Tuesday, August 19, 2008

19 August, 2008


ဘဝမှာ အသက် တစ်ရက်တစ်ရက် ကြီးလာတိုင်း လောကပတ်ဝန်းကျင်ဟာ စိတ်ကုန်စရာ ကောင်းတယ်လို့ မြင်နေမိတယ်။ အတိုက်အခိုက်၊ အငြင်းအခုံ၊ အပြိုင်အဆိုင် ဒါတွေကြားထဲမှာ ကျွန်တှော ဘာကြောင့်များ ရှင်သန်နေရတာလဲလို့ တွေးမိတယ်။ တကယ်တော့ ကျွန်တှော စကားတွေလည်း သိပ်မပြောချင်တော့ဘူး။ များသောအားဖြင့် တစ်ယောက်တည်း နေတာ များပါတယ်။ စိတ်ချမ်းသာတယ်။ အိမ်ကို ပျင်းလို့လာလည်တဲ့ သူငယ်ချင်းတွေကပြောတယ်။ ကျွန်တှော့တို့အိမ်က တှောတှော ပျင်းဖို့ကောင်းတယ်တဲ့။ ဟုတ်တော့လည်း ဟုတ်တယ်။ ကျွန်တှော့အိမ်မှာ ဘာဖျှောဖြေမှုမှ မရှိဘူး။ ဒီဗွီဒီစက်လေး ပျက်နေတာလည်း ကျွန်တှော မပြင်ဖြစ်ဘူး (ကိုယ်မှသိပ်မကြည့်ဖြစ်တာ)၊ ရုပ်မြင်သံကြားကတော့ မကြည့်တာ ဘယ်နှနှစ်တောင် ရှိပြီ မသိဘူး။ စလောင်းတပ်မယ် ဆိုတော့လည်း အဖမ်းပဲခံရတော့မလိုလို ဘာလိုလိုဆိုတော့ မတပ်ဖြစ်ပြန်ဘူး။ အခုနောက်ပိုင်း သီချင်းတောင် နားမထောင်ဖြစ်ဘူး။ အဖေကပြောဖူးတယ် တီဗွီတို့ ရေခဲသေတဿတာတို့ အဲယားကွန်းတို့ဟာ ဇိမ်ခံပစဿစည်းမဟုတ်ဘူးတဲ့ အခြေခံပစဿစည်းတဲ့။ ဟုတ်တယ် ကျွန်တှောလည်း အဲဒါကို သဘောကျတယ်။ ကံမကောင်းချင်တော့ ကျွန်တှောက အဲဒါတွေကို မခံစားတတ်ဘူး ဖြစ်နေပြန်ရော။ အဲယားကွန်း အခန်းထဲမှာ တစ်ညအိပ်လိုက်ရင် မနက်ဆို ကျွန်တှော သေတော့မယ်။ ဇာတာကိုက မကောင်းဘူး ထင်ပါတယ်။ ဒါပေမယ့် ဒါတွေမရှိလို့ သူတို့တွေသာပျင်းတာ ကျွန်တှော မပျင်းပါဘူး။ ကျွန်တှော တစ်ယောက်တည်း ရှိတဲ့အခါ စာအုပ်ပုံထဲက စာအုပ်လေးတစ်အုပ်လောက် ကောက်ယူပြီး အိပ်ယာထဲသွား ဖတ်နေဖြစ်ရော။ မှတ်စရာရှိတာလေး၊ အကြံရတာလေး၊ ရှာစရာရှိတာလေးတွေကို မှတ်စုစာအုပ်ထဲ တေးမှတ်ထားလိုက်တယ်။ အဲဒီစာအုပ် ဖတ်ရတာ နဲနဲမောသွားရင် နောက်ထပ်စာအုပ်တစ်အုပ် ယူဖတ်တယ်။ ပြီးသွားရင် ကွန်ပျူတာဖွင့် စာအုပ်စာရင်းတွေလုပ်နဲ့ တစ်ရက်က ကုန်မှန်းမသိ ကုန်သွားပြန်တာပဲ။ တခါတလေကျတော့လည်း တချို့စာအုပ်တွေကို စကန်နာနဲ့ Digitize လုပ်တယ်။ လုပ်ပြီးသား စာအုပ်တွေကို ပြန်သန့်စင်တယ်။ တချို့စာအုပ်တွေ ပြန်ရိုက်တယ်။ စာအုပ်တွေထဲက အကြောင်းအရာတွေကို သီးခြားစီ ပြန်စီတယ်။ ဘယ်စာအုပ်ထဲမှာ ဘာအကြောင်းအရာတွေ ရှိတယ်ဆိုတာ ပြန်ခွဲထုတ်တယ်။ စကန်နာနဲ့ ကွန်ပျူတာက ဒါတွေကို အဓိကလုပ်တဲ့ဟာ မဟုတ်တော့ အချိန်တော့ကြာတယ်။ တကယ်လို့များ ကျွန်တှော့မှာသာ Book Drive လိုစက်မျိုးတွေ ရှိရင်၊ အကောင်းစား စကန်နာတွေရှိရင် ဒါတွေ ခဏလေးနဲ့ ပြီးသွားမှာပဲ။ ဒါပေမယ့်လည်း မဝယ်နိုင်သေးဘူး။

အခုတလောကတော့ အင်တာနက် တှောတှောသုံးဖြစ်တယ်။ သုံးဖြစ်တယ် ဆိုတာကလည်း အကြောင်းရှိလို့ပါ။ ဒါပေမယ့် မတန်ဘူး။ ကျွန်တှော အချိန်ကုန် လူပင်ပန်း ဖြစ်ပေမယ့် ရလာဒ်က အားတက်စရာ မရှိလို့ စိတ်ပျက်မိတယ်။ ဟိုတနေ့ကတော့ သူငယ်ချင်းတစ်ကောင်က အရက်မူးပြီး မင်းတို့ ဘလော့ဂါတွေ တစ်ကောင်မှ ကောင်းတဲ့ကောင်မရှိဘူး။ အရက်သောက်၊ ဖွန်ကြောင် ဒါတွေပဲ၊ အင်တာနက် သုံးနေတဲ့ သူတွေကလည်း ချတ်ရင်းကြူနေကြတာပဲ လို့ပြောလို့ စကားများရတယ်။ အဲဒီလို ကိုယ်သိတာလေးလောက်နဲ့ သိမ်းကြုံး ပြောတာမျိုးကို ကျွန်တှော သိပ်မုန်းတယ်။

ကျွန်တှော အရင်ကတော့ ကိုယ်သိထားတာ၊ ကိုယ်တွေ့တာလေးတွေ သူများကို သိပ်ပြောပြချင် သင်ပေးချင်တယ်။ အခုတော့ အဲဒီလိုမျိုးစိတ်လည်း သိပ်မရှိတော့ဘူး။ ကိုယ်ဘယ်လောက် ကောင်းအောင်လုပ်လုပ် ဘယ်လောက် ကောင်းအောင်နေနေ အမှားနဲ့ အားနည်းချက်ကို မီးခွက်ထွန်း ရှာနေတဲ့သူတွေ တပုံကြီးပဲဆိုတာလည်း သိလာရတယ်။ နာဂစ်ကြောင့် ရွာတွေမှာ လေအားလျှပ်စစ် လုပ်ဖို့ ကြိုးစားမိတာတောင် ယတြာချေတာလို့ အပြောခံရတယ်။ လေအားလျှပ်စစ်တင် မကပါဘူး၊ ဒီရေကနေ လျှပ်စစ်ဓာတ်အား ထုတ်တဲ့ကိစဿစတွေ အထိတောင် အင်ဂျင်နီယာအသင်းက တာဝန်ရှိသူ တစ်ယောက်နဲ့ အသေးစိတ် တိုင်ပင်ခဲ့ကြတာပါ။ ထားပါတော့။

တကယ်တော့ တစ်ယောက်တည်း နေရတာ တှောတှောကောင်းတယ်။ လူများနဲ့ ဆက်ဆံရတဲ့အခါ စိတ်ဆင်းရဲတယ်။ ခေါင်းရှုပ်တယ်။ နောင်ဘဝတွေသာ ရှိခဲ့လို့ လူဖြစ်ရမယ် ဆိုရင်လည်း မြန်မာပြည်မှာ တကယ်ကို ပြန်မဖြစ်ချင်ဘူး။ မြန်မာလူမျိုးဟာ ကြောက်ဖို့ကောင်းတယ်။ ဘာလိုချင်လို့ လိုချင်နေမှန်း၊ ဘာလုပ်ချင်လို့ လုပ်ချင်မှန်းကို မသိရဘူး။ ကျွန်တှောတို့ဟာ Self Identity ပျောက်နေကြတာလို့ ကျွန်တှောထင်တယ်။ လောလောဆယ် တွေးနေမိတာကတော့ ကျွန်တှော ဘာကိုမှ မလုပ်နိုင်တာပါပဲ။ စာအုပ်တွေကိုလည်း ရောင်းစားပစ်ချင်နေမိတယ်။ ဒါတွေ မရှိရင် ကျွန်တှော ဒါတွေလုပ်နေစရာ မလိုတော့ဘူးလေ။



No response to “19 August, 2008”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz