Saturday, April 5, 2008

၁နှစ်ပြည့် ဖိုးဝအတွက် ဆုတောင်း



ကျွန်တှော့ ဘှောဒါအရင်းများ လုပ်ကြတဲ့ ဖိုးဝ ဝဘ်ဆိုဒ်လေး ဒီနေ့ တစ်နှစ်ပြည့်တယ်။ ကျွန်တှောက အဲဒီအထဲမယ် ရှယ်ယာဘာညာ မပါပေမယ့် သူငယ်ချင်းတွေ အချင်းချင်းဆိုတော့ ဓာတ်ပုံရိုက်တဲ့ အခါများမှာတော့ ရံဖန်ရံခါ အကူအညီ ပေးဖြစ်ပါတယ်။ ကျွန်တှောက ပလန်းနတ် အဖွဲ့သားတွေကို အမြဲပြောတာ ရှိတယ်။ ပလန်းနတ်ကို ပြိုင်နိုင်တာ လောလောဆယ် ဖိုးဝပဲ ရှိတယ်လို့။ သူတို့ကတော့ သိပ်ယုံကြည်ဟန် မပြဘူး။ ကျွန်တှောကတော့ သိတယ်။ ဒါကြောင့် ကျွန်တှော ပလန်းနတ်ကို တာဝန်ယူရတဲ့အခါ ဒီလိုပှေါလာမယ့် ပြိုင်ဘက်တွေအတွက် ပြုပြင်ပြောင်းလဲမှုတွေ လုပ်မယ်ဆိုပြီး ပြင်ဆင်ခဲ့ရတယ်။ (သူငယ်ချင်းတွေ ဆိုတော့လည်း သူတို့အကွက်တွေကို ကြိုမြင်တယ်ဗျ :))

အကြောင်းက ဒီလို Community Portal ဆိုတာ အမြဲ လည်ပတ်နိုင်ဖို့ မလွယ်ကူဘူး။ လူနည်းနည်းလေးနဲ့လည်း လုပ်လို့ မရဘူး။ အရာရာကို ဖရီးဖရီးတွေနဲ့လည်း လုပ်လို့ မရဘူး။ ငွေကြေး အကုန်အကျ များသလို အလုပ်လည်း တှောတှော ရှုပ်တယ်။ သူတို့လည်း အတှောကြီး ရုန်းကန်ခဲ့ရတယ်။ အခုတော့ အခြေကျသွားပြီလို့ ကျွန်တှော ယုံကြည်တယ်။ Community Portal ဆိုတာ ကဏဿဍပေါင်းစုံ ပါဝင်ရတာမို့ သက်ဆိုင်ရာကဏဿဍမှာ ဟောင်းလောင်းပေါက် ဖြစ်မနေအောင် ကြိုးစားကြရတယ်။ လူများ အပျှောဖတ်ကြတဲ့ ဗေဒင်ကဏဿဍ အတွက်တောင် တစ်လစာပေးပြီး ဗေဒင်ဆရာကို တွက်ခိုင်းရတယ်။ သတင်းတွေကို ဂျာနယ်တွေ၊ မဂဿဂဇင်းတွေဆီက ကူးချလို့ မရဘူး။ သတင်းထောက်တွေဆီ ပိုက်ဆံပေးပြီး သတင်းဝယ်ရတယ်။ ဘာသာပြန်ခပေးပြီး ဘာသာပြန် သတင်းတွေ ထည့်ရတယ်။ တှောတှော အလုပ်ရှုပ်ပါတယ်။ သူတို့လိုပဲ နောက်ထပ် မြင်နေတဲ့ တစ်ခုက သားသီဟဆိုတဲ့ ညီလေးတစ်ယောက်နဲ့ သူ့သူငယ်ချင်း တစ်စုလုပ်တဲ့ All Channel.Com. ဒါလေးကိုလည်း ဇောက်ချပြီးသာ လုပ်မယ်ဆိုရင် အောင်မြင်တဲ့ ပှေါတယ်တစ်ခု ဖြစ်လာမယ်လို့ ယုံကြတယ်။ (ဒီ All Channel.com ကို ကွန်ပျူတာဂျာနယ်မှာ တလွဲဖှောပြခြင်း ခံရတယ်လို့ သိရပါတယ်။ အဲဒီအကြောင်းကို ကိုလင်းဦးရဲ့ဘလော့ဂ်မှာ အကျယ်ဖတ်လို့ ရပါတယ်)

ဘာပဲပြောပြော ဒီလို ပှေါတယ်တွေ ပှေါလာတာကို ကျွန်တှောက ကြိုဆိုပါတယ်။ ဒါကနေ အင်တာနက် စီးပွားရေး တစ်ခု အခြေတည်လို့ ရတယ်လို့ ကျွန်တှောတို့ တွေ့ဖြစ်တိုင်း ပြောဖြစ်ကြတယ်။ ဖိုးဝကို လုပ်စက ငွေကြေးကုန်ကျမှု တှောတှောများပါတယ်။ ဒါကိုလည်း ကျွန်တှော့ သူငယ်ချင်းများ တှောတှော ခံစားခဲ့ကြရတယ်။ ဒါပေမယ့် ဒီလုပ်ငန်းဟာ ရေရှည်လုပ်မှ အကျိုးအမြတ် ထွက်လာနိုင်တဲ့ Long Term Investment လုပ်ငန်းတစ်ခုပါ။ အခုရေတွင်းတူးပြီး အခုရေကြည်သောက်လို့ မရဘူးဆိုတာ သူတို့ နားလည်ခဲ့လို့လည်း အခုလို အချိန်တိုအတွင်းမှာ အောင်မြင်လာတာပါ။ လုပ်နေတဲ့သူတွေ၊ ပံ့ပိုးပေး ကြသူတွေကလည်း အနုပညာ သမားတွေမို့ ဖိုးဝဆိုဒ်လေးဟာ အနုပညာ ဆန်နေတာကို တွေ့ကြရမှာ ဖြစ်ပါတယ်။ အခုလို ၁နှစ်ပြည့်သွားချိန်အထိ အောင်မြင်စွာ လည်ပတ်နိုင်တာကိုလည်း ချီးကျူးစရာပါ။ နောက်ပိုင်းလည်း အသစ်အသစ်တွေနဲ့ အမြဲတမ်း လည်ပတ်နိုင်ပါစေ၊ အမြဲအောင်မြင်ထင်ရှားတဲ့ မြန်မာကွန်မြူနတီ ပှေါတယ်တစ်ခု ဖြစ်ပါစေ၊ မြန်မာတွေအတွက် Recreation သာမက၊ သုတရော ရသပါ ပေးနိုင်တဲ့ ပှေါတယ်တစ်ခု ဖြစ်ပါစေလို့ ကျွန်တှောက ဆုတောင်းလိုက်ပါတယ်။ Rock PHOEWA!!!

No response to “၁နှစ်ပြည့် ဖိုးဝအတွက် ဆုတောင်း”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz