Tuesday, July 15, 2008

HMY's Next Plan


လူတွေအားလုံးက အိမ်ဆောက်မယ် ဆိုပြီး ချီတက်လာကြတော့ ပြသဿသနာပေါင်းက သောင်းခြောက်ထောင် ဖြစ်လာတယ်။ ဒါကြောင့် သူများတွေ မလုပ်သေးတဲ့ဟာ အကျိုးပြုလုပ်ငန်းတစ်ခု လုပ်ဖို့ ကျွန်တှော စဉ်းစားမိတယ်။ ကျွန်တှောတို့ရဲ့ နောက်ထပ် အစီအစဉ်က ကျေးရွာတွေမှာ မီးလင်းစေချင်တာပါ။ ကျွန်တှောတို့ ညဘက် ရွာကနေ ပြန်လာတဲ့အခါ ပတ်ဝန်းကျင် တစ်ခုလုံး မည်းမှောင်လို့နေတယ်။ အမှောင်ဟာ လူသားတွေရဲ့ စိတ်ကို အားနည်းစေတယ်။ အလင်းရောင် မရှိတဲ့ အခါ လူတွေက ဘာမှမလုပ်ကြတော့ပဲ စောစောအိပ်ယာ ဝင်ကြတယ်။ ဒါကြောင့် အချိန်တွေလည်း အများကြီး ဆုံးရှုံးရတယ်။ မြစ်ကမ်းတလျောက်က ရွာတွေ အလင်းရောင်မရှိဘဲ မည်းမှောင်နေတာကို မြင်ရတာ ကျွန်တှောတို့ စိတ်မကောင်းဘူး။ ဒါကြောင့် မီးလင်းအောင် လုပ်မယ်လို့ စဉ်းစားကြတဲ့အခါ လေအားလျှပ်စစ် (Wind Energy) ကို သတိရလိုက်မိပါတယ်။



ဒါဟာ အလကားရတဲ့ လေကို အကျိုးရှိအောင် အသုံးပြုတဲ့ စနစ်ဖြစ်သလို ဇီဝလောင်စာ ကုန်ကျမှုနဲ့ ပတ်ဝန်းကျင် ညစ်ညမ်းမှုကိုလည်း လျှော့နည်းစေတယ်။ ကျွန်တှောတို့ ရောက်ခဲ့တဲ့ ရွာတွေမှာ သစ်ပင်တွေပှေါ ကျွန်တှောတို့ တက်ကြည့်ခဲ့တယ်။ ပတ်ဝန်းကျင်ဟာ ကွင်းပြင်တွေ ဖြစ်တဲ့အတွက် လေက အမြဲလိုလို တိုက်နေပါတယ်။ မီးစက်လို ဟာမျိုးကို စဉ်းစားရင် လောင်စာဆီကို မဖြစ်မနေ ထည့်စဉ်းစားရမယ်။ ဒါကြောင့် လေအားလျှပ်စစ်နဲ့ ပတ်သတ်တာတွေကို အင်တာနက်ကနေ လေ့လာခဲ့တယ်။

လေကနေ လျှပ်စစ်ဓာတ်အား ထုတ်တာဟာ အကုန်အကျ သက်သာသလို လေတိုက်အား များရင် များသလို လျှပ်စစ်ဓာတ်အား များများ ထွက်နိုင်တယ်။ လေ့လာချက်အရ ၁ကီလိုဝပ် တိုင်းအတွက် သူ့ရဲ့ဟာက ဒှေါလာ ၁၀၀၀ လောက် ရှိတယ်လို့ သိရတယ်။ မနက်ဖြန်မှာ မြန်မာပြည်က လုပ်တဲ့ဟာကို သွားလေ့လာပါမယ်။ ဒါနဲ့ ပတ်သတ်ပြီး သိကျွမ်းသူတွေ၊ အဆက်အသွယ် ရှိသူတွေ၊ စိတ်ဝင်စားသူတွေ ကူညီပေးကြပါလို့ ဖိတ်ခှေါပါတယ်။





No response to “HMY's Next Plan”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz