Saturday, June 7, 2008

07 June, 2008


က်ြန္ေတာှတို့ လပြတဿတာ မြို့နယ် အတွင်းက ရွာတွေမှာ အိမ်တွေဆောက်နေတာ အခုဆို အိမ်အလုံး ငါးဆယ်ကျှော ပြီးစီးနေပါပြီ။ ပြင်ကနုကုန်းကျေးရွာနဲ့၊ ကုကဿကိုလ်ရွာမှာ အပြီးသတ်ပါပြီ။ ဆောက်လုပ်နေဆဲက နောက်ထပ် အလုံး ငါးဆယ်ကျှော ရှိပါတယ်။ လက်ရှိ ဆောင်ရွက်နေတဲ့ ကျေးရွာတွေကတော့

ပြင်ကနုဝ- စလူဆိပ်ကျေးရွာစု
သိုင်းချောင်း- ကညင်ကုန်းကျေးရွာစု
မလေးကြီးကုန်း- ကညင်ကုန်းကျေးရွာစု
ဒရယ်ဖြူ- စလူဆိပ်ကျေးရွာစု
ရခိုင်ကုန်း- ကညင်ကုန်းကျေးရွာစု
ကညင်တပင်ကျေးရွာ - ကညင်ကုန်းကျေးရွာစု
ကျောင်းစု- ရွှေကျွန်းသာ
ကန့်ဘလာတပင်ချောင်း

ကျွန်တှောတို့ လုပ်နေတဲ့ ဧရိယာက လပွတဿတာ အောက်ဘက် ရွာတွေကနေ အောက်ဘက် စလူဆိပ် အထိ ဖြစ်ပါတယ်။ ရွာတစ်ရွာမှာ အိမ်ဘယ်လောက် ဆောက်ရမယ် ဆိုတာကတော့ ရွာအခြေအနေ၊ ကျွန်တှောတို့ရဲ့ ရံပုံငွေ အင်အားနဲ့၊ ဆုံးဖြတ်ချက် အရသာ ဖြစ်ပါတယ်။ လောလောဆယ် ဒီအနေအထားနဲ့တင် ကျွန်တှောတို့ ရံပုံငွေက ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် လာရောက် ဆက်သွယ်သူ ရွာသားတွေကို လက်မခံသေးဖို့ ဒီနေ့ ကျွန်တှော လှမ်းပြောထားပါတယ်။ ဒီရံပုံငွေ ဆက်မရှိတော့ဘူးဆိုရင် ပိုလျှံသမျှကို သူတို့ လိုအပ်တာလေးတွေ ပံ့ပိုးပေးပြီး ကျွန်တှောတို့ အဖွဲ့ ပြန်လာတော့မယ်လို့ စဉ်းစားထားတယ်။

ဒီနေ့ ကျွန်တှောတို့ အဖွဲ့သား ၂ယောက်နဲ့ အခြား ဗှောလန်တီယာ လူ၎ဦး ပေါင်း ၆ဦး လပွတဿတာကို သွားပါမယ်။ ရန်ကုန်မှာတော့ ကျွန်တှော တနလဿငာနေ့အထိ ရှိနေပါဦးမယ်။ ဒီနေ့သွားမယ့် အဖွဲ့နဲ့အတူ တာပှေါလင် အလိပ် ၃၀၊ သံ ၇၂ ပိသဿသာ၊ လက်သမားသုံး ကိရိယာ ၁ဝစုံ နဲ့ အခြားပစဿစည်းများ ၃၅ သိန်းဖိုးခန့် ပါသွားပါမယ်။ သစ်ကိုတော့ လပွတဿတာကနေပဲ ဝယ်ယူမှာ ဖြစ်ပါတယ်။ ဒီနေ့ သွားသူတွေထဲမှာ Raven အဖွဲ့က လပွတဿတာဘက်မှာ အိမ်သာတွေ ဆောက်ပေးဖို့ဆိုပြီး တစ်ယောက် လိုက်ပါ လေ့လာပါလိမ့်မယ်။ အဆင်ပြေတယ်ဆိုရင် ကျွန်တှောတို့ နှစ်ဖွဲ့ ပူးပေါင်းပြီး အိမ်နဲ့ အိမ်သာလေးတွေကို တွဲဆောက်ပေး နိုင်ပါလိမ့်မယ်။

ကျွန်တှောတို့ အိမ်တွေဆောက်တာ ပိုက်ဆံ လက်ထဲမှာ မရှိဘဲ ရွာသားတွေကို ကတိပေးလို့ မရပါဘူး။ ဒါကြောင့် လှူဒါန်းသူတွေ အနေနဲ့ ကျွန်တှောတို့ကို ကြိုတင်ဆက်သွယ် လှူဒါန်းပါလို့ အသိပေးချင်ပါတယ်။ မိသားစု အိမ်တစ်လုံး (10x12) ဆောက်တာဟာ ကျပ် တစ်သိန်းခွဲခန့်သာ (တိုင်များမပါ) ကုန်ကျပြီး၊ စုပေါင်းအိမ်ယာ (12x18) ဆောက်လုပ်ခြင်းကတော့ ကျပ် နှစ်သိန်းခန့်သာ ကုန်ကျပါတယ်။ ယေဘုယျအားဖြင့် တစ်ပတ် အတွင်းမှာ ရွာတစ်ရွာ ဆောက်လုပ် ပြီးစီးနိုင်ပါတယ်။ ရွာများဟာ တစ်ခုနဲ့ တစ်ခု ထိစပ်နေတဲ့ ရွာစုတွေ ဖြစ်တာမို့ ရွာတစ်ရွာကို စတင်လက်ခံပြီ ဆိုတာနဲ့ အခြား အနီးအနားက ရွာများကိုပါ ထည့်သွင်း စဉ်းစားပေးရပါတယ်။


No response to “07 June, 2008”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz