Wednesday, April 30, 2008

28th Birthday


မနေ့က ကျွန်တှော့အသက် ၂ဂပြည့်တယ်။ ဒီနှစ်ကတော့ ကျွန်တှော့မှာ ကျဆင်းနေတဲ့ စိတ်ဓာတ်တွေ၊ မျှောလင့်ချက် ကင်းမဲ့နေတာတွေ မရှိတော့ဘူး။ ကျွန်တှော လူပြောသူပြောခံပြီး လုပ်လာခဲ့တာလေးတွေ တချို့ ဖူးပွင့်လာတယ်။ တချို့လည်း အစို့ အညှောင့်လေးတွေ ပေါက်လာတယ်။ မွေးနေ့မှာ တကူးတက နှုတ်ဆက်ခဲ့ကြသူ အားလုံးကို ကျေးဇူးတင်ပါတယ်။ ထူးထူးခြားခြားလည်း ဘာမှ မလုပ်ဖြစ်ပါဘူး။ ရုံးကနေ ရနာရီလောက်မှ ပြန်တယ်။ ရေမိုးချိုးပြီး ဝတဿထုလေးတစ်ပုဒ် ထိုင်ရေးတယ်။ ကျွန်တှော့အတွက်တော့ မွေးနေ့ဆိုတာ ဘာမှမထူးခြားပါဘူး။ ဒီလိုပဲ မနေ့ကလိုပဲ တနေ့ကလိုပဲ သာမန်နေ့ရက်တစ်ခုပါ။ ရုံးသွား အိမ်ပြန် ကိုယ်လုပ်စရာရှိတာလေးတွေ ညဘက်လုပ် ဒီလိုနဲ့ routine တစ်ခုထဲမှာတောင် ပိတ်မိလာတယ်လို့ ထင်မိတယ်။ နေသိပ်မကောင်းချင်တာနဲ့ ည၉နာရီလောက် ကတည်းက အိပ်ပစ်လိုက်တယ်။ မိုးတွေကလည်း ဆက်တိုက် ရွာနေလိုက်တာ။ အပြင်မှာ သည်းသည်းမည်းမည်း။ 2008 မှာကျွန်တှော လုပ်ထားတဲ့ အရာလေးတစ်ခု အပြီးသတ်မယ်။ ဓာတ်ပုံပြပွဲလေး တစ်ပွဲလောက်လည်း လုပ်ဦးမယ်။ ပန်းချီပြပွဲလေးလည်း လုပ်ချင်တယ်။ 2010လောက် ကျရင်တော့ ဒီလောက် စုတ်ပြတ်နေတဲ့ နိုင်ငံမယ် မနေချင်တော့ဘူး။ ကျွန်တှော့အသက် သုံးဆယ်လောက် ဆိုရင်ပေါ့။




One response to “28th Birthday”

nyo lay said...

ဒီနေ့ သုံးဆယ်ပြည့်ပြီပေါ့။ အခုအချိန်အထိ ဒီနိုင်ငံလေးမှာရှိနေပြီး၊ နိုင်တဲ့နေရာက နိုင်သလောက်လုပ် ပေးနေတာတွေအတွက် ကျေးဇူးတင်ပါတယ်။ မင်္ဂလာရှိတဲ့ မွေးနေ့ဖြစ်ပါစေ။

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz