
ဖေ့စ်ဘွခ်ကို 2006လောက် ကတည်းက ကျွန်တှော ဝင်ထားခဲ့တာ ကြာပြီ။ ဒါပေမယ့် အသုံးမပြုခဲ့ဘူး။ ဆိုရှယ်နတ်ဝေါ့ကင်းတွေ ဒီဘက်နှစ်တွေ အထူးသဖြင့် ၂၀၀၄ ခုနှစ်လောက် ကတည်းက အရမ်းခေတ်စား လာခဲ့တာ။ ကျွန်တှော ဘာတွေ သုံးလဲ။ Blog, Advogado, Friendster, Hi5, MySpace, Yahoo360, Twitter, Ning, Bebo အကောင့်တွေ လုပ်ထားတာတော့ အကုန်လုံးပဲ။ ဖေ့စ်ဘွခ်ကိုတော့ သုံးမယ် သုံးမယ်နဲ့ မြန်မာပြည် ကွန်နက်ရှင်ကြီးကြောင့် မသုံးဖြစ်ဘဲ နေနေခဲ့တာ အခု ၂၀၀၈ မှပဲ ကောင်းကောင်း စသုံးဖြစ်တော့တယ်။ စသုံးမိတာနဲ့ ဖေ့စ်ဘွခ် ဘာလို့ ကမဿဘာကျှောသွားတယ်ဆိုတာ သိလိုက်ရပါတော့တယ်။ တကယ်ကို စွဲသွားတယ်ဗျာ။ တစ်ရက်မှာ တစ်ခါ အနည်းဆုံး မဝင်ရရင် မနေနိုင်အောင် ဖြစ်သွားတော့တယ်။ ဒါကြောင့် ခင်ဗျားတို့လည်း ခေတ်နောက်မကျဘဲ တစ်ကမဿဘာလုံးက လူတွေ ဘာလုပ်နေသလဲဆိုတာ သိရအောင် ဖြန့်ဝေပေးချင် ပါသေးတယ်။
Social Networking Site တွေရဲ့ မူလအစကိုတော့ Sixdegrees.Com ဆိုပြီးတော့ အသိအမှတ်ပြုထား ကြပါတယ်။ Sixdegrees.Com ကို ၁၉၉ရခုနှစ်မှာ စတင် တည်ထောင်ခဲ့ပြီး ယူဇာတွေကို ကိုယ်ရေးအချက်အလက် ပရိုဖိုင်းတွေ လုပ်ခွင့်ပြုတယ်၊ မိတ်ဆွေတွေရဲ့ လိပ်စာစာရင်းတွေ လုပ်ခွင့်ပြုခဲ့တယ်။ နောက်ပိုင်းမှာ တစ်ယောက်နဲ့ တစ်ယောက် အဲဒါတွေကို ကြည့်ခွင့်ရအောင် လုပ်ပေးခဲ့တယ်။ သူ့အရင်က အဲဒီလိုမျိုး ဒါတွေအားလုံးကို ပူးပေါင်းခဲ့သူ မရှိသေးပါဘူး။ ဒါကြောင့် Sixdegrees.Com ကို Social Networking ရဲ့အစပထမလို့ သတ်မှတ်ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ၂၀၀၀ ခုနှစ်မှာတော့ ဒီကုမဿပဏီဟာ အသုံးပြုသူ သန်းပေါင်းများစွာကို ရရှိပြီးကာမှ အခြားစီးပွားရေး အခက်အခဲတွေကြောင့် ရပ်ဆိုင်းသွားခဲ့ပါတော့တယ်။ ဒါပေမယ့်လည်း သူဟာ အဲဒီခေတ်မှာ အားလုံးရဲ့ ရှေ့ဆောင်လမ်းပြ ဖြစ်ခဲ့တာကိုတော့ ဘယ်သူမှ ငြင်းလို့ မရနိုင်ပါဘူး။ သူ့ရဲ့နောက်ပိုင်းမှာတော့ နည်းပညာ ဖွံ့ဖြိုးလာတာနဲ့အမျှ သူ့ရဲ့လမ်းစဉ်အတိုင်းသာမက အခြားသော နည်းစနစ် အသစ်တွေ ထပ်ထပ်ဖြည့်သွင်းပြီး ပေါင်းစပ်လာလိုက်ကြတာ ယနေ့ခေတ် Facebook၊ Myspace တို့လို အလွန်ကျယ်ပြန့်တဲ့ Network ကြီးတစ်ခုအနေနဲ့ ဖြစ်လာပြီ ဖြစ်ပါတယ်။ အခုဆိုရင် ဖေ့စ်ဘွခ် တစ်ခုတည်းမှာတင် အသုံးပြုသူပေါင်း သန်းခြောက်ဆယ်ကျှော ရှိနေပါပြီ။ အဲဒီမှာ တစ်ရက်တင်ကြတဲ့ ဓာတ်ပုံကတင် ၁၄သန်းလောက် ရှိပါတယ်။
ဖေ့ဘွခ်မှာ ကျွန်တှောတို့ ဘာတွေ လုပ်ကြသလဲ??။ ၂၀၀၀ ခုနှစ်များလောက်က ကျွန်တှောဟာ တမာဂူချီဆိုတဲ့ Electronic Pet လျှပ်စစ် အိမ်မွေးတိရစဿဆာန် ဂိမ်းကိရိယာလေးကို စကဿငာပူမှာ ဒှေါလာ ၆ဝလောက်ပေးပြီး ဝယ်မွေးခဲ့ဖူးတယ်။ ကျွန်တှောမွေးတာက ကြက်သားပေါက်လေးပါ။ သူ့ကို ကျွန်တှော အစာကျွေးချိန်မှာ အစာကျွေးရတယ်။ ပြုစုချိန်မှာ ပြုစုရတယ်။ ရေတိုက်ချိန်မှာ ရေတိုက်ရတယ်။ သန့်ရှင်းရေးလုပ်ပေးချိန်မှာ လုပ်ပေးရတယ်။ တခါတလေ မနက် လေးနာရီလောက်ကြီး အစာဆာလို့ အသံထမြည်ပါသေးတယ်။ တခါတလေ ဂရုမစိုက်မိရင် သူ့ခမျာ ခြေနှစ်ချောင်း ခေါင်းပှေါ ထောင်ပြီး ပက်လက်လန်နေရှာတယ်။ ဒီဂိမ်းစက်ကလေးဟာ ကျွန်တှော့အတွက် အများကြီး အဖှောရပါတယ်။ ဘယ်နေရာသွားသွား သယ်သွားလို့ရတယ်။ ေတာှေတာှေပ်ာှဖို့ ကောင်းပါတယ်။ အဲဒီလိုပဲ အခုဖေ့စ်ဘွခ်မှာလည်း အကောင်လေးတွေ မွေးလို့ရတယ်။ ကိုယ့်အကောင်လေးတွေကို သူများတွေကို လက်ဆောင်ပေးလို့ရတယ်။ သူတို့ကို ဂရုစိုက်ရင် ကိုယ့်မှာ အမှတ်တွေ တက်လာတယ်။ နောက်ပြီး ကိုယ့်ဆီမှာ Slayer,Warewolf, Vampire, Zombie စတဲ့ အကောင်တွေကို မွေးထားလို့ရတယ်။ ဒီအကောင်တွေကို နေ့တိုင်း အစာကျွေးရတယ်။ ကိုယ့် သူငယ်ချင်းတွေနဲ့ တိုက်ခိုက်ပေးရတယ်။ အဲဒီတော့မှ သူတို့ဟာ တိုက်ရည်ခိုက်ရည် ပြည့်ဝလာသလို၊ စွမ်းရည်တွေလည်း တက်လာတယ်။ တခါတလေတော့လည်း ကိုယ့်အကောင်တွေ ရှုံးတာတော့ ရှိတယ်။ ဒါပေမယ့် တကယ်ပျှောဖို့ ကောင်းတယ်။ ကိုယ်သာ ကျွမ်းကျင်မယ်ဆိုရင် အဲဒီအပှေါမှာ Application လေးတွေ ဖန်တီးပြီး ပိုက်ဆံရှာလို့ ရနိုင်ပါသေးတယ်။
ကျွန်တှောတို့တတွေ ကိုယ်စီကိုယ်စီ အလုပ်တွေနဲ့ သူငယ်ချင်း အရင်းအချာတွေတောင် အပြင်မှာ မတွေ့ဆုံဖြစ်နေကြတာကနေ အခုလို အင်တာနက် ဆိုရှယ်နတ်ဝေါ့ကင်းတွေကနေ တွေ့ဆုံခွင့် ရကြတာဟာ နဲနဲတော့ တှောသေးတယ်လို့ ဆိုနိုင်ပါတယ်။ ဒီလိုဆုံကြရာကနေ တစ်ယောက်နဲ့တစ်ယောက် အင်တာနက် ပှေါမှာ စကြနောက်ကြ သတ်ကြပုတ်ကြ လုပ်ရတာဟာ ငယ်စဉ်ကလေးဘဝက ပျှောရွှင်ချိန်တွေကို သတိရစေပါတယ်။ ဒါကြောင့် ခင်ဗျားတို့လည်း ဖေ့စ်ဘွခ်မှာ အကောင့်တစ်ခုဖွင့်ပြီး သူငယ်ချင်းများနဲ့ ဆုံရပ်လေးတွေ ဖန်တီးရင်း ဘဝအမောတွေ သက်သာနိုင်စေဖို့ ဖိတ်ခှေါလိုက်ပါတယ်။
Facebook : www.facebook.com
List of Social Networking Sites : Wiki
No response to “Facebook ကြစို့ သူငယ်ချင်း”
Post a Comment
Trackbacks
Leave a trackback