Wednesday, June 4, 2008

Our Experiences at Labutta

ကျွန်တှောတို့ ဘတ်ဂျတ်တဲ အစီအစဉ်လေးကို လူတွေ စိတ်ဝင်စားတာ သိရလို့ ဝမ်းသာမိတယ်။ တကယ်တမ်း ဒီတဲတွေ ဆောက်တဲ့အခါ ထင်မှတ်မထားတဲ့ အခက်အခဲတွေ များစွာကိုလည်း ကြုံတွေ့ခဲ့ရပါတယ်။ အရမ်းလည်း ပင်ပန်းပါတယ်။


သွားရေးလာရေး

ကျွန်တှောတို့ ပထမဆုံး ကြုံရတဲ့ အခက်အခဲကတော့ ရန်ကုန်ကနေ လပွတဿတာ သွားခရီးပါပဲ။ အဲဒီကိုသွားဖို့ ကားဂိတ်သွားတာနဲ့တင် တကဿကစီခက ၇၀၀၀ လောက်ပေးရတယ်။ လိုင်းကားနဲ့သာ သွားနိုင်ပါတယ်။ လိုင်းကားက ရွှေလဝန်းနဲ့ စွမ်းအားရှင် နှစ်လိုင်းရှိတယ်။ ရွှေလဝန်းက ကားတွေ ပိုစုတ်တယ်။ ကားခက အရင်က တစ်သောင်း၊ အခု ၈၀၀၀ ပါ။ ကားတွေဟာ မှန်တွေကွဲ၊ ထိုင်ခုံတွေကမကောင်းနဲ့မို့ တစ်လမ်းလုံး အတှော ဒုကဿခရောက်ပါတယ်။ လူလည်း ပြည့်ကျပ်နေတယ်။ မိုးရွာတဲ့အခါ ကားထဲမှာ မိုးဖြိုင်ဖြိုင် ရွာနေသလိုပါပဲ။ နောက်တစ်ခုက ရွာတွေဆီကို သွားရေးလာရေးပါ။ လပွတဿတာကနေ ခွာပြီး အနီးအနား ရွာတွေ သွားမယ် ဆိုတာနဲ့ စက်လှေခက ၃၀၀၀၀ လောက် ပေးရပါတယ်။ နဲနဲဝေးရင် ၅သောင်း၊ သိပ်ဝေးရင် တစ်သိန်း ပေးရတယ်။ မသွားလို့ မရပါဘူး။ ရွာတစ်ရွာကို အနည်းဆုံး သွားမကြည့်ဘဲ လှူလို့ မရပါဘူး။ အိမ်ဆောက်မယ်ဆိုတဲ့ ရွာဆိုရင် အနည်းဆုံး လေးခေါက် သွားကြည့်ရပါတယ်။ ဘာလို့ သွားကြည့်ရတယ်ဆိုတာကို အောက်မှာ ရှင်းပြပါဦးမယ်။ ဒီလိုသွားရာမှာ ပင်လယ်ဝကရွာတွေ သိပ်ဝေးတဲ့ ရွာတွေဆိုရင် ညအိပ်ကို သွားရပါတယ်။ သောက်စရာရေ နေစရာတဲ ဘာမှ မရှိဘူး။ အဲဒီလို လာလုပ်ပေးနေလို့ လပွတဿတာမှာ အားလုံးက လျော့ပေါ့ပေးတယ်လို့လည်း မထင်လိုက်ကြပါနဲ့ဦး။ ဆိုက်ကားသမားကအစ ၂ဝဝတန် ခရီးကို ၁၀၀၀ တောင်းတယ်။ ရေသန့်တစ်ဗူး ၅၀၀ ပေးရတယ်။ နာဂစ်ဈေးနှုန်းလို့ သူတို့က ဆိုကြတယ်။ မနက်ပိုင်း နာဂစ်ဘရိတ်ဖက်စ်လေး စားရင်တောင် ၄၀၀၀ ဆိုတာ အနည်းဆုံးပဲ။ ထမင်းတစ်ခါစားရင်တော့ ၅၀၀၀-၁ဝဝဝဝဆိုတာ အနည်းဆုံးပဲ။ ဒီရေအတက်အကျ ပြင်းတဲ့ ဒေသမို့ ပဲ့ထောင် လောက်နဲ့မှ သွားရေးလာရေးက အဆင်ပြေတယ်။ ဒါတောင် ပင်လယ်ဘက်သွားရင် လှိုင်းတွေမိပါသေးတယ်။ အနီးဆုံး ရွာတစ်ရွာကို သွားမယ် ဆိုရင်တောင် အသွားအပြန် ၄နာရီလောက် အချိန်ယူရပါတယ်။ နောက်ဆုံး ဘယ်လိုမှ အဲဒီခရီးစရိတ်ကို မသုံးနိုင်တော့တဲ့အခါ ပဲ့ထောင်လေး တစ်စင်းဝယ်ဖို့ စဉ်းစားရပါတော့တယ်။ ဒါပေမယ့် ပဲ့ထောင်တစ်စင်းက ၁၅သိန်း သိန်း၂ဝလောက် ရှိတာမို့ ကျွန်တှောတို့ အခက်တွေ့ရပြန်တယ်။ နောက်ဆုံး ဇေကမဿဘာအဖွဲ့က ကျွန်တှောတို့အတွက် သဘေဿငာတစ်စင်း အကူအညီပေးမယ်လို့ ပြောပါတယ်။ ဒါကြောင့် နောက်ပိုင်းမှာတော့ ကျွန်တှောတို့ ပိုပြီး ထိထိရောက်ရောက် လုပ်ကိုင်နိုင်လိမ့်မယ်လို့ မျှောလင့်မိပါတယ်။


လူအမျိုးမျိုး စိတ်အထွေထွေ

လူအမျိုးမျိုး စိတ်အထွေထွေ ဆိုတဲ့အတိုင်း ဒုကဿခသည်တွေထဲမှာ အမြတ်ထုတ်ကြသူများလည်း ရှိပါတယ်။ အဲဒီက ဒုကဿခသည် ရွာသားတွေ ပြောကြတယ်။ သူတို့ဆီမှာ ဘုန်းကြီးလောဘ အနတဿတတဲ့။ မတရား ခေါင်းပုံဖြတ်တဲ့ ရပ်ကွက်လူကြီးတွေ ဆယ်အိမ်မှူး ရာအိမ်မှူးတွေလည်း ရှိကြသေးတယ်။ ဒါကြောင့် ရွာသားတွေကို တိုက်ရိုက်လှူတာ အကောင်းဆုံးပါ။ ဒါပေမယ့် ဒီလို လှူတဲ့အခါ ပြသဿသနာပေါင်း သောင်းခြောက်ထောင်လောက် ရှိပါတယ်။ ဥပမာ မုန်တိုင်းမလာခင်က အဲဒီရွာမှာ အိမ်ထောင်စုစာရင်းအရ ၅၀ ရှိတယ်။ တစ်အိမ်ထောင် သုံးယောက်နဲ့ လူဦးရေ ၁၅၀ ရှိတယ် ဆိုပါစို့။ မုန်တိုင်းလည်း ပြီးသွားရော အိမ်ထောင်စု တချို့က ပြတ်သွားတယ်။ ဒီတော့ အိမ်ထောင်စု ၄ဝပဲ ကျန်တော့တယ်။ အခြားအိမ်ထောင်တွေကလည်း တစ်အိမ်ထောင် လူ၂ယောက် သေသွားတယ် ဆိုရင် တကယ်တမ်းက လူ ၁၅၀ မှာ လူလေးဆယ်ပဲ ကျန်ရစ်တော့တယ်။ အဲဒီအထဲ ရွာမှာ တကယ်နေတဲ့သူက လူ နှစ်ဆယ်ပဲ ရှိတယ်။ ဒါပေမယ့် လာအကူအညီတောင်းတဲ့ ဥကဿကဌတို့ ရာအိမ်မှူးတို့က လူ ၆၀ စာလောက် ဖမ်းတင်ပစ်လိုက်တယ်။ ဒါကို မစစ်ဆေးပဲ အဲဒီလူတွေကိုသာ ယုံပြီး ပေးလိုက်လို့ကတော့ ဂွင်ကြီးကို ဖြစ်လို့။ ထားပါတော့ အဲဒီ လူ ၆ဝစာအတွက် လူတစ်ယောက်ကို ဆပ်ပြာ ၅တုံး ပေးလိုက်တယ်ဆိုရင် သူတို့ ပြန်ခွဲပေးတာ လူတစ်ယောက်ကို ၂တုံး ၃တုံးပေါ့။ ကျန် ၃တုံးလောက်က ပျောက်သွားတယ်။ အဲဒီလို။

အိမ်ဆောက်ပေးတဲ့ အခါကျတော့ ပိုဒုကဿခများတယ်။ တချို့အိမ်ထောင်စုက ၆ယောက် ရယောက် ကျန်ရစ်တယ်။ တစ်ချို့က ၁ ယောက် နှစ်ယောက်ပဲ ကျန်တယ်။ တစ်ချို့က မိသားစုတွေ သေကုန်လို့ တခြား ရွာကနေ အဲဒီရွာကို ပြောင်းလာနေတယ် အိမ်ထောင်စု စာရင်းမှာ မပါဘူး။ အဲဒီ ကိစဿစေတြကို ရြာသားေတြေခါှ၊ ရြာလူျကီးေခါှ၊ ဥကဿကဌေခါှျပီး တေ့တေ့ဆိုင်ဆိုင် စစ်ဆေးရပါတယ်။ နောက်ပြီး တချို့တွေက အိမ်ပြန်ဆောက်ပြီး နေကြပြီ။ ဒီလိုလူတွေကိုကျတော့ အိမ်ဆောက်ပေးတဲ့ စာရင်းကနေ ထုတ်ရပါတယ်။ ဒါပေမယ့် အဲဒီ ဆောက်ပြီးသား အိမ်မှာ နေနေတာက မိသားစု ၃စုဆိုရင် သူတို့အတွက်ကို စဉ်းစားရပြန်တယ်။ အတှောကို ခေါင်းခြောက်အောင် လုပ်ကြရတာပါ။ မြန်မာတွေရဲ့ ထုံးစံအတိုင်း စိတ်တူကိုယ်တူ ညီညွတ်တဲ့ ရွာဆိုတာ အတှောရှားပါတယ်။ အားလုံးလိုလိုက ဒုကဿခရောက်နေတာတောင် အများအကျိုး၊ ကိုယ့်ရွာ ပြန်တည်ထောင်ဖို့ထက် ကိုယ့်ကိစဿစကို အရင် ရှေးရှုနေကြတယ်။

ကျွန်တှောတို့ အိမ်ဆောက်တာ ပုံစံ ၂ခုရှိတယ်။ ပထမ တစ်ခုက မိသားစု တစ်စုကို ၁၀x၁၂ အိမ်တစ်လုံး၊ နောက်တစ်မျိုးက စုပေါင်းနေတဲ့ ၁၂x၁၈ အိမ်တစ်မျိုး။ ဘယ်ရွာကို ဘယ်လိုအိမ်ပုံစံ ဆောက်ပေးမယ်ဆိုတာ သူတို့ပေးတဲ့ အချက်အလက်တွေကို ပထမကြည့်၊ ရွာကို သွားစစ်ဆေး၊ ရွာသားတွေနဲ့တွေ့၊ ကျွန်တှောတို့ အဖွဲ့ ညှိနှိုင်းပြီးမှ ဆုံးဖြတ်ချက် ချပါတယ်။ အဲဒီအကြောင်း အသေးစိတ်ကို နောက်ပိုင်း ရေးပါမယ်။ ယေဘုယျကတော့ မိသားစု များများကျန်တဲ့ ရွာမျိုးတွေကို တစ်စုစီအတွက် အိမ်တစ်လုံး ဆောက်ပေးတယ်။ နည်းနည်းကျန်တဲ့ ရွာတွေကို စုပေါင်းအိမ် ဆောက်ပေးပါတယ်။


ပိုးလောင်း၊ ခြင်နဲ့ယင်

မုန်တိုင်းကြောင့် မိုးတွေရွာ ရေတွေတက်ခဲ့တော့ အဲဒီရွာတွေမှာ ရေတွေတင်ကျန်ခဲ့တယ်။ အဲဒီရေတွေကနေ ပိုးလောင်းတွေ ယင်တွေ ခြင်တွေ ပေါက်ဖွားလာတယ်။ ပိုးလောင်းဆိုတာ ဖြုတ်ကောင်လေးတွေ လိုပဲ။ အရမ်းကိုက်တယ်။ ခြင်တွေဆိုတာ ပြောမနေနဲ့တော့။ မိုးချုပ်မှ မှောင်မှ ကိုက်တာမျိုး မဟုတ်ဘူး။ မြို့ပှေါမှာတောင် မတ်တပ်ရပ်နေရင်း အကိုက်ခံနေရတာ။ ကျွန်တှောဆိုတာ ခြင်ကိုက်ရင် အဖုအပိမ့် ထတတ်သူ မဟုတ်ဘူး။ ဒါပေမယ့် အဲဒီလည်းရောက်ရော အနီစက်တွေပါ ဖြစ်ကျန်ခဲ့တယ်။ ရွာက ကလေးငယ်တွေလည်း ပိုးလောင်းကိုက်ခံရတာ ခြင်ကိုက်ခံရတာနဲ့ အနာတွေ ဖြစ်နေတာ တွေ့ရတယ်။ ယင်ကောင်တွေဆိုတာလည်း အားကြီးပဲ။ ယင်ကောင်မှ ယင်မှတ်မဲရိုင်းကြီးတွေ။ ရွာတွေသွားလို့ ထမင်းစားရတဲ့အခါ ရွံနေဖို့တောင် အချိန်မရဘူး ကျွန်တှောတို့လည်း ဒီအကောင်တွေနဲ့ အပြိုင် စားကြရတာပါပဲ။ ညမှောင်တဲ့အခါ တစ်ကိုယ်လုံး အိုဒိုမောစ့် ဆိုတဲ့ ခြင်ပြေးဆေးတွေ လိမ်းထားရတယ်။ တစ်နာရီ နှစ်နာရီပဲ ခံတယ် နောက်ပိုင်း ပြန်ကိုက်တာပဲ။ အိပ်ယာဝင်တော့ ခြင်ထောင်နဲ့ အိပ်ပေမယ့် ခြင်ထောင်နဲ့ ထိနေတဲ့ လက်တွေ ခြေထောက်တွေ အကိုက်ခံရပြန်တယ်။


ရေ

ရေအခက်အခဲကတော့ တှောတှောဆိုးပါတယ်။ ကျွန်တှောတို့ အဖွဲ့မှာတင် လူ၆ယောက်လောက်ရှိတယ်။ ရေသန့် တစ်ဗူးကို ၅၀၀ လောက်ပေးရတယ်။ တစ်ရက်ကို လူတစ်ယောက် ၂ဗူးလောက် သောက်ရတယ်။ ရွာတွေမှာလည်း အစိုးရက ရေစုပ်စက်တွေ ပေးထားတယ် ဆိုပေမယ့် သောက်ရေကန်တွေကို မဆယ်နိုင်ကြသေးဘူး။ ဒီတော့ လပွတဿတာတက်ပြီး ရေဝယ်ကြရတယ်လို့ သိရတယ်။ ပင်လယ်စပ် ရွာတွေမှာ ရေအခက်အခဲ သိပ်ဖြစ်ကြရတယ်။ နေရာတိုင်းက တွင်းတူးလို့ ရေမထွက်ဘူး။ တူးစရာလည်း ဘာပစဿစည်းမှ မရှိဘူး။ အဲဒီတော့ အုန်းရေ သောက်ကြရတယ်။ တှောတှောများများက မြစ်ရေချိုတယ်ဆိုရင် မြစ်ရေပဲ သောက်ကြတယ်။ ဆေးမခပ်ဘူး။ ကျွန်တှောတို့ကတော့ မသောက်ရဲဘူး။ ရေကန်တွေ ပြန်ဖှောတဲ့ အခါမှာလည်း မိရိုးဖလာ ထုံးစံအရ မဖောက်ထုံးတွေ ထည့်ကြပြန်တယ်။ နောက်ပိုင်း ဆီးကျောက်တည်တာတွေဘာတွေ ဖြစ်နိုင်လိမ့်မယ်လို့ ကျွန်တှောတို့ ထင်မိတယ်။


လုပ်ငန်းလုပ်ဆောင်ပုံ

ကျွန်တှောတို့ အဖွဲ့မှာ လောလောဆယ် ကျွန်တှောတို့ ငါးယောက်အပြင် နောက်ထပ် နှစ်ယောက် တိုးလာတယ်။ အခု လပွတဿတာမှာ ၄ယောက် ကျန်တယ်။ နယ်ခံ ရွာသားနှစ်ယောက်က ကျွန်တှောတို့နဲ့အတူ ကူညီလာနေပေးတယ်။ ရန်ကုန်မှာ ကျွန်တှောရယ်၊ စိုးဇေယျထွန်းရယ်၊ မင်းရဲကျှောရယ် ရှိနေတယ်။ ကျွန်တှောတို့က ဒီအခြေအနေလေးတွေ ရှင်းပြဖို့ ပြန်လာတာပါ။ မင်းရဲကျှောကတော့ ကျန်းမာရေးကြောင့် ခဏနားနေရတယ်။ လပွတဿတာမှာ အိမ်ငှားထားပါတယ်။ မီးမရှိတာမို့ တရုတ်လက်ဆွဲ မီးစက်လေးတစ်လုံးလည်း ဝယ်ထားတယ်။ အိမ်မှာ တစ်နေ့လုံး ရွာပေါင်းစုံက ရွာသားတွေနဲ့ ပြည့်နေတယ်။ ကျွန်တှောတို့ လုပ်ငန်းလေးကို တဆင့်စကားနဲ့ ကြားလာကြပြီး မြို့ပှေါတက် လာအကူအညီ တောင်းကြတာပါ။ ဒါလည်း မလွယ်ပါဘူး။ တချို့က လက်ချည်းသက်သက် တက်လာကြတယ်။ သူတို့မှာ ဘာစာရွက်စာတမ်းမှ ပါမလာဘူး။ အဲဒီတော့ ကျွန်တှောတို့က ဖောင်လေးတစ်ခု ထုတ်ပေးတယ်။ အဲဒီဖောင်ကို ဖြည့်ခိုင်းတယ်။ တစ်ရွာလုံးနဲ့ တိုင်ပင်ခိုင်းတယ်။ အဲဒါတွေ ပြီးသွားရင် ကျွန်တှောတို့ အဖွဲ့က အဲဒီရွာမှာ သူတို့ တင်ပြထားတဲ့ လူတွေ တကယ်နေလား မနေဘူးလား၊ ဆောက်ပြီးအိမ် ဘယ်လောက်ရှိတယ်၊ မဆောက်ရသေးတဲ့ အိမ် ဘယ်လောက်ရှိတယ် စတာတွေကို စာရင်းစစ်ပါတယ်။ ပြီးရင် သူတို့ တစ်ရွာလုံးက လူတွေကို ခှေါတယ်။ ခှေါပြီး ကျွန်တှောတို့ရဲ့ အစီအစဉ်တွေ၊ သူတို့ဘက်က လုပ်ရမှာတွေကို ပွင့်ပွင့်လင်းလင်း ပြောပြပါတယ်။

ရွာတစ်ရွာက အိမ်ဆောက်မယ်ဆိုရင် ကျွန်တှောတို့ ပံ့ပိုးတဲ့ ပစဿစည်းတွေကို လပွတဿတာမြို့မှာ ကိုယ့်လှေနဲ့ကိုယ် လာထုတ်ရပါမယ်။ တကယ်ကို လှေကလည်း မရှိ၊ ပိုက်ဆံလည်း မရှိဘူးဆိုရင် လှေငှားခ၊ စက်သုံးဆီခတွေကိုပါ ကျွန်တှောတို့ စိုက်ထုတ်ပြီး ပို့ပေးပါတယ်။ ပြီးရင် သူတို့ ဆောက်မယ့် နေရာကို စစ်ဆေးတယ်၊ မြေနေရာပိုင်ရှင်နဲ့ စကားပြောတယ်။ အားလုံး အဆင်ပြေတဲ့အခါ သူတို့ အိမ်ဆောက်ဖို့ ဆောက်လုပ်ရေး ပစဿစည်းကအစ အကူအညီ ပေးပါတယ်။ သူတို့အနေနဲ့က အိမ်တိုင် စိုက်ပေးရပါတယ်။ အရင်တုန်းက အိမ်တိုင်တွေပါ ပံ့ပိုးဖို့ စိတ်ကူးထားပေမယ့် အားလုံးက ရရင်ယူမယ့် ပုံစံ ဖြစ်နေတာမို့ ဒီတစ်ခုကိုတော့ ကျွန်တှောတို့ ကန့်သတ်ထားလိုက်ပါတယ်။ ရွာသားတွေဟာ အိမ်တိုင်ကို ကိုယ်တိုင်ထူရမယ်၊ လုပ်အားစိုက်ရမယ်။ ဒီအိမ်လေးတွေကို တစ်နှစ်ကြာတဲ့အထိ မလိုအပ်ဘဲ မဖျက်ဆီးပစ်ဖို့ဆိုတဲ့ နှုတ်ကတိ တစ်ခုပဲ ကျွန်တှောတို့ တောင်းပါတယ်။ ကျန်တာ ဘာတစ်ခုမှ သူတို့ကို ကန့်သတ်ချုပ်ကိုင်ထားခြင်း မရှိပါဘူး။

ကျွန်တှောတို့ လုပ်ကိုင်နေတာ အားလုံးကို အဲဒီမှာ အခြေစိုက်တဲ့ အစိုးရအဖွဲ့ကို တင်ပြပြီးမှ လုပ်ပါတယ်။ ပြီးစီးမှု အနေအထားကိုလည်း သတင်းပို့ပေးပါတယ်။ သူတို့လည်း ကူညီမှုတွေ ပေးပါတယ်။ ကျွန်တှောတို့ လုပ်ဆောင်နေတာ လပွတဿတာအောက်ပိုင်းပါ။ တစ်ကြောင်းက အနီးအနား ကညင်ကုန်းလို ရွာတွေကနေစပြီး အောက်ပိုင်း တကြောလုံး ဆင်းမယ်။ နောက်တစ်ကြောင်းက အောက်ပိုင်း စလူဆိပ်ကနေ စပြီး အထက်ကို တဖြေးဖြေး တက်မယ်။ ဒီအချိန်မှာ အဲဒီတကြော မဟုတ်တဲ့ အခြားဘက်ပိုင်းက ရွာတွေကို အကူအညီ မပေးနိုင်သေးပါဘူး။ ဒုကဿခရောက်နေတဲ့ ရွာအားလုံးကို မကူညီ နိုင်ပေမယ့် အစိတ်ပိုင်း တစ်ခုအနေနဲ့ တိတိကျကျ အကူအညီ ပေးနိုင်လိမ့်မယ်လို့ မျှောလင့်ထားပါတယ်။


ကြာမြင့်ချိန်

ရွာတစ်ရွာကို အိမ်တွေဆောက်တဲ့အခါ တစ်ပတ်လောက် ကြာပါတယ်။ ဒါကလည်း သူတို့အနေနဲ့ တိုင်အခက်အခဲ မရှိရင် ငါးရက်နဲ့ ပြီးပါတယ်။ တိုင်ထူပြီးပြီ ဆိုတာနဲ့ သူတို့လိုအပ်တဲ့ ကြမ်းခင်း၊ အမိုး၊ သံ၊ ကျစ်ကြိုး စတာတွေကို ချက်ခြင်း အကုန်ချပေးပါတယ်။ အိမ်တစ်လုံးအတွက် သတ်မှတ် အတိုင်းအတာ ပမာဏ ရှိပါတယ်။ သတ်မှတ်ချိန်မှာ ပြီးစီးနိုင်အောင် ကျွန်တှောတို့က သွားသွားစစ်ပေးရ၊ အားပေးရ၊ စိတ်ဓာတ်မြှင့်တင်ပေးရ တာမျိုးတွေ လုပ်ရပါတယ်။ တချို့ကလည်း စိတ်စောပြီး လယ်ယာလုပ်ငန်းအတွက် ကြိုစဉ်းစားနေကြတယ်။ ဒါပေမယ့် နေထိုင်စရာပြီးမှ လုပ်ကိုင်စရာကို စဉ်းစားရမယ့် အကြောင်း၊ နေစရာအိမ် ပြီးတဲ့အခါ ဒီရွာတွေအတွက် သက်ဆိုင်ရာက၊ အလှူရှင်တွေက လုပ်ငန်းခွင် လုပ်ကိုင်ဖို့ ချက်ခြင်း ချပေးနိုင်တယ် ဆိုတဲ့ အကြောင်းတွေ ပြောပြရပါတယ်။ နေစရာအိမ် အတည်တကျ မရှိသေးဘဲနဲ့ အဆင့်ကျှောပြီး စာသင်ကျောင်း၊ ဆေးပေးခန်း၊ ဘုန်းကြီးကျောင်း၊ လယ်ယာသုံးပစဿစည်း ပေးဖို့ ဆိုတာက မဖြစ်နိုင်သေးပါဘူး။ အခုဆို ဧရာဝတီတိုင်း တစ်တိုင်းလုံးမှာ ရွာလုံးကျွတ် အနေနဲ့ဆို ကျွန်တှောတို့ တည်ဆောက်ပေးနေတဲ့ ကုကဿကိုလ်ရွာလေးက သပ်သပ်ရပ်ရပ်နဲ့ ပထမဆုံး ပြီးတဲ့ရွာ ဖြစ်လာလိမ့်မယ်လို့ မျှောလင့်ပါတယ်။


အိမ်ပုံစံ နှစ်မျိုး

အိမ်ပုံစံ နှစ်မျိုး ရှိပါတယ်။ တစ်မျိုးက မိသားစု တစ်စုချင်းစီ အတွက်ပါ။ နောက်တစ်မျိုးက စုပေါင်းနေတဲ့ တဲပုံစံပါ။ မှောလမြိုင်ချိုး အိမ်ပုံစံ ဖြစ်ပါတယ်။ မိသားစု တစ်စုချင်းစီအတွက်က ၁၂ပေ ၁ဝပေ အကျယ်အဝန်း ရှိပါတယ်။ လူငါးယောက် ကောင်းကောင်း နေနိုင်ပါတယ်။ နောက်တစ်မျိုးက ၁ဂပေ ၁၂ပေပါ။ လူ ၁၂ယောက် ကောင်းကောင်း နေနိုင်ပါတယ်။ ဘယ်ရွာမှာ ဘယ်လိုအိမ်မျိုး ဆောက်မယ်ဆိုတာ ကျွန်တှောတို့ အဖွဲ့ရဲ့ ဆုံးဖြတ်ချက်နဲ့၊ ရွာလိုအပ်ချက် အရသာ ဖြစ်ပါတယ်။ သစ်ဈေး သံဈေး၊ အခြားဈေးတွေက အတက်အကျ ရှိပါတယ်။ လပွတဿတာမြို့မှာ ရန်ကုန်ထက် ၂ဆလောက် ပိုများတာမို့ ရန်ကုန်ကနေပဲ ဝယ်ပြီး တင်ပို့ပါတယ်။ ရွာတစ်ရွာကို ယေဘုယျ အိမ်ငါးလုံး အနည်းဆုံး ဆောက်ပေးပါတယ်။ ကုကဿကိုလ်ရွာမှာတော့ မိသားစု တစ်စုချင်းစီအိမ် ၃၉လုံး ဆောက်ပေးနေပါတယ်။ မနက်ဖြန်ဆို အားလုံး အပြီးသတ်ပါမယ်။

10x12 တဲ

အမိုးအကာ တာပှေါလင် - ပေ ၁၀၀
သံမျိုးစုံ - ၈၀ ကျပ်သား
ကြမ်းခင်းသစ် - ခြောက်ငါးမူး ပေ ၂၄၀
ကျစ်ကြိုး - တစ်ပိသဿသာ
အိုး - တစ်လုံး
စောင် - တစ်ထည်
ခြင်ထောင် - တစ်လုံး
ရေခွက် - တစ်လုံး
ပန်းကန် - ၂ချပ်
ဟင်းထည့်ခွက် - ၁လုံး

12x18 တဲ

အမိုးအကာ တာပှေါလင် - ပေ ၂၀၀
သံမ်ိုးစံု - ၁ ပိသဿသာ
ကြမ်းခင်းသစ် - ခြောက်ငါးမူး ပေ ၃၆၀
ကျစ်ကြိုး - တစ်ပိသဿသာ
အိုး - မိသားစု အရေအတွက်အလိုက်
စောင် - မိသားစု အရေအတွက်အလိုက်
ခြင်ထောင် - မိသားစု အရေအတွက်အလိုက်
ရေခွက် - မိသားစု အရေအတွက်အလိုက်
ပန်းကန် - မိသားစု အရေအတွက်အလိုက်
ဟင်းထည့်ခွက် - မိသားစု အရေအတွက်အလိုက်


ကျွန်တှောတို့ကို ကူညီသူများ

ကျွန်တှောတို့ ပစဿစည်းတွေကို မက်စ်မြန်မာ ဦးေဇာှေဇာှနဲ့ အဖြဲ့က ရန္ကုန္ကေန လပြတဿတာအထိ သယ်ယူပေးပါတယ်။ ဇေကမဿဘာက ကိုညီတို့ အဖွဲ့က သွားလာရေး အဆင်ပြေအောင် စက်လှေတစ်စင်းနဲ့၊ ဆက်သွယ်ရေးအတွက် ဖုန်းတစ်လုံး ပံ့ပိုးပေးပါတယ်။ စကဿငာပူက မချိုမာညွန့်နဲ့ သူငယ်ချင်းများက ကျွန်တှောတို့ အတွက် အထွေထွေ အသုံးစရိတ် ၆သိန်းခွဲခန့် ကူညီပေးပါတယ်။ မိုးကြိုး အဖွဲ့ကလည်း ဒှေါလာတစ်ရာ အသက်ကယ်အကဿငျီ ဝယ်ယူဖို့ ကူညီပါတယ်။ နောက်ပိုင်း ကိစဿစတွေမှာလည်း သူတို့နဲ့ ကျွန်တှောတို့ရဲ့ ဟန်ဒီမြန်မာဂရု အဖွဲ့လေး ပူးပေါင်း ညှိနှိုင်း ဆောက်ရွက်သွားမှာပါ။ သူတို့ကိုလည်း ကျေးဇူးအထူးတင်ကြောင်း အားလုံးကိုယ်စား ကျွန်တှောက ပြောလိုပါတယ်။


ခရီးစဉ် အခက်အခဲကြောင့် ကူညီမှု သတင်းတွေကို စဉ်ဆက်မပြတ် မတင်နိုင်တာကို နားလည်နိုင်ပါစေလို့ ဆုတောင်းပါတယ်။ ပထမ စစချင်း လုပ်ငန်းတွေမှာ ကျွန်တှောတို့ အတွေ့အကြုံ မရှိသေးတာမို့ ကမောက်ကမ ဖြစ်ခဲ့တာတွေ ရှိခဲ့ရင်လည်း နားလည်ပေးကြစေလိုပါတယ်။ ကျွန်တှောတို့ဟာ အလှူငွေ ကောက်ခံတဲ့ အဖွဲ့ မဟုတ်ပါဘူး။ သူများတွေရဲ့ အလှူကို အကောင်အထည် ဖှောပေးတဲ့ အဖွဲ့သာ ဖြစ်ပါတယ်။ အဲဒီမှာသွားပြီး ဇိမ်နဲ့နေ ဇိမ်နဲ့စားသောက်နေတာ မဟုတ်ပါဘူး။ တတ်နိုင်သမျှ အကုန်အကျနည်းနည်း ဘတ်ဂျတ်နည်းနည်းနဲ့ အလုပ်တွင်အောင် လုပ်နေကြတယ်ဆိုတာကိုတော့ သိစေချင်ပါတယ်။ အဖွဲ့အစည်းတွေ နာမည်တပ်ပြီး လှူဒါန်းချင်တယ်ဆိုရင် ရွာတစ်ရွာမှာ အိမ်ဘယ်နှစ်လုံးစာ လှူချင်ပါတယ်ဆိုပြီး လှူဒါန်းနိုင်ပါတယ်။ အဲဒီဘက်မှာ တိုက်ရိုက် ကူညီချင်သူတွေ ရှိရင်လည်း ကျွန်တှောတို့ အဖွဲ့က ကူညီပေးပါမယ်။ ဒီမှာ လုပ်နေတဲ့ အလုပ်တွေ အားလုံးအတွက် ကျွန်တှောတို့ စိတ်သန့်တယ်။ ရွာသားတွေလည်း စိတ်ချမ်းသာတယ်။ သူတို့နဲ့လည်း ရင်းနှီးမှုတွေရတယ်။ တွေ့ရသလောက် အဲဒီဒေသမှာ ကျွန်တှောတို့ အဖွဲ့မှတခြား ဘယ်အဖွဲ့မှ အဲဒီလို မလုပ်နိုင်ကြသေးပါဘူး။ ေတာှေတာှမ်ားမ်ားက လပြတဿတာ ရောက်လာတယ်။ အနီးအနား ရွာလေးတွေ ရောက်လာတယ်။ တချို့လည်း ရွာခေါင်းဆောင်တွေကို စိတ်ချလက်ချ အပ်ပစ်လိုက်တယ်။ တချို့လည်း စာရင်းဇယား မကောက်ဘဲ ပေးပစ်တယ်။ ရွာသားတွေဆီက မကျေနပ်တဲ့ အသံတွေကို သူတို့ မကြားလိုက်ရပါဘူး။ ပြသဿသနာတွေကလည်း မျိုးစုံပါ။ စနစ်တကျ ဒေတာကောက်ခံထားတာ မရှိတာမို့ အချို့ရွာတွေမှာ ခေါက်ဆွဲခြောက်တွေ ဆန်တွေ ပုံနေအောင် ရတယ်။ ဒါပေမယ့် ဆီမရှိဘူး။ တချို့လည်း ဘာမှကို မရဘူး။ တချို့လည်း ဖြတ်ခုတ်တဲ့ သူတွေကို သတ်မယ်ဖြတ်မယ် လုပ်နေကြတယ်။ လှူဒါန်းတဲ့ သူတွေလည်း ကိုယ်တိုင် ကျေးရွာတွေအထိ သွားပြီး လှူနိုင်ပါတယ်။ ဘာအတားအဆီးမှ မရှိပါဘူး။ ဒါပေမယ့် ကိုယ်လှူတဲ့ ပစဿစည်းစာရင်းနဲ့ အခြား လိုအပ်တဲ့ စာရွက်စာတမ်းတွေကိုတော့ ပြင်ဆင်ထားသင့်ပါတယ်။ ကျွန်တှောတို့ ဆောင်ရွက်ပုံတွေကို ဓာတ်ပုံ ဗွီဒီယို ရိုက်ကူးထားပါတယ်။ တင်ပေးချင်ပေမယ့် အင်တာနက်က အပ်လုဒ်လုပ်ဖို့ အလွန်ခက်ခဲတာမို့ နောက်ပိုင်းမှသာ တင်ပေးနိုင်ပါတော့မယ်။ လပွတဿတာဘက်ကို လာရောက် ကူညီချင်တဲ့ အဖွဲ့တွေ လူပုဂဿဂိုလ်တွေ ကျွန်တှောတို့ဆီမှာ တည်းခိုပြီး လိုက်လံ လေ့လာ ကူညီ ဆောင်ရွက်နိုင်ပါတယ်လို့ ဖိတ်ခှေါပါတယ်။


One response to “Our Experiences at Labutta”

လေးစားပါတယ်အကို။

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz