Tuesday, April 22, 2008

ညောင်ဦး-ရန်ကုန် ခရီး

ညောင်ဦး-ရန်ကုန် ခရီး


ညောင်ဦးကနေ ရန်ကုန်ခရီးလမ်းမှာ အဓိက မြို့တွေဖြစ်တဲ့ ညောင်ဦး၊ ကျောက်ပန်းတောင်း၊ ရေနံချောင်း၊ မကွေး၊ တောင်တွင်းကြီး၊ အောင်လံ၊ ပြည်၊ ပေါင်းတည်၊ နတ်တလင်း၊ ကြို့ပင်ကောက်၊ လက်ပံတန်း၊ သာယာဝတီ၊ သုံးဆယ်၊ ဥကဿကံ၊ တိုက်ကြီး၊ မှောဘီ စတဲ့မြို့တွေကို ဖြတ်သန်းလို့ သွားပါတယ်။ ညောင်ဦးနဲ့ ကျောက်ပန်းတောင်း အသွားမှာ ပုပဿပါးတောင်ကြီးကို လှမ်းမြင်လို့ နေရတယ်။ ပုပဿပါးဒေသ တဝိုက်ကတော့ စိမ်းလန်း စိုပြေရေး အစီအစဉ်တွေကြောင့် သစ်ပင်ကြီးငယ်တွေနဲ့ သဲကနဿတာရထဲက အိုအေစစ်လို အပူအတှောလေး သက်သာပါတယ်။ ပုပဿပါးတောင်ဟာ အမြင့်ပေ ၄၉၈၁ပေ ရှိပါသတဲ့။ ပုပဿပါးကို တခ်ို့က ပါဠိစကား ပုပဿဖ ကေန ဆင်းသက်လာတာလို့ ယူဆကြတယ်။ ပန်းတောင် လို့ အနက်ရပါတယ်။ တချို့က ပုဗဿဗတောင် အရှေ့အရပ်ကတောင်လို့ လို့ဆိုကြသတဲ့။ ပုဂံပြည် ယုန်လွှတ်ကျွန်းရဲ့ အရှေ့အရပ်မှာ ရှိတာကြောင့် ဖြစ်ပါသတဲ့။ တချို့ကတော့ ပါးပုတ်တောင် ကနေ ပြောင်းလဲလာတာလို့ ပြောကြတယ်။ မူတွေ ဘယ်လိုပဲကွဲကွဲ အခုခေတ် လူတွေစိတ်မှာတော ပုပဿပါးနတ်တောင် အခေါင်မြင့်ဖျား စုံတောပြား၌ ဆိုတဲ့ ရှေးခေတ်ပုဂံပြည်က ကဗျာလေးအတိုင်း ပုပဿပါးလို့ ပြောလိုက်တာနဲ့  နတ်တောင်၊ ဂမဿဘီရ နယ်မြေဆိုပြီး သတ်မှတ်နေကြပါပြီ။ ဂေါတမဘုရားရှင်က သူပရိနိဗဿဗာန် စံဝင်တှောမူပြီး ၁၀၁နှစ်ရောက်ရင် ပုပဿပါးတောင် မြေမှစုန့်စုန့် ပှေါလတဿတံ့လို့ ဗျာဒိတ်တှော ဆိုခဲ့တယ်ဆိုပြီး လူတွေက ယူမှတ်ကြတယ်။ တကယ်တမ်း ပထဝီပညာရှင်တွေ အလိုကတော့ ဒီမီးတောင်ကြီးဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၅သန်း မိုင်အိုဆင်းယုဂ် နောက်ပိုင်းမှာကတည်းက ရှိနေခဲ့တာလို့ ဆိုပါတယ်။ ဒီမီးတောင်ကြီး ဆက်မပေါက်ကွဲတော့ပဲ သေသွားခဲ့တာကမှ လွန်ခဲ့တဲ့နှစ်ပေါင်း ၇၀၀၀ ကျှောလောက်က ဖြစ်ပါတယ်။

ကျွန်တှောငယ်ငယ်က ဒီတောင်မကြီးသာမက အဲဒီပတ်ဝန်းကျင်က တောင်တွေကိုလည်း တက်ခဲ့ဖူးတယ်။ ကတွတ်သီးတွေ အလွန်ပေါများတာကိုတော့ မှတ်မိနေပါတယ်။ တောင်ကလပ်မှာ မျောက်တွေပေါသလောက် တောင်မကြီးမှာတော့ မျောက်တွေကို မတွေ့ရဘူး။ အဲဒီတုန်းက မီးတောင်ဝ ချိုင့်ခွက်ကြီးက တကယ့်ကို ပီဘိ တောနက်ကြီး တစ်ခုလိုပါပဲ။ တောဝက်တွေ အများကြီး ရှိတယ်လို့ သိရတယ်။ ဟိုးရှေးတုန်းက တောင်ကလပ်မှာ အခုလို ဇောင်းတန်းတွေ၊ လှေကားတွေ မရှိပါဘူးတဲ့။ အပှေါတက်ချင်သူတွေဟာ အသက်ရှိတယ်လို့ ယူဆကြတဲ့ နွယ်ငန်းကြီးတွေ ရေသောက်ဆင်းချိန်ကို စောင့်စားပြီး သူတို့ ပြန်အတက်မှာမှ တခါတည်း တွဲခိုရင်း လိုက်တက်ကြရပါသတဲ့။ ဒီပုပဿပါးဒေသနဲ့ ပတ်သက်တဲ့ ဒဏဿဍာရီတွေ ဇာတ်လမ်းတွေကလည်း အလျံအပယ်ပါပဲ။ မင်းမဟာဂီရိဇာတ်လမ်း၊ စဏဿဍမုခိ ဘီလူးမ ဇာတ်လမ်းတို့ကတော့ နာမည်ကျှောပေါ့။ အရှင်ကဝိနဿဒရဲ့ ပုပဿပါးတောင်တှော သမိုင်းမှာ ထူးခြားတာ တစ်ခုကို တွေ့ရတာက “သိုးကလေ” အစချီတဲ့ ပုပဿပါးနတ်တောင် ကဗျာကို ဖွဲ့ဆိုသူဟာ မောင်တင့်တယ်ရဲ့ နှမတှော မမြတ်လှရဲ့ ငယ်ရည်းစား ဖြစ်ပါသတဲ့။ သိုးကလေ မဟုတ်ဘဲ သိုးကလေးလို့ တွေ့ရပါတယ်။ သိုးကလေး ဆိုတာ နတ်မိဖုရားငယ်ကို ခှေါဝှေါတဲ့ ရှေးအမည်ပါ။ သိုးဆိုတာက အဝတ်တန်ဆာ ပျော့ခမောက်ကို အချွန်တပ်ပြီး အနားလေးဘက် အထက်ကိုလှန်ထားတဲ့ လေးထောင့်စပ်စပ် ခမောက်ကို ခှေါတာ ဖြစ်ပါသတဲ့။ ၎င်းမှာ နားရွက်အုပ် ပါရှိပါတယ်။ ဒီလို ဦးထုပ်ကို ဆောင်းထားတဲ့ နတ်မိဖုရားလေးလို့ အဓိပဿပာယ်ရပါတယ်။ ဒါကြောင့်လည်း မြန်မာတွေက အနောက်တိုင်းသားတွေကို သိုးဆောင်းလူမျိုးလို့ ခှေါဝှေါတာ ဖြစ်ပါလိမ့်မယ်။

ညောင်ဦးကနေ ကျောက်ပန်းတောင်း ခရီးလမ်းဟာ မဆိုးလှဘူးလို့ ပြောရပါမယ်။ လမ်းတွေက မကျယ်ပေမယ့် အဆိုးကြီး မဟုတ်သေးဘူး။ ပုပဿပါးတောင်မှာ မိုးညို့ရင် မြင်းတောင် ပြေးမလွတ်ဘူးဆိုတဲ့၊ ဒေါင်းတောင် ပျံချိန်မရလိုက်ဘူးဆိုတဲ့ သဲချောင်းတွေကိုလည်း ဖြတ်သန်းရပါသေးတယ်။ ဒီချောင်းတွေကို ဖြတ်တော့ သုံးဆယ့်ခုနှစ်မင်း နတ်တွေထဲက ယမားသဲချောင်းကို မြင်းနဲ့ အပြင်းဖြတ်တဲ့အခိုက် ချောင်းရေက မြင်းရဲ့ နောက်ခြေကိုရိုက်ပြီး နတ်ဖြစ်သွားတဲ့ ယမားမြင်းဖြူရှင် နတ်အကြောင်းလည်း တွေးမိနေပါသေးတယ်။ မြန်မာပြည်က မြင်းဆိုတာမျိုးက သဲထဲပြေးတဲ့ အမျိုး မဟုတ်ပါဘူး။ ခွာအနေအထားကြောင့်လည်း သဲထဲမှာ မြန်မြန်ပြေးနိုင်မယ် မထင်ဘူး။ ဒါကြောင့် သဲချောင်းမှာ ဘယ်လောက်ပဲ မြင်းကို အပြင်းနှင်နှင် မြင်းက ထင်သလောက် ဒုန်းစိုင်းနိုင်လိမ့်မယ် မဟုတ်ဘူး။ ဒါကြောင့် ရေလွတ်အောင် မပြေးနိုင်တာလို့ ထင်မိတယ်။ ထားတော့။

ကျောက်ပန်းတောင်း ကျှောလာတာနဲ့ ရေနံချောင်း လမ်းအပိုင်းဟာ အတှောဆိုးရွားလာပါပြီ။ ဒီလမ်းခရီးကို ကျွန်တှော မရောက်တာ ဆယ့်ငါးနှစ်လောက် ရှိပြီ။ အရင်ကလည်း ဒီအတိုင်းပဲ။ အခုလည်း ဒီအတိုင်းပဲ။ ပိုဆိုးလာတာပဲ ရှိတယ်။ အပူချိန်ကလည်း တှောတှောပြင်းတယ်။ နှစ်ပေါင်း ၃ဝကျှောမှာ အဲဒီနေ့က အပူချိန်ဟာ ၄ဂနဲ့ စံချိန်တင်တယ်လို့ ပြောတယ်။ ပူလွန်းအားကြီးလို့ ကိုယ့်ကိုယ်ထဲကနေ အပူငွေ့တွေ တရိပ်ရိပ် ထွက်နေတယ်လို့တောင် ထင်ရတယ်။ ကျွန်တှောတို့ စီးလာတဲ့ကားက ရဲသူအောင်။ စုတ်လိုက်တာလည်း ချာလို့။ သူတို့ကတော့ အဲယားကွန်း မနိုင်တာလို့ ပြောတယ်။ ဒါပေမယ့် အမှန်ကတော့ အဲယားကွန်းကို အပြည့်မပေးတာပါ။ ကျွန်တှောဟာ တှောတှောလေး စိတ်မကောင်း ဖြစ်နေမိတယ်။ ကျွန်တှောတို့ ပေးထားရတာက ပုံမှန်ထက် ၂ဆလောက်များတဲ့ ကားခကို ပေးစီးနေတာပါ။ ဒါပေမယ့် ပြန်ရတဲ့ Service က ဝတ်ကျေတန်းကျေတောင် မဟုတ်ဘူး။ ဒီကလူတွေဟာ Service ဆိုတာကို နားမလည်ကြသေးဘူး။ ခရီးသည် ၅ဝကျှော ဘယ်လိုဒုကဿခရောက်နေတယ် သူတို့ ဂရုမထားဘူး။ ဓာတ်ဆီ အကုန်အကျ သက်သာအောင် သူတို့ အမြတ်များများ ထွက်အောင်ပဲ ရှေးရှုနေကြတယ်။ ကားပှေါမှာက နိုင်ငံခြားသားတွေလည်း ပါတယ်။ သူတို့လုပ်ရပ်ဟာ မြန်မာပြည်ကို သိကဿခာကျစေတယ် ဆိုတာကိုလည်း သူတို့ တွေးမိပုံမရဘူး။ ခရီးသည်တွေကလည်း အားနာလို့လား၊ ကြောက်လို့လား၊ ဒီအပူဒဏ်ကိုပဲ ရိုးနေလို့လား ဘာလို့မှန်းကို မသိဘူး။ တိုးတိုးတိုးတိုးနဲ့သာ ပူတဲ့အကြောင်း ပြောနေတယ်၊ ဘယ်သူကမှ တုတ်တုတ် မလှုပ်ဘူး။ နောက်ဆုံးတော့ သည်းမခံနိုင်တော့တာနဲ့ ကျွန်တှောကပဲ အဲယားကွန်း ပြည့်ပြည့်ဝဝ ဖွင့်ပေးရင် ဖွင့်ပေး မဖွင့်ပေးရင်လည်း ကားမှန်တံခါးတွေ ဖွင့်ပေးဖို့ လူမုန်းခံ ပြောရတော့တယ်။ ဘယ်ဟာလုပ်ပေးတယ်လို့ ထင်ပါသလဲ။ ကားမှန်တံခါးတွေ ဖွင့်လိုက်ပြီး အဲယားကွန်းကို ပိတ်လိုက်တယ်ဗျား။ ကျွန်တှောလည်း စိတ်ကို အဆုံးစွန်းအထိ လေသွားတယ်။ ဘာမှ ပြောချင်စိတ်လည်း မရှိတော့လို့ နွေလေပူ တိုးတိုးဝှေ့ဝှေ့ကို ခံစားရင်း လိုက်လာခဲ့ရတယ်။ တကယ်ဆို ကျွန်တှောဟာ ထိုက်တန်တဲ့ ကြေးထက်ပေးပြီး စီးလာတာပါ။ ဒါပေမယ့် ပြန်ရတဲ့ ရလာဒ်ကတော့ စုတ်ပြတ်ထွက်နေတာပဲ။

ရေနံချောင်းနဲ့ မကွေးကြားမှာတော့ ဝက်မစွတ်ကို ဖြတ်လာရတယ်။ ဝက်မစွတ် နဝဒေးတို့၊ ယောမင်းကြီးတို့၊ ဝက်မစွတ် ဝန်ထောက်မင်းတို့ကို သတိရနေမိတယ်။ အဝေးပြေးကားဟာ စုတ်ချာလွန်းတဲ့လမ်းကြောင့် လှုပ်လီလှုပ်လဲ့သာ မောင်းနိုင်ပါတယ်။ သက်ဆိုင်ရာ လူကြီးတွေဟာ ကားအကောင်းစားတွေ စီးနေရတာကြောင့် ဖင်ဇိမ်ကျပြီး မသိဘဲ နေတာလား၊ ဒါမှမဟုတ် ဒီလမ်းတွေကို မသုံးဘဲ လေကြောင်းခရီးနဲ့ သွားနေကြလို့ ဒီလို လမ်းတွေ ဒီလောက် ဆိုးနေတာကို မသိကြတာလား၊ တမင်သက်သက်ကို မပြင်တာလား ဆိုတာကို ကျွန်တှော တွေးလို့ မရဘူး။ မကွေးရဲ့ ဧရာဝတီမြစ် တဖက်ကမ်းမှာ မင်းဘူးတို့ စလင်းတို့ ရှိတယ်။ မင်းဘူးမှာ ရွှံ့မီးတောင်တွေ၊ နဂါးပွက်အိုင်တွေ ရှိသတဲ့။ ကျွန်တှော တစ်ခါမှ မရောက်ဖူးသေးပါဘူး။ တကောင်းကနေ စူဠာသမဿဘဝနဲ့ မဟာသမဿဘဝကို ဧရာဝတီမြစ်အတိုင်း မျှောလိုက်ရာမှာ စဏဿဍမုခိဘီလူးမက မျက်စိအလင်းရအောင် ကုပေးလို့ စကု၊ မျက်စိအလင်း စရရာ နေရာကို စလင်းလို့ ခှေါတယ်လို့ ရာဇဝင်မှာ ဖတ်ဖူးတယ်။ ဒါပေမယ့် ဘယ်လိုကနေ ဘယ်လို စလင်းက ဧရာဝတီ မြစ်ညာမှာ ဖြစ်နေပြီး စကုက အောက်ရောက်နေတယ် မသိဘူး။ ဒီလိုဆိုရင် သူတို့ကို မျှောလိုက်တာ မဖြစ်နိုင်တော့ဘူး။ ဆန်တက်တာပဲ ဖြစ်ရမယ်။ မျက်ကန်းနှစ်ယောက်က ဖောင်နဲ့ ဧရာဝတီကို ဆန်တက်ဖို့ ဆိုတာကတော့ ဘယ်လိုမှ မဖြစ်နိုင်တဲ့ကိစဿစ။ စကုနဲ့ စလင်း နေရာမှားပြီးများ အမည်ပေးထားသလားလို့ ရယ်စရာ တွေးမိသေးတယ်။ ဒီမြစ်တကြောကိုတော့ ဆရာကြီး ဒေါက်တာသန်းထွန်းက အကန်းတောင် သွားလို့ရတဲ့ ခရီးလို့ မှတ်ချက်ပြုပါတယ်။

မကွေးကိုကျှောတော့ ယင်းချောင်းကိုဖြတ်ပြီး တောင်တွင်းကြီး နယ်ထဲကို ဝင်တယ်။ အဲဒီမှာ ခဏတာ နားပါတယ်။ တောင်တွင်းကြီးမှာ ရှေးဟောင်းမြို့ရှိတယ်။ တနေ့နေ့တော့ လာလေ့လာမယ်လို့ တေးထားတယ်။ တောင်တွင်းကြီးကနေ အောင်လံသွားတဲ့ လမ်းမှာတော့ ဆရာမောင်ချောနွယ်ရဲ့ နာမည်ကျှော ဆတ်သွား ကို ဖြတ်ရပါတယ်။ ဆရာ့ကဗျာနဲ့တင် နာမည်ကျှောခဲ့တဲ့ မြို့ငယ်လေးလို့ ကျွန်တှော ထင်မိတယ်။ အောင်လံအထွက်မှာ ဘွက်ကြီးချောင်းကို ဖြတ်ဖောက်ထားတဲ့ တံတားကြီး တစ်စင်းကို ကျှောရတယ်။ ပြည်ကိုရောက်တော့ မနက်၂နာရီကျှော ရှိနေပါပြီ။ ပြည်ကနေ ဒီဘက်က လမ်းကောင်းတာမို့ တစ်လမ်းလုံးလည်း မအိပ်ရသေးတာနဲ့ ငိုက်ခနဲ ဖြစ်သွားလိုက်တာ သတိရလို့ ကြည့်လိုက်တော့ အဝေးပြေးစခန်းကိုတောင် ရောက်လို့ နေပါပြီ။ မနက် ဂနာရီဗျား။


No response to “ညောင်ဦး-ရန်ကုန် ခရီး”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz