ်။ ၄၅မိနစ် တိတိကြာတယ်။ လူလည်း ချွေးတွေသံတွေနဲ့ စုတ်ပြတ်သွားတာပဲ။ အဲဒါပြီးတော့ ပိုက်ဆံသွင်းရတယ်။ နောက်တစ်နေရာပြောင်းပြီး တန်းစီရပြန်တယ်။ တစ်နာရီခွဲနီးပါး ကြာတယ်။ ကျွန်တှော့ တန်ဖိုးရှိတဲ့ နေ့လည်တစ်ခုလုံး တန်းစီတာနဲ့ အချိန်ကုန်သွားခဲ့တယ်။ နိုင်ငံခြားမှာ ကျွန်တှောတို့ အချိန်လုံးဝ မကုန်ဘူး။ နေရာအနှံမှာ ဘီလ်ဆောင်လို့ရတယ်။ သူတို့ဆီမှာ အချိန်က တန်ဖိုး ရှိတာကိုး။ လူတွေက တန်ဖိုး ရှိတာကိုး။ ဒီမှာတော့ ၂နာရီကို မှီအောင်လည်း သွားရတယ်။ ပြီးတော့ အချိန်တွေ အများကြီး ကုန်တယ်။ လူတွေလည်း ပင်ပန်းတယ်။ အခုနကလို တရားဝင်ပေးတဲ့ ငွေကို မှောင်ခိုကနေလည်း ဝယ်ရသေးတယ်။ နောက်ဆုံးတော့ မှောင်ခိုတွေအတွက် ဂွင်ကြီးကို ဖြစ်လို့။ ဟုတ်တယ်လေ။ သူတို့ကိုတောင် ကျေးဇူးတင်နေရသေးတယ်။ နို့မို့ဆို ဘယ်မှာ သွားဝယ်ရမယ်တောင် မသိတော့ဘူး။

ကားသမားက ဆက်ပြောနေတယ်။ ကျွန်တှော့မှာဗျာ အက်(ဖ်)အီးစီ ဈေးတက်မှာကို ကြောက်နေတယ်၊ ဈေးကျတုန်း ကြိုဝယ်ထားပြန်ရင်လည်း ကိုယ်ဆောင်ခွင့် မရှိလို့ အဖမ်းများ ခံရမလား မသိပါဘူးဗျာတဲ့။ ဆီဆိုင်တွေက ဘာလို့ မြန်မာငွေ လက်မခံရတာလဲတဲ့။ အက်(ဖ်)အီးစီကိုရော ဘာလို့ တရားဝင် ဝယ်လို့ မရတာလဲတဲ့။ သူကလည်း တတွတ်တွတ် ပြောနေတယ်။ ကျွန်တှောလည်း နောက်လ ဖုန်းဘီလ် သွားဆောင်ရမှာကို တွေးပြီး စိတ်ညစ်နေ မိတော့တယ်။


No response to “Diary 30.08.2008”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz