Thursday, March 6, 2008

Why Zawgyi was awarded 2007 MCPA Excellent Award?

Why Zawgyi was awarded 2007 MCPA Excellent Award?


2007 MCPA Excellent Award ကို ဇှောဂျီမြန်မာစာရိုက် စနစ်က ရရှိပါတယ်။ ပိုက်ဆံအနေနဲ့ မဟုတ်ပေမယ့် ဂုဏ်သိကဿခာအားဖြင့် ရှိတယ်လို့ ကျွန်တှော ယူဆပါတယ်။ ဇှောဂျီကို ဒီပွဲအတွက် nominate စလုပ်ခဲ့တာ ကျွန်တှောပါ။ တကယ် ရသင့်လို့ ရခဲ့တာလို့လည်း ကျွန်တှော ယုံကြည်ပါတယ်။ ဘာဖြစ်လို့လည်း ဆိုတာ ကျွန်တှော ရှင်းပြပါမယ်။ ဇှောဂျီ စထွက်လာကတည်းက ကျွန်တှော သုံးစွဲလာခဲ့တယ်။ ဘလော့ဂ်တွေမှာ မြန်မာလို ရေးဖို့ရာ အခြားသော ယူနီကုဒ်စနစ် များစွာနဲ့ စမ်းသပ်ကြည့်ခဲ့ပေမယ့် ဇှောဂျီလို အဆင်မပြေတာကြောင့် ဒါကိုပဲ ဆက်လက် သုံးစွဲခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တှောတို့ ဘလော့ဂါတွေ ဒါနဲ့ အများကြီး ရေးပြီးကာမှ ပိုက်ဆံနဲ့ ရောင်းမယ်ဆိုရင် ဒုကဿခပဲ ဆိုပြီး မူဝါဒကို စုံစမ်းကြည့်တဲ့အခါ စီးပွားဖြစ် လုပ်နေကြတဲ့ အရာတွေ အားလုံးထဲမှာ ဇှောဂျီဟာ အမြဲတမ်း အခမဲ့ ပေးသုံးမယ် ဆိုပြီး ကြေညာချက် ထုတ်ပေးခဲ့ပါတယ်။ ကျွန်တှောကိုယ်တိုင်က မြန်မာယူနီကုဒ်တွေ၊ ဘာကုဒ်တွေ၊ ညာကုဒ်တွေကို စိတ်ဝင်စား လေ့လာသူမို့ ဇှောဂျီဟာ ယူနီကုဒ်စနစ် အပြည့်အဝ မဟုတ်ဘူးဆိုတာ သိပါတယ်။ ဒါပေမယ့် တချိန်တည်းမှာပဲ ဇှောဂျီကနေ နောင်တချိန် မြန်မာယူနီကုဒ် စစ်စစ် ဖြစ်လာတဲ့အခါ အလွယ်တကူ ပြောင်းလဲလို့ ရတယ် ဆိုတာကို သိလာတဲ့အခါ အဲဒီအတွက် ပူပန်မှု မရှိတော့ပါဘူး။ ဒါကြောင့် ကျွန်တှော့ရဲ့ ပရောဂျတ်တွေကို မြန်မာ၂၊ မြန်မာ၃ ယူနီကုဒ်တွေအစား ဇှောဂျီနဲ့သာ ဆောင်ရွက်ခဲ့တယ်။ ဘလော့ဂ်တွေမှာလည်း ဇှောဂျီနဲ့ပဲ ရေးသားဖို့ အကြံပြုခဲ့တယ်။ အကျိုးကျေးဇူးကို ပြောပြပါမယ်။ ၂၀၀၅ ခုနှစ်မှာ အင်တာနက်ပှေါမှာ မြန်မာစာနဲ့ ရေးသားတဲ့ ဘလော့ဂ်တွေ၊ ဝဘ်ဆိုဒ်တွေ၊ ရီဆိုစ့်တွေဆိုတာ လက်ချိုးရေလို့ ရပါတယ်။ အခု နှစ်နှစ်အတွင်းမှာတော့ အများကြီး ဖြစ်လာပါပြီ။ ကျွန်တှောတို့ အားလုံးက စံတစ်ခုကို စနစ်တကျ လက်ခံကျင့်သုံးဖို့ လိုပါလိမ့်မယ်။ အဲဒါဆို နောင်တစ်ချိန်မှာ ဘာပြောင်းချင် ပြောင်းချင် ပြောင်းလို့ လွယ်ကူပါတယ်။ နောက်တစ်ခုက ပြည့်စုံတဲ့ ယူနီကုဒ်စနစ်ကို မရောက်သေးလို့ အလုပ်တွေကို မလုပ်နိုင်ဘူး ရပ်ထားရမယ်ဆိုရင် ကျွန်တှောတို့ ဘာအလုပ်မှ ဖြစ်လာမှာ မဟုတ်ပါဘူး။ အချိန်တွေပဲ ကုန်သွားမယ်။ အခုတော့ ဇှောဂျီကြောင့် အင်တာနက်မှာ မြန်မာလို ရှာဖွေလို့ ရလာပြီ။ အရင်က ပျင်းစရာကောင်းတဲ့ မြန်မာအင်တာနက် လောကကြီးဟာ တဟုန်ထိုး ဖွံ့ဖြိုးလာတယ်။ ဇှောဂျီကြောင့် ဂျီတော့ခ်မှာ မြန်မာအချင်းချင်း မြန်မာလို ပြောဆိုလို့ ရလာတယ်။ တချို့လည်း ဇှောဂျီစနစ်ဟာ မကောင်းဘူး ဘာညာပြောနေပေမယ့် ဂျီတော့ခ်ထဲကျတော့ ဇှောဂျီနဲ့ စာရိုက်ရတဲ့ အထိ ဖြစ်လာတယ်။ မိုက်ခရိုဆော့ဖ်ဝါဒ် အထဲမှာ စာရိုက်တဲ့အခါ ဇှောဂျီကိုသာ အသုံးပြုလာကြတယ်။ Search Engine တွေကအစ ဂရုပြုလာကြပါတယ်။

ဇှောဂျီကို အမည်မဖှောလိုတဲ့ ပညာရှင် ငါးဦးက ၂၀၀၅လောက်မှာ အခြားသူများနဲ့ ဖိုက်တင်ပလေးပြီး လုပ်ခဲ့တာပါ။ နောက်ပိုင်းလည်း အသုံးပြုသူတွေ ထောက်ပြတဲ့ အားနည်းချက်တွေကို ပြန်လည် ပြုပြင် ဖြည့်စွက်ပေးခဲ့ပြီး အသုံးပြုသူတွေကို ကူညီခဲ့ပါတယ်။ ဒါတင်မက ဇှောဂျီကို ဘယ်သူမဆို ပိုကောင်းအောင် ပြုပြင်နိုင်တယ်ဆိုပြီး Source တွေကို ချပေးခဲ့ပါတယ်။ ဒါကြောင့် ဇှောဂျီဟာ နှစ်နှစ်အတွင်းမှာ တဟုန်ထိုး အောင်မြင်ခဲ့ပြီး အသုံးပြုသူ ယူဇာ အများအပြားကိုလည်း ဆွဲဆောင်နိုင်ခဲ့ပါတယ်။ ဇှောဂျီကြောင့် မြန်မာအင်တာနက်လောက အခုအခြေအနေ ရောက်လာတယ် ဆိုရင်လည်း မမှားပါဘူး။ ဇှောဂျီ ဖန်တီးသူတွေနဲ့ ကျွန်တှောဟာ ရင်းနှီးသိကျွမ်းလို့ ထောက်ခံတာမျိုးတော့ မဟုတ်ပါဘူး။ သူ့ကြောင့် ရလာတဲ့ ရလဒ်တွေက ကျွန်တှောတို့ဆီမှာ သက်သေအနေနဲ့ ရှိတယ်။ သူတို့ရဲ့ ရည်ရွယ်ချက်ကိုလည်း ကျွန်တှော သိနေတာမို့ အခုလို ဆုရတာကို ထိုက်တန်တယ်လို့ ဆိုတာပါ။ နောင်တချိန် မိုက်ခရိုဆော့ဖ်ကသာ ဇှောဂျီကို Language Pack တစ်ခုအနေနဲ့ သဘောထားပြီး လက်ခံခဲ့မယ်ဆိုရင် ကျွန်တှောတို့အားလုံး ဝင်းဒိုးစ် သုံးတာနဲ့ မြန်မာဖောင့် လွယ်လွယ်ကူကူ ရိုက်လို့ရတော့မှာပါ။ နောက်ဆုံး သတင်းများအရ ဇှောဂျီအတွက် မတူညီတဲ့ ဖောင့်ပုံစံ သုံးခု အသစ်ထုတ်ဖို့ ရှိပါတယ်။ ဒါ့အပြင် ဇှောဂျီနဲ့ သကဿကတတွေ၊ ပါဠိတွေ၊ မွန်စာတွေ၊ ကရင်စာတွေကိုလည်း ရိုက်နိုင်တော့မှာ ဖြစ်ပါတယ် ခင်ဗျား။

No response to “Why Zawgyi was awarded 2007 MCPA Excellent Award?”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz