Wednesday, May 14, 2008

Another Cyclone can attack Myanmar soon!!




Sattelite Image from JTWC


မြန်မာပြည် ရန်ကုန်နဲ့ ဧရာဝတီကို နောက်ထပ် ဆိုက်ကလုံးတစ်ခု ဦးတည်လာနေတယ်လို့ သိရပါတယ်။ အစိုးရက သတင်းထုတ်ပြန် မထားသလို လွန်ခဲ့တဲ့ တစ်ရက်နှစ်ရက်က သတင်းစာမှာ မုန်တိုင်းမရှိဘူးလို့ ငြင်းဆိုထားပါတယ်။ မုန်တိုင်းဟာ နောက်ထပ် ၂ဝနာရီအတွင်း ဖြတ်သန်းနိုင်တယ်လို့ တွက်ဆကြပါတယ်။ ညကတည်းက လေတိုက်နှုန်း ပြင်းထန်နေတာပါ။ အခု ပိုစ့်တင်ချိန် ညနေ ၅နာရီခန့်မှာ မိုးခပ်သည်းသည်း စတင် ရွာသွန်းနေပါတယ်။ ဒီမုန်တိုင်းဟာ အရင်တစ်ခုလောက် မပြင်းထန်သေးပေမယ့် သူဖွဲ့စည်းထားတဲ့ တိမ်ထုကြောင့် မိုးသည်းထန်စွာ ရွာသွန်းနိုင်တယ်လို့ သိရပါတယ်။ လေတိုက်နှုန်းက တစ်နာရီ မိုင်၃၀ ကနေ ၄၀ ဖြစ်နိုင်ပါမယ်။ ဒီတစ်လုံးသာ ပြင်းပြင်းထန်ထန် ထပ်ဝင်မယ် ဆိုရင်တော့ ဒုကဿခသည်တွေ သေကုန်ကြတော့မှာ မြင်ယောင်မိပါသေးတယ်။ ရခိုင်၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ စတဲ့ ပြည်နယ်တွေကို သက်ရောက်နိုင်ပါတယ်။ အခြေအနေ ထူးခြားရင် ထပ်ပြီး တင်ပေးပါမယ်။

5:51pm

လေတိုက်နှုန်း တစ်နာရီ မိုင် သုံးဆယ်ခန့်ဟာ လေပြင်းတော့ မဟုတ်ပါဘူး။ ဒါပေမယ့် Google Earth မှာမြင်ရတဲ့ တိမ်ထုက ကြီးတာမို့ မိုးကြီးနိုင်တယ်လို့ ထင်ပါတယ်။ အများဆုံး ဖြစ်နိုင်တာကတော့ ရေကြီးတာပါပဲ။ မြန်မြန် ဖြတ်သွားပါစေလို့ပဲ ဆုတောင်းရမှာပဲ။


6:15pm

ရခိုင်ပြည်နယ်ဘက်ကို အားပျော့စွာ ရွေ့လျားသွားနေတယ်လို့ FM ကလွှင့်တယ်လို့ သိရပါတယ်။ စောင့်ကြည့်နေရုံမှတပါး ကျွန်တှောတို့အတွက် ရွေးစရာ မရှိပါ။ လောလောဆယ် ရန်ကုန်မှာ မိုးမရွာတော့ပါ။


7 pm

အိမ်ပြန်တော့မည်။ အချိန်နဲ့ တပြေးညီ သတင်းတွေ တင်ပေးချင်ပေမယ့် အိမ်မှာ မီးမလာသေးပါ။ အင်တာနက်လည်း မရှိပါ။ နောက်နေ့ အဆင်ပြေတော့လည်း တွေ့ကြတာပေါ့။ :(

AP
Reuters
Xinxuanet
JTWC

No response to “Another Cyclone can attack Myanmar soon!!”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz