Thursday, June 5, 2008

HMY's Situation


ကျွန်တှောတို့ဆီကို ဘတ်ဂျတ်တဲလေးတွေ ဆက်လက်ဆောက်လုပ်ဖို့ လှူဒါန်းတဲ့ အလှူငွေတွေ ဆက်လက် ကောက်ခံ ရရှိပါတယ်။ မနေ့ကအထိ စုစုပေါင်း လက်ခံ ရရှိငွေဟာ ကျပ်သိန်း ၁၉၆၄၄၂၅၀ ဖြစ်ပါတယ်။ [Donor List] ကျွန်တှောတို့အဖွဲ့ ကုန်ကျစရိတ်တွေကို အဖွဲ့အတွက် သီးခြားလှူဒါန်းတဲ့ အလှူငွေထဲကသာ သုံးပါတယ်။ ဒါပေမယ့် မလောက်ငှတဲ့အတွက် အချို့ကို အလှူငွေထဲက ကျခံထားပါတယ်။ အောက်မှာ ၉ ရက်နေ့ကစပြီး ကျွန်တှောတို့ ကုန်ကျခဲ့ရတဲ့ အသုံးစရိတ်ကို တင်ပြထားပါတယ် [link]။ အလှူအတန်းနဲ့ ရွာတွေဆီ သွားလာဖို့အတွက် စက်လှေငှားခ၊ အလုပ်သမားခ များကိုတော့ အလှူငွေထဲကနေ သုံးစွဲပါတယ်။ ဒီစာရင်းထဲမှာ မရှင်းလင်းတာရှိရင် ကျွန်တှောတို့ကို အချိန်မရွေး ထောက်ပြ ကန့်ကွက်နိုင်ပါတယ်။ ပစဿစည်းတွေ သိုလှောင်ဖို့ အိမ်ကို မဖြစ်မနေ ငှားထားရပါတယ်။ ဒီစာရင်းဟာ ဇွန်လ ၃ရက်နေ့အထိ စာရင်း ဖြစ်ပါတယ်။ အခုဆိုရင် ကျွန်တှောတို့အားလုံး အခြေအနေ အတည်တကျ ဖြစ်လာသလို၊ ကူညီသူတွေကြောင့် စက်လှေတွေ၊ တယ်လီဖုန်းတွေ အဆင်ပြေ လာတာမို့ နောက်ပိုင်းမှာတော့ အကုန်အကျ နည်းနည်းနဲ့ ပိုမို ထိရောက်စွာ လုပ်ကိုင် နိုင်မယ်လို့ မျှောလင့်ပါတယ်။

ဒုတိယအကြိမ် ပို့ခဲ့တဲ့ ပစဿစည်းတွေကို [Link] ထပ်မံဖြည့်စွက်ပြီး လပွတဿတာမြို့နယ်၊ ကုကဿကိုလ်ကျေးရွာအတွက် အိမ်၃၉လုံး ဆောက်လုပ်ခြင်းမှာ လှူဒါန်းခဲ့ပါတယ်။ မိသားစု တစ်စုကို အိမ်တစ်လုံးနှုန်း ဆောက်လုပ်ပေးခဲ့ပါတယ်။ အိမ်တစ်လုံးရဲ့ ကုန်ကျစရိတ်ဟာ ကျပ်တစ်သိန်းခွဲခန့် ဖြစ်ပါတယ်။ လိုအပ်တဲ့ သစ်ကို လပွတဿတာ မြို့ကသာ ဝယ်ယူရပါတယ်။ ကျန်ပစဿစည်းများကိုတော့ ရန်ကုန်ကနေ အဝေးပြေးကားနဲ့ တင်ပို့ရပါတယ်။ မိသားစု တစ်စုချင်းစီအတွက် ထမင်းအိုးတစ်လုံး၊ သောက်ရေခွက်တစ်ခွက်၊ ချိုးရေခွက်တစ်ခွက်၊ ဆီ ၅ဝကျပ်သား၊ ထမင်းစားပန်းကန် နှစ်ချပ်၊ ဟင်းထည့်ခွက် တစ်လုံး စတဲ့ ပစဿစည်းတွေကို ပံ့ပိုးပေးခဲ့ရုံသာမက သူတို့ သစ်သယ်ယူဖို့ ဒီဇယ်ဆီခကအစ ဆိုက်ကားခအဆုံး ကူညီပေးခဲ့ပါတယ်။ ကုကဿကိုလ်ကျေးရွာအတွက် လှူဒါန်းတဲ့ ပစဿစည်းစာရင်းနဲ့ တန်ဖိုး၊ သက်ဆိုင်တဲ့ အလှူအတန်း ဓာတ်ပုံများကိုတော့ မကြာခင် တင်ပေးပါမယ်။ ကျေးဇူးတင်ပါတယ်။



No response to “HMY's Situation”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz