Ancient Myanmar Photos and 37 Nats of Myanmar

Sir Richard Carnac Temple ရဲ့ 37 Nats ဆိုတဲ့ စာအုပ်ဟာ နာမည်ကြီး စာအုပ်တစ်အုပ် ဖြစ်ပါတယ်။ ၁၉၀၆ ခုနှစ်က လန်ဒန်မှာ ထုတ်ဝေခဲ့တာ ဖြစ်တယ်။ နတ်သမိုင်း ရေးသားသူတွေ မှီးငြမ်းကြတဲ့ လက်စွဲစာအုပ်တစ်အုပ် ဖြစ်ပါတယ်။ ဒီစာအုပ်ကို အပြင်မှာ ကှောပီ ဖတ်ဖူးပါတယ်။ လိုချင်တာက စာတွေ မဟုတ်ပါဘူး။ အထဲက ပုံတွေပါ။ ဒီပုံတွေကို Digitize လုပ်ချင်နေတာ တှောတှောကြာပါပြီ။ ဒါနဲ့ မူရင်းစာအုပ်ကို လိုက်ရှာမိတယ်။ မူရင်းစာအုပ်က အမဇုံမှာ ၄၇၅ ပေါင်လောက် ရှိတယ်။ ကိုယ်နဲ့ စပ်ဆက် ရာမှာ တွေ့ရတာတွေကလည်း ကှောပီတွေမို့ စိတ်တိုင်းမကျတာနဲ့ အင်တာနက်မှာ တက်ရှာတယ်။ တွေ့တယ်။ ၃ရမင်း မကဘူး။ အခြား ရှားပါး မြန်မာ ဓာတ်ပုံတွေကိုလည်း ရလိုက်တယ်။ ခင်ဗျားတို့လည်း ကြည့်ချင်ကြမှာပဲ။ ပုံတွေက အတန်သင့် ကြီးတယ် ဆိုပေမယ့် High Resolution တော့ မဟုတ်ပါဘူး။ ဒါကြောင့် ဆော့ဖ်ဝဲလ်တွေသုံးပြီး အကြီးချဲ့ သိမ်းဆည်းထားလိုက်တယ်။ နတ်ပုံတွေနဲ့ ရှေးမြန်မာ ဓာတ်ပုံတွေ၊ ဝန်ကြီးမှူးကြီးတွေရဲ့ ဓာတ်ပုံတွေကို ကြည့်ချင်တယ် ဆိုရင် ဟောဒီနေရာမှာ ကြည့်လို့ရပါတယ်။ (NYPL Digital Gallery) ကွန်နက်ရှင် မကောင်းရင်တော့ တက်တာကြာတတ်သလို တခါတလေ လုံးဝကို တက်မလာတတ်ဘူး။ ထူးထူးခြားခြား တန်ဖိုးရှိတာလေးတွေ တွေ့ခဲ့ကြရင်လည်း ကျွန်တှော့ကို လက်တို့ဖို့ မမေ့ကြပါနဲ့ဦး။ :)
Website : NYPL Digital Gallery

No response to “Ancient Myanmar Photos and 37 Nats of Myanmar”
Post a Comment
Trackbacks
Leave a trackback