Tuesday, February 12, 2008

Searching Documents in Google

How To Search Documents in Google


ဂူဂယ်မှာ ကိုယ်လိုချင်တဲ့ဖိုင်ကို ရှာဖွေတဲ့အခါ တိကျတဲ့အဖြေ ရနိုင်ဖို့ နည်းလမ်းတွေ ရှိပါတယ်။ Search Box မှာ သမရိုးကျ ကိုယ်လိုချင်တဲ့ နာမည်လေး ရိုက်ထည့်ရုံနဲ့ကတော့ တိကျတဲ့အဖြေ မရနိုင်ပါဘူး။

Documents တွေရှာမယ်ဆိုရင် ကိုယ်လိုချင်တဲ့ အမျိုးအစားကို လိုက်ပြီးတော့ အပို ကုဒ်လေးတွေ ထည့်သွင်းပြီး ရှာရပါတယ်။ ဥပမာ အကြောင်းအရာက Post Modernism ဆိုရင်
post modernism filetype:pdf
post modernism filetype:doc
post modernism filetype:ppt

Google Scholar ထဲမှာလည်း စာတမ်းတွေ အများကြီး ရှိပါတယ်။ ဂူဂယ်စကှောလာဆိုတာ တကဿကသိုလ်တွေ အဖွဲ့အစည်းတွေက လက်ခံ အသုံးပြု စုဆောင်းထားတဲ့ ဒေတာတွေထဲမှာ ရှာဖွေပေးတာပါ။ အဲဒီအထဲကနေ ရှာချင်တယ် ဆိုရင်တော့
post modernism filetype:pdf site:edu

နောက်တစ်ခုက အဘိဓာန် အင်တာနက် တပ်ဆင်ထားတယ်ဆိုရင် သီးခြားအဘိဓာန် ဆော့ဖ်ဝဲလ်တောင် တပ်ဆင်ထားစရာ မလိုပါဘူး။ ဂူဂယ်မှာ ဒီလိုရိုက်ရုံနဲ့ အဖြေရနိုင်ပါတယ်။
Define:modernism


ဒါလေးတွေ အများကြီး ရှိပါသေးတယ်။ တကယ်လို့ ကိုယ်က သိထားမယ်ဆိုရင် ကိုယ့်အတွက် တိကျတဲ့ ရလာဒ်တွေ ရနိုင်သလို အချိန်ကုန်လည်းသက်သာ အကျိုးလည်း ရှိနိုင်ပါတယ်။ ယေဘုယျ အနေနဲ့ကတော့ အီးဘွခ်တွေ တှောတှောများများ၊ စာတမ်းတွေ တှောတှော များများဟာ ပီဒီအဖ် ဖိုင်အမျိုးအစားနဲ့ ရှိနေတတ်တာမို့ အထက်ကလို ရှာဖွေမယ်ဆိုရင် အများကြီး တွေ့ရှိနိုင်ပါတယ်ခင်ဗျား။ နောက်ပိုင်းလည်း အခွင့်သင့်တဲ့အခါ ပညာရပ်ဆိုင်ရာ စာတမ်းတွေ အများကြီး ရှိတဲ့နေရာ၊ Data Center တွေကို ဖှောပြပေးသွားပါဦးမယ်။


Related Post:

သီချင်းတွေ ရှာချင်တယ်ဆိုရင် ဒီပိုစ့်လေး ဖတ်ပါ။
ဂူဂယ်ထဲမှာကို သီချင်းတွေရှာချင်သေးတယ်ဆိုရင် ဒါလေးကို ဖတ်ပါ။

No response to “Searching Documents in Google”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz