Gordon Hannington Luce

Photo from: nla.gov.au
ဝဲမှယာ- ဇနီး-ဒှေါတီတီလုစ်၊ ဂှေါဒွန်လုစ်၊ ညီမ-ဒေါရာ၊ သား-ဂျွန်၊ သမီး- စန်ဒရာ
လုစ် ဆိုတာ မြန်မာစာပေနဲ့ ယဉ်ကျေးမှုမှာ ထင်ရှားတဲ့ အနောက်နိုင်ငံသား ဆရာကြီး တစ်ဦးပါ။ တှောလား မတှောဘူးလား ဆိုတာကတော့ ဆရာကြီး ဒေါက်တာသန်းထွန်းတို့ ကိုယ်တိုင်က ဆရာတင်ထားရသူ တစ်ဦးပါ။ လုစ်က မြန်မာ့ရာဇဝင်ကို နှိမ်တယ်ပြောပြော၊ ချိုးချိုးဖဲ့ဖဲ့ လုပ်ခဲ့တယ်ပြောပြော သူက ဒီလောကမှာတော့ Pioneer တစ်ယောက် ဖြစ်ပါတယ်။ ကျွန်တှော့အနေနဲ့ကတော့ သိပ်ကြိုက်တယ်။ မြန်မာတွေ အလကားနေရင်း ဘဝင်လေဟပ်နေတဲ့အစား ပုဂံရာဇဝင်တွေ ရမ်းသမ်းမှန်းသမ်းပြီး လက်တန်း ပြောနေကြတဲ့အစား နိုင်ငံခြားသား တစ်ယောက်က စနစ်တကျ သုတေသန ပြုသွားပုံတွေဟာ ကြောက်ခမန်း လိလိပါပဲ။ ဒါတွေကို ဒီဝဘ်ဆိုဒ်ကို ဖတ်လိုက်ရချိန်မှာ ပိုပိုပြီး သိလာသလို ပိုပိုပြီး အားကျလာမိတယ်။
ဒီဆိုဒ်မှာ ဂှေါဒွန်လုစ်ရဲ့ လက်ရေးစာမူတွေ၊ စုဆောင်းထားတာတွေ၊ မြေပုံတွေ၊ တွေ့ရှိချက်တွေ အများကြီး ရှိပါတယ်။ သိပ်ကို အဖိုးတန်တဲ့ မှတ်တမ်းတွေပါပဲ။ မြန်မာတစ်ယောက် အနေနဲ့တောင် မလုပ်နိုင်ခဲ့တဲ့ အရာတွေ အများကြီးကို သူလုပ်သွားနိုင်ခဲ့တယ်။ တချို့မှတ်တမ်းတွေဟာ ကျွန်တှောတို့ မြန်မာပြည်မှာတောင် ကျန်ရစ်ခဲ့မယ် မထင်ဘူး။
ဒီဆိုဒ်က စာတွေကို Adobe Acrobat တွေဘာတွေနဲ့ ဖတ်လို့ ရမှာ မဟုတ်ပါဘူး။ ဒီအတွက် DJVU ဆိုတဲ့ Reader တစ်ခု လိုအပ်ပါတယ်။ Windows အတွက် ဒီနေရာမှာ ရယူပါ (LizardTech)။ ဒါဆိုရင် သူဆီက ဖိုင်တွေကို ဘရောက်ဇာမှာ ဖတ်လို့ ရပါလိမ့်မယ်။ စက်ထဲမှာ သိမ်းထားပြီး ဖတ်ချင်တယ် ဆိုရင်လည်း အဲဒီ DJVU ကိုဖတ်တဲ့ Viewer လိုအပ်ပါမယ်။ ပျှောရွှင်ပါစေ။
Collection of Gordon Luce : SEALANG

3 Responses to “Gordon Hannington Luce”
မစ္စတာဖာနီဗယ် ( J. S Furnivall )ရဲ့ပုံ ရှာနေပါတယ်။ ရှိရင်ဝေမျှပေးပါ။
J.S Furnivall
http://img525.imageshack.us/img525/4220/z00001.jpg
nyilinn12345@gmail.com
Post a Comment
Trackbacks
Leave a trackback