Monday, July 14, 2008

HMY July 14

ဒီနေ့ပဲ ကျွန်တှော လပွတဿတာက ပြန်ရောက်ပါတယ်။ ယနေ့အထိ ကျွန်တှောတို့ ကောက်ခံ ရရှိငွေဟာ ၄၁၅၅၅၁ဝဝကျပ် (လေးရာတဆယ့်ငါးသိန်း ငါးသောင်းငါးထောင်တစ်ရာကျပ်) ဖြစ်ပါတယ်။ အလှူငွေ စာရင်းကို ဒီနေရာမှာ ကြည့်နိုင်ပါတယ်။ ရွာစုစုပေါင်း ၁၄ရွာမှာ တည်ဆောက်ခဲ့တာ ဖြစ်ပြီး အချို့မှာ ဓာတ်ပုံရိုက်ကူးရန်နှင့် အချို့မှာ အပြီးသတ်ရန် အနည်းငယ်မျှသာ ကျန်ရှိပါတော့တယ်။ ရွာတွေမှာ တည်ဆောက်ခဲ့တဲ့ စာရင်းကို ဒီနေရာမှာ (Project Villages) ကြည့်ရှုနိုင်ပါတယ်။

ကျွန်တှောတို့ အိမ်ဆောက်လုပ်ခြင်း လုပ်ငန်းကို ရပ်တန့်တော့မှာ ဖြစ်ပါတယ်။ ဆိပ်ကမ်းသာလေး (ဆိပ်ကလေး) ဆိုတဲ့ ရွာမှာ ပထမ ၂၉လုံး ဆောက်လုပ်ရာကနေ နောက်တိုးလူများကြောင့် တစ်ရွာလုံးရှိတဲ့ လူစာရင်း ၃၈ လုံးစာကို ဆောက်လုပ်ပေးနေပါတယ်။ ဒီဆိပ်ကလေးရွာမှာ ဆောက်နေတဲ့ အိမ်တွေဟာ အမိုးအကာ တာပှေါလင်မိုးတာကလွဲလို့ ကျန်တာတွေအားလုံး အခိုင်အမာ သစ်နဲ့ တစ်ပုံစံတည်း ရွာကွက်ချ တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ရွာရဲ့ လမ်းတွေကို ယခင်က မြွေလိမ်မြွေကောက် ၃ပေလောက် ရှိနေတာကနေ ဂပေအထိ တဖြောင့်တည်းဖြစ်အောင် တိုးချဲ့ထားပါတယ်။

အခုနောက်ပိုင်း ဆောက်တဲ့အိမ်တွေကို ၁ဂပေ ပေ ၂၀ အရွယ်အစား အခိုင်အမာ ဆောက်လုပ်ရမယ်လို့ သိရပါတယ်။ လူတစ်ယောက်တည်း ကျန်တဲ့ မိသားစုအတွက် အဲဒီလောက် အရွယ်အစား ကျွန်တှောတို့ မဆောက်လုပ် နိုင်ပါဘူး။ နောက်တစ်ခုက သစ်ကိစဿစ။ ကျွန်တှောတို့ ဝယ်ယူနေရတာ အပြင်က ဖြစ်ပါတယ်။ အပြင်သစ်ဈေးဟာ အစိုးရသစ်ဈေးထက် ၆ဆလောက် အနည်းဆုံး ပိုကြီးပါတယ်။ အဲဒီအရွယ် အိမ်တစ်လုံးကို သွပ်မိုးပေးမယ်ဆိုရင် နောက်ထပ် နှစ်သိန်းလောက် ထပ်ကုန်မယ် ထင်တယ်။ နောက်ပြီး မုန်တိုင်းဒဏ်ခံ ဒေသတွေကို အပိုင်းတွေခွဲပြီး ကုမဿပဏီကြီးတွေက ဆောက်လုပ်တော့မယ်လို့ သိရပါတယ်။ အခြားသော အဖွဲ့အစည်းတွေကလည်း အိမ်ဆောက်လုပ်ရေး လုပ်ငန်းကို လုပ်ဆောင်လာကြတာ တွေ့ရပါတယ်။ ဓနိမိုး၊ ထရံကာတာဟာ တာပှေါလင်ထက်တောင် သက်သာပါသေးတယ်။ :)

ဒီဆိပ်ကလေးရွာကို ကျွန်တှောတို့အဖွဲ့ နေ့တိုင်း သွားရောက်ပြီး ကိုယ်တိုင်ပါဝင် ဆောက်လုပ်ခဲ့တာပါ။ တခါတရံ ရွာမှာ ညအိပ်ရပါတယ်။ လပွတဿတာမြို့ကနေ ဆိပ်ကလေးကို သွားတဲ့ခရီးဟာ အသွားအပြန် ရေမီရင် ၃နာရီခွဲ၊ ရေမမီရင် ၅နာရီကျှော ကြာပါတယ်။ လပွတဿတာမြို့ကို ညတိုင်း ၁၀-၁၁ နာရီလောက်မှ ပြန်ရောက်ကြပါတယ်။ ရွာသားတွေကို သစ်တွေ၊ ပစဿစည်းတွေ အကုန်အပ်လိုက်ရင် မလိုအပ်တဲ့ ပိုလျှံကုန်ကျမှုတွေ၊ ဆုံးရှုံးမှုတွေ၊ မညီညွတ်မှုတွေ ဖြစ်တတ်တာ တွေ့ရတာမို့ ဒီရွာမှာတော့ ကျွန်တှောတို့ ကိုယ်တိုင် လုပ်ခဲ့ကြတာပါ။ ရွာကို ပုံစံ ပြန်ဖှောရာမှာ မိမိနေရာဟောင်းကို အစွဲအလမ်း ကြီးကြတဲ့ ရွာသားတွေကို အခါပေါင်းများစွာ တရားချပြီးမှ လက်ခံကြတာပါ။ မိုးရွာရင် အားလုံးက အိမ်ထဲဝင်သွားကြတယ်။ အဲဒီအခါ ကျွန်တှောတို့တွေ မိုးရေထဲထွက် လမ်းမြက်ပေါက်၊ တိုင်တွေထမ်း၊ အမိုးမိုး လုပ်ပြမှ အိမ်ထဲကနေ ပြန်ထွက်လာ လုပ်ကိုင်ကြတယ်။ လဲနေတဲ့ သစ်ပင်တွေကို ခုတ်ထွင် ရှင်းလင်း ခိုင်းရတယ်။ ဆိပ်ကလေးအတွက် ကြမ်းခင်းသစ် မရသေးတာကလွဲရင် ကျန်တာတွေ အတှောပြီးစီးနေပါပြီ။ ဒီလကုန် အပြီးဆောက်မယ်လို့ ကျွန်တှောတို့ ဆုံးဖြတ်ထားတယ်။

အရင်က အိမ်တိုင်တွေကို ရွာသားတွေ ကိုယ်တိုင် စိုက်ထူစေတာက ပိုမိုမြန်ဆန်ပေမယ့် အိမ်ပုံစံ စနစ်ကျ တူညီမှု သိပ်မရခဲ့ပါဘူး။ အခု ဆိပ်ကလေးမှာတော့ ၃၈ အိမ်စလုံး အင်၊ ကညင်သစ်များနဲ့ ညီညီညာညာ တဖြောင့်တည်း၊ တရွယ်တည်း ဖြစ်လာမှာ ဖြစ်ပါတယ်။ ဒီဆိပ်ကလေးဆိုတဲ့ ရွာကို ဂျပန်နိုင်ငံက မြန်မာကျောင်းသားတွေရဲ့ မတည်ငွေ ၄၁ သိန်းနဲ့ စကဿငာပူက ပုညကုသလ ဘာသာရေးအသင်းက လှူဒါန်းငွေ ကျပ်သိန်း ၃ဝကို အဓိကထား သုံးစွဲပြီး တည်ဆောက်နေပါတယ်။ အိမ်တစ်လုံးစာအတွက် အခြင်၊ ရက်မ၊ ပတ်တန်း၊ ဆင့်၊ ထုပ်၊ ကြမ်းခင်း အရာအားလုံးကို ပံ့ပိုးရတဲ့အတွက် ကုန်ကျစရိတ်ဟာ အသားတင် နှစ်သိန်းခွဲခန့် ဖြစ်လာပါတယ်။

အိမ်မဆောက်လုပ်တော့ပေမယ့် အခြား တစ်ခုကို ဆက်လက် လုပ်ဆောင်သွားမယ်လို့ စီစဉ်ထားပါတယ်။ ပထမတစ်ခုက ကျွန်တှောတို့ ရွာတွေမှာ တစ်ရွာတစ်ည ကွန်ပျူတာနဲ့ ပရောဂျတ်တာထိုးပြီး ရုပ်ရှင်လိုက်ပြမယ်။ ရွာသားတွေမှာ Entertainment & Recreation ဆိုတာ လုံးဝမရှိပါဘူး။ ဒါကြောင့် ဒါဟာ သူတို့အတွက် စိတ်အပန်းဖြေစရာ တစ်ခု ဖြစ်လာလိမ့်မယ်လို့ ကျွန်တှောတို့ ယုံကြည်တယ်။ ကျွန်တှောတို့ဆီမှာ မီးစက် ဝယ်ပြီးသားရှိတယ်။ ကိုယ်ပိုင် လပ်တော့ ကွန်ပျူတာလေးတွေ ရှိတယ်။ ပရောဂျတ်တာကိုတော့ အလှူခံကြည့်မယ်။ မရရင် ဝယ်ပါမယ်။ နောက်တစ်ခုကတော့ ပိုပြီး အဓိကကျတဲ့ လုပ်ဆောင်မှု တစ်ခု ဖြစ်ပါလိမ့်မယ်။ ကြီးမားတဲ့ ပြောင်းလဲမှု တစ်ခုလည်း ဖြစ်နိုင်ပါတယ်။ အခု အဲဒီကိစဿစအတွက် စုံစမ်းလေ့လာနေဆဲ ဖြစ်တာမို့ မပြောသေးပါဘူး။ နောက်တစ်ရက် နှစ်ရက်မှာ ကျွန်တှောတို့ ဒီနေရာကနေ တင်ပြပါမယ်။



ညီလင်းဆက်


Ref

Nargis Donor List
Project Financial Clearance

No response to “HMY July 14”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz