






ဓာတ်ပုံရိုက်တယ်ဆိုတာ ရိုက်လိုက်တိုင်း စိတ်တိုင်းကျတဲ့ ပုံကောင်းတွေ ရတာတော့ မဟုတ်ပါဘူး။ အခုဆိုလည်း ကျွန်တှော ရိုက်လာတာ ပုံပေါင်း ထောင်ကျှော ရှိပေမယ့် တကယ်တမ်း စိတ်တိုင်းကျတဲ့ ပုံက ၁ဝဝတောင် မရှိပါဘူး။ ကျွန်တှောက ဓာတ်ပုံပညာရှင် စစ်စစ်လည်း မဟုတ်လေတော့ တချို့ပုံတွေက အလင်းအမှောင် မညီမျှတာတွေ ရှိတယ်။ ဒါပေမယ့် Graphic Art နဲ့ အရောင်တွေရဲ့အားကို နှစ်သက်သူမို့ ပုံတှောတှောများများကို Photo Editing လုပ်ရတာကို ကြိုက်တယ်။ ဒီလိုလုပ်လို့ ဓာတ်ပုံသမား မဟုတ်ဘူးလို့ ဆိုရင်လည်း ခံနိုင်ပါတယ်။ အပှေါဆုံးက ဓမဿမရံကြီး ပုံဆိုရင် မူရင်းပုံက တှောတှောကောင်းပါတယ်။ ဒါပေမယ့် ကျွန်တှော စိတ်တိုင်းမကျဘူး။ Ideology လေးတစ်ခု ကျွန်တှော ထပ်ထည့်ချင်တယ်။ ဒါကြောင့် Effect တချို့သုံးပြီး ပြင်လိုက်ပါတယ်။ ပြီးတော့ အဲဒီပုံလေးကို The Earthquake at Pagan ဆိုတဲ့ နာမည်လေး ပေးလိုက်ပြီး ဆာရီရယ်လ် ပုံအဖြစ် အသွင်းပြောင်းလိုက်တယ်။ မူရင်းပုံထက် ဒီပုံကို ပိုသဘောကျမိတယ်။ ဒီပုံတွေကို စီးပွားရေး မပါတဲ့ ဘယ်နေရာမှာမဆို သုံးလို့ရပါတယ်။
One response to “Pagan Photo Set 2”
It's very attractive blog post Pagan Photo Set 2 , my son likes it very much, thank you for your giving out,
dissertation
Post a Comment
Trackbacks
Leave a trackback