Sunday, May 25, 2008

လွဲပါလေရော

ကျွန်တှော့အသိ နိုင်ငံခြားသား တစ်ယောက်ရဲ့ အတွေ့အကြုံလေးပါ။ တစ်နေ့မှာ သူက အလုပ္ကိစဿစ တစ္ခုအတြက္နဲ့ အိနဿဒိယ တိုင်းရင်းသားကြီး တစ်ယောက်နဲ့ တွေ့ဆုံပါသတဲ့။ နာရီဝက်လောက် စကားပြောကြတယ်။ သူပြောလိုက်တိုင်း အဲဒီလူကြီးက အိုကေ အိုကေပြောပြီး ခေါင်းလေး လှုပ်ခါ လှုပ်ခါနဲ့ တခါခါ လုပ်နေပါသတဲ့။ သူကလည်း ခေသူ မဟုတ်လေတော့ အိနဿဒိယ တိုင်းသားတွေဟာ ရက်စ်လို့ ပြောပြီးရင် အမူအယာနဲ့ ခေါင်းခါ ပြတတ်တာ သိထားလေတော့ အားလုံး အိုကေတယ်လို့ နားလည်ထားတယ်။ သူတို့ အလုပ်ကိစဿစတွေလည်း အားလုံး အဆင်ပြေတယ် ဆိုပါတော့။ ဒါနဲ့ နောက်တစ်လလောက် ကြာတော့ နောက်ထပ် လုပ်ငန်းရှင် တစ်ယောက်နဲ့ အပြင်မှာ တွေ့ကြတယ်။ သူကလည်း သူလုပ်မယ့် လုပ်ငန်းတွေ အကြောင်း ပြောနေတယ်။ ဟိုတစ်ယောက်ကလည်း ရက်စ် ရက်စ်နဲ့ ခေါင်းလေး တညိမ့်ညိမ့် လုပ်နေပါတယ်။ ဒါနဲ့ သူလည်း ဪ ဟိုအိနဿဒိယကောင်ကတော့ ရက်စ်လို့ပြောပြီး ခေါင်းခါတယ်။ ဒီကောင်ကတော့ ရက်စ်ပြောပြီး ခေါင်းညိမ့်တယ်ဆိုတော့ နောက်လုပ်မယ့် အလုပ်တွေ ပိုပြီး အဆင်ပြေတော့မယ် ထင်တယ်ပေါ့။ ဝမ်းသာနေတယ်။ အဲဒီမှာ လွဲပါလေရော။ သူမသိခဲ့တာက အဲဒီလူက သူပြောတာတွေ လုံးစေ့ပတ်စေ့ နားမလည်လို့ ခေါင်းတညိမ့်ညိမ့် လုပ်နေတာ၊ Conjunction ဘာလုပ်ရမှန်း မသိလို့သာ ရက်စ်ရက်စ်နဲ့ ပြောနေတာ ဆိုတာပါပဲ။ ဒါနဲ့ပဲ နားလည်မှု လွဲပါလေရောတဲ့ဗျား။


No response to “လွဲပါလေရော”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz