Saturday, May 10, 2008

Nargis (1)

Nargis (1)

ကျွန်တှောက မြန်မာပြည်ကို နာဂစ်ဝင်မယ် သတိထားနေ သတိထားနေဆိုပြီး တတ်နိုင်သလောက် လက်လှမ်းမီရာ ပြောတော့ သူငယ်ချင်းတွေက ရယ်ကြတယ်။ ဒီလိုပဲ လေလေးတိုက် မိုးလေးခပ်ပြင်းပြင်းရွာပြီး ပြီးသွားမှာပါတဲ့ သိပ်ကြောက် မနေပါနဲ့လို့ ပြန်ပြောသေးတယ်။ ကျွန်တှောကတော့ အမေကျှော ဒွေးတှောလွမ်း နိုင်ငံခြားစကား ယုံစားတတ်သူမို့ တစ်ကမဿဘာလုံးကတောင် စောင့်ကြည့်နေကြတဲ့ ဒီမုန်တိုင်းဟာ ပြင်းထန်မယ်ဆိုတာ သိထားပါတယ်။ နောက်တစ်ခုက ကျွန်တှော့မှာ ဒီလို မုန်တိုင်း အတွေ့အကြုံမျိုးကို ၁၉နှစ်သားထဲက ၄-၅ကြိမ် ကြုံဖူးတယ်။ ဒါကြောင့်မို့ အိမ်ကို စောစောပြန်ပြီး မုန်တိုင်းဒဏ်ကို ကာကွယ်ဖို့ ပြင်ဆင်ရပါတယ်။ လေပြင်းတိုက်ရင် အိမ်က Slide Doors တွေ မခံနိုင်မှာစိုးတာနဲ့ တံခါးတွေ လှုပ်ရှားမှု မရှိအောင် လုပ်ရပါတယ်။ အိမ်တွင်းမှာ လေလုံနေရင် အပြင်ကလေကို ခုခံနိုင်တဲ့ တွန်းအား ရှိတာမို့ အပြင်ဘက်က လေဝင်နိုင်မယ့် နေရာမှန်သမျှကို ပိတ်ဆို့ထားလိုက်ပါတယ်။

မုန်တိုင်းဟာ ရန်ကုန်ကို ၃ရက်နေ့ ညနေ ၅နာရီလောက်မှာ ဝင်မယ်လို့ ခန့်မှန်းထားကြပေမယ့် သတ်မှတ်ချိန်ထက် နောက်ကျပြီးမှ ဝင်လာတာ ဖြစ်ပါတယ်။ အဲဒါကြောင့် ၃နာရီလောက်က လေနဲနဲတိုက် မိုးအနည်းငယ် ရွာလိုက်ချိန်မှာ လူတှောတှောများများက မုန်တိုင်းပြီးသွားပြီလို့ ထင်လိုက်ကြတယ်။ ညနေ ၅နာရီလောက်မှာ မိုးရောလေရော ငြိမ်သွားလိုက်တာ ည ဂနာရီလောက် အထိပါပဲ။ ည ၉နာရီလောက်မှာတော့ လေပြင်း စတိုက်လာပါတယ်။ မိုးသိပ်မပါဘဲ အရှေ့တောင်အရပ်ကနေ လေတွေပိုတိုက်လာတယ်။ ၁၁နာရီလောက်မှာ ရန်ကုန်တစ်မြို့လုံး မီးတွေ ပြတ်သွားပါတော့တယ်။ ဒါပေမယ့် အဲဒီအချိန်အထိ ရန်ကုန်လမ်းတွေပှေါမှာ သွားလာနေတဲ့ ကားတွေကို မြင်နေရဆဲ ဖြစ်တာမို့ တှောတှောတောင် အံ့အားသင့် နေမိပါသေးတယ်။မနက် ၁နာရီလောက်မှာ လေတိုက်နှုန်းအထူး ပြင်းထန်လာပြီး အိမ်တံခါးတွေအားလုံး တဝုန်းဝုန်းနဲ့ကို ဖြစ်နေပါတယ်။ တစ်ချက်တစ်ချက် ဆောင့်ဆောင့်တိုက်တဲ့ လေက ပိုဆိုးပါတယ်။ အဲဒီအချိန်မှာ သူငယ်ချင်းတစ်ယောက် ဖုန်းဆက်လာပြီး မုန်တိုင်းဟာ ရန်ကုန်မြို့လယ်မှာ ၃နာရီကျှောအချိန် အပြင်းထန်ဆုံး ဖြစ်မယ်ဆိုတဲ့အကြောင်း၊ အခု ဧရာဝတီတိုင်းကို ဖြတ်ကျှောလာနေပြီ ဆိုတဲ့အကြောင်း သတင်းပေးလာတာမို့ ဒီထက် ပိုဆိုးဖို့ပဲ ရှိတယ်လို့ တွက်ဆလိုက်မိတယ်။

မနက် ၃နာရီခွဲ အချိန်မှာတော့ အပြင်းထန်ဆုံး ဖြစ်လာပါပြီ။ တံခါးတွေကို အလုံပိတ်ထားပေမယ့် မှန်တံခါးတွေကြားကို အတင်းတိုးဝင်လာတဲ့ လေဟာ တရွှီရွှီနဲ့ကို နေပါတော့တယ်။ ကျွန်တှောက တံခါးရှိတဲ့ အခန်းတွေတိုင်း တစ်ခန်းချင်းစီကို အသေပိတ်ထားလိုက်ပါတယ်။ အဓိကကတော့ အတွင်းက လေထု ငြိမ်နေအောင်လို့ရယ်၊ လှုပ်ရှားနိုင်တဲ့ အကျယ်အဝန်း မများအောင်လို့ရယ်ပဲ ဖြစ်ပါတယ်။ မှန်တံခါးတွေဟာ ကြောက်ဖို့ကောင်းတယ်။ သူ့ကို ထိန်းထားတဲ့ အလူမီနီယံအသားက လက်တစ်လုံးလောက်သာ ရှိတာပါ။ ပြီးတော့ မှန်သားက ပါးပါးလေးပါ။ တံခါးတစ်ချက် ကွဲထွက်သွားပြီ ဆိုတာနဲ့ တစ်အိမ်လုံး ဘယ်လိုမှ ထိန်းနိုင်တော့မှာ မဟုတ်ပါဘူး။ မနက် ၃နာရီနဲ့ ၅နာရီ အချိန်ဟာ အဆိုးရွားဆုံး ဖြစ်ပါတယ်။ လေတိုက်နှုန်းဟာ အလွန်ကြောက်ဖို့ ကောင်းပါတယ်။ ကျွန်တှော့ အတွေ့အကြုံများအရ ဒီလေဟာ တစ်နာရီ မိုင် ၁ဝဝကျှော ရှိတယ်ဆိုတာ သတိထားမိတယ်။ မြန်မာပြည်က သတင်းထုတ်ပြန်ချက်တွေမှာ ကုန်းတွင်းပိုင်းကို ဝင်ရောက်လာရင် လေတိုက်နှုန်း လျော့နည်းသွားမယ်၊ တစ်နာရီကို မိုင်၅ဝလောက်ပဲ ရှိတယ် ဘာညာနဲ့ လျှောက်ပြောနေတာတွေကို တကယ် အံ့အားသင့်မိတယ်။ တိုက်တစ်ခုလုံး တုန်ခါနေတယ်လို့ ထင်ရပြီး ဘယ်လိုမှ အိပ်လို့ မရပါဘူး။ တံခါးတွေဟာ ဘယ်လိုမှ ထိန်းမထား နိုင်တော့ဘူးလို့တောင် ထင်လာမိပါတယ်။ အဲဒီအချိန်အထိ ဖုန်းလိုင်းတွေ ကောင်းနေဆဲပါ။

အချို့ အသိမိတ်ဆွေတွေရဲ့ အိမ်မှာ တံခါးတွေ ပိတ်ထားပေမယ့် ပတဿတာတွေ ချောင်ကုန်ပြီး တံခါး အချပ်လိုက် ပြုတ်ကျကုန်တယ်လို့ ဖုန်းဆက် သတင်းပေးလာပါတယ်။ ကျွန်တှော သတိရလို့ အိမ်ရှေ့ မှန်တံခါးကနေ ချောင်းကြည့်တော့ တီဗွီအင်တနာတိုင် ကျိုးထွက်ပြီး တွဲလောင်းကြီး ဖြစ်နေတာ တွေ့ရပါတယ်။ အောက်ထပ်က သူများအိမ် မှန်တံခါးကို ရိုက်မိရင် သူတို့အိမ် ဒုကဿခရောက်မှာကို စိုးတာကြောင့် အရဲစွန့်ပြီး သွားဆွဲရပါတယ်။ လေတိုက်နှုန်း ဘယ်လောက် ပြင်းသလဲဆိုရင် ဝရန်တာမှာ လူဟာ ကောင်းကောင်းရပ်လို့ မရပါဘူး။ တံခါးမကြီးကို ကိုယ်လုံးနဲ့တိုက်ပြီး ဖွင့်ယူရတဲ့အထိ ဖြစ်ပါတယ်။မနက် ၅နာရီခွဲ လောက်မှာတော့ မုန်တိုင်းအနဲငယ် လျော့ကျသွားပါတယ်။ ကောင်းကင်မှာ အလင်းရောင်အနည်းငယ် ထွက်ပှေါလာတာမို့ ပတ်ဝန်းကျင်ကို မြင်နေရပါတယ်။ အိမ်တွေရဲ့ ခေါင်မိုးက သွပ်ပြားတွေ လေမှာ လွင့်ပျံနေတာ ကြောက်ဖို့တောင် ကောင်းတယ်။ ကြည့်နေရင်းနဲ့ကို အကောင်းအတိုင်း ရှိနေတဲ့ အိမ်ခေါင်မိုးတွေလည်း လေတစ်ချက် ဝှေ့လိုက်တာနဲ့ အတွဲလိုက် ပြုတ်ထွက်ပြီး လေမှာဝဲနေကြတာ လေးငါးခြောက်ထပ် အမြင့်လောက်တောင် ရှိပါတယ်။ မိုးသိပ်မပါဘဲ လေတိုက်တာကတော့ ကြမ်းနေဆဲပါ။

၆နာရီလောက်ကျတော့ အလင်းရောင်ကောင်းကောင်း ပှေါလာတာမို့ ကင်မရာယူပြီး အပြင်ထွက်ခဲ့ပါတယ်။ကျွန်တှောတို့ ခြံဝန်းက သံတံခါးမကြီးလည်း ပတဿတာပြုတ်ထွက်ပြီး ကွေးလို့နေတယ်။ အပြင်မှာ သွပ်ပြားတွေ ပလူပျံနေဆဲ ဖြစ်တာမို့ အတှောကြီး သတိထား ရပါတယ်။ လေတစ်ချက် ဝှေ့လိုက်တိုင်း ပစဿစည်းမျိုးစုံက ကိုယ့်ဆီကို ရောက်လာနိုင်တာမို့ တစ်နေရာကနေ တစ်နေရာကို အကူးမှာ အကာအကွယ်ယူပြီး ကူးရပါတယ်။ အဲဒီလို လေနဲ့ပါလာတဲ့ ပစဿစည်းတွေ ထိမိပြီး တိုက်အောက်က ကားလေးစင်းမှာ မှန်တွေကွဲနေတာ တွေ့ရတယ်။ ပန်းဆိုးတန်း အထက်လမ်း တစ်လျောက်မှာ သစ်ပင်ကြီးတွေ အလဲလဲ အပြိုပြို ဖြစ်နေတာ မြင်ရတယ်။ ဖဆပလ ရပ်ကွက်ထဲက အိမ်တှောတှောများများလည်း အမိုးတွေ ကျွတ်ထွက်ကုန်တယ်။ လက်သုံးလေးငါးဖက်လောက်ရှိတဲ့ ကုကဿကိုပင်ကြီးတွေ အမြစ်က လဲကုန်တော့ သူ့အမြစ်တွေ ဆက်နေတဲ့ လမ်းပလက်ဖောင်းတွေလည်း ပျက်စီးကုန်ပါတယ်။ စီးတီးမတ်ကတော့ ဆိုင်းဘုတ် ပြုတ်ထွက်တာကလွဲလို့ ကြီးကြီးမားမား ပျက်စီးတာ မတွေ့ရပါဘူး။ ဂင်ဇာပန်မှာ မှန်တွေအကုန် ကွဲထွက်ကုန်တယ်။ ကားတှောတှောများများလည်း သစ်ပင်တွေ ပိနေတာ တွေ့ရပါတယ်။ အဲဒီအချိန်အထိ လေဟာ ကင်မရာ ကောင်းကောင်း ရိုက်လို့ မရအောင် တိုက်ခတ်နေဆဲပါ။ မြို့တွင်း တစ်ပတ် လှည့်ပတ်ဓာတ်ပုံရိုက်နေတုန်း မိုးတှောတှော ကျလာတာနဲ့ ကျွန်တှောတို့ အိမ်ပြန်ပြေးကြပါတယ်။

To be continued

No response to “Nargis (1)”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz