Saturday, May 10, 2008

Nargis' Follow up News


ဒီလို အချိန်မှာ အပြစ်ပြောနေလို့ ဘာမှ ထူးမလာဘူးဆိုတာ သိထားပါတယ်။ ဒါပေမယ့် ဘယ်လိုမှ မနေနိုင်လို့ ပြောလိုက်ပါဦးမယ်။ မိုးလေဝသ ညွှန်မှူး ဦးထွန်းလွင်က ဒီတစ်ခေါက် မုန်တိုင်းသတင်းကို ပြည်သူလူထုကို ကြိုတင် သတင်းပေးနိုင်တာ မြန်မာပြည်မှာ ပထမဦးဆုံးနဲ့ အမြန်ဆုံး ဖြစ်တယ်လို့ 7Day သတင်းဂျာနယ်မှာ ပြောကြားသွားပါတယ်။ မေ၂မှာ သတင်းစာထဲ ပါလာပါပြီတဲ့။ ကျွန်တှောသိတာ ၂၈-၂၉ လောက်ကတည်းကပါ။ ဆိုတော့ စဉ်းစားကြည့်ပေါ့။ နောက်တစ်ခုက ဒီလောက် မုန်တိုင်းဟာ ဒီလောက် အားကြီးနိုင်တယ် ဆိုတာကို သိထားပြီးသားပဲ ဘာဖြစ်လို့ ကြိုတင်ကာကွယ်ရေး ဗဟုသုတတွေကို မပေးခဲ့သလဲ။ ဒီရေ ဘယ်လောက်အထိ တက်နိုင်တယ်။ ရှောင်ရှားနေသင့်တယ်။ ရေတက်လာရင် ဘယ်လိုလုပ်ရမယ်။ တိရစဿဆာန်တွေကို ဘယ်လိုထားရမယ်။ အမိုးတွေ လွင့်သွားရင် လိုက်မကောက်နဲ့ ဒါမျိုးတွေ ရပ်ကွက်အထိ ဆင်းပြီး သတင်းမပေးခဲ့ပါဘူး။ နောက်ပြီး မနက်မိုးလင်းတာနဲ့ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားက ဒီမဲကိစဿစပဲ တရစပ် လာနေတယ်။ မုန်တိုင်းအပြီးမှာတောင် မဲထည့်ဖို့ လာနေတုန်းပဲ။ ဆိုတော့ကာ တှောတှော စိတ်ပျက်ဖို့ကောင်းတယ်။ တစ်ရက်က သတင်းစာမှာ ဖတ်လိုက်ရတယ်။ ရပ်ကွက်တွေထဲမှာ ကားနဲ့ဆင်းပြီး လိုက်အှောပါတယ်တဲ့။ ကျွန်တှောတို့ ရပ်ကွက်မှာတော့ မကြားလိုက်တာ အသေအချာပါ။

ဆန်းစစ်ကြည့်တော့ ဒီလောက် လူအသေအပျောက်များခဲ့ရတာ ပြည်သူတွေမှာ အသိ(Knowledge) မရှိကြလို့ပါ။ အသိမရှိဘူးဆိုတာ မသိရလို့ပါပဲ။ ကျွန်တှောက အင်တာနက်ကနေကြည့်ပြီး ၁ဝနာရီ ၁၁နာရီလောက်က မုန်တိုင်း အဝင်ကို ဂရုကို မစိုက်သေးဘူး။ ပိုမို အားကောင်းလာမယ်ဆိုတာ သိထားတယ်။ ပိုအနဿတရာယ် ရှိလာနိုင်တယ်ဆိုတာ သိထားတယ်။ နယ်ကလူတွေက အဲဒီလောက် အခြေအနေကို အဆိုးဆုံးထင်ပြီး အိမ်အမိုးလန်လို့ ထွက်ပြင်ကောင်း ပြင်နေမယ်။ ကျွဲနွားတွေ လွတ်ထွက်သွားလို့ လိုက်ကောက်ကောင်း ကောက်နေမယ်။ သူတို့ဟာ ပိုကြီးမားတဲ့ အနဿတရာယ်ကို မသိဘူး။ ကျွန်တှောတို့ နိုင်ငံမှာ ဒီလို အသိမဲ့နေတဲ့သူတွေ ဘယ်လောက်တောင် များနေခဲ့ပြီလဲ။ တွေးရင်းတောင် စိတ်မကောင်းဘူး။

နောက်တစ်ခုက ပထမမုန်တိုင်းအပြီး နေ့လည် ၂နာရီလောက်မှာ မြန်မာ့ဆက်သွယ်ရေးက GSM မက်ဆေ့တွေ ဝင်လာတယ်။ မှတ်မိသလောက် ပြောရရင် “This storm is not finish. The Second face will be coming soon. So Don’t Go out” ဒါဟာ ဘာလဲ။ ကျွန်တှောတောင် မျက်စိလည်သွားတယ်။ ကျွန်တှော အင်တာနက်မှာ ဖတ်ထားသလောက် နောက်ဆက်တွဲ မုန်တိုင်း လုံးဝမရှိဘူး။ လူတွေအားလုံးဟာ ပထမမုန်တိုင်းမှာကတည်းက ကြောက်လန့် နေကြပြီ၊ ဒုတိယ တစ်လုံး ထပ်လာမယ်ဆိုတော့ အားလုံး သွေးပျက်ကုန်ကြတယ်။ ရေးထားတဲ့ အဂဿငလိပ် အသုံးအနှုန်းကိုလည်း ကြည့်ဦး။ သတိပေးတဲ့ပုံလား ခြိမ်းခြောက်တဲ့ ပုံလားဆိုတာ။ ဒီလို သတင်းအမှား (False Information) ကို အစိုးရ ဝန်ကြီးဌာန တစ်ခုက ပေးတယ်ဆိုတာ အလွန်ဆိုးရွားတဲ့ အဖြစ်အပျက် တစ်ခုပါပဲ။

မုန်တိုင်းဒဏ်ကြောင့် လျှပ်စစ်လိုင်းတွေ ချို့ယွင်းပျက်စီး သွားခဲ့ရတယ်။ ရေတွေပြတ်လပ် သွားခဲ့တယ်။ အခုဆို မီးပြန်လာစေချင်ရင်၊ ရေပြန်လာစေချင်ရင် ပိုက်ဆံပေးရမယ်ဆိုတဲ့ စကားတွေ ကြားလာရပြီ။ တစ်ချို့လည်း တကယ်ကို ပေးရတယ်ပြောတယ်။ သိပ်စိတ်ပျက်ဖို့ကောင်းတယ်။ အိနဿဒိယက လှူတဲ့ သွပ်တွေ ရပ်ကွက်ထဲမှာ တစ်ချပ်ကို ၄၀၀၀-၅ဝဝဝနဲ့ ဝယ်ကြရတယ်တဲ့။ အစိုးရဝန်ထမ်း အိမ်ယာတွေ အမိုးလန်ရင် ချက်ချင်း ပြင်လို့ မရဘူး။ ခွင့်ပြုမိန့် မကျသေးလို့ မိုးလေထဲ ဒီအတိုင်းနေကြရတယ်။ မပြောချင်တော့ပါဘူး။ ဪ ရယ်စရာလေးပါ။ အခုလို မုန်တိုင်းပြီးသွားတော့ ပထမဆုံး မီးတွေပြန်ရတာက ဟိုးကိုလိုနီခေတ်က မြေအောက် ဓာတ်အားလိုင်းတွေကို ယူထားတဲ့ အိမ်တွေပါပဲ။ ဒါကြောင့် လူတွေရဲ့ ပါးစပ်ဖျားမှာ အဲဒါ ကိုလိုနီစနစ်ရဲ့ အမွေဆိုး ရလာဒ်တွေပေါ့လို့ အားကျစွာ ပြောနေကြပါတော့တယ်။

No response to “Nargis' Follow up News”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz