Sunday, April 20, 2008

Social Networking

ကမဿဘာကြီးကိုပြားသွားစေတဲ့ လူထုကွန်ယက် (Social Networking)




Social Networking ဆိုတာ ထင်ရှားကျယ်ပြန့်လာတဲ့ အင်တာနက် ယဉ်ကျေးမှု တစ်ခု ဖြစ်ပါတယ်။ အဓိကကတော့ အင်တာနက်ပှေါမှာ တစ်ယောက်နဲ့တစ်ယောက် စုဝေးဆက်သွယ်ရာ ဆုံရပ် နေရာတွေပဲ ဖြစ်ပါတယ်။

နည်းပညာ တိုးတက်လာတာနဲ့အမျှ၊ လူနေမှု မြင့်မားလာတာနဲ့အမျှ လူတွေမှာ ကိုယ်ပိုင် အချိန်တွေ၊ လွတ်လပ်မှုတွေ ဆုံးရှုံးလာရပါတယ်။ မနက်မိုးလင်းကတည်းက အလုပ်စလုပ်လိုက်တာ ညနေမိုးချုပ်မှ အိမ်ပြန်ရောက်၊ အိမ်ပြန်ရောက်တာနဲ့ ပင်ပန်းနွမ်းနယ်မှုကြောင့် အနားယူရတာမို့ သူငယ်ချင်း မိတ်ဆွေတွေနဲ့ တွေ့ဆုံချိန်၊ လွတ်လွပ်လပ်လပ် အနားယူချိန်၊ စာကြည့်တိုက်သွားပြီး စာအုပ်သွားဖတ်ချိန် စတဲ့ အရာတွေမှာ တဖြည်းဖြည်း အားနည်းလာပါတယ်။ ဟိုးအရင်ကဆို ကျွန်တှောတို့ တတွေမှာ တီးပါတီတွေ၊ ညစာစားပွဲတွေ၊ ပျှောပွဲရွှင်ပွဲတွေ စတဲ့ လူမှုရေး Social Welfare ကိစဿစလေးတွေကို ကိုယ်တိုင်ကိုယ်ကျ လုပ်ကိုင်ဖြစ်ကြသေးတယ်။ အခုနောက်ပိုင်းမှာတော့ အထက်ကလို အကြောင်းကြောင်းတွေကြောင့် မအားလပ် ကြတော့တာမို့ အခင်မင်ဆုံးဆိုတဲ့ တစ်မြို့ထဲနေ သူငယ်ချင်း တစ်ယောက်နဲ့တောင် တွေ့ဆုံဖို့ဆိုတာ ချိန်းလို့ မရနိုင်အောင်ပါပဲ။ ဒီလိုနဲ့ ကျွန်တှောတို့ဟာ အလုပ်တွေ အတွက်ပဲ အချိန်ပေး အာရုံစိုက်နေရပြီး လူမှုရေး ကိစဿစလေးတွေမှာတော့ တဖြည်းဖြည်း ဝေးကွာလာကြရတယ်။ ဒီအခြေအနေမှာ လူသားတွေရဲ့ ထွက်ပေါက်တစ်ခု အနေနဲ့ Social Networking ဆိုတဲ့ အင်တာနက် ဆုံရပ်ကလေးတွေ ပှေါပေါက်လာခဲ့တာပါပဲ။



Social Networking တွေမှာ ပုံစံအမျိုးမျိုး ရှိနိုင်ပါတယ်။ တချို့က သီးခြား ကွန်ယက်လေး တစ်ခု အနေနဲ့ တည်ရှိတယ်။ တစ်ချို့က အဲဒီလို သီးခြားကွန်ယက်လေးတွေ အများကြီး ပေါင်းထားတဲ့ ကွန်ယက်ကြီး တစ်ခု အနေနဲ့ တည်ရှိတယ်။ တစ်ချို့က စီးပွားရေး ဆုံရပ်လေး တစ်ခုအနေနဲ့ တည်ရှိတယ်။ တစ်ချို့က ကြင်သူရှာတဲ့ နေရာလေး တစ်ခု အနေနဲ့ ရပ်တည်ကြတယ်။ တစ်ချို့က ကိုယ်ပိုင် ကိုယ်ရေးကိုယ်တာ အချက်အလက် မှတ်တမ်းတင်ရာ နေရာလေး ပုံစံအဖြစ်နဲ့ ရပ်တည်ကြတယ်။

ပုံစံကတော့ ကိုယ်နဲ့ အပ်စပ်ရာ အဖွဲ့လေး အဖွဲ့လေးတွေအလိုက် စုဝေးကြပြီး၊ နောက်တစ်ဆင့် အနေနဲ့ အဲဒီလို အဖွဲ့လေးတွေ အချင်းချင်း ဆက်သွယ်ပြီး ပိုကြီးမားတဲ့ ကွန်ယက်ကြီး တစ်ခုကို ဖန်တီးယူခြင်းပါပဲ။ လူသိများပြီး ကျယ်ပြန့် ထင်ရှားတဲ့ General Social Networking နေရာလေးတွေကတော့ MySpace၊ Facebook၊ Ning၊ Multiply စတာတွေပဲ ဖြစ်ပါတယ်။ တကယ်တမ်းတော့ ဒီလူထုဆုံရပ်ကွန်ယက်ကြီးမှာ တွေ့ဆုံမှု သက်သက်ဆိုတာထက် ပိုတဲ့ လေးနက်မှုတွေ အများကြီး ရှိပါတယ်။ အဓိက အနေနဲ့ သတင်းအချက်အလက် ဖြန့်ဝေခြင်း၊ အသိပညာပေးခြင်း၊ ဆက်သွယ်ရေး စတာတွေလည်း ပါဝင်ပါသေးတယ်။ Social Networking လို့ဆိုတာနဲ့ တစ်ယောက်နဲ့တစ်ယောက် အင်တာနက်ပှေါမှာ ကူးလူးဆက်ဆံနေကြတာကို မြင်ကြည့်နိုင်ပါတယ်။
အင်တာနက်ပှေါမှာ အလွန်ထင်ရှားတဲ့ ဝီကီပီးဒီးယား ဆိုရင် တစ်ကမဿဘာလုံးကလူတွေ အားလုံး ဝိုင်းပြီး ရေးနေကြတဲ့ အခမဲ့ စွယ်စုံကျမ်းကြီးတစ်ခုပါ။ ဘယ်သူကမှ ရေးပါလို့ မတိုက်တွန်း ရဘဲနဲ့ အသိပညာရှင် အတတ်ပညာရှင်တွေ အားလုံး ကိုယ်ကျွမ်းကျင်ရာ ဘာသာရပ်တွေကို သူရေး ငါရေးနဲ့ ဝိုင်းရေးလိုက်ကြတာ အခုဆိုရင် အလွန်ကို ကျယ်ပြန့် ကြီးမားတဲ့ လူအများ မှီငြမ်းကိုးကားရာ နေရာတစ်ခု ဖြစ်လို့လာပါပြီ။ Del.icio.us တို့ Digg တို့မှာ ဆိုရင်လည်း တကမဿဘာလုံးက ထူးဆန်းတဲ့ အဖြစ်အပျက်၊ တွေ့ရှိမှု၊ သတင်း၊ အချက်အလက် အသစ်အဆန်းတွေကို ဒေသအသီးသီးက လူတွေက ဖြန့်ဝေပေးနေကြတာပါ။ Facebook, Myspace လိုနေရာမျိုးတွေမှာ ဟိုဘက် ကမဿဘာခြမ်းက တစ်ယောက်နဲ့ ဒီဘက် ကမဿဘာခြမ်းကတစ်ယောက် စာတွေ၊ ဓာတ်ပုံတွေ၊ လက်ဆောင်တွေ အပြန်အလှန်ပို့ရင်း နယ်ကျှော ယဉ်ကျေးမှု ကူးလူးဆက်ဆံမှုတွေ ဖြစ်လာပါပြီ။

ဒီနေရာမှာ ရှေးရိုးစွဲ အစဉ်အလာကြီးတွေ ဆုပ်ကိုင်ထားသူတွေကတော့ Social Networking ဆိုတာကို အနဿတရာယ်တစ်ခုလို့ မြင်ကြပါတယ်။ သူတို့က အထက်ကလို ဆက်ဆံမှုတွေကနေ ယဉ်ကျေးမှုတွေ ထိခိုက်နိုင်တယ်၊ စာရိတဿတပျက်ပြားနိုင်တယ်၊ အချိန်ကုန်စေတယ်၊ လူငယ်ထုကို ပျက်စီးစေတယ်ဆိုတဲ့ အတွေးအမြင်မျိုးတွေ ရှိကြပါတယ်။ ဒါပေမယ့် ဒီနေ့လို Globalization ခေတ်ကြီးမှာ နည်းပညာနဲ့၊ တိုးတက်ပြောင်းလဲလာတဲ့ ယဉ်ကျေးမှုကိုတော့ တားဆီး ပိတ်ပင်ထားလို့ မရနိုင်ပါဘူး။ သူတို့က ဘယ်လောက်ပဲ မကောင်းပါဘူးပြောပြော၊ လူငယ်တွေကို ပိတ်ပင်တားဆီးပါစေ ဒီယဉ်ကျေးမှုရဲ့ သိသာလွန်းတဲ့ ကောင်းကျိုးတွေကြောင့် တနေ့တခြား Social Networking ဆိုဒ်တွေဟာ ကြီးထွားလာနေပါတယ်။

Social Networking လို့ ယေဘုယျ ပြောနေပေမယ့် အဲဒီအထဲမှာ ရှိနေတဲ့ ကဏဿဍအသီးသီး၊ ဝဘ်ဆိုဒ် အသီးသီးမှာ ကွဲပြားတဲ့ ဦးတည်ချက်တွေ၊ လုပ်ငန်း လုပ်ဆောင်ပုံတွေ ရှိနေနိုင်ပါတယ်။ ကိုယ်ဘယ်လို နေရာမျိုးမှာ စိတ်ဝင်စားတယ် ဆိုတာကို လိုက်ပြီး ကိုယ်နဲ့ အပ်စပ်တဲ့ နေရာကို ရွေးချယ် နိုင်ပါတယ်။ အကြမ်းအားဖြင့်တော့

  1. Online Social Community
  2. Social Business Networks
  3. Online Matchmaking
  4. Alumni Networks

စသည်ဖြင့် ခွဲခြားနိုင်ပါတယ်။ တကယ်လို့များ ကိုယ်က အင်တာနက်ပှေါမှာ မိတ်ဆွေ သူငယ်ချင်းတွေ ရချင်တယ်၊ အပြန်အလှန် ဆက်သွယ် ချင်တယ်ဆိုရင် ပထမ အမျိုးအစားကို ရွေးချယ်ရပါမယ်။ ဒုတိယ တစ်ခုက စီးပွားရေး လုပ်ငန်းတွေနဲ့ ပတ်သတ်တဲ့ ပိုပြီး Specific ဖြစ်တဲ့ နေရာဆိုပါတော့။ တတိယ တစ်ခုကတော့ Match.Com လို ကိုယ်နဲ့ အပ်စပ်တဲ့သူတွေကို ရှာတဲ့နေရာ၊ ကြင်ဖှောရှာတဲ့ နေရာမျိုးပါ။ စတုတဿထ တစ်ခုကတော့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို မှတ်တမ်းတင်ထားတဲ့ နေရာဆိုပါတော့။



ဒီ Social Networking Sites တွေကို ဒီခေတ်ရဲ့ Mediated Publics လို့ ခှေါကြပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ လူတွေအားလုံး မီဒီယာ နည်းပညာနဲ့ ဒီနေရာကြီးမှာ တစုတဝေးတည်း ပွင့်ပွင့်လင်းလင်း ဆုံစည်းနိုင်လို့ ဖြစ်ပါတယ်။ ဒီဟာရဲ့ ထူးခြားချက်က ဘာလဲဆိုတော့ အသင်းဝင်တွေ၊ အသုံးပြုသူတွေက Generate လုပ်တာဖြစ်တယ်။ အရင်ကဆို ဝဘ်ဆိုဒ်တစ်ခု လုပ်တဲ့အခါ ဒီဆိုဒ်တွေရဲ့ ပိုင်ရှင်ကသာ အချက်အလက်တွေ၊ သတင်းတွေကို တင်ပေးတယ်။ တည်းဖြတ်တယ်။ ဒါပေမယ့် အခုနောက်ပိုင်း Ideology ပြောင်းလဲလာပြီး Social Networking ဆိုဒ်တွေဟာ ယူဇာတွေကို ကိုယ်ပိုင်လွတ်လပ်ခွင့် ပေးလိုက်ပြီး ဒီဝဘ်ဆိုဒ်ကြီးကို သူတို့ကိုပဲ မောင်းနှင်စေလိုက်တယ်။ ကိုယ်ကတော့ ဒါကြီးကို တည်ထောင်ပေးသူ၊ ထိန်းသိမ်းပေးသူ အဖြစ်ပဲ ဆောင်ရွက်တော့တယ်။ ဒီအချက်လေးဟာ တကယ်ကို အပြောင်းအလဲကြီးမားစွာ ဖြစ်စေခဲ့ပါတယ်။




Social Networking Site တွေရဲ့ မူလအစကိုတော့ Sixdegrees.Com ဆိုပြီးတော့ အသိအမှတ်ပြုထား ကြပါတယ်။ Sixdegrees.Com ကို ၁၉၉ရခုနှစ်မှာ စတင် တည်ထောင်ခဲ့ပြီး ယူဇာတွေကို ကိုယ်ရေးအချက်အလက် ပရိုဖိုင်းတွေ လုပ်ခွင့်ပြုတယ်၊ မိတ်ဆွေတွေရဲ့ လိပ်စာစာရင်းတွေ လုပ်ခွင့်ပြုခဲ့တယ်။ နောက်ပိုင်းမှာ တစ်ယောက်နဲ့ တစ်ယောက် အဲဒါတွေကို ကြည့်ခွင့်ရအောင် လုပ်ပေးခဲ့တယ်။ သူ့အရင်က အဲဒီလိုမျိုး ဒါတွေအားလုံးကို ပူးပေါင်းခဲ့သူ မရှိသေးပါဘူး။ ဒါကြောင့် Sixdegrees.Com ကို Social Networking ရဲ့အစပထမလို့ သတ်မှတ်ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ၂၀၀၀ ခုနှစ်မှာတော့ ဒီကုမဿပဏီဟာ အသုံးပြုသူ သန်းပေါင်းများစွာကို ရရှိပြီးကာမှ အခြားစီးပွားရေး အခက်အခဲတွေကြောင့် ရပ်ဆိုင်းသွားခဲ့ပါတော့တယ်။ ဒါပေမယ့်လည်း သူဟာ အဲဒီခေတ်မှာ အားလုံးရဲ့ ရှေ့ဆောင်လမ်းပြ ဖြစ်ခဲ့တာကိုတော့ ဘယ်သူမှ ငြင်းလို့ မရနိုင်ပါဘူး။ သူ့ရဲ့နောက်ပိုင်းမှာတော့ နည်းပညာ ဖွံ့ဖြိုးလာတာနဲ့အမျှ သူ့ရဲ့လမ်းစဉ်အတိုင်းသာမက အခြားသော နည်းစနစ် အသစ်တွေ ထပ်ထပ်ဖြည့်သွင်းပြီး ပေါင်းစပ်လာလိုက်ကြတာ ယနေ့ခေတ် Facebook၊ Myspace တို့လို အလွန်ကျယ်ပြန့်တဲ့ Network ကြီးတစ်ခုအနေနဲ့ ဖြစ်လာပြီ ဖြစ်ပါတယ်။

ဘာလို့ လူတွေဟာ ဒီလို SNS တွေအပှေါမှာ အာရုံစိုက် ဖြန့်ကျက်လာကြသလဲ ဆိုတာကလည်း စိတ်ဝင်စားဖို့ ကောင်းပါတယ်။ Printed Media တွေပှေါက ဂျာနယ်လစ်တွေ၊ စာရေးသူတွေလိုပဲ အွန်လိုင်း SNS တွေပှေါက Bloggerတွေ၊ ဖိုရမ်မာတွေ၊ သတင်းသမားတွေ၊ ပညာရှင်တွေမှာလည်း အမြဲစောင့်ကြည့် ဖတ်ရှုလေ့လာရတဲ့ သူတွေ ရှိပါတယ်။ ဆိုလိုတာက အပြင်က စာရေးဆရာတွေမှာလိုပဲ အင်တာနက် စာရေးသူတွေမှာလည်း သူတို့ရဲ့ ပရိသတ်တွေ ကမဿဘာနဲ့အဝှန်း ရှိနေတယ် ဆိုတာပါပဲ။ ပြီးတော့ ဒီကွန်ယက်ကြီး အပှေါမှာက Printed Media တွေလို အကြာကြီး စောင့်စားနေစရာ မလိုဘဲ သူတို့ အခုရေး ကိုယ်က အခုဖတ် ချက်ချင်း ရသလို အဲဒီလိုမျိုး ရေးသားသူတွေကလည်း အများကြီး ရှိနေတဲ့အတွက် ဒီရပ်ဝန်းကြီးဟာ ရေးသူနဲ့ ဖတ်သူကြားမှာ Interactive ဖြစ်နေတယ်။ နောက်တစ်ခုက အရင်ကဆို လူတွေဟာ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို လျှို့ဝှက် သိမ်းဆည်းထားတတ်ကြပေမယ့် အခုတော့ အင်တာနက်ပှေါမှာပါ ပွင့်ပွင့်လင်းလင်း တင်လာကြတာကြောင့် တစ်ယောက်နဲ့တစ်ယောက် ပိုပြီး ဆက်ဆံရ လွယ်ကူလာစေတယ်လို့ ယူဆလို့ ရပါတယ်။

အရေးအကြီးဆုံး တစ်ခုက ဘယ်နေရာမှာ ဘာနည်းပညာ ရှိနေတယ်၊ ဘယ်အရာကို လိုချင်ရင် ဘယ်နေရာမှာ ရှာကြတယ်၊ ဘယ်သူ့ကို ဘယ်နေရာမှာ ဘယ်လို ဆက်သွယ်လို့ရမယ် ဆိုတဲ့ ရင်းမြစ် နေရာတွေ ဖြစ်လာတာပါပဲ။ ဒါဟာလည်း လွန်စွာမှ စိတ်လှုပ်ရှားစရာပါပဲ။ ကျွန်တှောတို့ဟာ ကတွတ်ပေါက်က ဗျိုင်းလို ထွက်လာတဲ့ နည်းပညာတွေ၊ အချက်အလက်တွေကို ဒီလိုနေရာမျိုးတွေကနေ စောင့်ကြည့် အကဲဖြတ်နေရုံပါပဲ။ သူများတွေရဲ့ သုံးသပ်ချက်တွေကို နားထောင်နေရုံပါပဲ။ ကိုယ်လိုအပ်တဲ့ အရာတွေ အတွက်လည်း တကမဿဘာလုံးက လူတွေနဲ့ သတင်းဖလှယ်ရင်း ရှာဖွေ ရယူနေရုံပါပဲ။ နောက်ဆုံး ဒီလိုပဲ စဉ်းစားကြည့်ပါဦး။ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်၊ သုံးဆယ် နှစ်ပေါင်းများစွာ ကလေးဘဝကတည်းက ကွဲကွာခဲ့ကြတဲ့ ငယ်သူငယ်ချင်းနှစ်ယောက် မမျှောလင့်ပဲ တစ်နေရာရာမှာ ပြန်တွေ့မယ်ဆိုရင် ရင်ထဲမှာ ဘယ်လောက် ကြည်နူးကြမလဲ။ ကျယ်ပြောတဲ့ အပြင်လောကကြီးမှာက မမျှောလင့်ဘဲ ပြန်တွေ့တယ်ဆိုတာက ဖြစ်နိုင်ဖို့ ခက်ခဲပါသေးတယ်။ Social Networking Sites တွေအပှေါမှာတော့ မဖြစ်နိုင်စရာဆိုတာ မရှိတော့ပါဘူး။ ဒါကြောင့်လည်း ကမဿဘာကြီးဟာ လုံးနေရာက ပြန်ပြားသွားပြီဆိုတဲ့ စကားပှေါလာတာပဲ ဖြစ်ပါတယ်ခင်ဗျား။


future more reading

Social Networking
List of Social Networking Sites



Download this article as PDF| 450Kb | Fileden |

No response to “Social Networking”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz