Saturday, May 24, 2008

Budget Hut Plan





ကျွန်တှောတို့ နောက်ပိုင်းမှာ ဒုကဿခသည်တွေကို အစားအသောက် အဝတ်အထည်တွေထက် ဈေးသက်သာတဲ့ စုပေါင်း အိမ်လေးတွေ တည်ဆောက်ပေးသွားမယ်လို့ စိတ်ကူးထားပါတယ်။ သူတို့ကို ဘာတွေ လိုအပ်သလဲလို့ မေးမြန်း ဆွေးနွေးကြည့်တဲ့အခါ သူတို့ အခုအချိန်မှာ တကယ်လိုအပ်နေတာ နေစရာနဲ့ သူတို့ လယ်လေးတွေ ပြန်လုပ်ချင်တာလို့ ပြောကြပါတယ်။

လူဦးရေ ၅၀၀ လောက်ရှိတဲ့ ရွာမှာ လူဦးရေ ၁၀၀ လောက်ပဲ ကျန်တော့တယ်။ အဲဒီအထဲက ၃၀-၄၀ က အမျိုးသမီးတွေပါ။ တွေ့ရှိရသလောက် အမျိုးသမီးတွေ အများစုက နေရပ် မပြန်လိုကြသေးပါဘူး။ သူတို့စိတ်ထဲမှာ အဖြစ်ဆိုးကြီးကို တှောတှောနဲ့ ဖျောက်လို့ မရဘူးနဲ့ တူပါတယ်။ ယောက်ျား အားလုံးလိုလိုက အစိုးရက ပြန်မလွှတ်တောင် ရွာကို အရမ်းပြန်ချင်နေကြတာကို တွေ့ရပါတယ်။

ဒုကဿခသည်မှာ ၂မျိုးရှိတယ်။ တစ်မျိုးက ဒုကဿခရောက်ပြီး မြို့ကို ရောက်လာတဲ့သူနဲ့၊ ဒုကဿခရောက်တာတောင် မြို့တက်မလာတဲ့သူ ဖြစ်ပါတယ်။ ဒါကြောင့် တစ်ခါက မြို့ပှေါမှာတွေ့တိုင်း ဒုကဿခသည် မဟုတ်သလို၊ ဒုကဿခသည်တိုင်းလည်း မြို့ပှေါမှာသာ ရှိနေတာ မဟုတ်ဘူးလို့ ကျွန်တှော ပြောခဲ့တာပါ။

ကျွန်တှောတို့ ရွာတွေကို ဆင်းတဲ့အခါ တကယ်ကို ဒုကဿခရောက်နေသူတွေကို တွေ့ရပါတယ်။ တချို့ရွာတွေကို လေယာဉ်နဲ့ ရိကဿခာရောက်တယ် ဆိုပေမယ့် ဖူလုံမှု မရှိသေးပါဘူး။ တချို့ရွာတွေဆို လမ်းပမ်း အခက်အခဲကြောင့် သွားလာဖို့ ခက်ခဲနေဆဲပါ။ သူတို့က မြစ်ချောင်း အင်းအိုင်အနားမှာ ကြီးပြင်း အသက်မွေး လာကြသူတွေမို့ အစားအစာအတွက် အဲဒီလောက် စိုးရိမ်တကြီး ပူပန်နေတာမျိုးကို မတွေ့ရဘူး။ မြစ်တွေချောင်းတွေ ရှိနေရင် သူ့တို့အတွက် ငါးတွေ ပုစွန်တွေ ဖမ်းတယ်ဆိုတာက မခက်ခဲပါဘူး။ ဒါပေမယ့် လယ်ပြန်မလုပ်ရမှာကိုတော့ အတှော့ကို စိုးရိမ်နေကြပါပြီ။ လယ်မြေတွေကို ရေငန် ဖုံးလွှမ်းသွားခဲ့တာမို့ သူတို့အနေနဲ့ အဲဒီ ဆားရေတွေကို ပြန်ထုတ်ကြရပါမယ်။ ပြီးရင် ပြန်ပြီး ထွန်ယက်ရမယ်။ အဲဒါတွေ လုပ်ဖို့ဆိုတာ ပထမဆုံး အမိုးအကာ နေစရာ လိုအပ်ပါတယ်။

အဲဒီအတွက် အိမ်ဆောက်မယ်လို့ ကြည့်ကြတော့ အခက်ကြုံရပြန်တယ်။ ပထမဆုံး အခက်အခဲကတော့ သွားလာရေးပေါ့။ တချို့ ပင်လယ်ကမ်းခြေက ရွာတွေကို သွားဖို့ရာ သာမန် စက်လှေနဲ့ ၅နာရီလောက် မောင်းရတယ်။ စက်လှေတွေ ရေမြုပ်ကုန်တော့ ရှိတဲ့ စက်လှေတွေနဲ့က မလောက်ဘူး။ အမြဲငှားရမ်း သွားဖို့ကလည်း ပိုက်ဆံ အခက်အခဲ ရှိပါတယ်။ ကျွန်တှောတို့ ပထမဆုံး တဲဆောက်ပေးတဲ့ ရွာလေးမှာတော့ ရွာသားတစ်ဦးမှာ ကံကောင်းထောက်မစွာ စက်လှေတစ်စင်း ကျန်ခဲ့တာမို့ ဒီဇယ်ဆီပဲ ဝယ်ပေးခဲ့ရပါတယ်။ နောက်တစ်ခုက ဝါးပါ။ မုန်တိုင်းဒဏ်ကြောင့် ဝါးတောတွေ အကုန် နီးပါး ကုန်သွားခဲ့တယ်။ ဒါကြောင့် ဝါးကို ခက်ခက်ခဲခဲ ရှာဖွေကြရတယ်။ ဝါးတော ဝေးရင် ဝေးသလောက် အကုန်အကျ များနိုင်တယ်။ ဒါကိုလည်း ချင့်ချိန်ကြရတယ်။ သစ်မသုံးဘဲ ဘာလို့ ဝါးကို ရွေးရတယ် ဆိုတဲ့အကြောင်းကို နောက်ပိုင်းမှာ ရှင်းပြပါမယ်။ နောက်တစ်ခုကတော့ အထွေထွေ ပစဿစည်းတွေပေါ့။ ဒါတွေကလည်း အဲဒီဒေသမှာ ဈေးကြီးတာမို့ ရန်ကုန်ကနေ သယ်ကြရတယ်။

ကျွန်တှောတို့ တည်ဆောက်တဲ့ တဲအိမ်လေးတွေက မိသားစု တစ်ခုချင်းစီအတွက် မဟုတ်ပါဘူး။ ကျွန်တှောတို့ လေ့လာ မေးမြန်းချက်တွေအရ ဘယ်မိသားစုမှ အကုန် ရွာမှာ ပြန်မနေချင်ကြသေးဘူး။ သူတို့ အစီအစဉ်က ယောက်ျားတွေက ရွာကိုပြန်မယ်။ ဒီရွာက ရွာသားတွေ စုပေါင်းပြီး ဘုံလယ်ယာလေး ဆယ်ဧက ဆယ့်ငါးဧက ဖြစ်ဖြစ် လုပ်ကြမယ်။ (အရင်က တစ်ယောက်ကို ဧကရာနဲ့ချီပြီး လုပ်ကြတာမျိုးပါ)။ ဒီနှစ်ရတဲ့ စပါးလေးတွေကနေ နောက်နှစ် နောင်နှစ်တွေမှာ တိုးတိုးပြီး စိုက်သွားမယ် ဆိုတဲ့ ရည်ရွယ်ချက် ရှိကြပါတယ်။ ကျွန်တှောဟာ သူတို့ကို ကြည့်ပြီး ကြက်သီးတောင် ထမိတယ်။ သူတို့မှာ ဒီလို အခြေအနေမျိုးမှာတောင် နှစ်ရှည်စီမံကိန်းတွေ ရှိနေခဲ့တယ်။ ဒါဆို ကျွန်တှောတို့ကရော ဘာကြောင့် မရှိရမှာလဲတွေးမိ ခဲ့တယ်။ ဒါနဲ့ သူတို့နဲ့ ဆွေးနွေးတဲ့အခါ သူတို့က ရွာသားတွေ စုပေါင်းနေထိုင်ချင်ကြတယ်။ မိသားစုတစ်စု တစ်အိမ် ဆိုတာထက် သူတို့ပေါင်းပြီး တစ်အိမ် နေချင်ကြတယ်။ ဒီအိမ်တွေမှာ သူတို့ တသက်လုံး နေမှာ မဟုတ်ဘူး။ ဒါပေမယ့် သေချာတယ် ၃နှစ်လောက် နေကြလိမ့်မယ်။ ပြီးရင် သီးခြား အိမ်ကောင်းလေးတွေကို ကြိုးစားဆောက်ကြပါလိမ့်မယ်။ အဲဒါကြောင့် ဒီ လတ်တလော နှစ်နှစ် သုံးနှစ်စာ ကာလလေးအတွက် ရည်ရွယ်ပြီး အကုန်အကျ သက်သာတဲ့ အိမ်လေးတွေ ဆောက်ဖို့ ကျွန်တှောတို့ သဘောတူခဲ့တယ်။

ကျွန်တှောတို့ ဘတ်ဂျတ်တဲလေးတွေက အစွန်းထွက် အမိုးမပါ အလျား ပေ၂၀၊ အနံ ၁၅ ပေလောက် ရှိပါမယ်။ အလျား ၆ ပေရှိတဲ့ မီးဖိုချောင် အဖီလေး တစ်ခုလည်း ပါမယ်။ အိမ်ကို ဝါးနဲ့ဆောက်မယ်။ အမိုးနဲ့ အကာအတွက်ကို တာပှေါလင် သုံးမယ်။ တချို့က ပြောကြတယ်။ ဘာလို့ ဓနိမသုံးတာလဲတဲ့။ သူတို့ မသိကြလို့ပါ။ မုန်တိုင်းမလာခင်က အဲဒီဒေသတွေမှာ နွေရာသီဆို လာမယ့် မိုးဒဏ်ကို ခံနိုင်အောင်ဆိုပြီး အိမ်အမိုးတွေ အသစ်ပြင်ကြတယ်။ အဲဒါကြောင့် အခုပြန်ထွက်နေတဲ့ ဓနိတွေက အိမ်မိုးလို့ မကောင်းတဲ့ အနုစားတွေ ဖြစ်ပါတယ်။ နောက်ပြီး ဓနိထိုးတဲ့ အမျိုးသမီးတွေ အများအပြား သေကုန်တာကြောင့် ဓနိထိုးမယ့်သူကို မရှိတာ ကြုံနေကြရတယ်။ ဒါကြောင့် ဈေးအနည်ငယ် ကြီးပေမယ့် မြန်တယ်၊ လွယ်ကူတယ်၊ အဆင်ပြေတယ် ဆိုတဲ့ တာပှေါလင်ကို သုံးတာပါ။ သစ်အစား ဝါးကို သုံးရတယ် ဆိုတာက သစ်က ဈေးကြီးတယ်။ သယ်ဆောင်ဖို့ မလွယ်ဘူး။ ရန်ကုန်က သစ်လှူရင်တောင် ပထမဆုံး လပြတဿတာပို့ဖို့၊ အဲဒီကေန သက္ဆိုင္ရာ ရြာကို ပို့ဖို့ဆိုတာ အေတာှ ခက်ခဲတယ်။ ဒုကဿခသည်တွေမှာ ပိုက်ဆံဆိုတာ မူးလို့ ရှူစရာရှိတာ မဟုတ်ဘူး။ ဒါကြောင့် သူတို့ ခေါင်းခဲနိုင်မယ့် ကိစဿစကို လုံးဝမစဉ်းစားတာ ကောင်းပါတယ်။

အဲဒီလိုအိမ်ကို ကျွန်တှောတို့က သုံးပင် နှစ်ပင် တစ်ဖီ အိမ်လို့ ခှေါတယ်။ တစ်အိမ်မှာ အခန်းကျဉ်း ခြောက်ခန်း ရှိတဲ့ သဘောပါပဲ။ တစ်ခန်းမှာ လူနှစ်ဦး ကောင်းကောင်းကြီး နေလို့ ရပါတယ်။ ဒါကြောင့် အိမ်တစ်လုံးမှာ လူ ၁၂ ယောက် နေလို့ရတယ်။ အိမ်ငါးလုံး ဆောက်ခက ကျပ်ငွေ ၁ဝသိန်းလောက်သာ ကုန်ကျပါတယ်။ ဒါကြောင့် တစ်အိမ်ကို နှစ်သိန်း၊ လူတစ်ယောက်အတွက် ကုန်ကျစရိတ် ကျပ်နှစ်သောင်းခန့်ပဲ ရှိပါတယ်။ ဒါဟာ တကယ့်ကို ဘတ်ဂျတ် အိမ်လေးတွေပါ။ သူတို့အတွက် အိမ်ကြီးရခိုင်ကို တစ်လနှစ်လ ဆောက်နေတာမျိုးထက် ဒါမျိုးလေးတွေက ပိုလိုအပ်ပါတယ်။ ရွာသားတွေဟာ သူတို့အတွက် အိမ်ကို သူတို့ကိုယ်တိုင် ဆောက်ရပါမယ်။ အဲဒီလို ဆောက်နေချိန်မှာ ကျွန်တှောတို့က အစားအသောက် စီစဉ်ပေးပါတယ်။ သူတို့ကို ကိုယ်တိုင် ဆောက်ခိုင်းတာကလည်း အကုန် အလကားရတာပဲ ဆိုတဲ့ အလေစိတ်တွေ ဝင်သွားမှာ စိုးလို့ပါပဲ။ ဒီအိမ်လေးတွေ ပြီးသွားရင် သူတို့အတွက် အိမ်သာ၊ ရေ ကိစဿစတွေကို သက်ဆိုင်ရာ အန်ဂျီအိုတွေနဲ့ ကျွန်တှောတို့ ကိုယ်တိုင် ညှိုနှိုင်း ကူညီပေးသွားပါမယ်။

ဘဝပေါင်းများစွာ ဒီမုန်တိုင်းဒဏ်ကြောင့် ဆုံးပါးသွားခဲ့ကြတယ်။ သူတို့ရဲ့ စိတ်တွေ ဘယ်လို ထိန်းချုပ်ထိန်းချုပ်ထားတယ် ဆိုပေမယ့် အလွန်ကြီးမားတဲ့ စိတ်ဒဏ်ရာ ရသွားခဲ့ ကြပါပြီ။ မျက်စိရှေ့မှာတင် မိဘ၊ မောင်နှမသားချင်း၊ ခင်ပွန်းမယားတွေ ကွန်လွန်သွားခဲ့ကြတယ်။ ဒီလို အဆုံးရှုံးကြီး ဆုံးရှုံးသွားရတဲ့ လူတွေကို သာမန်အခြေအနေ ပြန်ရောက်အောင် လုပ်ပေးတယ် ဆိုရုံနဲ့ ကျွန်တှောတို့ဟာ တာဝန်ကျေတယ်လို့ မယူဆသင့်ပါဘူး။ သူတို့ကို အရှုံးတွေ ကြားထဲက တစ်ခုခု အမြတ်ရအောင် လုပ်ပေးသင့်ပါတယ်။ အရင်က အိမ်သာကို ဖြစ်သလို သုံးတယ် အခုလည်း အရင်လိုပဲ သုံးတယ်ဆိုရင် သူတို့ဟာ အသက်ရှင်တာသာ အဖတ်တင်ပါတယ်။ ဘာမှ တိုးတက်မလာပါဘူး။ ဒါကြောင့် ကျွန်တှောတို့ သူတို့ကို စိတ်ဓာတ်၊ လူနေမှု၊ ပညာရေး အားလုံး မြင့်မားလာအောင် ကူညီပေးသင့်ပါတယ်။ ဒါမှ သူတို့ ဘဝတွေဟာ အသက်ရှင် ကျန်ရစ်ခဲ့ရကြိုး နပ်ပါလိမ့်မယ်။ နိုင်ငံခြားမှာဆို စိတ်ဓာတ်မြှင့်တင်ရေး အဖွဲ့လေးတွေ၊ နှစ်သိမ့် ဆွေးနွေး ကူညီတဲ့ အဖွဲ့လေးတွေ ရှိတယ်။ ကျွန်တှောတို့ ဆီမှာ ဘာလို့ မရှိရတာလဲ။ ကျွန်တှော စိတ်မကောင်းဘူး။

ဒုကဿခသည်ပေါင်း တစ်သန်းကျှော ရှိပါတယ်။ လူတစ်ယောက်အတွက် ကျွန်တှောတို့ ဒီလို ဘတ်ဂျတ်အိမ်လေး တွေ လိုက်ဆောက်ပေးမယ် ဆိုရင်တောင် ရံပုံငွေက ကျပ်သိန်းနှစ်သောင်းလောက် အနည်းဆုံး လိုအပ်ပါတယ်။ ကျွန်တှောတို့မှာ ရှိနေတာ အဲဒါရဲ့ အမှုန်အမွှားလောက်တောင် မရှိပါဘူး။ ဒါပေမယ့် ကျွန်တှောတို့ တတ်နိုင်သမျှ ဆောက်ပေးသွားမယ်လို့ စိတ်ကူးထားတယ်။ ဒါကြောင့် နောက်ပိုင်း ဒီလို အိမ်လေးတွေ လှူချင်တယ်ဆိုရင် အထက်က အချက်အလက်တွေကို တွက်ချက်ပြီး ရွာတစ်ရွာ ဘယ်နှစ်လုံး ဆိုပြီး တွက်ချက် လှူဒါန်းနိုင်ပါတယ်။ ကျွန်တှောတို့မှ မဟုတ်ပါဘူး။ ဘယ်သူမဆို ကိုယ်တိုင် ရွာထဲဆင်းပြီး လှူမယ်ဆိုလည်း ဒါလေးတွေကို ဆင်ခြင် သုံးသပ်ကြည့်မယ်ဆိုရင် အကျိုးရှိရှိ လှူဒါန်းနိုင်မှာ ဖြစ်ပါတယ်။


No response to “Budget Hut Plan”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz