Sunday, May 18, 2008

အသက်ရှင် ကျန်နေခဲ့တာ ကံကောင်းခြင်းလား ကံဆိုးခြင်းလား

အသက်ရှင် ကျန်နေခဲ့တာ ကံကောင်းခြင်းလား ကံဆိုးခြင်းလား


ကျွန်တှောတို့ သိထားတာက လေတိုက်နှုန်းက တစ်နာရီ မိုင်၅ဝလောက် ရှိမယ်ပေါ့။ ရေတွေတက်လာတော့ ကျွန်တှောတို့ အိမ်ပှေါထပ် တက်ပြေးကြတယ်။ ရေတက်ချိန် လေကပါ ဒီရေတွေကို ဆွဲခှေါလာတော့ တဝုန်းဝုန်းနဲ့ကို ရိုက်တာ။ ကျွန်တှောတို့ အိမ်တိုင်တွေက လက်တစ်ဖက်စာလောက် ရှိပါတယ်။ ဒါတောင် တဖြည်းဖြည်း ယိုင်လာတယ်။ ရေက အိမ်ပှေါထပ်ကိုပါ ရောက်လာတော့ ကျွန်တှောက ညီမလေးနှစ်ယောက်ကို ခေါင်မိုးထုပ်တန်းပှေါ တွန်းတွန်းတင်တယ်။ မိုးမှောင်ကြီး ကျနေတော့ ဘာမှ သိပ်မမြင်ရဘူး။ အဲဒီအချိန်မှာ အဖေ့လက်ကနေ အမေလွတ်ထွက်သွားတာ မြင်လိုက်ရတယ်။ အမေ့ကို လှမ်းဆွဲတော့ အမေက အှောပြောပြီး ကျွန်တှော့ကို တွန်းထုတ်တယ်။ ဒီဘက် ပြန်ကြည့်လိုက်တော့ ညီမလေးတွေကို မတွေ့တော့ဘူး။ နောက်ရေလှိုင်းရိုက်တော့ ကျွန်တှောလည်း လွင့်ထွက်သွားတယ်။ ကျွန်တှောလည်း ရှိသမျှ အဝတ်အစားတွေ အကုန်ချွတ်ပစ်ပြီး အားကုန်ကူးတယ်။ ပတ်ဝန်းကျင်မှာ ဘာမှကို မမြင်ရဘူး။ နောက်ဆုံး ဘုရားစာတွေ ရွတ်ရင်း ငါသေတော့မယ်ဆိုပြီး စိတ်ဓာတ် ကျလာတယ်။ အဲဒီအချိန်မှာ ပျဉ်ချပ်နှစ်ချပ် ကျွန်တှော့နား ရောက်လာလို့ အတင်းဖက်တွယ် ထားလိုက်ပါတယ်။ မျောသွားလိုက်တာ နောက်ဆုံး သစ်ပင်တစ်ပင်က ထိပ်ဆုံး အကိုင်းတစ်ခုပှေါ တက်နေရင်း ရေကျတဲ့အထိ စောင့်နေရတာပါပဲ။ ကံကောင်းလို့ လွတ်လာတာလား ကံဆိုးလို့ ကျန်နေခဲ့တာလားတော့ မသိတော့ပါဘူး အကိုရာ အမေရယ်၊ အမေကြီးရယ်၊ ဦးလေးနှစ်ယောက်ရယ်၊ ညီမနှစ်ယောက်ရယ်၊ အဒှေါရယ် ပြတ်သွားတယ်။ အဖေနဲ့ ကျွန်တှောပဲ ကျန်ခဲ့တယ်။


အချောင်သမားတွေက အလောင်းတွေကနေ ရွှေတွေငွေတွေ လိုက်ရှာယူကြတယ်။ ကျွန်တှောက လှေကိုကမ်းကပ်ဖို့ ချုံဖုတ်လေးနား တိုးသွားတော့ အမေကြီး အလောင်းကို တွေ့တာပဲ။ သူဝတ်ထားတဲ့ လက်စွပ်တွေ လက်ကောက်တွေ ဆွဲကြိုးတွေ တစ်ခုမှ မကျန်တော့ဘူး။ အမေကြီး အလောင်းက ဆံပင်နဲ့ ချုံပုတ်ကိုငြိပြီး ရေမှာတင်ကျန်နေတာဗျာ။ ဒီလိုယူတာကို ဘာမှပြောချင်စိတ် မရှိပေမယ့် ဆံပင်လေးဖြတ်ပြီး ကမ်းပှေါ တင်ပေးခဲ့ဖို့ ကောင်းတယ်။ အဲဒါကို မြင်ရတော့ ကျွန်တှော ငိုမိတယ်။


အိမ်က ကလေးနှစ်ယောက်နဲ့ ညီက ဟိုဘက်ရွာမှာ ရှင်ပြုသွားကြတာ၊ သူတို့ ရှင်ပြုတာမို့ အဒှေါတွေရော ဦးလေးတွေရော လာကြတာပေါ့။ ညနေမှာ လေပြင်းလာတော့ ညီမတွေက အတင်းပြန်သွားကြတယ်။ အခုထိ ဘာသတင်းမှ ပြန်မကြားရတော့ပါဘူး။ ဘုန်းကြီးကျောင်းက ဆရာတှော ၁၂ပါးရှိတာ ၁ဝပါး ပျံတှောမူသွားတယ်။ သူတို့က မုန်တိုင်းအဝင်မှာ ကျောင်းတိုက်ပိပြီး ပြတ်ကုန်ကြတာ။ အလောင်းတွေ အဲဒီအောက်မှာ ခုထိရှိသေးတယ်။ ကျွန်တှောတောင် ကံကောင်းလွန်းလို့ မသေတာပါဗျာ။ အုန်းပင်ပှေါ တက်နေလိုက်မိလို့။



ရေးလို့တောင် ကုန်မှာ မဟုတ်ပါဘူး။ ကျွန်တှော ကြားခဲ့ရတဲ့ ဇာတ်လမ်းလေးတွေ။ ရွာဆိုတော့ မိသားစုက များတယ်။ အိမ်ထောင်တစ်ခုမှာ ၆ယောက်ဆိုတာ အနည်းဆုံးပဲ။ ယေဘုယျ ပြောရရင် ၅ယောက်မှာ တစ်ယောက်လောက်ပဲ လွတ်တယ်။ အလောင်းတွေ တွေ့တိုင်း သူတို့ မျက်နှာတွေ မကောင်းဘူး။ ယောက်ျား ရင့်မာကြီးတွေမို့ မျက်ရည်ကျမလာကြပေမယ့် သူတို့ရဲ့ ဝမ်းနည်းကြေကွဲမှုကို မျက်လုံးတွေမှာ အတိုင်းသား မြင်နေရပါတယ်။ သေတာက မိန်းမတွေများတယ်။ ရေနစ်သေတာ မဟုတ်ပေမယ့် လှိုင်းပုတ်လို့ သေတာကြောင့်ရယ်၊ ပစဿစည်းတွေနဲ့ ထိခိုက်မိပြီး သေတာကြောင့်ရယ် ဖြစ်နိုင်တယ်လို့ ပြောကြပါတယ်။ တချို့မိသားစုမှာ အသက် ရဝလောက် အဖိုးကြီးနဲ့ မြေးငယ်လေး တစ်ယောက်ပဲ လွတ်တယ်။ သူတို့အဖို့ ဒါကို ပြန်တောင် မတွေးရဲဘူးလို့ ပြောကြတယ်။ ရွာတွေဆိုတာ ငုတ်တိုဖြစ်သွားလိုက်တာ ကိုယ့်အိမ်နေရာကိုတောင် မနည်း ရှာယူကြရပါတယ်။ တှောတှောများများက သာမန် မုန်တိုင်းဒဏ်လောက်ကတော့ သိပ်မမှုကြသူများပါ။ အခုတော့ ဘယ်လောက်ပြင်းမယ်ဆိုတာ မသိခဲ့တော့ ကြိုတင် မပြင်ဆင်နိုင်ခဲ့ကြဘူး။ ဒါနဲ့ပဲ သေကြရတယ်။ ၉ဝရာခိုင်နှုန်းက လယ်သမားတွေပါ။ ရိုးရိုးသားသား လုပ်ကိုင် စားသောက်ကြသူတွေကိုမှ ဘာလို့များ ဒီလို ကပ်မျိုးကြီး ဆိုက်ခဲ့ရသလဲလို့ ကျွန်တှော ကောင်းကင်ကြီးကို ကြည့်ပြီး တွေးနေမိသေးတယ်။ ကျွန်တှော လှေဆိပ် တံတားလေးပှေါ တက်တော့ ကျွန်တှော့ ခြေထောက်အောက်မှာ ကလေးငယ်လေး တစ်ယောက်ရဲ့ အလောင်း၊ လက်မှာ သားရေကွင်းလေးတွေ ဝတ်ထားလို့။ ဘဝပေါင်းများစွာ၊ အပြစ်မဲ့ လူပေါင်းများစွာ... မြေပှေါမှာ ရေထဲမှာ ကွယ်ပျောက်သွားခဲ့ရတယ်။


Read in English translation at Ko Myat Thura's Blog


No response to “အသက်ရှင် ကျန်နေခဲ့တာ ကံကောင်းခြင်းလား ကံဆိုးခြင်းလား”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz