Saturday, March 8, 2008

ဘလော့ဂ်ပှေါတင်တိုင်း အလကားယူလို့ ရသလား

ဘလော့ဂ်ပှေါတင်တိုင်း အလကားယူလို့ ရသလား


ကျွန်တှော ကိုယ်တိုင် ကြုံရသလို အခြားသူတွေလည်း ကြုံနေရတဲ့ အဖြစ်အပျက်လေး တစ်ခုကို စဉ်းစားကြည့်ရအောင်။ ကျွန်တှောဟာ ဘလော့ဂါ ဖြစ်တယ်။ အပျှော လုပ်နေတာမျိုး မဟုတ်ပါဘူး။ ယုံကြည်ချက် တစ်ခုနဲ့ တစိုက်မတ်မတ် လုပ်နေခဲ့တာ တှောတှော ကြာပါပြီ။ ပိုစ့်တစ်ခုကို ရေးသားတဲ့အခါ ခိုင်မာ မှန်ကန်စေဖို့ အထောက်အထားတွေ အများကြီး ရှာဖွေရပါတယ်။ အင်တာနတ်မှာ ရှာရသလို၊ စာအုပ်တွေ အများကြီးလည်း ဖတ်ရတယ်။ စဉ်းစားရတယ်။ တခါတလေ တတ်ကျွမ်းသူ လူပုဂဿဂိုလ်တွေကို ကိုယ်တိုင် မေးမြန်းရတယ်။ ၂၁ရာစု အင်တာနက်နဲ့ နည်းပညာခေတ်မှာ စစ်မှန်တဲ့ ဗဟုသုတတွေ အကြောင်းအရာတွေကို စာနယ်ဇင်းတွေကမှ ရနိုင်တာ မဟုတ်တော့ပါဘူး။ သတင်းထောက်တွေ ငှားရမ်းထောက်လှမ်းမှ ရနိုင်တော့တာ မဟုတ်တော့ပါဘူး။ မီဒီယာဟာ အရမ်းကို ကျယ်ပြန့်လာခဲ့ပြီ ဖြစ်ပါတယ်။ ကျွန်တှောဟာ အတွေ့အကြုံကနေ Ethic တွေ၊ နည်းစနစ်တွေကို စနစ်တကျ မဟုတ်တောင် အတှောအသင့် နားလည်လာခဲ့တယ်။ ဖိုရမ်တွေမှာ ငြင်းကြခုန်ကြတဲ့အထဲ ကျွန်တှော ပါခဲ့ဖူးတယ်။ ဘလော့ဂ်တွေပှေါမှာ အယူအဆ၊ ကိုယ်ကျင့်သိကဿခာပိုင်းဆိုင်ရာ တိုက်ပွဲတွေလည်း ကြုံခဲ့ဖူးတယ်။ အလကားနေရင်း အဆဲအဆိုတွေလည်း ခံခဲ့ဖူးတယ်။ မတရား စွပ်စွဲတာလည်း ခံဖူးတယ်။ အယူအဆ မတူလို့ ကဲ့ရဲ့တာလည်း ခံဖူးတယ်။ ဒါပေမယ့် ဒါတွေဟာ ကျွန်တှော့အတွက် လှေခါးထစ်တွေ ဖြစ်ခဲ့ပါတယ်။ ဒါတွေကို ရင်ဆိုင်ကျှောဖြတ်လာခဲ့တဲ့ နောက်ပိုင်း တှောရုံတန်ရုံ ကိစဿစတွေကိုလည်း ရင်ဆိုင်နိုင်လာခဲ့တယ်။ ဒါတွေဟာ နောင်တနေ့နေ့ မြန်မာပြည်မှာ ဒီမိုကရေစီစနစ် ဖြစ်ထွန်းလာတဲ့ အချိန်ကြရင် လူတိုင်း ရင်ဆိုင်ရမယ့် အတွေ့အကြုံတွေပါ။ ကျွန်တှောကတော့ ကံကောင်းစွာ စောစောစီးစီး ရတယ်လို့ ယူဆတယ်။ ပြီးတော့ နည်းပညာနဲ့ အရင်းအမြစ်ကို နိုင်ငံတကာမှာ ကျယ်ကျယ်ပြန့်ပြန့် ဖွင့်ချနေလို့ မြန်မာပြည်မှာလည်း ဒါမျိုး ကျင့်သုံးသင့်နေပြီဆိုပြီး ကိုယ်တတ်နိုင်သမျှ တကဿကသိုလ်တွေ၊ အရင်းအမြစ် ဌာနတွေမှာ ကိုယ်တတ်နိုင်သလောက် ဟောပြော ပို့ချခဲ့တယ်။ တတ်နိုင်သလောက်လည်း စာတွေ ရေးသားခဲ့တယ်။ ဒီ တစ်နှစ် နှစ်နှစ် အတွင်းမှာ မြန်မာအင်တာနက် လောကမှာ အပြောင်းအလဲ အကြီးအကျယ် ဖြစ်လာပါတယ်။ အသုံးပြုသူတွေရဲ့ ပြောင်းလဲမှု ဖြစ်ပါတယ်။ ဘလော့ဂါတွေ အများကြီး ထွက်လာတယ်။ မြန်မာပြည်တဝှန်းလုံးက သတင်းတွေသာမက၊ နိုင်ငံရပ်ခြားက သတင်းတွေကိုပါ ဒီဘလော့ဂ် တွေကနေ ဖတ်ရှုနိုင်လာခဲ့တယ်။ နောက်ဆုံး အင်တာနက် အမြဲသုံးနိုင်ရင် ဂျာနယ်တောင် ဝယ်ဖတ်စရာ မလိုတော့မယ့် အခြေအနေမျိုး ဖြစ်လာပါမယ်။ နောက်ငါးနှစ်လောက် အတွင်းမှာ အခုပလူပျံအောင် ထွက်နေတဲ့ ဂျာနယ်ခေတ် ကုန်သွားပါလိမ့်မယ်။ ပြောချင်တာက ဒီလို စီးပွားရေးဆန်တဲ့ ပရင့်တက် မီဒီယာကို တိုက်ခိုက်လာတာ ဘလော့ဂ်တွေ ဖြစ်လာတယ် ဆိုတာပါပဲ။ ဒါပေမယ့် အခုလောလောဆယ် အနေအထားမှာတော့ ဘလော့ဂ်တွေဟာ ဂျာနယ်တချို့ရဲ့ ခေါင်းပုံဖြတ်မှုကို ခံနေကြရတယ်။

ဘလော့ဂ်မှာ စာရေးတယ်ဆိုတာ အလကား ဖြန့်ဝေတာ ဟုတ်ပေမယ့် ကိုယ်က ထုတ်ဝေသူ၊ ကိုယ်ကသာ ဖြန့်ချိရေး၊ ကိုယ်ကသာ ကိုယ်စားလှယ်ပါ။ ဒါပေမယ့် ဒီအပှေါမှာ ဘာမှ အမြတ်မယူကြဘူး။ ပြီးတော့ ဒါဟာ ဉာဏ်ရည်ပစဿစည်း (Intellectual Properties) ဖြစ်ပါတယ်။ ဒါကို ခွင့်ပြုချက် မရရှိဘဲ ယူသုံးတာဟာ ရေးတဲ့သူကို အသုံးချတာပါပဲ။ ကိုယ့်ပိုစ့်တစ်ခုကို ကိုယ့်ခွင့်ပြုချက် မရှိဘဲ စီးပွားရေးနဲ့ ပတ်သတ်တဲ့ စာမျက်နှာပှေါ တင်တယ်ဆိုတာ လုပ်စားတာ၊ သူတစ်ပါး အပှေါမှာ ခေါင်းပုံဖြတ်တာ ပါပဲ။ ဒီလိုမျိုး အသုံးပြုခံရလို့ ကျေနပ်နေစရာ၊ ဝမ်းမြောက်စရာ မရှိပါဘူး။ အနည်းဆုံးတော့ ရေးသားသူကို ခွင့်တောင်းရပါမယ်။ ခွင့်တောင်းလို့ ဘယ်လိုမှ မဖြစ်နိုင်ရင်၊ အများသူငါကို အကျိုးပြုတယ်ဆိုရင် အောက်ခြေမှာ ကွန်မန့်တစ်ခုခု၊ တောင်းပန်ချက် တစ်ခုခု ထည့်သွင်းရပါမယ်။ အခုတော့ လုပ်နေကြတာက ဘလော့ဂ်က သတင်းတွေ၊ ပိုစ့်တွေကို ခွင့်ပြုချက် မရှိဘဲ ကိုးကားတယ်၊ တချို့ဆို အပုဒ်လိုက် ထည့်တယ်။ နောက်ဆုံး အရှက်မရှိ နာမည်တောင် သူတို့နာမည် တပ်ချင် တပ်ဦးမယ်။ ဒါမျိုးကို ကျွန်တှော လုံးဝ ကန့်ကွက်ပါတယ်။ အင်တာနက်မှာ စာရေးတာပဲ ဘာမှအလေးထားစရာ မလိုပါဘူးဆိုတဲ့ အပေါက်မျိုးကတော့ ဆိုးပါတယ်။ အမှန်ကတော့ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ ဒီဘလော့ဂ်က ဒီရီဆိုစ့် ရတယ်ဆိုရင်လည်း စာရေးသူကို လေးစားတဲ့ အနေနဲ့ မှတ်ချက်လေး ပြုပေးသင့်တယ်။ တစ်ပုဒ်လုံးကို ယူသုံးမယ်ဆိုရင်လည်း အီးမေးလ်နဲ့ ဖြစ်ဖြစ် ခွင့်ပြုချက် တောင်းခံသင့်တယ်။ ပရင့်တက် မီဒီယာတွေက ဒါမျိုး လုပ်စားတာတော့ မကောင်းဘူးလို့ မြင်မိတယ်။ ကျွန်တှောကိုယ်တိုင် ခံစားခဲ့ရဖူးတာပါ။ ဒါကြောင့် ကျွန်တှော့ ဘလော့ဂ်နဲ့ ပတ်သတ်တဲ့ အကြောင်းအရာတွေ၊ ကျွန်တှော့ စာတွေ၊ ရုပ်ပုံတွေကို စီးပွားရေး မီဒီယာတွေမှာ သုံးစွဲခွင့်ကို ကန့်သတ်ပစ်လိုက်တယ်။ ဒီလို ကန့်သတ်ပြီးချိန်တောင်မှ တစ်ယောက်က ဖုန်းဆက်လာတယ်။ ကျွန်တှော့ဘလော့ဂ်က အကြောင်းအရာ တစ်ခုနဲ့ ပတ်သတ်ပြီး ရေးချင်ပါသတဲ့။ ကျွန်တှော့လင့်ခ်ကို ခရက်ဒစ် လုပ်မယ်ဆိုပြီး ပြောခဲ့တယ်။ ဒါပေမယ့် အဲဒါထွက်လာတော့ တစ်လုံးတစ်ပါဒမှ ပါမလာခဲ့ဘူး။ သူကိုယ်တိုင် ရှာဖွေတွေ့ရှိခဲ့သလို ရေးသွားခဲ့တယ်။ က်ြန္ေတာှ့အတြက္က အဲဒီကေန ဘာအက်ိုးအျမတ္မွ မေမ်ွာှကိုးဘူး။ နာမည်လည်း မကြီးချင်ဘူး။ လူအချင်းချင်း၊ မြန်မာအချင်းချင်း ခေါင်းပုံဖြတ်တာကိုပဲ မခံချင်တာ။

တစ်ခါတုန်းက ကျွန်တှော ကြုံဖူးတယ်။ ဒါနဲ့ ကျွန်တှောက မေးပါတယ်။ တကယ်လို့များ လွန်းထားထားက ဘလော့ဂ်တစ်ခုရှိလို့ သူ့ဘလော့ဂ်မှာ မဂဿဂဇင်း မပို့ရသေးတဲ့ ဝတဿထုတစ်ပုဒ် တင်ထားတယ် ဆိုပါတော့။ ဒါကို မဂဿဂဇင်း တစ်စောင်က၊ ဂျာနယ်တစ်စောင်က ယူသုံးမလားဆိုတော့ မသုံးပါဘူးတဲ့။ ဒါဆိုရင် ဘာလို့ ကျွန်တှောတို့ ဟာတွေကိုကျတော့ ယူသုံးသလဲဆိုတော့ အင်တာနက်မှာတောင် အလကား တင်ထားတာမို့ ယူသုံးတာပါတဲ့။ ဒါဟာ လူတန်းစား ခွဲခြား ဆက်ဆံနည်း တစ်မျိုးပါပဲ။ ကျွန်တှောတို့ အင်တာနက်ပှေါမှာ စာရေးတယ်ဆိုတာ ရည်ရွယ်ချက် ဦးတည်ချက် သက်သက်ရှိတယ်။ ဒီအပှေါမှာ ကာလ ကြာမြင့်လာတာနဲ့ အမျှ အပျှောရေးတယ် ဆိုတာထက် လေးနက်တဲ့ ဦးတည်ချက်တွေ ရှိပါတယ်။ ဒါကြောင့် ကျွန်တှောဟာ ဒီလို အလွဲသုံးစား လုပ်မှုမျိုးကို ပြင်းပြင်းထန်ထန် ကန့်ကွက်ပါတယ်။ လူတိုင်းမှာ အားစိုက်ထုတ်မှု ရှိတယ်။ အဲဒါကို အသိအမှတ် မပြုချင်နေကြပါ။ ဒါပေမယ့် လူညွန့်တော့ မခူးကြပါနဲ့လို့ပဲ ပြောချင်တယ်။ ဒီလိုမဟုတ်ဘဲ ကိုယ့်ပုခုံးပှေါတက် နိုင်ပြီး ကိုယ့်ထက်သာအောင် ရပ်နိုင်တဲ့ သူမျိုး လုပ်ရပ်မျိုး ဆိုရင်တော့ ဝမ်းမြောက်ဝမ်းသာ ဖြစ်နေမိမှာ အမှန်ပါပဲ။ မြန်မာအချင်းချင်း အမြတ်ထုတ်ခြင်း ကင်းရှင်းနိုင်ပါစေ။

No response to “ဘလော့ဂ်ပှေါတင်တိုင်း အလကားယူလို့ ရသလား”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz