Monday, March 10, 2008

ကျွန်တှောနှင့် အိပ်မက်များ

မနေ့က တနဂဿငနွေဆိုတော့ ၁၁နာရီမှ အိပ်ယာထတယ်။ ပြီးတော့ ထမင်းစားပြီး ပြန်အိပ်တယ်။ ညနေမှ ထတယ်။ တစ်ပတ်မှာတစ်ရက် ဒီလို အနားယူရတဲ့ နေ့လေးဟာ အလွန်ပဲ နှစ်လိုဖွယ် ဖြစ်ပါတယ်။ ဒီနေ့မနက် ထူးဆန်းတဲ့ အိပ်မက်ကို မက်တယ်။ ကျွန်တှောက အိပ်မက် မက်ခဲပါတယ်။ အိပ်မယ်ဆိုပြီး ခေါင်းချလိုက်တာနဲ့ အိပ်ပျှောသွားသလို မျက်စိဖွင့်တာနဲ့ မနက်မိုးလင်းနေတတ်သူပါ။ တစ်ခါတစ်လေတော့ အိပ်မက် မက်တတ်တယ်။ မက်ပြီဆိုရင်လည်း အရှည်ကြီးတွေမက်တတ်တယ်။

တစ်ခါတုန်းကတော့ ထူးဆန်းတယ်။ ၂၀၀၂လောက်က ဖြစ်မယ် ထင်တယ်။ ကျွန်တှောက ပိုက်ဆံ ရဝဝလောက်ပဲ ကျန်တော့လို့ ဝိုင်အမ်စီအေ ရှေ့က ဝက်သားတုတ်ထိုး ဆိုင်လေးမှာ စိတ်ပျက်လက်ပျက် သွားထိုင်နေချိန်ပေါ့။ နေ့လည် ၂နာရီလောက်ကြီး၊ နေကလည်း တှောတှောပူတယ်။ အဲဒီအချိန်မှာ လမ်းတစ်ဖက်မှာ အဖိုးကြီးတစ်ယောက် တုန်တုန်ရီရီနဲ့ တောင်ဝှေးလေးထောက်ပြီး လမ်းလျှောက်နေတယ်။ စိတ်ထဲမှာ ဘယ်လို ဖြစ်သွားတယ် မသိဘူး။ အရမ်းကို လှိုက်လှိုက်လှဲလှဲ ဖြစ်လာလို့ အဲဒီအဖွားဆီ အပြေးသွားပြီး ပိုက်ဆံ ၅၀၀ လှူလိုက်တယ်။ ပြီးတော့ စိတ်ထဲမှာ ကြည်နူးမှု ဖြစ်လိုက်တာ။

ဒါနဲ့ အဲဒီနေ့ည အိပ်တော့ အိပ်မက်တစ်ခုမက်တယ်။ ကျွန်တှောက ရထားကြီး တစ်စင်းရဲ့ ခေါင်းမှာ မတ်တပ်ရပ်နေတယ်။ မြန်မာပြည် တောင်ဘက်အဖျားကနေ မြောက်ဘက်အဖျားအထိ လျှောက်သွားနေလိုက်တာ လူတွေလည်း အများကြီးပဲ တက်လာကြတယ်တဲ့။ အဲဒီ ရထား ခရီးစဉ်ကြီးက အကြာကြီးပဲ။ လမ်းမှာ မြင်နေရတာတွေက ကျွန်တှော မြင်ဖူးနေတာတွေ ပါသလို မမြင်ဖူးသေးတဲ့ ပတ်ဝန်းကျင်တွေ လူတွေလည်း အများကြီးပဲ။ ဒီလိုနဲ့ ကျွန်တှော နိုးလာတယ်။ နိုးနိုးချင်း ကျွန်တှော့ သူငယ်ချင်းက စိုးနိုင်က ၂လုံးထီ ဘာထိုးရမလဲဆိုပြီး လာမေးတယ်။ ရုတ်တရက်ပဲ ခေါင်းထဲမှာ ၇၅ ဆိုတာလေး ပှေါလာတယ်။ သူ့ကို ပြောတော့ ဒီဂဏန်းက သေတယ်ဆိုလား ဘာလားပဲ ပြောသေးတယ်။ ကျွန်တှော့ စိတ်ထဲမှာ ပေါက်မယ်ဆိုတာ အရမ်းသေချာကြီးကို သိနေသလိုပဲ။ ဒါနဲ့ ဒီကောင့်ဆီက ပိုက်ဆံ တစ်ထောင်ခဏယူပြီး အဲဒါထိုးပေးဆိုပြီး ပြောလိုက်တယ်။ သူ့ကိုလည်း ဒါထိုး ပေါက်မှာဆိုတော့ ဒီကောင်က အားနာပါးနာနဲ့ ၅ဝဖိုး ထိုးလိုက်တယ်။ ဆိုင်က မပြန်တော့ဘူးလားလို့ မေးသေးတယ်တဲ့။ အဲဒီအချိန်က ကျွန်တှော ကေအမ်ဒီမှာ Ecommerce တက်နေတာ။ ကျူရှင်သွားခါနီး ငါ့ကို ပေါက်တာနဲ့ ဖုန်းဆက်နှော ဆိုပြီးတောင် ပြောခဲ့သေးတယ်။ သင်တန်းခန်းမထဲ ရောက်တာတောင် နာရီဝက် မပြည့်သေးဘူး ဖုန်းက မြည်လာတယ်။ ကိုင်တောင် မကိုင်ဘဲနဲ့ ဆရာမကို ခွင့်တိုင်ပြီး အမြန်ပြန်လာခဲ့တယ်။ ပေါက်တယ်ဗျာ တကယ်ကို ဒဲ့။ ဒါနဲ့ တစ်ထောင်ဖိုးဆိုတော့ ရှစ်သောင်းရတယ်။ ပျှောလိုက်တာ ဆိုတာ အရမ်းပါပဲ။ လူကလည်း ပိုက်ဆံ ပြတ်နေတာကိုး။ စိုးနိုင်ရယ်၊ ကျွန်တှောရယ်၊ အောင်ကျှောစိုးရယ် စားကြသောက်ကြ ပျှောလိုက်ကြ ပါးလိုက်ကြသေးတယ်။ ဒါလေးကတော့ မှတ်မှတ်ရရပဲ။

ဟိုးတလောက မက်တဲ့ အိပ်မက်ကလည်း ထူးဆန်းတယ်။ ကျွန်တှော အိပ်နေရင်းနဲ့ မိုးပှေါရောက်သွားတာ သတိရလို့ ကြည့်လိုက်တော့ နိုင်ငံ တစ်နိုင်ငံကို ရောက်နေတယ်။ အဲဒီနိုင်ငံက ပြင်သစ်လို့ စိတ်ထဲမှာ ထင်နေတယ်။ ပြင်သစ်ပေမယ့် အခုခေတ် ပြင်သစ်လည်း မဟုတ်ဘူး။ အဲဒီက အဆောက်အအုံကြီး တစ်ခုမှာ ကျွန်တှော နေရတယ်။ ကျွန်တှော နေတဲ့ နေရာက သီးသန့်ဝင်းနဲ့ အကျယ်ကြီးပဲ။ အဲဒီဝန်းရဲ့ မလှမ်းမကန်းမှာ ကမဿဘာအေး ဘုရားလမ်းဘက်က ကန်ပေါင်လိုပဲ ကန်ပေါင်ကြီး တစ်ခုရှိတယ်။ အဲဒီမှာ ကျွန်တှော လမ်းလျှောက်သွားရင်း ကောင်မလေး တစ်ယောက်နဲ့ တွေ့တယ်။ သူ့ကို ကျွန်တှော အခုမမှတ်မိပေမယ့် အိပ်မက်ထဲမှာတုန်းကတော့ တှောတှော ရင်းနှီးပါတယ်။ သူနဲ့ ကျွန်တှောနဲ့ ညဘက် လမ်းလျှောက်ကြတယ်။ တချို့နေရာတွေ လျှောက်သွားကြည့်ကြတယ်။ သူက ကျွန်တှော့ကို ဈေးတစ်ခုထဲ ခှေါသွားတယ်။ အဲဒီမှာ အဂဿငလိပ်ခေတ်ကလို အဝတ်အစားတွေနဲ့ မြန်မာတွေ အများကြီးကို တွေ့ရတယ်။ သူတို့က ဝမ်းသာအဲလဲ ကျွန်တှော့ကို နှုတ်ဆက်ကြလို့။ ဈေးက သာမန်ဈေးမျိုး မဟုတ်ပါဘူး။ အုတ်တိုက်တွေ တစ်ယောက်တစ်ခန်းနဲ့ အခိုင်အခန့်ဈေးကြီး။ ဒီလိုနဲ့ တစ်ရက်ကျတော့ ကျွန်တှော့ဆီကို မြန်မာကြီးတစ်ယောက် ရောက်လာပြီး ကျွန်တှောနဲ့သိတဲ့ ကောင်မလေး ဆုံးသွားပြီလို့ ပြောတယ်။ ကျွန်တှော့ စိတ်ထဲမှာ လစ်ဟာသွားသလို ခံစားနေရတာ တကယ်လိုပဲ။ ဒါနဲ့ ကျွန်တှော လမ်းထွက်လျှောက်တယ်။ ထူးထူးဆန်းဆန်း အဲဒီနေ့က ပတ်ဝန်းကျင်က ညို့ဆိုင်းနေလိုက်တာ။ နောက်ထပ် ထူးဆန်းတာက အဲဒီမှာ ကျွန်တှော လျှောက်သွားနေတုန်းက ကားတွေ တစ်စီးမှ မတွေ့ရတာပဲ။

တစ်ခါတုန်းက မက်တဲ့ အိပ်မက်ကတော့ တစ်မျိုးပဲ။ ကျွန်တှောက လှိုဏ်ဂူကြီး တစ်ခုထဲမှာ ရောက်နေတယ်။ ဘေးမှာ မြစ်ကြီး ရှိတယ်။ အဲဒီအချိန်မှာပဲ ကျွန်တှော့ရှေ့မှာ လှေတစ်စင်း ပှေါလာတယ်။ လှေပှေါမှာက ဘုန်းကြီးတစ်ပါးရယ်၊ နောက်ထပ် လူနှစ်ယောက်ရယ် ပါတယ်။ သူတို့က လိုက်ဖို့ခှေါလို့ ကျွန်တှော လိုက်သွားတယ်။ မှောင်မှောင်မည်းမည်းပေမယ့် မြင်နေရတယ်။ ဒီလိုနဲ့ ကျွန်တှော တစ်နေရာကို ရောက်သွားတယ်။ အဲဒီ နေရာရောက်တော့ ဘယ်သူမှ မရှိတော့ဘူး။ ကျောက်အခန်းကြီး တစ်ခန်းထဲမှာ၊ ကျောက်သလွန် တစ်ခု ရှိတယ်။ ကျောက်သလွန်ဆိုတာ အမြင့်ကြီး မဟုတ်ဘူးရယ်။ ခြေရင်း ခေါင်းရင်းမှာ ကနုတ်တွေဘာတွေနဲ့ ထွင်းထုထားတာ။ ရွှေရောင်လည်း မဟုတ်ဘူး။ အပြာဘက် သမ်းနေတဲ့ နို့နှစ်ရောင်။ အဲဒါရဲ့ဘေးမှာ ဘုရင်တွေဆောင်းတဲ့ မကိုဋ်လိုတစ်ခုကို တွေ့ရတယ်။ မကိုဋ်ဆိုတာ သင်းကျစ်မဟုတ်ဘူး။ သူက ခပ်ချွန်ချွန် ဦးထုပ်လိုမျိုး။ ဘေးမှာ ရွှေငွေ ကျောက်သံပတဿတမြားတွေ ရှိတယ်။ ကျွန်တှောက အဲဒီ မကိုဋ်ကို သေချာ ကြည့်နေမိတာ မှတ်မိတယ်။ နောက်တော့ ကျွန်တှော အဲဒီ အခန်းထဲကနေ ထွက်လာတယ်။ အိပ်ယာက နိုးသွားတယ်။

ဒီနေ့မနက်ကြီး မက်တဲ့ အိပ်မက်ကလည်း တမျိုးပဲ။ အခုလောလောဆယ်တော့ မရေးချင်သေးဘူး။ တစ်နေ့နေ့မှာတော့ ရေးဖြစ်မှာပါ။ ပထမဆုံး အိပ်မက်လို ပိုက်ဆံလေးဘာလေး ရရင် ကောင်းမယ်နှော။ လောလောဆယ် စိတ်လွတ်ကိုယ်လွတ် ခရီးသွားချင် နေမိတယ်။ တစ်လလောက်ပေါ့။

စကားမစပ် မြန်မာပြည်မှာ အင်တာနက် ကွန်နက်ရှင်တွေ လုံးဝမကောင်းဘူး။ ဒီနှစ်ရက်ကတော့ လုံးဝကို သုံးလို့ မရတာ။ အစဉ်အလာအရဆိုရင် ဖြတ်ထားတာကလွဲလို့ တခြား ဖြစ်နိုင်စရာ မရှိပါဘူးလေ။ တစ်နေ့လုံး ဘာအလုပ်မှလည်း လုပ်လို့ မရဘူး။ စိတ်တွေကလည်း ဟိုရောက် ဒီရောက်ရယ်။ ငယ်ငယ်တုန်းက ကလေးတွေ ရန်ဖြစ်တဲ့ အဖြစ်ကို သွားသွားသတိရတယ်။ ပြီးတော့ ငှက်ကုလားအုတ် မြေကြီးထဲမှာ ခေါင်းဖွက်ပြီး ရန်သူတွေ မမြင်အောင် ပုန်းတယ်ဆိုတဲ့ ပုံပြင်လေးလည်း ဘာလို့မှန်း မသိဘူး သွားသွား သတိရမိသေးတယ်။ မသိရင်တော့ ရှာဖတ်ကြည့်တော့ဗျာ။ ပြောချင်တာကတော့ စိတ်ကုန်နေတယ် ဆိုတာပါပဲ။ နောက်ပြီး သတင်းစာထဲ ပါပါနေတဲ့ အဆွေတှောခင်ဗျား ကျွန်တှောတို့ နိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား လုံးဝ မရှိပါဘူးဆိုတဲ့ စကားလေးလည်း တစ်မိနစ်ကို အခါ နှစ်ဆယ်လောက် ခေါင်းထဲ ရောက်ရောက်လာသေးတယ်။ ကျွန်တှောတို့ သူငယ်ချင်း နေဘုန်းလတ်ကြီးကို ဗီဒီယို အက်ဥပဒေနဲ့ ထောင်ထဲ ရောက် အပြီးမှာ ဪမှန်လိုက်တာ မှန်လိုက်တာလို့လည်း ရေရွတ်နေမိပါသေးရဲ့ဗျာ။


အမှားပြင်ဆင်ချက်။ ဒုတိယပိုဒ်မှ အဖိုးကြီး နေရာတွင် အဖွားကြီးဟု ပြောင်းလဲ ဖတ်ရှုပေးပါရန်။ :)


No response to “ကျွန်တှောနှင့် အိပ်မက်များ”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz