Monday, February 18, 2008

Rambo in Myanmar

ရမ္ဘို ဇာတ္ကားကို ခံစားခြင်း



အမေရိကန်က ရမ်ဘိုလည်း ဗီယက်နမ်မှာ ခေတ်ကုန်တော့ မြန်မာပြည်ကို ရောက်လို့လာခဲ့ပါပြီ။ ကျွန်တှောတို့ ငယ်ငယ်ကဆို ရမ်ဘို ဇာတ်ကားတွေဟာ အလွန် နာမည်ကြီး ပါတယ်။ ရမ်ဘိုဟာ အမေရိကန်ကို ကိုယ်စားပြု နေသလိုပါပဲ။ အမေရိကန်တို့ ဗီယက်နမ် စစ်ပွဲမှာ ရှုံးနိမ့်ခဲ့ရပေမယ့် မီဒီယာပိုင်းဖြစ်တဲ့ ရမ်ဘိုမှာ အောင်မြင်ပါတယ်။ ကမဿဘာတစ်ဝှန်းလုံးက လူတွေက ရမ်ဘိုကို ကြည့်ရတာကိုး။ အကုန်လုံးဟာ ရမ်ဘိုကို အားပေးကြတယ်။ ကလေးတွေကအစ ရမ်ဘို ဗီယက်နမ်တွေကို သတ်တာတွေ့ရင် ဝေးကနဲ အှောဟစ် အားပေးကြတယ်။ အခုတော့လည်း ဗီယက်နမ်မှာ စစ်ပမ်းနေတဲ့ ရမ်ဘိုတစ်ယောက် ဇာတ်မြှုပ်နေရာက မြန်မာပြည်ထဲကို ရောက်လို့လာခဲ့ ပါတော့တယ်။

ကားဖွင့်ဖွင့်ချင်းမှာပဲ ၂၀၀၇ စက်တင်ဘာ အရေးအခင်းနဲ့ စထားပါတယ်။ ပြောချင်တာကတော့ မြန်မာပြည်မှာ ပြည်တွင်းရေး မငြိမ်းချမ်းသေးဘူးဆိုတဲ့ သဘော ဖြစ်မယ် ထင်ပါတယ်။ ဇာတ်ကားမှာ တချို့သော မြန်မာတွေ ကိုယ်တိုင် သရုပ်ဆောင်ထားသလို ယိုးဒယားတွေလည်း ပါလိမ့်မယ်လို့ ကျွန်တှောထင်တယ်။ ရမ်ဘိုဟာ ဗီယက်နမ် စစ်ပွဲ အပြီးမှာ အမေရိကန်ကို မပြန်တော့ဘဲ ထိုင်းနိုင်ငံမှာ ဇာတ်မြှုပ်နေထိုင်နေတယ်။ သူ့ရဲ့ အဓိက အလုပ်က မြွေဖမ်းတဲ့အလုပ် ထင်ပါရဲ့။ တစ်ရက်တော့ သူ့ဆီကို အမေရိကန် ကှောလိုရာဒို အခြေစိုက် ကျန်းမာရေး ထောက်ပံ့တဲ့ အဖွဲ့အစည်းတစ်ခု ရောက်လာပါတယ်။ မြန်မာနိုင်ငံထဲမှာ လူမျိုးစုလိုက် သတ်ဖြတ်မှု (Genocide) လုပ်နေလို့ သွားရောက် ကူညီမလို့ပါတဲ့။ သူတို့က ရမ်ဘိုကို မြန်မာပြည်ဘက်ကမ်း ပို့ခိုင်းတယ်။ လမ်းမှာ မြန်မာတစ်စုနဲ့တွေ့ပြီး စတင် အကြမ်းဖက် ခံရပါတော့တယ်။ ပြောစကားလေးတွေကို နားထောင်ကြည့်ရအောင်။ မြန်မာလိုပြောကြတာနှော

(မြန်မာ) ဟေ့မီးဖွင့်စမ်းကွာ မင်းတို့ သောက်ခွက်ကို ငါကြည့်ချင်တယ်
(မြန်မာ) ဒီရေကြောင်းတဝိုက်ဟာ ငါတို့နယ်ပဲ။ မင်းတို့ လွယ်လွယ်နဲ့ ဖြတ်သွားလို့ ရမယ် ထင်သလား။ မင်းတို့ကို အခုချက်ချင်း သတ်ပစ်လိုက်လို့ ရတယ်ကွ သိလား။ မခန့်လေးစားတော့ လာမလုပ်နဲ့
(ရမ်ဘို) လေးစားပါတယ်
(မြန်မာ) မင်းတို့ လှေစုတ်ပှေါက ပါသမျှ အကုန်လိုချင်တယ်။ ဒါနဲ့ အဲဒီ ကုလားရူးတွေရော ဘယ်သွားကြမှာလဲ(ရမ်ဘို) ဆေးသွားပို့မလို့
(မြန်မာ) ဒီမှာကြည့်
(မြန်မာ) ဟိုတစ်ယောက်ကရော မိန်းခလေးမဟုတ်ဘူးလား။ သူ့ကို ဒီခှေါခဲ့စမ်း .. ခှေါခဲ့စမ်း
(ရမ်ဘို) ကျန်တာယူပါ သူ့တော့ ထားပါ
(မြန်မာ) မင်းပါးစပ် ပိတ်ထားစမ်း။ သူ့ကိုသာ ဒီခှေါခဲ့။ ဒီခှေါခဲ့
(ရမ်ဘို) ပေးပါမယ်ဗျ
(မြန်မာ) မင်းတို့ပေးမယ်ဆိုတာ ငါသိတယ်။ ကောင်မကိုသာ ဒီခှေါခဲ့
(ရမ်ဘို) ပေးပါမယ်ဗျ
(မြန်မာ) ထစမ်း ရပ်စမ်း -ာသည်မ။ အခုချက်ချင်း မင်းတို့ကို သတ်ပစ်လိုက်မယ်။ ဒါနောက်ဆုံးပဲ။
(မြန်မာ) ထစမ်း ရပ်စမ်း -ာသည်မ။

ဒါနဲ့ပဲ ရမ်ဘိုက အားလုံးကို သတ်ပစ်ပြီး ကယ်တင်လိုက်ရတယ် ဆိုပါတော့။ နောက်ဆုံး မြန်မာဘက်ကမ်းကို သူတို့အဖွဲ့ ရောက်သွားတယ်။ နယ်စပ်က ကျေးရွာလေးတစ်ရွာမှာ လူမှုရေး၊ ကျန်းမာရေး ကူညီမှုတွေ ပြုကြတယ်။ အဲဒီအချိန်မှာပဲ မြန်မာစစ်တပ်က အဲဒီရွာလေးကို ဝင်စီးပြီး ရွာလုံးကျွတ် သတ်ဖြတ်တာကို ပြပါတယ်။ အခုန အဖွဲ့ကတော့ အဖမ်းခံရတယ်။ သူတို့ အဖမ်းခံရတာကြောင့် အမေရိကန်က ကွန်မန်ဒိုတွေလွှတ်ပြီး ကယ်ခိုင်းပါတယ်။ ရမ်ဘိုပဲ လမ်းပြရတယ်။ ကယ်တင်ရေး အဖွဲ့မှာ သူမပါပေမယ့် မနေနိုင်တာကြောင့် တိတ်တဆိတ် နေရစ်ပြီး အားလုံးကို ကယ်တင်ရတဲ့ ဇာတ်လမ်းလေးပါပဲ။

ဒီဇာတ်ကားရဲ့ အသံပိုင်းကတော့ ပြောစရာ မလိုအောင်ကို ကောင်းမွန်ပါတယ်။ အသံတွေဟာ ကြည်လင် ပြတ်သားမှု ရှိသလို ထောင့်လည်း စေ့ပါတယ်။ ရမ်ဘိုကြီး မြန်မာစကား ပြောတဲ့လေသံကလည်း ရယ်ရပါတယ်။ ကင်မရာ အယူအဆတွေလည်း ကောင်းတယ်။ ရှုခင်း ရှုကွက် ကောင်းကောင်းတွေ မပါပေမယ့် ကင်မရာ ရိုက်ချက်တွေ ကောင်းတယ်။ ညအမှောင် ရိုက်ချက်တွေလည်း ကောင်းတယ်။ ဇာတ်ညွှန်းပိုင်းမှာလည်း စေ့စပ်မှု ရှိတာတွေ့ရပါတယ်။ အထူးပြုလုပ်ချက်တွေလည်း တှောတှောကောင်းပါတယ်။ မြန်မာနဲ့ ပတ်သတ်တဲ့ ဇာတ်ကားမို့ မြန်မာသံတွေ ဝေနေအောင် ကြားရပါတယ်။ သရုပ်ဆောင်ပိုင်းမှာတော့ တစ်ဖက်က ရမ်ဘိုနဲ့ အားပြိုင်နိုင်ခဲ့တာ မြန်မာဘက်က စစ်ဗိုလ်မှူးပါပဲ။ စကားများများ မပြောဘဲနဲ့ ပီပီပြင်ပြင် သရုပ်ဆောင်နိုင်ခဲ့ ပါတယ်။ နောက်ဆုံး အမေရိကန်တွေကို ဗိုလ်မှူးက ဖမ်းမိတော့ ငါတို့နိုင်ငံရဲ့ ပြည်တွင်းရေးကို စွက်ဖက်ဦးကွာ.. စွက်ဖက်ဦးကွာ ဆိုပြီး ကြိမ်နဲ့ ရိုက်တဲ့ အခန်းလေးကတော့ အကယ်ဒမီရှော့ ပါပဲ။ အနုပညာ အမြင်အရ ပြောပါတယ်..။

ဒါပေမယ့် ဒီဇာတ်ကားမှာ အားနည်းချက် တွေလည်း မနည်းပါဘူး။ အဓိကကတော့ ဇာတ်လမ်းကျောရိုး မခိုင်မာဘူး ဇာတ်အိမ် မခိုင်မာဘူး။ မြန်မာဘက်ကို မကောင်းပြချင်လွန်းအား ကြီးသွားတာကြောင့် သမရိုးကျ ဇာတ်လမ်းထဲက ခွဲထွက်ပြီး ဟိုက်ပါတွေ ဖြစ်သွားတဲ့ သဘောမျိုးလည်း တွေ့ရပါတယ်။ နယ်မြေတစ်ခုက ဆိုးသွမ်းတဲ့ စစ်ဗိုလ်တစ်ယောက်ရဲ့ လုပ်ရပ်တွေအဖြစ်လောက်ပဲ သဘောသက်ရောက်သွား ခဲ့တယ်။ ပြီးတော့ အထက်ကလို ရိုင်းစိုင်းတဲ့ အသုံးအနှုန်း လုပ်ရပ် တွေကိုပဲ ထုတ်နှုတ်ရွေးပြသွားလေတော့ မြန်မာတစ်မျိုးသားလုံး တစ်နိုင်ငံလုံး အနေနဲ့ သိကဿခာကျစေပါတယ်။ ဒီဇာတ်ကားဟာ တစ်ကမဿဘာလုံး ဖြန့်တဲ့ကားပါ။ ဒီကားကို ကြည့်မိတဲ့ သူတိုင်းက နေရာဒေသလေး တစ်ခုလို့ မမြင်ဘဲ မြန်မာတွေအားလုံး အပြောအဆို အနေအထိုင် ရိုင်းစိုင်းတယ်ဆိုတဲ့ အတွေးအခှေါမျိုး ဖြစ်သွားနိုင်ပါတယ်။ ဒီဇာတ်ကားဟာ အမေရိကန်က မြန်မာပြည်ကို Media Campaign လုပ်တဲ့ သဘောလို့ ထင်ပါတယ်။ ဒါကြောင့် အနုပညာရသ အနေနဲ့ကြည့်ရင် Stallone မပါလည်း ဖြစ်တဲ့ သာမန် စစ်ကား သာသာလေးပါ။ ဒါလောက်ကတော့ ကျွန်တှောတို့ဆီက သီဟတင်စိုးတောင် ရိုက်နိုင်ပါသေးတယ်။ အနုပညာရသ မရှိပါဘူး။ တမင်လုပ် ရိုက်ထားတာမျိုးကြီး ဖြစ်နေတယ်။

ဒါပေမယ့် အထက်က သုံးသပ်ပြထားသလို အခြားနည်းစနစ်တွေ၊ ကင်မရာအယူအဆ၊ ဇာတ်ညွှန်း စတာတွေကို ကြည့်မယ်ဆိုရင်တော့ မဆိုးလှဘူးလို့ ပြောနိုင်ပေမယ့် ထိုင်းနိုင်ငံက ရိုက်ကူးတဲ့ မြန်မာနဲ့ဆိုင်တဲ့ ရှေးဟောင်း ဇာတ်ကားတွေ လောက်တောင် မကောင်းဘူးလို့ ထင်မိပါတယ်။ ကံမကောင်းချင်တော့ ကျွန်တှောတို့ဆီမှာ အဲဒီဇာတ်ကားကို ပိတ်ထားတယ်လို့ သိရတယ်။ ကျွန်တှောသာဆို ဒါမျိုးကားကို ချပြပစ်လိုက်တယ်။ အခုလို ပိတ်ထားတော့ လူတွေက ဒါဟာ တကယ့်အဖြစ်အပျက်မို့လို့ ပိတ်ထားတာဆိုပြီး တိုးတိုးတိတ်တိတ်နဲ့ အရမ်းအရမ်းကို စိတ်ဝင်တစား ရှိနေကြတော့ တာပေါ့ဗျာ။ ထူးဆန်းတယ် တကယ့် အတွေးအခှေါတွေ။

PS: ခင်ဗျာ…. ကျွန်တှောလား။ ဘယ်ကလာ အခွေဝယ်ကြည့်လို့ သိရမှာလဲဗျာ။ ဟိုနေ့က နိုင်ငံခြားက သူငယ်ချင်းတစ်ယောက်နဲ့ စကားပြောရင်း သူပြောပြသွားတာလေးတွေ မှတ်မိသလောက်နဲ့ အင်တာနက်ကနေ ဇာတ်လမ်းဖတ်ပြီး ပြန်ရေးချထား လိုက်တာပါ။ :P

No response to “Rambo in Myanmar”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz