Friday, May 2, 2008

Nargis Cyclone





မြန်မာပြည် ရန်ကုန်မြို့ကို ဖြတ်သန်းပြီး Nargis အမည်ရှိတဲ့ ဆိုက်ကလုန်း မုန်တိုင်းတစ်ခု ဖြတ်သန်း တိုက်ခတ်ဖို့ ရှိနေပါတယ်။ အိနဿဒိယ သမုဒဿဒရာထဲက ျဖစ္လာတဲ့ လေဖိအားနည်း ရပ်ဝန်းကနေ မြန်မာပြည်ဘက်ကို ရွေ့လာလိုက်တာ အခု စာရေးသားနေချိန်မှာ မုန်တိုင်းပြင်းအား သတ်မှတ်ချက် အဆင့်သုံးကို ရောက်ရှိနေပြီလို့ သိရပါတယ်။ [Cited] သတ်မှတ်ချက်တွေအရ အခုလို အဆင့်သုံး မုန်တိုင်းဟာ လေတိုက်နှုန်း ၁နာရီကို ၂၁ဝကီလိုမီတာကျှောအထိ ရှိနိုင်ပြီး ပျက်စီးမှုလည်း များပြားနိုင်ပါတယ်။ ရန်ကုန်မြို့ကို ညနေ လေးနာရီလောက်မှာ စတင် ဖြတ်သန်းမယ်လို့ သိရပါတယ်။ အရင်နှစ် မာလာမုန်တိုင်း တိုက်ခတ်စဉ်က လေတိုက်နှုန်း ၂၄၀ ကီလိုမီတာ ရှိပါတယ်။ ကျောင်းအချို့ ရုံးအချို့ကို နေ့လည်ပိုင်းမှာ ပိတ်ပေးလိုက်တယ်လို့ သိရပါတယ်။ ယခု 2:30pm အချိန်မှာတော့ မိုးဖွဲဖွဲ ရွာသွန်းနေပြီး အနောက်ဘက် ကောင်းကင်ပြင်မှာ အမည်းရောင် တိမ်တိုက်ကြီး တွေ့လို့နေပါပြီ။ လေတိုက်နှုန်း မြင့်မားလာနေပြီး မိုးရွာသွန်းမှုလည်း တဖြည်းဖြည်း များလာပါတယ်။ သစ်ပင်တွေက လေတိုက်လိုက်တိုင်း တဝိုးဝိုးနဲ့ ယိမ်းထိုးနေကြတာ ကျွန်တှော့နားထဲ နိုးနိုးနိုးနိုး လို့ပဲ ကြားနေမိပါတော့တယ်။


Underground Weather
Bloomberg

No response to “Nargis Cyclone”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz