Wednesday, June 25, 2008

HMY's July 25


ကျွန်တှော ဒီနေ့ပဲ ရန်ကုန် ပြန်ရောက်ပါတယ်။ လမ်းခရီးတလျောက်လုံး ကားက ဒုကဿခ ပေးတာနဲ့ မအိပ်ရတာရယ်၊ စိတ်ဖိစီးမှု အချို့ရယ်ကြောင့် နေမကောင်းပါ။ မီဒီယာ ကိစဿစတစ်ချို့ကြောင့်လည်း စိတ်ညစ်ရပါတယ်။ ကျွန်တှောတို့ရဲ့ ကမ်းရိုးတန်းဖုန်းကို အလုပ်နဲ့ မပတ်သတ်တာတွေ မဆက်ပါနဲ့လို့ သေသေချာချာ တောင်းပန် ထားတာတောင်မှ မဆိုင်တာတွေ လာမေးတာကို ကြုံရပါတယ်။ မီဒီယာမှာ ပါချင်လို့ အင်တာဗျူး လုပ်တာမဟုတ်ပါ။ ကျွန်တှောတို့ လုပ်နေတာလေးတွေကို အားလုံး သိနိုင်အောင် သတင်းပေးခြင်းသာ ဖြစ်ပါတယ်။ ဖုန်းနဲ့ မေးစဉ်က ခေါင်းစဉ်ကတစ်ခု ပြီးရင် အော့ဖ်တော့ပစ်တွေကို သီးခြား စာတစ်ပုဒ်အနေနဲ့ တင်ကြတာမျိုးလည်း တွေ့ရတယ်။ ဒီလို Prominent ဖြစ်တဲ့ မီဒီယာတွေက ချီးကျူး ဂုဏ်ပြုတာဟာ တကယ်တမ်းတော့ ပျှောရွှင် ဂုဏ်ယူစရာ ကောင်းပါတယ်။ အွန်လိုင်း မီဒီယာတွေဟာ ပရင့်တက် မီဒီယာတွေထက်ကို ပိုမိုထိရောက်မှု ရှိကြတယ်။ ဒီလို ကျွန်တှောတို့က စီးပွားမဖက်တဲ့ ကူညီမှု အလုပ်လေးတွေလုပ်၊ သူတို့တွေကတဆင့် အလှူရှင်တွေက သိပြီး ဒုကဿခသည်တွေကို ပိုမိုလှူဒါန်းမယ်ဆိုရင် အလွန်ပဲ အကျိုး ရှိမှာပါ။

ဒါပေမယ့် ဒီနေရာမှာ အလေးအနက် ထားစရာ တစ်ခုက မြန်မာစကားဟာ တခါတရံ ဦးတည်ချက်နဲ့ ကွဲလွဲတဲ့ အနက်ကို ဆောင်သွားတတ်တာမျိုးပါ။ ဥပမာ ကျွန်တှောတို့ အဖွဲ့ဟာ အလှူငွေ သိန်း ၃၀၀ လောက် ကောက်ခံလို့ ရရှိပါတယ် ဆိုတာနဲ့ အလှူငွေ ဒှေါလာ သောင်းဂဏန်းအထိ ကောက်ခံလို့ ရရှိပါတယ် ဆိုတဲ့ စကားနှစ်ခွန်းရဲ့ ပမာဏက မတူပါဘူး။ ဒှေါလာသောင်းဂဏန်းလို့ ပြောလိုက်တာနဲ့ အလှူငွေထဲမှာ ဒှေါလာတွေ ပါနေသလိုလို ထင်ရပါတယ်။ ကျွန်တှောတို့က တရားမဝင် ဒှေါလာငွေ ကိုင်ဆောင်နေသလိုလို ထင်ရပါတယ်။ ဒါဟာ တရားဝင် NGO မဟုတ်တဲ့ ကျွန်တှောတို့ အတွက် ပြသဿသနာ ရှိနိုင်ပါတယ်။ နောက်တစ်ခုက HMY ဟာ အခုအချိန်အထိ ပြန်လည်တည်ထောင်ရေး လုပ်ငန်းတွေကို ဘောင်အတွင်းကနေ ဆောင်ရွက်နေပါတယ် ဆိုတဲ့စကားနဲ့ HMY ရဲ့ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းတွေကို အစိုးရအနေနဲ့ တားဆီးနိုင်ခြင်း မရှိသေးပါဘူး ဆိုတဲ့ စကားဟာ အနက်အဓိပဿပာယ်များစွာ ကွာခြားပါတယ်။ မီဒီယာတိုင်းဟာ ကျွန်တှောတို့ထက် ပိုမို အတွေ့အကြုံ ရင့်ကျက်ပြီး ပညာတတ်တွေလည်း များလေတော့ အခုန ကျွန်တှော ပြောတာတွေကို နှံ့စပ်ကျွမ်းကျင်ပြီးသား ဖြစ်မှာပါပဲ။ ဒါပေမယ့် တခါတရံ မရည်ရွယ် မမျှောလင့်ဘဲ အမှားအယွင်း ပါသွားခဲ့မယ်ဆိုရင် အခုန ကျွန်တှောပြောသလို နားလည်မှု လွဲတာမျိုးတွေ ဖြစ်လာနိုင်တာ တွေ့ရပါတယ်။

ကျွန်တှောတို့ လုပ်နေတဲ့ရွာတွေ ဆောက်ခဲ့ပြီးသား ရွာတွေမှာ ကျွန်တှောတို့ ဘယ်လို လုပ်ကိုင်တယ်ဆိုတာကို မှတ်တမ်းတင်ထားပါတယ်။ ရွာစာရင်း ဆောက်လုပ်တဲ့ အိမ်အရေအတွက်၊ ဦးတည်ချက် စတာတွေကို ကျွန်တှောတို့ ဒေသဆိုင်ရာ အဖွဲ့အစည်းကို အလွတ်သဘော တင်ပြထားပါတယ်။ အိမ်ဆောက်လုပ်တာမှတပါး အခြားကိစဿစတွေကို လက်ခံ ဆောင်ရွက်ခြင်း မရှိပါဘူး။ အိမ်သာလိုမျိုး Sanitation ကိစဿစတွေကိုတောင်မှ ကိုယ်နဲ့ မပတ်သတ်တာမို့ မကိုင်ပါဘူး။ မွေးစာရင်း၊ သေစာရင်း၊ လယ်သမားစာရင်း၊ တံငါစာရင်း စတာတွေကိုတော့ ကောက်ခံပါတယ်။ ဒါကလည်း ရွာသားတွေကို ကျွန်တှောတို့ မကူညီနိုင်ပေမယ့် အခြား အလှူရှင်တွေက သူတို့ လိုအပ်ချက်တွေကို ကူညီနိုင်အောင်လို့ပါပဲ။ နောက်တစ်ခုက မြန်မာပြည်မှာ နောက်မကြာမီ တရားဝင် သုံးစွဲတော့မယ့် Sahana; Disaster Management System မှာ အသုံးပြုနိုင်အောင်လို့ပါ။ ဒါကလည်း ကျွန်တှော့အနေနဲ့ MCPA EC တစ်ယောက် အနေနဲ့ တာဝန်ယူထားတဲ့ ကိစဿစတစ်ခု ဖြစ်နေလို့ပါပဲ။ ပြီးတော့ ဒီလိုကောက်မှလည်း နေအိမ်တွေ တည်ဆောက်ပေးတဲ့အခါ သူတို့စာရင်းတွေကို မှန်မမှန် စစ်ဆေးနိုင်ပါတယ်။

ပြသဿသနာ အရပ်ရပ်နဲ့ အခြေအနေ အရပ်ရပ်ကို ကျွန်တှောတို့ သုံးသပ်ပြီး ကျွန်တှောတို့ရဲ့ တဲဆောက်လုပ်ရေး အစီအစဉ်ကို ရပ်တန့်တော့မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီလို ရပ်တန့်တာကလည်း အကြောင်းရှိပါတယ်။ ပထမအချက်က ဒေသအသီးသီးမှာ ဝင်ရောက်နေကြတဲ့ စီးပွားရေး အဖွဲ့တွေ၊ အန်ဂျီအိုတွေက ရွာတွေခွဲပြီး အိမ်ကောင်းကောင်းလေးတွေ ပြန်ဆောက်ပေးနေပြီလို့ သိရတာက တစ်ချက်၊ ဒုတိယက သွားရေးလာရေး ခက်ခဲမှု (လပွတဿတာမှာ နေတာထက် ရန်ကုန်-လပြတဿတာ ကားစီးရတဲ့ ဒုကဿခဟာ အလွန်ပင်ပန်းပါတယ်၊ နောက် လပွတဿတာကနေ အခြားရွာတွေသွားဖို့ လှေအခက်အခဲပါပဲ။ တခါတရံ လှေလုံးဝ ငှားမရပါဘူး) နောက် တတိယ အချက်က နေထိုင်စားသောက်စရိတ်တွေ တက်လာမှုပါ။ ဒါကို ကျွန်တှောတို့လည်း ဘာမှ မလုပ်နိုင်ဘူး။ အိမ်ငှားခဟာ ကျပ် ၂၅၀၀၀၀ ကနေအထက်မှာ ရှိနေပါတယ်။ စတုတဿထ အချက်က ဆောက်လုပ်ရေး ပစဿစည်းတွေ ရှားပါးဈေးကြီးမှုပါ။ ဒါကြောင့် ရန်ကုန်ပြန်ပြန်ပြီး ပစဿစည်း ဝယ်ရတာမျိုးတွေ ရှိပါတယ်။ နောက်တစ်ခုက သစ်ကိစဿစ။ အဲဒီဘက်မှာ လေမိုး မငြိမ်တော့ သစ်လှေတွေက မဝင်နိုင်ပါဘူး။ ဒါကြောင့် သစ်ရှားပါးပါတယ်။ တခါတလေ ဈေးသက်သာတဲ့ သစ်ဝယ်မရတဲ့အခါ ဈေးကြီးတဲ့ သစ်နဲ့ အစားထိုး လိုက်ရပါတယ်။ ပဥဿစမ အချက်ကတော့ ရွာတိုင်း ရွာသားတိုင်းက ကျွန်တှောတို့ အစီအစဉ်အတိုင်း မလုပ်ဘဲ လုပ်ချင်သလို ဖြစ်သလို လုပ်ကြတာကြောင့်ပါ။ နောက်ဆုံး အချက်ကတော့ အလှူငွေကို ထိုင်စောင့်မနေနိုင်တာကြောင့်ပါ။ အလှူငွေကလည်း တချို့က လှူမယ်ပြောတယ် ရောက်မလာတာတွေ ရှိတယ်။ ကျွန်တှောတို့က အဲဒီငွေပမာဏနဲ့ လိုက်ပြီး အိမ်တွေ လက်ခံထားလိုက်တယ်။ တကယ်ကျတော့ ရောက်မလာခဲ့ဘူး။ ရန်ကုန်မှာ အလှူငွေ လာကောက်လိုက် လပွတဿတာ ပြန်လိုက် လုပ်ဖို့ကတော့ မလွယ်ကူပါဘူး။


ဆောက်လုပ်ပြီးစီး

ပြင်ကနုကုန်း (C-5)
ပြင်ကနုဝ (C-5)
ကုကဿကိုလ် (S-39)
ကျောင်းစု- ရွှေကျွန်းသာ (S-25)
ကညင်တပင် (S-9 C-4)
ရခိုင်ကုန်း (C-6)
သိုင်းချောင်း (S-23)
မလေးကြီးကုန်း (S-6)
ကန့်ဘလာတစ်ပင် (C-6)
ဆင်ကွင်း (S-6)


ဆောက်လုပ်နေဆဲ

ဒေါင့်ချောင်း (S-9)
အထက်စု (C-5)
ဒရယ်ဖြူ (S-5)


နောက်ဆုံးဆောက်လုပ်မည့်ရွာ

ဆိပ်ကလေး (S-29)
ချောင်းကြီး (-)


ဆိပ်ကလေးက မနက်ဖြန် စဆောက်ပါမယ်။ ဆောက်လုပ်နေဆဲ ရွာတွေက ပစဿစည်းတွေ ချထားပေးပြီးသားပါ။ တချို့က လာမတိုက်သေးတာ၊ တချို့က ပြီးမပြီး အကြောင်းမပြန်သေးတာပါ။ ကျွန်တှော့ဆီကို လှူထားပါတယ်ဆိုပြီး အီးမေးလ်တွေ ပို့ထားတာ တွေ့ရပါတယ်။ ဒါပေမယ့် ကျွန်တှော လက်ခံ မရရှိသေးတာတွေလည်း ရှိနေပါတယ်။ ဒါကြောင့် ဒီနေရာမှာ [Donor List] ကျွန်တှောတို့ လက်ခံ ရရှိတဲ့ အလှူရှင် စာရင်းကို ကြည့်ပြီး ကိုယ့်နာမည် မပါသေးရင် ကျွန်တှောတို့ကို အမြန်ဆုံး ဆက်သွယ်စေလိုပါတယ်။ နောက်ဆုံး ကောက်ခံရရှိတဲ့ အလှူငွေ စုစုပေါင်းက ၂၉၇၀၅၂၅၀ ကျပ် ဖြစ်ပါတယ်။ http://myanmargidai.wordpress.com ကလည်း နောက်ထပ် သိန်းသုံးဆယ်ကျှော လှူဒါန်းမယ်လို့ သိရပါတယ်။

No response to “HMY's July 25”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz